အငှားမယား (သို့) မြန်မာမိန်းကလေးများအတွက် နောက်ဆုံးပေါ် ထောင်ချောက်… - YATHAZONE

အငှားမယား (သို့) မြန်မာမိန်းကလေးများအတွက် နောက်ဆုံးပေါ် ထောင်ချောက်…

Knowledge

အငှားမယား (သို့) မြန်မာမိန်းကလေးများအတွက် နောက်ဆုံးပေါ် ထောင်ချောက်…

အသားဖြူဖြူနှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရားများအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ၏မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်သွေးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။

ကျောလယ်လောက်အထိရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာဆန်ဆန် ရင်ဖုံးလက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။

သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်းမရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမဘဝ ဖြစ်နေသည်ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။

”ကျွန်မ ဒီအလုပ်ကို လက်ခံတာ နှစ်ကြိမ်ရှိပြီ။ ပထမလက်ခံတဲ့လူက အသက် ၃ဝ ကျော်ပဲရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ”ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။

သူလက်ခံသည်ဆိုသည့်အလုပ်မှာ အမျိုးသားတစ်ဦးနှင့် တိုက်ခန်းတစ်ခန်းတွင် တစ်လတန်သည်၊ နှစ်လတန်သည် အတူနေပေးရသည့် အငှားမယားဟု ဆိုရမည်ဖြစ်သည်။

ပြည့်တန်ဆာများကို ညည့် ငှက်၊ သွေးသားဈေးသယ်၊ ဇယား၊ လိင်ပိုင်းဆိုင်ရာကို အခကြေး ငွေယူ၍ ဖျော်ဖြေသူ အစရှိသဖြင့် ခေါ်ကြပြီး ထိုစကားလုံးများထက် နူးညံ့စွာ ဖြစ်ပေါ်လာသော စကားမှာ အငှားမယားပင် ဖြစ်လေတော့ သည်။

လှိုင်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသော လေးထပ်တိုက်ခန်း တစ်ခုမှာ မဇာခြည်တစ်ယောက် သူ့ကို ခေါ် ဆောင်ထားသူနှင့် အတူနေရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်၏အမြင်မှာမူ လင်မယားဟုပင် သိထားကြဟန်ရှိသည်။

မဇာခြည်မှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်၍ အထည်ချုပ်စက်ရုံ တစ်ရုံတွင် လေးနှစ်နီးပါး အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။

သူသည် မိသားစု စားဝတ်နေရေး အခြေအနေ ကြောင့် ဆယ်တန်းအထိသာ ပညာဆည်းပူးခဲ့ရပြီး ညီအစ်မဝမ်းကွဲ ၏ အကူအညီဖြင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းရရှိသည့်လစာကို မိသားစုထံ ပြန်မပို့နိုင်ရုံသာ မက အဆောင်လခ၊ ဝမ်းစာနှင့်ပင် လုံးလည်လိုက်နေသောကြောင့် အဝတ်အထည်ကိုပင် လူတန်းစေ့ ဝတ်ဆင်နိုင်ရန် မနည်းရုန်းကန် ရသည်ဟု ဆိုသည်။

”အထည်ချုပ်မှာ လုပ်တုန်းကဆို ဇက်ကြောတွေက တက်၊ ခွဲတမ်းမပြီးရင် Leader တွက အော်ဟစ်ပြီးဆဲတော့တာ။

တစ်လကို ဝင်ဝင်ချင်းတုန်းက ခုနစ်သောင်း၊ နောက်နှစ်တွေကျမှ တစ်သိန်း လောက်ပဲရတာ၊ ပင် ပန်းသလောက် လစာမရခဲ့ဘူး”ဟု သူရပ်တည်ခဲ့ရပုံကို ပြောပြသည်။

အဆိုပါစက်ရုံတွင် ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရာမှ ယခုကဲ့သို့ ဘဝမျိုးထဲတွင် ကျင်လည်တတ်ရန် ခေါ်ဆောင်ပေးခဲ့သူမှာ အတူအလုပ် လုပ်နေသည့် ဝန်ထမ်းထဲမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။

Crd

Zawgyi

အငွားမယား (သို႔) ျမန္မာမိန္းကေလးမ်ားအတြက္ ေနာက္ဆုံးေပၚ ေထာင္ေခ်ာက္…

အသားျဖဴျဖဴႏွင့္ ငယ္႐ြယ္ပ်ိဳမ်စ္သည့္ အလွတရားမ်ားအား ပိုင္ဆိုင္ထားသူ အသက္ ၂၂ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး သူ၏မ်က္ႏွာေပၚတြင္ တန္ဖိုးအသင့္အတင့္ရွိသည့္ မိတ္ကပ္ကို လိမ္းျခယ္ထားၿပီး ၾကက္ေသြးေရာင္ႏႈတ္ခမ္းနီကို ခပ္စိုစိုကေလး ဆိုးထားသည္။

ေက်ာလယ္ေလာက္အထိရွိသည့္ ဆံပင္မွာ ေျဖာင့္စင္းလ်က္။ သူဆင္ယင္ထားေသာ အဝတ္အစားမွာ ျမန္မာဆန္ဆန္ ရင္ဖုံးလက္ျပတ္ႏွင့္ စည္းလုံခ်ည္ေလးျဖစ္ သည္။

သို႔ေသာ္ သူ လက္ရွိ အသက္ေမြးဝမ္းေက်ာင္း ျပဳေနရသည္မွာ အမ်ိဳးသားတစ္ဦးႏွင့္ တရားဝင္ လက္ထပ္ထားျခင္းမရွိဘဲ ရက္ရွည္ၾကာ ေပါင္းသင္းေနရသည့္ အငွားမိန္းမဘဝ ျဖစ္ေနသည္ဆိုျခင္းကို မည္သူ ယုံႏိုင္ပါ မည္နည္း။

”ကြၽန္မ ဒီအလုပ္ကို လက္ခံတာ ႏွစ္ႀကိမ္ရွိၿပီ။ ပထမလက္ခံတဲ့လူက အသက္ ၃ဝ ေက်ာ္ပဲရွိတယ္။ သူက သေဘာေကာင္းေတာ့ ေနာက္တစ္ေယာက္ကိုပါ ထပ္လက္ခံလိုက္တာ”ဟု မဇာျခည္(အမည္လႊဲ)က ေျပာ သည္။

သူလက္ခံသည္ဆိုသည့္အလုပ္မွာ အမ်ိဳးသားတစ္ဦးႏွင့္ တိုက္ခန္းတစ္ခန္းတြင္ တစ္လတန္သည္၊ ႏွစ္လတန္သည္ အတူေနေပးရသည့္ အငွားမယားဟု ဆိုရမည္ျဖစ္သည္။

ျပည့္တန္ဆာမ်ားကို ညည့္ ငွက္၊ ေသြးသားေဈးသယ္၊ ဇယား၊ လိင္ပိုင္းဆိုင္ရာကို အခေၾကး ေငြယူ၍ ေဖ်ာ္ေျဖသူ အစရွိသျဖင့္ ေခၚၾကၿပီး ထိုစကားလုံးမ်ားထက္ ႏူးညံ့စြာ ျဖစ္ေပၚလာေသာ စကားမွာ အငွားမယားပင္ ျဖစ္ေလေတာ့ သည္။

လႈိင္ၿမိဳ႕နယ္အတြင္း သန႔္ရွင္းသပ္ရပ္စြာ ျပင္ဆင္ထားေသာ ေလးထပ္တိုက္ခန္း တစ္ခုမွာ မဇာျခည္တစ္ေယာက္ သူ႔ကို ေခၚ ေဆာင္ထားသူႏွင့္ အတူေနရျခင္းျဖစ္ၿပီး ပတ္ဝန္းက်င္၏အျမင္မွာမူ လင္မယားဟုပင္ သိထားၾကဟန္ရွိသည္။

မဇာျခည္မွာ မေကြးတိုင္းေဒသႀကီး စလင္းၿမိဳ႕နယ္မွ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္၍ အထည္ခ်ဳပ္စက္႐ုံ တစ္႐ုံတြင္ ေလးႏွစ္နီးပါး အလုပ္ လုပ္ကိုင္ေနသူ တစ္ဦးျဖစ္သည္။

သူသည္ မိသားစု စားဝတ္ေနေရး အေျခအေန ေၾကာင့္ ဆယ္တန္းအထိသာ ပညာဆည္းပူးခဲ့ရၿပီး ညီအစ္မဝမ္းကြဲ ၏ အကူအညီျဖင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္စက္႐ုံ တစ္႐ုံတြင္ ပထမဆုံး ဝင္ေရာက္လုပ္ကိုင္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ ၎ရရွိသည့္လစာကို မိသားစုထံ ျပန္မပို႔ႏိုင္႐ုံသာ မက အေဆာင္လခ၊ ဝမ္းစာႏွင့္ပင္ လုံးလည္လိုက္ေနေသာေၾကာင့္ အဝတ္အထည္ကိုပင္ လူတန္းေစ့ ဝတ္ဆင္ႏိုင္ရန္ မနည္း႐ုန္းကန္ ရသည္ဟု ဆိုသည္။

”အထည္ခ်ဳပ္မွာ လုပ္တုန္းကဆို ဇက္ေၾကာေတြက တက္၊ ခြဲတမ္းမၿပီးရင္ Leader တြက ေအာ္ဟစ္ၿပီးဆဲေတာ့တာ။

တစ္လကို ဝင္ဝင္ခ်င္းတုန္းက ခုနစ္ေသာင္း၊ ေနာက္ႏွစ္ေတြက်မွ တစ္သိန္း ေလာက္ပဲရတာ၊ ပင္ ပန္းသေလာက္ လစာမရခဲ့ဘူး”ဟု သူရပ္တည္ခဲ့ရပုံကို ေျပာျပသည္။

အဆိုပါစက္႐ုံတြင္ ႐ိုး႐ိုးသားသား လုပ္ကိုင္စားေသာက္ရာမွ ယခုကဲ့သို႔ ဘဝမ်ိဳးထဲတြင္ က်င္လည္တတ္ရန္ ေခၚေဆာင္ေပးခဲ့သူမွာ အတူအလုပ္ လုပ္ေနသည့္ ဝန္ထမ္းထဲမွ အမ်ိဳးသမီးတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …