ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများဖတ်ရန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ - YATHAZONE

ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများဖတ်ရန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ

Knowledge

ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများဖတ်ရန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ

ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများဖတ်ရန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ fb သုံးနေတဲ့မိန်းကလေးများ ဖတ်ရန်ဖြစ်ရပ်မှန်ကို အနည်းငယ်သာပြောင်း၍ရေးပါသည်။ တစ်နေ့ရုပ်ဖြောင့်ဖြောင့် လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့ အကောင့်တစ်ခု မက်ဆင်ဂျာကနေ ညီမလေးအစ်ကိုစကားနည်းနည်း ပြောချင်လို့ရလား “ဆိုပြီး စာဝင်လာတယ်။

အကူအညီတစ်ခုတောင်းချင်လို့ပါတဲ့ ဟုတ်ကဲ့လို့ရေးမိလိုက်တာနဲ့ ဗွီဒီယိုကောခေါ်တာခံလိုက်ရတယ်။ရုပ်ဖြောင့်သလောက် အပြောကောင်းလွန်းလှတဲ့ သူ့စကားတွေကြားမှာ ဖုန်းကိုပိတ်မပစ်ရက်အောင် ဖြစ်ခဲ့ရပါတယ်။ ”အပျိုလား” ဆိုတဲ့သူ့စကားကကျမကို နည်းနည်းတုန်လှုပ်စေခဲ့တယ်။ခနလောက်ငိုင်နေပြီးမှ ကျမယောင်္ကျားနဲ့ ကျမအတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံ ပို့ပေးလိုက်တယ်။

“ညီမတို့ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကိုကြည်နူးသွားစေပါတယ် ဘေးနားမှာအိပ်ပျော်နေရှာတဲ့ သားလေးကိုမလုံမလဲ ကြည့်လိုက်မိတယ် ။ ကျမယောကျာ်း လူရိုးကြီးကတော့ယာတောကပြန်မလာသေးပါဘူး။

ကျမထင်လိုက်တာက တစ်ခါတည်းနားအေးအောင်ဆိုပြီး အမှန်ကိုချပြလိုက်တာမှ ပိုဆိုးသွားပါတယ်။ တိုတိုနဲ့လိုရင်းကိုပြောရရင် ကျမတို့နေ့တိုင်းဖုန်းပြောဖြစ်ခဲ့ပါတယ်။ သူ့ဖုန်းမလာရင်ကျမကစခေါ်တတ်နေပါပြီ ကျမယောကား လူရိုးကြီးကတော ဘာမှမသိရှာပါဘူး။သူ့ကတော့ ကျမကိုသိပ်ပြီ းဂရုမစိုက်နိုင်ပါဘူး ယာတောနဲ့အိမ် ကူးနေတာနဲ့ သူ့ကျွဲတွေနဲ့တင် အချိန်ကုန်နေရှာတာပါ။

ဘထင်ထားတဲ့အတိုင်း မျှော်လင့်ထားတဲ့အတိုင်း သူကကျမကို သိပ်ချစ်ကြောင်းတွေပြောလာပါတော့တယ်။ကျမအဖြေကိုတော့မပြောတော့ပါဘူး သူကတစ်ဆင့်တက်လာပါတယ်။ ကန်တော့ပါရှင် လင်မယားတွေကြားမှ ပြောရမဲ့စကားတွေကိုတစ် တစ်ခွခွပြောလာပါတယ်။

အစကနားမထောင်ရဲပေမဲ့နောက်တော့စွဲလမ်းလာပါတာ့တယ်။နောက်ဆုံးတော့ အပြင်မှာတွေ့ချင်တယ်တဲ့။ ကျမယောက်ျားနဲ့သားလေးမျက်နှာကို ဖြတ်ကနဲမြင်ယောင်မိတယ်။ ကျမယောကျ်ားက ကျမကိုသိပ်ချစ်ရှာပါတယ်။

သူရှာဖွေထားသမျှကျမကိုအကုန်အပ်တယ်။ကျမပျင်းနေမှာစိုးလို့ဆိုပြီး ဖုန်းကိုတောင်သူမကိုင်ဘဲ ကျမကိုပဲပေးကိုင်ရာတာပါ။ ငွေဆိုလည်းမစားရက် မသောက်ရက်နဲ့ သိန်းနှစ်ဆယ်လောက်စုမိနေပါပြီ။

ဒါနဲ့ပဲမဖြစ်နိုင်ဘူး ထင်ပါတယ်ရှင် ဆိုပြီးငြင်းဆန်လိုက်မိပါတယ်။သူကစိတ်မဆိုးတဲ့အပြင် မိန်းကလေးပီသလို့ ပိုတောင်တန်ဖိုးထားမိပါတယ်ဆိုပြီး ပြောလာပါတယ်။ တစ်နေ့မှတော့ ကျမယောကျ်ားဝါးတောသွားတဲ့နေ့ သူဖုန်းဝင်လာပါတယ်။

သူကျမတို့ ရွာထိပ်မှာရောက်နေတယ်တဲ့ တွေ့ချင်လွန်းလို့ အဝေးကြီးက လာခဲ့ရတာပါတဲ့ ခနလေးတွေ့ပါရစေတဲ့ မဆွတ်ခင်ကညွတ်မခြွေခင်က ကြွေချင်နေတဲ့ကျမ သားလေးအိပ်မောကျ ချိန်မှာသွားတွေ့ဖြစ်ခဲ့ပါတယ်။

ဘယ်လိုမှပြင်မရတော့တဲ့အမှားပါပဲမ ကျမ်းကျေလွန်းလှတဲ့ သူ့လက်တွင်းမှာသူပြသမျှ နုခဲ့မိပါတော့တယ်။ လင်မေ့သားမေ့နဲ့မိုးလင်းခါနီးမှ အိမ်ပြန်ဖို့သတိရပါတော့တယ်။

သူမကိုသူက “ကလေး”ကျမကသူကို “မောင်”ဆိုပြီး အခေါ်အဝေါ်တွေ ပြောင်းကုန်တဲ့အထိပါပဲ။ ကျမနောင်တမရပါဘူး အိမ်ကဟာကြီးလည်းအားမနာတော့ပါဘူး ကျမဘဝမှာ မောင်မှမောင်ပါပဲ နောက်တစ်နေ့မောင်က မက်ဆင်ဂျာကနေ ကျမကမောင့်ပါးလေးကိုနမ်းနေတဲ့ပုံ လေးတစ်ပုံပို့တယ်။

နောက်တစ်ပုံ မောင်က ကျမနှုတ်ခမ်းလေးကို နမ်းနေတဲ့ပုံထပ်ပို့အပြီးမှာ ကျမအံ့သြသွားတယ် မောင်ဘယ်အချိန်ရိုက်ထားပါလိမ့် နောက်တစ်ခုက ဗွီဒီယိုမောင်နဲ့ကျမနဲ့ဘုရား ဘုရားရှက်လိုက်တာရှင်။နောက်တစ်ခါထပ်တွေ့အပြီးမှာတော့ ကျမလေကျမမောင့်လက်ခုပ်တွင်းက ရေဖြစ်သွားပါပြီ။

ဆားငံရည်သောက်မိတဲ့ကျမလူရိုးကြီးနဲ့သားလေးကို ရှိတယ်တောင်မထင်တော့ပါဘူး ကျမဘဝက မောင်မှမောင်ပါပဲ။ ကျမမျှော်လင့်ခဲ့ရတဲ့တစ်နေ့ ဆိုက်ဆိုက်ရောက်လာခဲ့ရပါပြီ။ မောင်ကဘဝသစ်ထူ ထောင်ကြမယ်တဲ့ဒီနေ့ ညလာခိုးမယ်တဲ့အရင်းအနှီးနဲ့လုပ်ကိုင်စားသောက်ဖို့ ရှိသမျှငွေယူခဲ့ပါတဲ့။

ကောင်းလိုက်တဲ့အကြံ လက်စွပ်၊လက်ကောက်၊ဆွဲကြိုး ရှိရှိသမျှမချန် သားလေးလည်ပင်းက ခမည်းပေးထားတဲ့ဆွဲကြိုးလေးတာင် အသာလေးဆွဲဖြတ်မောင်နဲ့ ဘဝသစ်တစ်ခုဖန်တီးဖို့ ဘယ်သူ့မှမညှာနိုင်ပေါင် အပျော်ဆုံးည မောင်ကကယ်ပိုင်ကားလေးနဲ့ ကျမနေတရွာအထိ လာခိုးမှာတဲ့မျှော်တုန်းမျှော်စဲမှာပဲ

Crd

Zawgyi

ေဖ့စ္ဘုတ္သုံးေနတဲ့ မိန္းကေလးမ်ားဖတ္ရန္ တကယ့္ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးပါ

ေဖ့စ္ဘုတ္သုံးေနတဲ့ မိန္းကေလးမ်ားဖတ္ရန္ တကယ့္ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးပါ။ fb သုံးေနတဲ့မိန္းကေလးမ်ား ဖတ္ရန္ျဖစ္ရပ္မွန္ကို အနည္းငယ္သာေျပာင္း၍ေရးပါသည္။ တစ္ေန႔႐ုပ္ေျဖာင့္ေျဖာင့္ လူလတ္ပိုင္းဓာတ္ပုံတင္ထားတဲ့ အေကာင့္တစ္ခု မက္ဆင္ဂ်ာကေန ညီမေလးအစ္ကိုစကားနည္းနည္း ေျပာခ်င္လို႔ရလား “ဆိုၿပီး စာဝင္လာတယ္။

အကူအညီတစ္ခုေတာင္းခ်င္လို႔ပါတဲ့ ဟုတ္ကဲ့လို႔ေရးမိလိုက္တာနဲ႔ ဗြီဒီယိုေကာေခၚတာခံလိုက္ရတယ္။႐ုပ္ေျဖာင့္သေလာက္ အေျပာေကာင္းလြန္းလွတဲ့ သူ႔စကားေတြၾကားမွာ ဖုန္းကိုပိတ္မပစ္ရက္ေအာင္ ျဖစ္ခဲ့ရပါတယ္။ ”အပ်ိဳလား” ဆိုတဲ့သူ႔စကားကက်မကို နည္းနည္းတုန္လႈပ္ေစခဲ့တယ္။ခနေလာက္ငိုင္ေနၿပီးမွ က်မေယာက်ၤားနဲ႔ က်မအတူတူတြဲ႐ိုက္ထားတဲ့ ဓာတ္ပုံေလးတစ္ပုံ ပို႔ေပးလိုက္တယ္။

“ညီမတို႔ခ်စ္သူေတြလား “ဆိုတဲ့ ေမးခြန္းေလးက က်မကိုၾကည္ႏူးသြားေစပါတယ္ ေဘးနားမွာအိပ္ေပ်ာ္ေနရွာတဲ့ သားေလးကိုမလုံမလဲ ၾကည့္လိုက္မိတယ္ ။ က်မေယာက်ာ္း လူ႐ိုးႀကီးကေတာ့ယာေတာကျပန္မလာေသးပါဘူး။

က်မထင္လိုက္တာက တစ္ခါတည္းနားေအးေအာင္ဆိုၿပီး အမွန္ကိုခ်ျပလိုက္တာမွ ပိုဆိုးသြားပါတယ္။ တိုတိုနဲ႔လိုရင္းကိုေျပာရရင္ က်မတို႔ေန႔တိုင္းဖုန္းေျပာျဖစ္ခဲ့ပါတယ္။ သူ႔ဖုန္းမလာရင္က်မကစေခၚတတ္ေနပါၿပီ က်မေယာကား လူ႐ိုးႀကီးကေတာ ဘာမွမသိရွာပါဘူး။သူ႔ကေတာ့ က်မကိုသိပ္ၿပီ းဂ႐ုမစိုက္ႏိုင္ပါဘူး ယာေတာနဲ႔အိမ္ ကူးေနတာနဲ႔ သူ႔ကြၽဲေတြနဲ႔တင္ အခ်ိန္ကုန္ေနရွာတာပါ။

ဘထင္ထားတဲ့အတိုင္း ေမွ်ာ္လင့္ထားတဲ့အတိုင္း သူကက်မကို သိပ္ခ်စ္ေၾကာင္းေတြေျပာလာပါေတာ့တယ္။က်မအေျဖကိုေတာ့မေျပာေတာ့ပါဘူး သူကတစ္ဆင့္တက္လာပါတယ္။ ကန္ေတာ့ပါရွင္ လင္မယားေတြၾကားမွ ေျပာရမဲ့စကားေတြကိုတစ္ တစ္ခြခြေျပာလာပါတယ္။

အစကနားမေထာင္ရဲေပမဲ့ေနာက္ေတာ့စြဲလမ္းလာပါတာ့တယ္။ေနာက္ဆုံးေတာ့ အျပင္မွာေတြ႕ခ်င္တယ္တဲ့။ က်မေယာက္်ားနဲ႔သားေလးမ်က္ႏွာကို ျဖတ္ကနဲျမင္ေယာင္မိတယ္။ က်မေယာက်္ားက က်မကိုသိပ္ခ်စ္ရွာပါတယ္။

သူရွာေဖြထားသမွ်က်မကိုအကုန္အပ္တယ္။က်မပ်င္းေနမွာစိုးလို႔ဆိုၿပီး ဖုန္းကိုေတာင္သူမကိုင္ဘဲ က်မကိုပဲေပးကိုင္ရာတာပါ။ ေငြဆိုလည္းမစားရက္ မေသာက္ရက္နဲ႔ သိန္းႏွစ္ဆယ္ေလာက္စုမိေနပါၿပီ။

ဒါနဲ႔ပဲမျဖစ္ႏိုင္ဘူး ထင္ပါတယ္ရွင္ ဆိုၿပီးျငင္းဆန္လိုက္မိပါတယ္။သူကစိတ္မဆိုးတဲ့အျပင္ မိန္းကေလးပီသလို႔ ပိုေတာင္တန္ဖိုးထားမိပါတယ္ဆိုၿပီး ေျပာလာပါတယ္။ တစ္ေန႔မွေတာ့ က်မေယာက်္ားဝါးေတာသြားတဲ့ေန႔ သူဖုန္းဝင္လာပါတယ္။

သူက်မတို႔ ႐ြာထိပ္မွာေရာက္ေနတယ္တဲ့ ေတြ႕ခ်င္လြန္းလို႔ အေဝးႀကီးက လာခဲ့ရတာပါတဲ့ ခနေလးေတြ႕ပါရေစတဲ့ မဆြတ္ခင္ကၫြတ္မေႁခြခင္က ေႂကြခ်င္ေနတဲ့က်မ သားေလးအိပ္ေမာက် ခ်ိန္မွာသြားေတြ႕ျဖစ္ခဲ့ပါတယ္။

ဘယ္လိုမွျပင္မရေတာ့တဲ့အမွားပါပဲမ က်မ္းေက်လြန္းလွတဲ့ သူ႔လက္တြင္းမွာသူျပသမွ် ႏုခဲ့မိပါေတာ့တယ္။ လင္ေမ့သားေမ့နဲ႔မိုးလင္းခါနီးမွ အိမ္ျပန္ဖို႔သတိရပါေတာ့တယ္။

သူမကိုသူက “ကေလး”က်မကသူကို “ေမာင္”ဆိုၿပီး အေခၚအေဝၚေတြ ေျပာင္းကုန္တဲ့အထိပါပဲ။ က်မေနာင္တမရပါဘူး အိမ္ကဟာႀကီးလည္းအားမနာေတာ့ပါဘူး က်မဘဝမွာ ေမာင္မွေမာင္ပါပဲ ေနာက္တစ္ေန႔ေမာင္က မက္ဆင္ဂ်ာကေန က်မကေမာင့္ပါးေလးကိုနမ္းေနတဲ့ပုံ ေလးတစ္ပုံပို႔တယ္။

ေနာက္တစ္ပုံ ေမာင္က က်မႏႈတ္ခမ္းေလးကို နမ္းေနတဲ့ပုံထပ္ပို႔အၿပီးမွာ က်မအံ့ၾသသြားတယ္ ေမာင္ဘယ္အခ်ိန္႐ိုက္ထားပါလိမ့္ ေနာက္တစ္ခုက ဗြီဒီယိုေမာင္နဲ႔က်မနဲ႔ဘုရား ဘုရားရွက္လိုက္တာရွင္။ေနာက္တစ္ခါထပ္ေတြ႕အၿပီးမွာေတာ့ က်မေလက်မေမာင့္လက္ခုပ္တြင္းက ေရျဖစ္သြားပါၿပီ။

ဆားငံရည္ေသာက္မိတဲ့က်မလူ႐ိုးႀကီးနဲ႔သားေလးကို ရွိတယ္ေတာင္မထင္ေတာ့ပါဘူး က်မဘဝက ေမာင္မွေမာင္ပါပဲ။ က်မေမွ်ာ္လင့္ခဲ့ရတဲ့တစ္ေန႔ ဆိုက္ဆိုက္ေရာက္လာခဲ့ရပါၿပီ။ ေမာင္ကဘဝသစ္ထူ ေထာင္ၾကမယ္တဲ့ဒီေန႔ ညလာခိုးမယ္တဲ့အရင္းအႏွီးနဲ႔လုပ္ကိုင္စားေသာက္ဖို႔ ရွိသမွ်ေငြယူခဲ့ပါတဲ့။

ေကာင္းလိုက္တဲ့အႀကံ လက္စြပ္၊လက္ေကာက္၊ဆြဲႀကိဳး ရွိရွိသမွ်မခ်န္ သားေလးလည္ပင္းက ခမည္းေပးထားတဲ့ဆြဲႀကိဳးေလးတာင္ အသာေလးဆြဲျဖတ္ေမာင္နဲ႔ ဘဝသစ္တစ္ခုဖန္တီးဖို႔ ဘယ္သူ႔မွမညႇာႏိုင္ေပါင္ အေပ်ာ္ဆုံးည ေမာင္ကကယ္ပိုင္ကားေလးနဲ႔ က်မေနတ႐ြာအထိ လာခိုးမွာတဲ့ေမွ်ာ္တုန္းေမွ်ာ္စဲမွာပဲ

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …