မိန်းကလေးတွေ ရည်းစားနဲ့ ပြတ်ပီးမှ ပိုလှလာတဲ့ အကြောင်းအရင်း - YATHAZONE

မိန်းကလေးတွေ ရည်းစားနဲ့ ပြတ်ပီးမှ ပိုလှလာတဲ့ အကြောင်းအရင်း

Life Style

မိန်းကလေးတွေ ရည်းစားနဲ့ ပြတ်ပီးမှ ပိုလှလာတဲ့ အကြောင်းအရင်း

မိန်းကလေး တစ်ချို့ဟာ ရည်းစားနဲ့ ပြတ်ဆဲပြီးမှ ပိုပို လှလာတတ်တာမျိုး ရှိတယ်။

မိန်းကလေးတိုင်းတော့ မဟုတ်ပေမယ့် ၁၀၀ မှာ ၃၀% လောက်တော့ ရှိမယ် ထင်တယ်။ ဘာလို့လဲ ဆိုတော့ တစ်ချို့ ချစ်ခြင်းတွေဟာ ငရဲနဲ့တူတယ် ။

ငရဲ ဆိုတာမျိုးက တခါရောက်ပြီးရင် လွှတ်မြောက်ဖို့လည်းခက် ကယ်သူတွေလဲမဲ့ ရုန်းထွက်မရ နောက်ဆုတ်မရနဲ့ စုန်းစုန်းတွေမြုပ်။

ဝဋ်ကြွေးတွေ မကုန်မချင်း ပေးဆပ်ရပြီး ဝဋ်ကြေမှ အေးချမ်းခွင့် ရသွားတတ်တာမျိုး မဟုတ်လား ။

တစ်ချို့ Relationship က အချစ်နဲ့ ငရဲ တွဲပြီးလာတယ် ။ အပြန်အလှန် မေတ္တာသက်ဝင် ချစ်ခင်ပါတယ် ဆိုပြီး RS တစ်ခုကို စကြတယ် ။

ဒါပေမယ့် သစ္စာဖောက်မှု အနိုင်ယူ ဗိုလ်ကျမှု ပွေရှုပ်မှု အောက်တန်းကျမှု ဆိုးသွမ်းပြီး လူမဆန်မှု အခြေအနေ မတူညီမှု ဥပေက္ခာပြုပြီး အလေးမထားမှု မြတ်နိုးတတ်ဖိုးထားမှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့အခါ အဲ့တာ ငရဲနဲ့ မခြားပါဘူး ။

တကယ့် ငရဲလို မီးပူအိုးထဲ ဇောက်ထိုး မဆင်းနေရပေမယ့်လည်း ရင်ထဲက အသဲကတော့ မီးမြှိုက်သလို အမြဲ ဗျာပါဒတွေဝေပြီး ပူပန်သောကနဲ့ ငိုကြွေးပြီး အပူမီးလောင်ကျွမ်း နေရတာပါပဲ ။

ဝဋ်ကြွေး မကုန်တဲ့အခါ သံယောဇဉ် မပြတ်ဖူး.. မခွဲနိုင်ပါဘူး ။ တနေ့တော့ ပြင်လာမှာပါ.. တနေ့တော့ ကောင်းလာမှာပါ..

တနေ့တော့ ငါ့အချစ်တွေ နားလည်လာမှာပါ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လွဲမှားတဲ့ အချစ်ငရဲကြီးမှာ မျက်ရည် ငရဲအိုးထဲ နေ့စဉ်ပေါလော မျောနေကြရတာပဲ ။

ဝဋ်ကြွေးတွေ ကုန်သွားတဲ့အခါကျ ကျမစိတ်ကုန် သွားပါပြီ ၊ လက်လျော့လိုက်ပါပြီ ၊ ရှင်လဲ လွတ်ရာကျွတ်ရာကိုသွားပြီး ကြိုက်တဲ့ဘုံဘဝမှာ

ကြိုက်တဲ့ ကောင်မတွေနဲ့ စံမြန်းပါတော့ ဆိုပြီး စိတ်တွေနာပြစ် လမ်းတွေ ခွဲပြစ်တာနဲ့ ငရဲကနေ ကိုယ်လဲ ကျွတ်တန်းဝင် သွားတော့တာပဲ ။

အဲ့တော့ ကျွတ်တန်းဝင် ပြီးတဲ့နောက် တနေ့တခြား လှအောင်နေ ဝအောင်စား ကျော့နေအောင်ဝတ် သိုးနေအောင်အိပ် ပျော်သလိုနေရင်း စိတ်ချမ်းသာ လူကျန်းမာနဲ့ လူမွေးလူရောင်တွေ ပြောင်လာရော ။

အဲ့တော့ မိန်းကလေး တစ်ယောက်ဟာ ငရဲနဲ့တူတဲ့ ချစ်ခြင်းကနေ လွှတ်မြောက်တဲ့အခါ စိတ်တွေချမ်းသာ လွတ်လပ်ပျော်ရွှင်ပြီး လူလဲ သူ့အလိုလို လှသွားတော့တာပဲ ။

ကိုယ်ထင်တာ ပြောတာပါ ။ ကိုယ်လဲ တစ်ချိန်က တောသူမ ဘဝနဲ့ ငရဲမှာ သုံးနှစ်လောက် ဇောက်ထိုးမြုပ်မိသေးတယ် ။

ဝဋ်ကြွေးတွေကုန်ပီး လမ်းခွဲပြီးတော့မှ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်အလို ရှိသလို ကိုယ့်ဘဝကိုယ် စီမံပြီး ခုလိုတနေ့တခြား နန့်တတ်လာတော့တာပါပဲရှင် ။

crd

Zawgyi

မိန္းကေလးေတြ ရည္းစားနဲ႔ ျပတ္ပီးမွ ပိုလွလာတဲ့ အေၾကာင္းအရင္း

မိန္းကေလး တစ္ခ်ိဳ႕ဟာ ရည္းစားနဲ႔ ျပတ္ဆဲၿပီးမွ ပိုပို လွလာတတ္တာမ်ိဳး ရွိတယ္။

မိန္းကေလးတိုင္းေတာ့ မဟုတ္ေပမယ့္ ၁၀၀ မွာ ၃၀% ေလာက္ေတာ့ ရွိမယ္ ထင္တယ္။ ဘာလို႔လဲ ဆိုေတာ့ တစ္ခ်ိဳ႕ ခ်စ္ျခင္းေတြဟာ ငရဲနဲ႔တူတယ္ ။

ငရဲ ဆိုတာမ်ိဳးက တခါေရာက္ၿပီးရင္ လႊတ္ေျမာက္ဖို႔လည္းခက္ ကယ္သူေတြလဲမဲ့ ႐ုန္းထြက္မရ ေနာက္ဆုတ္မရနဲ႔ စုန္းစုန္းေတြျမဳပ္။

ဝဋ္ေႂကြးေတြ မကုန္မခ်င္း ေပးဆပ္ရၿပီး ဝဋ္ေၾကမွ ေအးခ်မ္းခြင့္ ရသြားတတ္တာမ်ိဳး မဟုတ္လား ။

တစ္ခ်ိဳ႕ Relationship က အခ်စ္နဲ႔ ငရဲ တြဲၿပီးလာတယ္ ။ အျပန္အလွန္ ေမတၱာသက္ဝင္ ခ်စ္ခင္ပါတယ္ ဆိုၿပီး RS တစ္ခုကို စၾကတယ္ ။

ဒါေပမယ့္ သစၥာေဖာက္မႈ အႏိုင္ယူ ဗိုလ္က်မႈ ေပြရႈပ္မႈ ေအာက္တန္းက်မႈ ဆိုးသြမ္းၿပီး လူမဆန္မႈ အေျခအေန မတူညီမႈ ဥေပကၡာျပဳၿပီး အေလးမထားမႈ ျမတ္ႏိုးတတ္ဖိုးထားမႈ မရွိျခင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့အခါ အဲ့တာ ငရဲနဲ႔ မျခားပါဘူး ။

တကယ့္ ငရဲလို မီးပူအိုးထဲ ေဇာက္ထိုး မဆင္းေနရေပမယ့္လည္း ရင္ထဲက အသဲကေတာ့ မီးျမႇိဳက္သလို အၿမဲ ဗ်ာပါဒေတြေဝၿပီး ပူပန္ေသာကနဲ႔ ငိုေႂကြးၿပီး အပူမီးေလာင္ကြၽမ္း ေနရတာပါပဲ ။

ဝဋ္ေႂကြး မကုန္တဲ့အခါ သံေယာဇဥ္ မျပတ္ဖူး.. မခြဲႏိုင္ပါဘူး ။ တေန႔ေတာ့ ျပင္လာမွာပါ.. တေန႔ေတာ့ ေကာင္းလာမွာပါ..

တေန႔ေတာ့ ငါ့အခ်စ္ေတြ နားလည္လာမွာပါ ဆိုတဲ့ ေခါင္းစဥ္ေတြနဲ႔ လြဲမွားတဲ့ အခ်စ္ငရဲႀကီးမွာ မ်က္ရည္ ငရဲအိုးထဲ ေန႔စဥ္ေပါေလာ ေမ်ာေနၾကရတာပဲ ။

ဝဋ္ေႂကြးေတြ ကုန္သြားတဲ့အခါက် က်မစိတ္ကုန္ သြားပါၿပီ ၊ လက္ေလ်ာ့လိုက္ပါၿပီ ၊ ရွင္လဲ လြတ္ရာကြၽတ္ရာကိုသြားၿပီး ႀကိဳက္တဲ့ဘုံဘဝမွာ

ႀကိဳက္တဲ့ ေကာင္မေတြနဲ႔ စံျမန္းပါေတာ့ ဆိုၿပီး စိတ္ေတြနာျပစ္ လမ္းေတြ ခြဲျပစ္တာနဲ႔ ငရဲကေန ကိုယ္လဲ ကြၽတ္တန္းဝင္ သြားေတာ့တာပဲ ။

အဲ့ေတာ့ ကြၽတ္တန္းဝင္ ၿပီးတဲ့ေနာက္ တေန႔တျခား လွေအာင္ေန ဝေအာင္စား ေက်ာ့ေနေအာင္ဝတ္ သိုးေနေအာင္အိပ္ ေပ်ာ္သလိုေနရင္း စိတ္ခ်မ္းသာ လူက်န္းမာနဲ႔ လူေမြးလူေရာင္ေတြ ေျပာင္လာေရာ ။

အဲ့ေတာ့ မိန္းကေလး တစ္ေယာက္ဟာ ငရဲနဲ႔တူတဲ့ ခ်စ္ျခင္းကေန လႊတ္ေျမာက္တဲ့အခါ စိတ္ေတြခ်မ္းသာ လြတ္လပ္ေပ်ာ္႐ႊင္ၿပီး လူလဲ သူ႔အလိုလို လွသြားေတာ့တာပဲ ။

ကိုယ္ထင္တာ ေျပာတာပါ ။ ကိုယ္လဲ တစ္ခ်ိန္က ေတာသူမ ဘဝနဲ႔ ငရဲမွာ သုံးႏွစ္ေလာက္ ေဇာက္ထိုးျမဳပ္မိေသးတယ္ ။

ဝဋ္ေႂကြးေတြကုန္ပီး လမ္းခြဲၿပီးေတာ့မွ ကိုယ့္သေဘာနဲ႔ကိုယ္ ကိုယ္အလို ရွိသလို ကိုယ့္ဘဝကိုယ္ စီမံၿပီး ခုလိုတေန႔တျခား နန႔္တတ္လာေတာ့တာပါပဲရွင္ ။

crd

No Comments

Leave a Reply

Your email address will not be published.

Life Style
ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။ ရပ္ကြက္တစ္ခုမွာ.. ကိုထြန္းနဲ႔ မၾကည္ျပာ ဆိုတဲ့ လင္မယားမွာ သားသမီး သုံးေယာက္ေမြးဖြားထားတယ္ ေပါ့..။ ကိုထြန္းဟာ အရက္ေက်းကြၽန္ ျဖစ္သြားၿပီ ။အရက္ကလႊဲလို႔ .. သူ႔ဘဝမွာ ဘာမွမရွိ၊ မၾကည္ျပာကိုလဲ သူဂ႐ုမစိုက္ေတာ့ ! သားသမီးသုံးေယာက္ကိုလဲ.. စိတ္မဝင္စားေတာ့.. သူသိတာက ..မၾကည္ျပာဆီကရမဲ့ .. အရက္ဖိုးမနက္ ၂၀၀ ။ ေန႔လည္ ၂၀၀ ။ ညေန ၂၀၀ဒါပဲ.. သူ သိေတာ့တယ္။ မၾကည္ျပာကေတာ့ .. ေခါင္း ႐ြက္ဗ်တ္ထိုးေဈးသည္ဘဝနဲ႔ မိသားစုကို ဦးေဆာင္ၿပီးကေလးေတြ စားစရိတ္ ေက်ာင္းစရိတ္ အျပင္ကိုထြန္းအတြက္ အရက္ဖိုးကိုပါ ေန႔စဥ္ …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …