ခံစားချက်ပြပုံတွေက ပြောပြပေးမယ့် လက်တလောသင်ကြုံတွေ့ရမယ့်အရာများ - YATHAZONE

ခံစားချက်ပြပုံတွေက ပြောပြပေးမယ့် လက်တလောသင်ကြုံတွေ့ရမယ့်အရာများ

Knowledge

ခံစားချက်ပြပုံတွေက ပြောပြပေးမယ့် လက်တလောသင်ကြုံတွေ့ရမယ့်အရာများ

သင့်အနေနဲ့ လက်တလော ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲဆိုတာ သိချင်ပါသလား? ဒီနေ့မှာတော့ စိတ်ခံစားချက်ကိုပြသပေးနေတဲ့ ပုံလေးတွေကို ဖော်ပြပေးထားမှာဖြစ်ပြီး သင်အနှစ်သက်ဆုံးပုံတစ်ပုံကို ရွေးချယ်ပြီး လက်တလော သင်ကြုံတွေ့ရမယ့်အရာတွေကို လေ့လာကြည့်လိုက်ရအောင်နော်။

(၁) HOPE ( မျှော်လင့်ချက်)

သင်ကြိုးစားခဲ့တဲ့အရာတွေအတွက် အောင်မြင်မှုရရှိဖို့ အချိန်နည်းနည်းပဲ လိုပါတော့တယ်။ ဒါကြောင့် အခုချိန်မှာ သင့်အနေနဲ့ သင်ကြိုးစားခဲ့တဲ့အရာတွေကို ဘယ်လိုအခက်အခဲပဲရှိနေရှိနေ လက်မလျော့ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က မကြာခင်အချိန်အတွင်းမှာ သေချာပေါက် အောင်မြင်လာမယ့်အရာတွေ ဖြစ်နေလို့ပါ။ ဒါပေမယ့် ရည်မှန်းချက်တွေအောင်မြင်ဖို့ ကြိုးစားရမယ်ဆိုပေမယ့်လည်း သင့်အနေနဲ့ အပြည့်အဝအနားယူဖို့ကလည်း လိုအပ်ပြန်ပါသေးတယ်။ ဒါကြောင့် အနားယူဖို့ မတွန့်ဆုတ်နေပါနဲ့။

(၂) BELIEVE (ယုံကြည်မှု)

သင့်အနေနဲ့ အခုချိန်မှာ အကောင်းဘက်ကနေ အရာအားလုံးကို စဉ်းစားဖို့ လိုအပ်နေပါတယ်။ ဒီအချိန်က သင့်ရဲ့ဘဝရည်မှန်းချက်တွေကို စဉ်းစားဖို့အကောင်းဆုံး အချိန်ပါပဲ။ သင့်အနေနဲ့ အခုလက်ရှိနေနေရတဲ့ နေရာမှာ မပျော်လို့ ပြောင်းလဲမှုတွေလုပ်ချင်ပါသလား? ဒါမှမဟုတ် ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးလုပ်ဖို့ စဉ်းစားနေပါသလား? ဒီအချိန်က သင့်အတွက် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အကောင်းဆုံး အခြေအနေပါ။ ဒီပြောင်းလဲမှုတွေအတွက် ကောင်းသောအကျိုးရလဒ်တွေကိုလည်း သေချာပေါက်ခံစားရမှာ ဖြစ်တဲ့အတွက် အခုချိန်က ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အကောင်းဆုံးအခြေအနေပါ။

(၃) LOVE (ချစ်ခြင်းတရား)

ဒီအချိန်က သင့်အတွက် အချစ်ရေးကံအကောင်းဆုံး အချိန်အခါပဲ ဖြစ်ပါတယ်။ သင့်မှာ ချစ်သူမရှိသေးဘူးဆိုရင် အခုအချိန်က သင့်အတွက် ချစ်သူရဖို့ အခွင့်အရေးတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် ချစ်သူထားဖို့စဉ်းစားထားရင် အခုချိန်က ထားဖို့အကောင်းဆုံးအချိန်ပါပဲ။ ချစ်သူရှိပြီးသားဆိုရင်လည်း သင်တို့နှစ်ယောက်က လက်တလောမှာ သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ထားရမှာပါ။

Crd

Zawgyi



(၁) HOPE ( မျှော်လင့်ချက်)


(၂) BELIEVE (ယုံကြည်မှု)


(၃) LOVE (ချစ်ခြင်းတရား)


Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး

ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး ( လဲ့လဲ့ – ဧရာဝတီ) နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။ “ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …