မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း - YATHAZONE

မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း

Life Style

မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း

ပတ်ဝန်းကျင်ရဲ့ အမြင်မှာ မလိုက်ဖက်ဘူး လို့ ထင်ရတဲ့ အတွဲတွေက အချစ်ရေးမှာ ပိုသာယာလေ့ ရှိပါတယ်။

တစ်ယောက်က အသားဖြူ တစ်ယောက်က သပိတ်နုရောင် ဖြစ်နေရင် သေချာတယ် ၊ သိပ်အကဲပိုတဲ့ ချစ်သူတွေ ဖြစ်လိမ့်မယ် ။

ကောင်လေးက ဝါးခြမ်းပြား ကောင်မလေးက ကောက်ညှင်းထုပ်လေး ဖြစ်နေရင် အဲ့အတွဲ ဒီတစ်သက် သေတောင် မပြတ်နိုင်ဘူး ။

ယောကျ်ားလေး အရပ်မြင့်မြင့် မိန်းခလေးက မြေကြီးထဲ ကျွံဝင်တဲ့ အရပ်မျိုး ဖြစ်နေရင် အဲ့ဒါမှ Romantic ဆန်တဲ့ စုံတွဲလို့ ခေါ်တာ ။

ဘဲကြီး ရုပ်က ဂါနေမယ် ၊ သူ့ကောင်မလေးက နတ်သမီးရှုံးတဲ့အထိ နုထွတ်နေရင် အနည်းဆုံးတော့ ပတ္တမြားရတုလောက် ဖြတ်ရပြီပဲ ။

တစ်ယောက်က 24 နှစ် တစ်ယောက်က 18 နှစ် 6 နှစ်လောက် ကွာနေရင် နှစ်တွေမနည်း အတူရှိကြတဲ့ အတွဲတွေ ဖြစ်ရလိမ့်မယ် ။ကောင်လေးက ဝဇီပိတ်ကျင့် စကားနည်းမယ်

ကောင်မလေးက သာလိကာထက် စကားများမယ်ဆိုရင် ၊ လုပ်မနေနဲ့ ဖိတ်စာတစ်ခြမ်း ပြေးရိုက်ထားပေတော့ ။

BF က အထာကျ ဂျလန်းကြီး ဖြစ်ပြီး ၊ GF က ပုံတုံး Antique ကြီး ဖြစ်နေခဲ့ရင် ဖိုးဖိုး ဖွားဖွားတွေ ဖြစ်တဲ့အထိ ပေါင်းဖက်ရတတ်တယ် ။

ကြော်ငြာဝင်ရဦးမယ်..

ကျနော့် ကောင်မလေးက လူပုစိတ်တိုလေး ၊ အရပ်ကသာ မြေကြီးထဲက မထွက်တာ ၊ သူပြောတဲ့ စကားလုံးတွေက ပဲရစ် မျှော်စင်ထက် မြင့်တယ် ။

လူကသာ ခွေးပစ်တဲ့တုတ်လောက် ရှိတာ ၊ စားလိုက်တဲ့အစား ဆိုတာ စူဇကာပုဏ္ဏား ရှုံးတယ် ။

သူမက ကျနော့်ရဲ့ ဒုတိယအသက်ပဲ ။ သူမ ပုတာလေးကိုမှ တုန်နေအောင် ချစ်နေရတာ ။

ဒီတစ်သက် သေတောင် ထွက်မသွားဘူး ဒါပဲပြောမယ်။

Crd

Zawgyi





ယောက်ျားလေး အရပ်မြင့်မြင့် မိန်းခလေးက မြေကြီးထဲ ကျွံဝင်တဲ့ အရပ်မျိုး ဖြစ်နေရင် အဲ့ဒါမှ Romantic ဆန်တဲ့ စုံတွဲလို့ ခေါ်တာ ။





ကြော်ငြာဝင်ရဦးမယ်..





Crd

No Comments

Leave a Reply

Your email address will not be published.

Life Style
ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။

ကျွန်မ.. သားလေးတွေ သမီးလေးတွေအတွက် အဖေ ခေါ်ခ ပေးနေတာပါ။ ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့ မကြည်ပြာ ဆိုတဲ့ လင်မယားမှာ သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ ! သားသမီးသုံးယောက်ကိုလဲ.. စိတ်မဝင်စားတော့.. သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။ မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …