အူမကြီးကင်ဆာရဲ့ ရှေ့ပြေး လက္ခဏာရပ်များ - YATHAZONE

အူမကြီးကင်ဆာရဲ့ ရှေ့ပြေး လက္ခဏာရပ်များ

Knowledge

အူမကြီးကင်ဆာရဲ့ ရှေ့ပြေး လက္ခဏာရပ်များ

အူမကြီးကင်ဆာဟာ အသက်၅၀နှင့် အထက်ရှိသူများ၊ အူမကြီး မကောင်းသူ၊ ကင်ဆာမျိုးရိုး ရှိသူများ၊ ဆေးလိပ် သောက်ခြင်း၊ အဝလွန်ခြင်း၊ အရက်သောက်ခြင်း နှင့် ဆီးချိုအမျိုးအစား၂ ဖြစ်ပွါးသူတွေမှာ အဖြစ်များလေ့ ရှိပါ တယ်။

အူမကြီးကင်ဆာရဲ့ ကြိုတင် လက္ခဏာရပ်တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ် ။

အူမႀကီးကင္ဆာရဲ႕ ေရွ႕ေျပး လကၡဏာရပ္မ်ား1

၁။ ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာရဲ့ အရေးပါဆုံး လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ အာရှပစိဖိတ်ဂျာနယ်ရဲ့ ကင်ဆာ ရောဂါဆိုင်ရာ လေ့လာမှုမှာ ဝမ်းချုပ်ခြင်း နှင့် အူမကြီးကင်ဆာ ဆက်စပ်မှုဟာ မြင့်မားစွာ ဆက်စပ် လျက်ရှိတယ်လို့ ဆိုပါတယ် ။

၂။ ဝမ်းပျက်ခြင်း

အူမကြီးကင်ဆာရဲ့ နောက်ထပ် လက္ခဏာတစ်ခုကတော့ ဝမ်းပျက်ခြင်းပဲ ဖြစ်ပါတယ်။ ရက်သတ္တပါတ် အတော်ကြာအောင်ထိ ဝမ်းပျက် ဝမ်းလျှောနေတာဟာ အူမကြီးနဲ့ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလို ဖြစ်လာရင်တော့ မပေါ့လျော့ဘဲ ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါပြီ။

အူမႀကီးကင္ဆာရဲ႕ ေရွ႕ေျပး လကၡဏာရပ္မ်ား2

၃။ မစင်ထဲမှာသွေးပါခြင်း

လိပ်ခေါင်းကြောင့်လည်း မစင်ထဲမှာ သွေးပါနိုင်ပါတယ်။ ဒီလို လိပ်ခေါင်းကြောင့် ထွက်တဲ့သွေးဟာ အများအား ဖြင့် အနီရောင် ဖြစ်ပါတယ် ဒီလိုမဟုတ်ဘဲ အနီပုပ်ရောင် (သို့) အနက်ပုပ်ရောင် သွေးများ မစင်ထဲပါလာပြီ ဆိုရင်တော့ အူမကြီးကင်ဆာ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်နေနိုင်ပါတယ်။

မည်သို့ပင် ဖြစ်စေ မစင်ထဲမှာ သွေးပါခြင်းမျိုး ဖြစ်နေရင်တော့ ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ နားလည်တတ်ကျွမ်တဲ့ ဆရာဝန်ဆီ မှာ ကုသမှု ခံယူသင့်ပါတယ်။

၄။ မစင်အရွယ်အစား သေးခြင်း

မစင်အရွယ်အစား သေးငယ်ပြီး ရှည်မြောမြော ပုံစံ ဝမ်းတွေသွားနေတာလည်း အူမကြီးကင်ဆာ လက္ခဏာပါ။ ကင်ဆာကြိတ်ဟာ အူမကြီးလမ်းကြောင်းရဲ့ ဘယ်ဘက်အလယ်လောက်မှာ တည်ရှိနေတဲ့အတွက် ဝမ်းသွားတဲ့ အခါ သေးငယ်ကျဉ်းမြောင်းတဲ့ မစင်ပုံစံတွေကိုသာ ထုတ်လွှတ်ပေးပါတယ်။ ဒီလိုမျိုးတွေ မကြာခဏ ဖြစ်လာပြီ ဆိုလျှင် ဆရာဝန်ကို မရှက်မကြောက်ဘဲ ဖွင့်ပြောပြီး ကုသမှု ခံယူသင့်ပါပြီ ။

အူမႀကီးကင္ဆာရဲ႕ ေရွ႕ေျပး လကၡဏာရပ္မ်ား3

၅။ ဝမ်းဗိုက်ပျော့ခြင်း (သို့) နာကျင်ခြင်း

ကိုယ့်ရဲ့ဝမ်းဗိုက်ကို ကိုင်ကြည့်တဲ့အခါ ခပ်ပျော့ပျော့ပုံစံ ခံစားရလျှင် (သို့) နာကျင်မှုတွေ ခံစားနေရပြီဆိုလျှင် အူမကြီးကင်ဆာရဲ့ ကနဦး လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

၆။ သွေးအားနည်းလာခြင်း

ရုတ်တရက် သွေးအားနည်းရောဂါတွေ ဖြစ်လာတာမျိုးကိုလည်း သတိထားသင့်ပါတယ်။ သွေးအားနည်း လာတဲ့ အခါ အသားအရေ ဖျော့တော့လာခြင်း ၊ သွေးခုန်နှုန်း မြန်လာခြင်း ၊ အသက်ရှူ မဝခြင်း ၊ ခေါင်းမူး ခေါင်းကိုက်ခြင်း ၊ နေထိုင်မကောင်းခြင်း နှင့် လက်ဖျားခြေဖျားများ အေးစက်လာခြင်းတို့ ဖြစ်လာတတ်ပါတယ်။

ကင်ဆာကျိတ် ဖြစ်လာတဲ့အခါ အစာခြေ လမ်းကြောင်းထဲသို့ သွေးထွက်ကာ ကုန်ဆုံးတတ်ခြင်းကြောင့် သွေးအားနည်းတာမျိုး တွေ ဖြစ်လာတာပါ။

ဒါကြောင့် နဂိုတည်းက သွေးအား နည်းတတ်သူမဟုတ်ဘဲ ရုတ်တရက် သွေးအားနည်း ရောဂါမျိုးတွေ ကြုံတွေ့နေရတာဟာ အူမကြိးကင်ဆာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

အူမႀကီးကင္ဆာရဲ႕ ေရွ႕ေျပး လကၡဏာရပ္မ်ား4

၇။ အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျသွားခြင်း

အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျသွားခြင်းဟာ အခြားရောဂါများလည်း ဖြစ်နိုင်သလို အူမကြီး ကင်ဆာရဲ့ လက္ခဏာတွေထဲမှာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ဒါ့ကြောင့် မိမိမှာ အကြောင်းပြချက် မရှိဘဲ တဖြေးဖြေး ပိန်ပိန်လာတယ်ဆိုလျှင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရောဂါစစ်ဆေးမှု များ ပြုလုပ်သင့်ပါတယ် ။

၈။ ပင်ပန်းအားနည်းလာခြင်း

မောပန်းနွမ်းနယ်မှုတွေ အမြဲလိုလို ခံစားနေရတယ် ၊ အားအင်ချိနဲ့တာတွေ ဖြစ်လာတယ် ဆိုရင်လည်း မပေါ့ လျော့သင့်ပါဘူးနေ်ာ။ ဆေးရုံ ၊ ဆေးခန်းသွားကာ စစ်ဆေးသင့်ပါပြီ ။

၉။ လေထိုး၊လေပွဖြစ်ခြင်း

အူမကြီးအတွင်းမှာရှိတဲ့ ကင်ဆာအကြိတ်ကြောင့် လေထိုး၊လေပွ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကြောင့်လည်း ဖြစ်နိုင်တာကြောင့် ကွဲကွဲပြားပြား သေချာသိအောင် ကျန်းမာရေး ဆေးစစ်မှုများ ခံယူဖို့ လိုပါတယ်။

အူမႀကီးကင္ဆာရဲ႕ ေရွ႕ေျပး လကၡဏာရပ္မ်ား5

အူမကြီးကင်ဆာမဖြစ်အောင် နေထိုင်နည်းမှတ်ချက်

(၁) လတ်ဆတ်သော အသီးအရွက်များကိုသာ စားသုံးပါ။

(၂) အရက်သောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ ။ (မရှောင်နိုင်လျှင်လည်း အလွန်အကျွံ မသောက်မိပါစေနှင့် )

(၃) တစ်နေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ ။ အနည်းဆုံး တစ်ပါတ် ၅ရက် ပြုလုပ်ပါ။

(၄) ကိုယ်အလေးချိန် များနေလျှင် ကျန်းမာရေးနှင့် ညီညွတ်စွာ ထိန်းသိမ်းနေထိုင်ပါ။

(၅) အူမကြီးကင်ဆာရောဂါမှ ကာကွယ်ရန် မှန်ကန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါ။

Credit:

Zawgyi

အူမႀကီးကင္ဆာရဲ႕ ေရွ႕ေျပး လကၡဏာရပ္မ်ား

အူမႀကီးကင္ဆာဟာ အသက္၅၀ႏွင့္ အထက္ရွိသူမ်ား၊ အူမႀကီး မေကာင္းသူ၊ ကင္ဆာမ်ိဳး႐ိုး ရွိသူမ်ား၊ ေဆးလိပ္ ေသာက္ျခင္း၊ အဝလြန္ျခင္း၊ အရက္ေသာက္ျခင္း ႏွင့္ ဆီးခ်ိဳအမ်ိဳးအစား၂ ျဖစ္ပြါးသူေတြမွာ အျဖစ္မ်ားေလ့ ရွိပါ တယ္။

အူမႀကီးကင္ဆာရဲ႕ ႀကိဳတင္ လကၡဏာရပ္ေတြကေတာ့ ေအာက္ပါ အတိုင္းပဲ ျဖစ္ပါတယ္ ။

အူမႀကီးကငာၦရဲ႕ ေ႐ြ႕ေ်ပး လကၡဏာရပၼ္ား1

၁။ ဝမ္းခ်ဳပ္ျခင္း

ဝမ္းခ်ဳပ္ျခင္းဟာ အူမႀကီးကင္ဆာရဲ႕ အေရးပါဆုံး လကၡဏာတစ္ရပ္ ျဖစ္ပါတယ္။ အာရွပစိဖိတ္ဂ်ာနယ္ရဲ႕ ကင္ဆာ ေရာဂါဆိုင္ရာ ေလ့လာမႈမွာ ဝမ္းခ်ဳပ္ျခင္း ႏွင့္ အူမႀကီးကင္ဆာ ဆက္စပ္မႈဟာ ျမင့္မားစြာ ဆက္စပ္ လ်က္ရွိတယ္လို႔ ဆိုပါတယ္ ။

၂။ ဝမ္းပ်က္ျခင္း

အူမႀကီးကင္ဆာရဲ႕ ေနာက္ထပ္ လကၡဏာတစ္ခုကေတာ့ ဝမ္းပ်က္ျခင္းပဲ ျဖစ္ပါတယ္။ ရက္သတၱပါတ္ အေတာ္ၾကာေအာင္ထိ ဝမ္းပ်က္ ဝမ္းေလွ်ာေနတာဟာ အူမႀကီးနဲ႔ပတ္သတ္တဲ့ ေရာဂါေတြ ျဖစ္ေနႏိုင္ပါတယ္။ ဒီလို ျဖစ္လာရင္ေတာ့ မေပါ့ေလ်ာ့ဘဲ ဆရာဝန္ႏွင့္ အျမန္ဆုံး ျပသသင့္ပါၿပီ။

အူမႀကီးကငာၦရဲ႕ ေ႐ြ႕ေ်ပး လကၡဏာရပၼ္ား2

၃။ မစင္ထဲမွာေသြးပါျခင္း

လိပ္ေခါင္းေၾကာင့္လည္း မစင္ထဲမွာ ေသြးပါႏိုင္ပါတယ္။ ဒီလို လိပ္ေခါင္းေၾကာင့္ ထြက္တဲ့ေသြးဟာ အမ်ားအား ျဖင့္ အနီေရာင္ ျဖစ္ပါတယ္ ဒီလိုမဟုတ္ဘဲ အနီပုပ္ေရာင္ (သို႔) အနက္ပုပ္ေရာင္ ေသြးမ်ား မစင္ထဲပါလာၿပီ ဆိုရင္ေတာ့ အူမႀကီးကင္ဆာ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ေနႏိုင္ပါတယ္။

မည္သို႔ပင္ ျဖစ္ေစ မစင္ထဲမွာ ေသြးပါျခင္းမ်ိဳး ျဖစ္ေနရင္ေတာ့ ဘယ္လိုအေၾကာင္းေၾကာင္းေၾကာင့္ျဖစ္ေစ နားလည္တတ္ကြၽမ္တဲ့ ဆရာဝန္ဆီ မွာ ကုသမႈ ခံယူသင့္ပါတယ္။

၄။ မစင္အ႐ြယ္အစား ေသးျခင္း

မစင္အ႐ြယ္အစား ေသးငယ္ၿပီး ရွည္ေျမာေျမာ ပုံစံ ဝမ္းေတြသြားေနတာလည္း အူမႀကီးကင္ဆာ လကၡဏာပါ။ ကင္ဆာႀကိတ္ဟာ အူမႀကီးလမ္းေၾကာင္းရဲ႕ ဘယ္ဘက္အလယ္ေလာက္မွာ တည္ရွိေနတဲ့အတြက္ ဝမ္းသြားတဲ့ အခါ ေသးငယ္က်ဥ္းေျမာင္းတဲ့ မစင္ပုံစံေတြကိုသာ ထုတ္လႊတ္ေပးပါတယ္။ ဒီလိုမ်ိဳးေတြ မၾကာခဏ ျဖစ္လာၿပီ ဆိုလွ်င္ ဆရာဝန္ကို မရွက္မေၾကာက္ဘဲ ဖြင့္ေျပာၿပီး ကုသမႈ ခံယူသင့္ပါၿပီ ။

အူမႀကီးကငာၦရဲ႕ ေ႐ြ႕ေ်ပး လကၡဏာရပၼ္ား3

၅။ ဝမ္းဗိုက္ေပ်ာ့ျခင္း (သို႔) နာက်င္ျခင္း

ကိုယ့္ရဲ႕ဝမ္းဗိုက္ကို ကိုင္ၾကည့္တဲ့အခါ ခပ္ေပ်ာ့ေပ်ာ့ပုံစံ ခံစားရလွ်င္ (သို႔) နာက်င္မႈေတြ ခံစားေနရၿပီဆိုလွ်င္ အူမႀကီးကင္ဆာရဲ႕ ကနဦး လကၡဏာတစ္ရပ္ ျဖစ္ႏိုင္ပါတယ္။

၆။ ေသြးအားနည္းလာျခင္း

႐ုတ္တရက္ ေသြးအားနည္းေရာဂါေတြ ျဖစ္လာတာမ်ိဳးကိုလည္း သတိထားသင့္ပါတယ္။ ေသြးအားနည္း လာတဲ့ အခါ အသားအေရ ေဖ်ာ့ေတာ့လာျခင္း ၊ ေသြးခုန္ႏႈန္း ျမန္လာျခင္း ၊ အသက္ရႉ မဝျခင္း ၊ ေခါင္းမူး ေခါင္းကိုက္ျခင္း ၊ ေနထိုင္မေကာင္းျခင္း ႏွင့္ လက္ဖ်ားေျခဖ်ားမ်ား ေအးစက္လာျခင္းတို႔ ျဖစ္လာတတ္ပါတယ္။

ကင္ဆာက်ိတ္ ျဖစ္လာတဲ့အခါ အစာေျခ လမ္းေၾကာင္းထဲသို႔ ေသြးထြက္ကာ ကုန္ဆုံးတတ္ျခင္းေၾကာင့္ ေသြးအားနည္းတာမ်ိဳး ေတြ ျဖစ္လာတာပါ။

ဒါေၾကာင့္ နဂိုတည္းက ေသြးအား နည္းတတ္သူမဟုတ္ဘဲ ႐ုတ္တရက္ ေသြးအားနည္း ေရာဂါမ်ိဳးေတြ ႀကဳံေတြ႕ေနရတာဟာ အူမႀကိးကင္ဆာရဲ႕ လကၡဏာတစ္ခု ျဖစ္ႏိုင္ပါတယ္။

အူမႀကီးကငာၦရဲ႕ ေ႐ြ႕ေ်ပး လကၡဏာရပၼ္ား4

၇။ အေၾကာင္းအရင္းမရွိ ကိုယ္အေလးခ်ိန္က်သြားျခင္း

အေၾကာင္းအရင္းမရွိဘဲ ကိုယ္အေလးခ်ိန္ က်သြားျခင္းဟာ အျခားေရာဂါမ်ားလည္း ျဖစ္ႏိုင္သလို အူမႀကီး ကင္ဆာရဲ႕ လကၡဏာေတြထဲမွာလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ မိမိမွာ အေၾကာင္းျပခ်က္ မရွိဘဲ တေျဖးေျဖး ပိန္ပိန္လာတယ္ဆိုလွ်င္ နားလည္တတ္ကြၽမ္းတဲ့ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ေရာဂါစစ္ေဆးမႈ မ်ား ျပဳလုပ္သင့္ပါတယ္ ။

၈။ ပင္ပန္းအားနည္းလာျခင္း

ေမာပန္းႏြမ္းနယ္မႈေတြ အၿမဲလိုလို ခံစားေနရတယ္ ၊ အားအင္ခ်ိနဲ႔တာေတြ ျဖစ္လာတယ္ ဆိုရင္လည္း မေပါ့ ေလ်ာ့သင့္ပါဘူးေန္ာ။ ေဆး႐ုံ ၊ ေဆးခန္းသြားကာ စစ္ေဆးသင့္ပါၿပီ ။

၉။ ေလထိုး၊ေလပြျဖစ္ျခင္း

အူမႀကီးအတြင္းမွာရွိတဲ့ ကင္ဆာအႀကိတ္ေၾကာင့္ ေလထိုး၊ေလပြ ျဖစ္ႏိုင္ပါတယ္။ အစာအိမ္ေၾကာင့္လည္း ျဖစ္ႏိုင္တာေၾကာင့္ ကြဲကြဲျပားျပား ေသခ်ာသိေအာင္ က်န္းမာေရး ေဆးစစ္မႈမ်ား ခံယူဖို႔ လိုပါတယ္။

အူမႀကီးကငာၦရဲ႕ ေ႐ြ႕ေ်ပး လကၡဏာရပၼ္ား5

အူမႀကီးကင္ဆာမျဖစ္ေအာင္ ေနထိုင္နည္းမွတ္ခ်က္

(၁) လတ္ဆတ္ေသာ အသီးအ႐ြက္မ်ားကိုသာ စားသုံးပါ။

(၂) အရက္ေသာက္ျခင္း ၊ ေဆးလိပ္ေသာက္ျခင္း ေရွာင္ၾကဥ္ပါ ။ (မေရွာင္ႏိုင္လွ်င္လည္း အလြန္အကြၽံ မေသာက္မိပါေစႏွင့္ )

(၃) တစ္ေန႔လွ်င္ နာရီဝက္ခန႔္ ေလ့က်င့္ခန္း ျပဳလုပ္ေပးပါ ။ အနည္းဆုံး တစ္ပါတ္ ၅ရက္ ျပဳလုပ္ပါ။

(၄) ကိုယ္အေလးခ်ိန္ မ်ားေနလွ်င္ က်န္းမာေရးႏွင့္ ညီၫြတ္စြာ ထိန္းသိမ္းေနထိုင္ပါ။

(၅) အူမႀကီးကင္ဆာေရာဂါမွ ကာကြယ္ရန္ မွန္ကန္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ပါ။

Credit:

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …