အချစ်ရဲ့ဒုက္ခကို ကောင်းကောင်းကြီးသိသွားတဲ့ ဆရာမရဲ့အဖြစ် - YATHAZONE

အချစ်ရဲ့ဒုက္ခကို ကောင်းကောင်းကြီးသိသွားတဲ့ ဆရာမရဲ့အဖြစ်

Knowledge

အချစ်ရဲ့ဒုက္ခကို ကောင်းကောင်းကြီးသိသွားတဲ့ ဆရာမရဲ့အဖြစ်

ထိုင်ဝမ်မှာ အမျိုးသမီးကြီးတစ်ဦးရှိပါတယ်။ သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။ ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

သားလေးကို ဘထွေးနဲ့မကြုံစေချင်လို့ နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခုသားတစ်ခုနဲ့ပဲ သားလေးကိုပျိုးထောင်လာခဲ့ပါတယ်။ သားလေးလည်း အလွန်လိမ္မာပါတယ်။ အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။ဒီလိုနဲ့ဆရာမဝင်ငွေငွေလေးနဲ့ သားလေးကိုရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။ သားကလည်းထူးချွန်တာမို့ အမေရိကန်နိုင်ငံကိုပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။

အမေရိကမှာ သားကလည်းထူးချွန်ပါတယ်။ကျောင်းပြီးလို့အလုပ်ကောင်းပြီး အမေရိကမှာပဲအိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်နိုင်ခဲ့ပါတယ်။ မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

မိခင်ဖြစ်သူဆရာမကတော့ တာဝန်နဲ့မို့ဆရာမအဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။

ပင်စင်ယူချိန်နီးလာလေလေ သားနဲ့မြေးလေးကိုသတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။

အမေ့ဖြစ်သူရဲ့စိတ်ထဲမှာ သားလိမ္မာကြီးကိုသတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။ သြော်လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်းသိလိုက်ရင်တော့ဖြင့် ဘယ်လောက်အားကျလိုက်မလဲဆိုတာတွေးတောပြီး ပြုံးနေတတ်ပါတယ်။

ဆရာမရဲ့စာရေးချင်တဲ့အမူအကျင့်အတိုင်း ဖုန်းခကိုချွေတာတတ်သူမို့ သားဆီကိုပင်စင်ယူပြီးရင် အတူလာနေချင်ကြောင်း ရေးသားပေးပို့ လိုက်ပါတယ်။ သားဆီကပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။ အမေကလည်း ပင်စင်ယူဖို့ပြင်ဆင်နေပြီး သားဆီကပြန်စာကို မျော်နေတာပေါ့။

ပင်စင်ယူဖို့ တစ်ပတ်လောက်အလိုမှာသားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။ဖောက်ဖတ်ကြည့်လိုက်တော့ ဒေါ်လာသုံးသောင်းတန်ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုက်ပါတယ်။

စာက အဲလိုရေးထားပါတယ်။ “ချစ်လှစွာသောမေမေ သားနဲ့ သားဇနီး သေသေချာချာညှိနိူင်းကြည့်ပြီးပါပြီ။ မေမေကိုမလာစေချင်ပါဘူး။ မေမေသားကို ကျွေးမွေးခဲ့တာမှန်ပါတယ်။

အဲဒီကုန်ကျစားရိတ်ကို သားတို့သေသေချာချာတွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။ အပို ( ၁ )သောင်းပါထပ်ပေါင်းလိုက်တော့ စုစုပေါင်း ( ၃ )သောင်းမေမေ့ကို ပို့ပေးလိုက်ပါတယ်။ မေမေနောက်ဆို သားဆီကိုစာမရေးပါနဲ့တော့ သားမိန်းမကမကြိုက်လို့ပါ။”

မိခင်ဖြစ်သူမှာ စာဆုံးအောင်ပင်ကောင်းကောင်း မဖတ်နိုင်ခဲ့ပါ။မျက်ရည်နဲ့မျက်ခွက်ဖြစ်နေပါပြီ။ အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း မျော်လင့်ချက်တစ်ခုလုံး ပျောက်ဆုံးသွားခြင်း စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချငိုချလိုက်ပါတော့တယ်။

မိခင်ဆရာမဖြစ်သူကို တရားကကယ်တင်သွားပါတယ်။ တရားစခန်းဝင်တယ်။ တရားနာတယ်။ တရားထိုင်တယ်။ တော်တော်လေး စိတ်သက်သာရာရသွားပါတယ်။ ဒါနဲ့သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကိုအသုံးပြုပြီး ကမ္ဘာပတ်ပါတော့တယ်။

ခရီးတစ်လျှောက်လုံးမှာရှိတဲ့ သဘာဝတရားရဲ့လှပဆန်းကျယ်မူကို သူမကောင်းစွာခံစားမိပြီးတစ်ခုခု အသိဝင်လိုက်သလို ခံစားလိုက်ရတယ်။ အဲဒါနဲ့သူ့မသားကို စာတစ်စောင်ထပ်မံရေးသားလိုက်ပါတယ်။

“ချစ်ရတဲ့သား မေမေ့ကိုစာထပ်မရေးပါနဲ့တော့လို့ သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကားမပြည့်စုံသေးလို့ သားဆီကို စာထပ်ရေးလိုက်ရပါတယ်။သားချက်လက်မှတ်နဲ့ ပိုက်ဆံကိုထုတ်ပြီး မေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။

လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုပါစို့ အဲလိုနဲ့အသိတစ်ခုဝင်လာသလိုပဲ ဟုတ်ပါတယ်။ သားကို ကျေးဇူးတင်ရမယ်။ တကယ်လို့သားက မေမေကိုပြတ်ပြတ်သားသားစိမ်းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင် မေမေအဲလောက်သံဝေဂတရား မြန်မြန်ရခဲ့မှာမဟုတ်ပါဘူး။ အခုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။

လောကကြီးမှာ အသေချာဆုံးအရေရာဆုံးအရာဟာ မသေချာမရေရာခြင်းဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီးသိသွားပါပြီ။မေတ္တာလည်းအနိစ္စတရားကို ရှောင်ကွင်းလို့မရဘူးဆိုတာ သိသွားပါပြီ။

တကယ်လို့သားက မေမေကိုမလိုချင်ပဲ လာခဲ့ပါလို့ အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆို အားလုံးစိတ်ဒုက္ခရောက်နေလောက်ပါပြီ။ မေမေလည်းစိတ်ဆင်းရဲရပါမယ်။ အသက်တိုမယ်။

အခုတော့မေမေ့စိတ်ထဲမှာလည်း သားဆိုတဲ့အစွဲ မရှိတော့ပါဘူး။သားရောမြေးပါ မေမေစိတ်ထဲမှာလွတ်ချနိုင်ခဲ့ပါပြီ။ ကိုယ့်မှာ အချစ်မရှိတော့ အချစ်ပြန်မလိုတော့ဘူးပေါ့ အလိုမရှိတော့ ဒုက္ခကင်းတာပေါ့ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲအားလုံးကို မေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုက်ပါပြီ။ ကျေးဇူးတင်ပါတယ် သား”

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။ ပညာရှင်တစ်ဦးရဲ့ စကားကို သတိရစေပါတယ်။ “ မိဘများရဲ့အိမ်ဟာ သားသမီးများ အချိန်မရွေးပြန်နိုင်တဲ့အိမ်ဖြစ်ပါတယ်။ သားသမီးများရဲ့ အိမ်ဟာ မိဘများအချိန်မရွေး သွားရောက်နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။

ကလေးကိုမွေးဖွားခြင်းဟာတာဝန် ပျိုးထောင်ခြင်းဟာ ဝတ္တရား ဖြစ်ခဲ့မယ်ဆိုရင် အားကိုးလိုစိတ်မွေးမြူခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။ အိုလာရင် ကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံးဂရုစိုက်ပါ။

အိုစာနာစာအမြဲချန်ထားပါ။ အိုဖို့အတွက် မအိုခင်မှာကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

အားလုံးကျန်းမာချမ်းသာကြပါစေ။

Credit

Zawgyi

အခ်စ္ရဲ႕ဒုကၡကို ေကာင္းေကာင္းႀကီးသိသြားတဲ့ ဆရာမရဲ႕အျဖစ္

ထိုင္ဝမ္မွာ အမ်ိဳးသမီးႀကီးတစ္ဦးရွိပါတယ္။ သူဟာ ေက်ာင္းဆရာမတစ္ဦး ျဖစ္ပါတယ္။ အ႐ြယ္ေကာင္းတုန္းမွာပဲ ေယာက္်ားဆုံးပါးသြားပါတယ္။ ငယ္႐ြယ္တဲ့ သားေလးတစ္ေယာက္ က်န္ရစ္ခဲ့ပါတယ္။

သားေလးကို ဘေထြးနဲ႔မႀကဳံေစခ်င္လို႔ ေနာင္အိမ္ေထာင္ထပ္မျပဳပဲ အေမတစ္ခုသားတစ္ခုနဲ႔ပဲ သားေလးကိုပ်ိဳးေထာင္လာခဲ့ပါတယ္။ သားေလးလည္း အလြန္လိမၼာပါတယ္။ အေမ့ကိုလည္း အလြန္သိတတ္ပါတယ္။ဒီလိုနဲ႔ဆရာမဝင္ေငြေငြေလးနဲ႔ သားေလးကိုရွိစုမဲ့စု ပ်ိဳးေထာင္လာခဲ့ပါတယ္။ သားကလည္းထူးခြၽန္တာမို႔ အေမရိကန္ႏိုင္ငံကိုပညာေတာ္သင္ ေစလြတ္ႏိုင္ခဲ့ပါတယ္။

အေမရိကမွာ သားကလည္းထူးခြၽန္ပါတယ္။ေက်ာင္းၿပီးလို႔အလုပ္ေကာင္းၿပီး အေမရိကမွာပဲအိမ္ေထာင္ျပဳၿပီး ကိုယ္ပိုင္အိမ္တစ္လုံး ဝယ္ႏိုင္ခဲ့ပါတယ္။ ေျမးကေလးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။

မိခင္ျဖစ္သူဆရာမကေတာ့ တာဝန္နဲ႔မို႔ဆရာမအျဖစ္ပဲ ထိုင္ဝမ္မွာ ဆက္လက္ေနထိုင္ခဲ့ပါတယ္။ ဒီလိုနဲ႔ဆရာမႀကီးဟာ ပင္စင္ယူခ်ိန္နီးလာပါေတာ့တယ္။

ပင္စင္ယူခ်ိန္နီးလာေလေလ သားနဲ႔ေျမးေလးကိုသတိရေလေလျဖစ္ၿပီး သားေလးမိသားစုနဲ႔သြားေရာက္ေနထိုင္ဖို႔ ဆႏၵျပင္းျပလာပါတယ္။

အေမ့ျဖစ္သူရဲ႕စိတ္ထဲမွာ သားလိမၼာႀကီးကိုသတိရၿပီး ပီတိျဖစ္ေနတတ္ပါတယ္။ ေၾသာ္လုပ္ေဖၚကိုင္ဘက္ေတြ ဒီသတင္းသိလိုက္ရင္ေတာ့ျဖင့္ ဘယ္ေလာက္အားက်လိုက္မလဲဆိုတာေတြးေတာၿပီး ၿပဳံးေနတတ္ပါတယ္။

ဆရာမရဲ႕စာေရးခ်င္တဲ့အမူအက်င့္အတိုင္း ဖုန္းခကိုေခြၽတာတတ္သူမို႔ သားဆီကိုပင္စင္ယူၿပီးရင္ အတူလာေနခ်င္ေၾကာင္း ေရးသားေပးပို႔ လိုက္ပါတယ္။ သားဆီကျပန္စာကို ေတာ္ေတာ္နဲ႔ ျပန္မရဘူး။ အေမကလည္း ပင္စင္ယူဖို႔ျပင္ဆင္ေနၿပီး သားဆီကျပန္စာကို ေမ်ာ္ေနတာေပါ့။

ပင္စင္ယူဖို႔ တစ္ပတ္ေလာက္အလိုမွာသားဆီက စာတစ္ေစာင္ေရာက္ရွိလာပါတယ္။ေဖာက္ဖတ္ၾကည့္လိုက္ေတာ့ ေဒၚလာသုံးေသာင္းတန္ခ်က္လက္မွတ္တစ္ေစာင္နဲ႔ စာတစ္ေစာင္ေတြ႕လိုက္ပါတယ္။

စာက အဲလိုေရးထားပါတယ္။ “ခ်စ္လွစြာေသာေမေမ သားနဲ႔ သားဇနီး ေသေသခ်ာခ်ာညႇိႏိူင္းၾကည့္ၿပီးပါၿပီ။ ေမေမကိုမလာေစခ်င္ပါဘူး။ ေမေမသားကို ေကြၽးေမြးခဲ့တာမွန္ပါတယ္။

အဲဒီကုန္က်စားရိတ္ကို သားတို႔ေသေသခ်ာခ်ာတြက္ခ်က္ၾကည့္ၿပီးပါၿပီ၊ ေဒၚလာ ( ၂ ) ေသာင္းေလာက္က်ပါတယ္။ အပို ( ၁ )ေသာင္းပါထပ္ေပါင္းလိုက္ေတာ့ စုစုေပါင္း ( ၃ )ေသာင္းေမေမ့ကို ပို႔ေပးလိုက္ပါတယ္။ ေမေမေနာက္ဆို သားဆီကိုစာမေရးပါနဲ႔ေတာ့ သားမိန္းမကမႀကိဳက္လို႔ပါ။”

မိခင္ျဖစ္သူမွာ စာဆုံးေအာင္ပင္ေကာင္းေကာင္း မဖတ္ႏိုင္ခဲ့ပါ။မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ေနပါၿပီ။ အံ့ၾသျခင္း၊ ရင္နာျခင္း၊ယူက်ဳံးမရျဖစ္ျခင္း ေမ်ာ္လင့္ခ်က္တစ္ခုလုံး ေပ်ာက္ဆုံးသြားျခင္း စတဲ့ခံစားခ်က္ေတြနဲ႔ ခ်ဳံးပြဲခ်ငိုခ်လိုက္ပါေတာ့တယ္။

မိခင္ဆရာမျဖစ္သူကို တရားကကယ္တင္သြားပါတယ္။ တရားစခန္းဝင္တယ္။ တရားနာတယ္။ တရားထိုင္တယ္။ ေတာ္ေတာ္ေလး စိတ္သက္သာရာရသြားပါတယ္။ ဒါနဲ႔သူမဟာ အဲဒီေဒၚလာ ၃ ေသာင္းကိုအသုံးျပဳၿပီး ကမာၻပတ္ပါေတာ့တယ္။

ခရီးတစ္ေလွ်ာက္လုံးမွာရွိတဲ့ သဘာဝတရားရဲ႕လွပဆန္းက်ယ္မူကို သူမေကာင္းစြာခံစားမိၿပီးတစ္ခုခု အသိဝင္လိုက္သလို ခံစားလိုက္ရတယ္။ အဲဒါနဲ႔သူ႔မသားကို စာတစ္ေစာင္ထပ္မံေရးသားလိုက္ပါတယ္။

“ခ်စ္ရတဲ့သား ေမေမ့ကိုစာထပ္မေရးပါနဲ႔ေတာ့လို႔ သားကေျပာထားေပမဲ့ ေမေမေျပာခ်င္တဲ့စကားမျပည့္စုံေသးလို႔ သားဆီကို စာထပ္ေရးလိုက္ရပါတယ္။သားခ်က္လက္မွတ္နဲ႔ ပိုက္ဆံကိုထုတ္ၿပီး ေမေမကမာၻပတ္ခရီးသြားခဲ့ပါတယ္။

လည္ရင္းပတ္ရင္း စဥ္းစားရင္းဆိုပါစို႔ အဲလိုနဲ႔အသိတစ္ခုဝင္လာသလိုပဲ ဟုတ္ပါတယ္။ သားကို ေက်းဇူးတင္ရမယ္။ တကယ္လို႔သားက ေမေမကိုျပတ္ျပတ္သားသားစိမ္းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင္ ေမေမအဲေလာက္သံေဝဂတရား ျမန္ျမန္ရခဲ့မွာမဟုတ္ပါဘူး။ အခုေတာ့ ေမေမနားလည္အသိနဲ႔ သိသြားပါၿပီ။

ေလာကႀကီးမွာ အေသခ်ာဆုံးအေရရာဆုံးအရာဟာ မေသခ်ာမေရရာျခင္းျဖစ္တယ္ဆိုတာ ေကာင္းေကာင္းႀကီးသိသြားပါၿပီ။ေမတၱာလည္းအနိစၥတရားကို ေရွာင္ကြင္းလို႔မရဘူးဆိုတာ သိသြားပါၿပီ။

တကယ္လို႔သားက ေမေမကိုမလိုခ်င္ပဲ လာခဲ့ပါလို႔ အားနာနာနဲ႔ ေခၚခဲ့မယ္ဆိုရင္ အခုေလာက္ဆို အားလုံးစိတ္ဒုကၡေရာက္ေနေလာက္ပါၿပီ။ ေမေမလည္းစိတ္ဆင္းရဲရပါမယ္။ အသက္တိုမယ္။

အခုေတာ့ေမေမ့စိတ္ထဲမွာလည္း သားဆိုတဲ့အစြဲ မရွိေတာ့ပါဘူး။သားေရာေျမးပါ ေမေမစိတ္ထဲမွာလြတ္ခ်ႏိုင္ခဲ့ပါၿပီ။ ကိုယ့္မွာ အခ်စ္မရွိေတာ့ အခ်စ္ျပန္မလိုေတာ့ဘူးေပါ့ အလိုမရွိေတာ့ ဒုကၡကင္းတာေပါ့ ျဖစ္ေပၚခဲ့တဲ့ အေျပာင္းအလဲအားလုံးကို ေမေမေက်ေက်နပ္နပ္ႀကီးနဲ႔ လက္ခံလိုက္ပါၿပီ။ ေက်းဇူးတင္ပါတယ္ သား”

ဇာတ္လမ္းေလးကေတာ့ ဒီေလာက္ပါပဲ။ ပညာရွင္တစ္ဦးရဲ႕ စကားကို သတိရေစပါတယ္။ “ မိဘမ်ားရဲ႕အိမ္ဟာ သားသမီးမ်ား အခ်ိန္မေ႐ြးျပန္ႏိုင္တဲ့အိမ္ျဖစ္ပါတယ္။ သားသမီးမ်ားရဲ႕ အိမ္ဟာ မိဘမ်ားအခ်ိန္မေ႐ြး သြားေရာက္ေနထိုင္ႏိုင္တဲ့ အိမ္မဟုတ္ပါ။

ကေလးကိုေမြးဖြားျခင္းဟာတာဝန္ ပ်ိဳးေထာင္ျခင္းဟာ ဝတၱရား ျဖစ္ခဲ့မယ္ဆိုရင္ အားကိုးလိုစိတ္ေမြးျမဴခဲ့ရင္ မဟာအမွားျဖစ္သြားပါလိမ့္မယ္။ အိုလာရင္ ကိုယ့္က်န္းမာေရးကို အတတ္ႏိုင္ဆုံးဂ႐ုစိုက္ပါ။

အိုစာနာစာအၿမဲခ်န္ထားပါ။ အိုဖို႔အတြက္ မအိုခင္မွာကတည္းက ႀကိဳတင္ျပင္ဆင္ထားပါ။

အားလုံးက်န္းမာခ်မ္းသာၾကပါေစ။

Credit

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …