ညောင်းတာ ညာတာတွေအတွက် အနှိပ်အနယ် ကင်းလွတ်တဲ့ လက်တွေ့ အိမ်တွင်းဆေးကောင်း နှိပ်တာနင်းတာကင်းစေရာ(မယုံလျှှင်လက်တွေ့စမ်း) - YATHAZONE

ညောင်းတာ ညာတာတွေအတွက် အနှိပ်အနယ် ကင်းလွတ်တဲ့ လက်တွေ့ အိမ်တွင်းဆေးကောင်း နှိပ်တာနင်းတာကင်းစေရာ(မယုံလျှှင်လက်တွေ့စမ်း)

Knowledge

ညောင်းတာ ညာတာတွေအတွက် အနှိပ်အနယ် ကင်းလွတ်တဲ့ လက်တွေ့ အိမ်တွင်းဆေးကောင်း
နှိပ်တာနင်းတာကင်းစေရာ(မယုံလျှှင်လက်တွေ့စမ်း)

“ညောင်းတယ်ညာတယ်ပဲ မင်းအမြဲပြောနေတယ်။” “ငါပြောတာကိုမင်းလက်တွေ့လုပ်ကြည့် မဟုတ်ရင် မင်းကြိုက်သလိုပြော..”။

“လုပ်ရမှာကမင်းတာဝန်.ချက်ချင်းပျောက်ကင်းတယ်မပြောဘူးကွ..သက်သာရာက ပျောက်ကင်းတယ်လို့ပဲငါပြောမယ်…။ အဖေပြောသော အကြောင်းသာဖြစ်၏။”

အမြဲတမ်းညောင်းညာကိုက်ခဲမှုသည်က စိတ်ပျက်စရာကောင်းလှပြီး၊အကျင့်ပါလှသည်။ ညောင်းညာမည်ပေါ့…တစ်နေ့လုံး ရုံးစားပွဲ၊ ကွန်ပြူတာ၊ဖုံးတို့နှင့် ကွာသည်မရှိ၊တစ်ခါတစ်ရံ စားချိန် သောက်ချိန်မမှန်…။ဒီကြားထဲ မျက်မှန်တပ်သည့်ကြား မျက်ရည်ပူတို့ကစီး၍ကျပြန်သည်။

ထိုပြင်အနှိပ်သမားကအတော်နှင့်အညောင်းအညာ မပြေ အကြောတွေတောင့်တင်းလှ၍ခပ်ကြမ်းကြမ်း နှိပ်နင်းပြန်ရာ ဇက်ကြောပေါင်ကြောနှင့်ခြေသလုံးသားများ အညိုအမည်းပင် စွဲနေတော့သည်။ဒါလည်းအညောင်းပြေသည်မဟုတ်ခဲ့။

“ဒါဖြင့် နည်းသာပေးပါအဖေရာ…ကျွန်တော်အသေအချာလုပ်ပါမယ်”“လုပ်ပါကွာ…တကယ်ထိရောက်ပြီး..တစ်ပတ်တိတိသာ စမ်းလုပ်ပါ..။ မထူးခြားဘဲမနေပါဘူး။ အပန်းလည်းမကြီးပါဘူးကွာ”ညအိပ်ရာဝင်ခါနီးတိုင်း ရေဇလုံထဲရေနွေးနှင့် ဆား(၃၀)သား ရောစပ်ပြီး ဆားပျော်ရည်ပူ နွေးနွေးလေးထဲသို့ ခြေနှစ်ဖက်အား ခြေမျက်စိအုပ်ရုံ နာရီဝက်လောက် ထည့်စိမ်ပေးရန်ဖြစ်ပါသည်။ အပူလျော့ပါက ရေနွေးအနည်းငယ်ထပ်မံစပ် ပေးရပါမည်။

ရေချိုးစဉ်ခြေဖဝါး အလယ်နှင့် ခါးကိုဆားဖြင့် ပွတ်ပေးပါက အနှိပ်အနင်းလွတ်သူဖြစ်လာမည်ကမလွဲ အမှန်ဧကန် ်ပင်ဖြစ်ပေလိမ့်မည်။ ဆားသည်ကား သက်ရှိ သတ္တဝါတို့အတွက်မရှိမဖြစ်သော အရာဖြစ်လေသည်။

ထိုပြင် ဆီးမှန်ဝမ်းမှန် ပိုမိုအဆင်ပြေစေရန်ကား ဆင်တုံးမနွယ်မှုန့်အား နေ့စဉ်ကော်ဖီဇွန်းလေး(၁)ဇွန်းသာ စားပြီးနေကြည့်ပါ။ ဆီးမှန်ဝမ်းမှန်အညောင်းအညာပြေပြီးကျန်းမာ ရေးအတွက်အားလုံးအိုကေဖြစ်ရကာ မျက်ရည်ပူများယိုစီးခြင်း ဘဝကလွတ်မြောက်မည်မှာသေချာနေပါတော့သည်။ပုံမှန်ဖြစ်သွားပါကအနည်းဆုံးတစ်ပတ်လျှင်(၂)ကြိမ်ပြုလုပ် ပေးရမည်ဖြစ်သည်။

လိုသူတို့သုံးစေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ကြပါစေ…

Crd

Zawgyi

ေညာင္းတာ ညာတာေတြအတြက္ အႏွိပ္အနယ္ ကင္းလြတ္တဲ့ လက္ေတြ႕ အိမ္တြင္းေဆးေကာင္း
ႏွိပ္တာနင္းတာကင္းေစရာ(မယုံလွ်ွင္လက္ေတြ႕စမ္း)

“ေညာင္းတယ္ညာတယ္ပဲ မင္းအၿမဲေျပာေနတယ္။” “ငါေျပာတာကိုမင္းလက္ေတြ႕လုပ္ၾကည့္ မဟုတ္ရင္ မင္းႀကိဳက္သလိုေျပာ..”။

“လုပ္ရမွာကမင္းတာဝန္.ခ်က္ခ်င္းေပ်ာက္ကင္းတယ္မေျပာဘူးကြ..သက္သာရာက ေပ်ာက္ကင္းတယ္လို႔ပဲငါေျပာမယ္…။ အေဖေျပာေသာ အေၾကာင္းသာျဖစ္၏။”

အၿမဲတမ္းေညာင္းညာကိုက္ခဲမႈသည္က စိတ္ပ်က္စရာေကာင္းလွၿပီး၊အက်င့္ပါလွသည္။ ေညာင္းညာမည္ေပါ့…တစ္ေန႔လုံး ႐ုံးစားပြဲ၊ ကြန္ျပဴတာ၊ဖုံးတို႔ႏွင့္ ကြာသည္မရွိ၊တစ္ခါတစ္ရံ စားခ်ိန္ ေသာက္ခ်ိန္မမွန္…။ဒီၾကားထဲ မ်က္မွန္တပ္သည့္ၾကား မ်က္ရည္ပူတို႔ကစီး၍က်ျပန္သည္။

ထိုျပင္အႏွိပ္သမားကအေတာ္ႏွင့္အေညာင္းအညာ မေျပ အေၾကာေတြေတာင့္တင္းလွ၍ခပ္ၾကမ္းၾကမ္း ႏွိပ္နင္းျပန္ရာ ဇက္ေၾကာေပါင္ေၾကာႏွင့္ေျခသလုံးသားမ်ား အညိဳအမည္းပင္ စြဲေနေတာ့သည္။ဒါလည္းအေညာင္းေျပသည္မဟုတ္ခဲ့။

“ဒါျဖင့္ နည္းသာေပးပါအေဖရာ…ကြၽန္ေတာ္အေသအခ်ာလုပ္ပါမယ္”“လုပ္ပါကြာ…တကယ္ထိေရာက္ၿပီး..တစ္ပတ္တိတိသာ စမ္းလုပ္ပါ..။ မထူးျခားဘဲမေနပါဘူး။ အပန္းလည္းမႀကီးပါဘူးကြာ”ညအိပ္ရာဝင္ခါနီးတိုင္း ေရဇလုံထဲေရေႏြးႏွင့္ ဆား(၃၀)သား ေရာစပ္ၿပီး ဆားေပ်ာ္ရည္ပူ ေႏြးေႏြးေလးထဲသို႔ ေျခႏွစ္ဖက္အား ေျခမ်က္စိအုပ္႐ုံ နာရီဝက္ေလာက္ ထည့္စိမ္ေပးရန္ျဖစ္ပါသည္။ အပူေလ်ာ့ပါက ေရေႏြးအနည္းငယ္ထပ္မံစပ္ ေပးရပါမည္။

ေရခ်ိဳးစဥ္ေျခဖဝါး အလယ္ႏွင့္ ခါးကိုဆားျဖင့္ ပြတ္ေပးပါက အႏွိပ္အနင္းလြတ္သူျဖစ္လာမည္ကမလြဲ အမွန္ဧကန္ ္ပင္ျဖစ္ေပလိမ့္မည္။ ဆားသည္ကား သက္ရွိ သတၱဝါတို႔အတြက္မရွိမျဖစ္ေသာ အရာျဖစ္ေလသည္။

ထိုျပင္ ဆီးမွန္ဝမ္းမွန္ ပိုမိုအဆင္ေျပေစရန္ကား ဆင္တုံးမႏြယ္မႈန႔္အား ေန႔စဥ္ေကာ္ဖီဇြန္းေလး(၁)ဇြန္းသာ စားၿပီးေနၾကည့္ပါ။ ဆီးမွန္ဝမ္းမွန္အေညာင္းအညာေျပၿပီးက်န္းမာ ေရးအတြက္အားလုံးအိုေကျဖစ္ရကာ မ်က္ရည္ပူမ်ားယိုစီးျခင္း ဘဝကလြတ္ေျမာက္မည္မွာေသခ်ာေနပါေတာ့သည္။ပုံမွန္ျဖစ္သြားပါကအနည္းဆုံးတစ္ပတ္လွ်င္(၂)ႀကိမ္ျပဳလုပ္ ေပးရမည္ျဖစ္သည္။

လိုသူတို႔သုံးေစတနာအၿပဳံးျဖင့္ ႐ႊင္လန္းႏိုင္ၾကပါေစ…

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …