ချစ်သူတွေအချင်းချင်း နမ်းတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ - YATHAZONE

ချစ်သူတွေအချင်းချင်း နမ်းတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Knowledge

ချစ်သူတွေအချင်းချင်း နမ်းတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

ကိုယ်က ကောင်မလေး တစ်ယောက်နဲ့ ချစ်သူတွေတော့ ဖြစ်သွားပါရဲ့ ဒါပေမယ့် FA ဘဝက လာတဲ့သူတွေဆိုတော့ ကောင်မလေးတွေရဲ့ အထာလည်းမသိ အရိပ်အ ကဲလည်း နားမလည် အဲလိုအနေအထားနဲ့ ကိုယ့်ရဲ့ ကောင်မလေးကို အနမ်းပေးဖို့ ကြိုးစားတဲ့အခါ တစ်လွဲတွေ ဖြစ်ကုန်တတ်ပါတယ်။

လူရှေ့သူရှေ့မှာ နမ်းဖို့ ကြိုး စားမိလို့ ကောင်မလေးက ရှောင်ထွက် သွားပြီး ကိုယ်တစ်ယောက်တည်း သူများတွေ ဝိုင်းလှောင် တာလည်း ခံရနိုင် သေးတယ် ဒါကြောင့် ဒီအချက်တွေကို အရင်လေ့ လာထားပြီး ရှောင်သင့် တာရှောင် ဆောင်သင့်တာ ဆောင်မှ တော်ရုံကျမယ်နော်။

၁- သူငယ်ချင်းတွေရှေ့မှာ နမ်းဖို့ မကြိုးစားပါနဲ့

မိန်းကလေး တွေက ရှက်တတ် ကြပါတယ် ဒီတော့ သူတို့ကို ပထမဆုံး အနမ်းပေးတော့မယ်ဆိုရင် အဲဒါကို သူငယ်ချင်း တွေရှေ့၊ မိတ်ဆွေ တွေရှေ့မှာ မလုပ် မိအောင် ကြိုးစား ပါ ကိုယ်က အလိုက်မသိပဲ နမ်းဖို့ ကြိုးစား လိုက်ရင် အခြေအနေက မထင်မှတ်ပဲ ဆိုးသွားနိုင်ပြီး နောက်ထပ်အကြိမ်တွေမှာပါ ခက်ခဲသွားနိုင်ပါတယ်။

၂- ရိုမန်းတစ်ဖြစ်တဲ့ ပတ်ဝန်းကျင်မျိုးရှာပါ

နေဝင်ချိန်ကို အတူကြည့် ကြတာမျိုး၊ ဒါမှမဟုတ် သစ်ပင် ရိပ်တွေ စီတန်းနေတဲ့ လမ်းလေးမှာ လမ်းလျှောက် နေတာမျိုး အဲဒီလို ရိုမန်းတစ် ဖြစ်တဲ့ နေရာလေး တွေမှာ သူမကို အနမ်းပေးဖို့ ကြိုးစားသင့်ပါတယ် ဒီလိုနေရာ မျိုးတွေက အချစ်စိတ်ကို ပိုလို့ နိုးကြွစေ တာဖြစ်ပြီး အောင်မြင်ဖို့ အခွင့်အလမ်းပိုရှိပါတယ်။

၃-သူ့ရဲ့ကောင်းကွက်လေးတွေပြောပြီးတဲ့အချိန်မျိုးကို အသုံးချပါ

သင့်အနေနဲ့ ကောင်မလေး ကိုနမ်းဖို့ရာ စိတ်ကူးရှိ တယ်ဆိုရင် အဲဒီမတိုင်ခင် တစ်နာရီလောက်ကတည်းက သူမရဲ့ ကောင်းကွက် လေးတွေ၊ အံ့သြစရာလေးတွေကို ရှာကြံပြီး ပြောထား သင့်ပါပြီ သူမရဲ့ ဆံပင်လေးက အရမ်းလှတဲ့ အကြောင်း မျက်လုံး လေးတွေက ဘယ်လို ကြည့်ကောင်း တဲ့အကြောင်း စတာတွေကို ပြောထားသင့်ပါတယ်။

ဒီလိုမှပဲ သူမရဲ့ စိတ်ထဲမှာ သင်က သူ့ကိုအရမ်း ဂရုစိုက်တယ်၊ ချစ်တယ်လို့ ထင်မှာပါ ဒီလိုမှမဟုတ်ပဲ သူ့ရဲ့ရည်းစား ဟောင်းအကြောင်း မေးတာတို့၊ ငယ်ငယ် တုန်းက ရုပ်ဆိုးခဲ့ တာကို ဟာသ လုပ်တာတို့ ဆိုရင်တော့ သင့်ရဲ့ အနမ်းပေးဖို့ မျှော်လင့်ချက်ကြီးက ရေထဲ သဲချ လိုက်သလို အောက်ဆုံးအထိ ရောက်သွားပါလိမ့်မယ်။

၄- အညင်သာဆုံးဖြစ်အောင် ကြိုးစားပါ

ဘယ်မိန်းက လေးပဲဖြစ်ဖြစ် သူတို့ရဲ့ ပထမဆုံး အနမ်းကို ညင်ညင် သာသာလေး လက်ခံချင် ကြမှာပါ နမ်းလို့ရပြီ ဆိုတာနဲ့ အတင်းကြီး စွတ်နမ်းဖို့ မကြိုးစားပဲ ရိုမန်းတစ် ဖြစ်အောင် ကြိုးစားကြည့်သင့်ပါတယ် နဖူးလေးကို ဖွဖွလေး နမ်းလိုက် တာမျိုး၊ ပါးလေးကို ထိရုံနမ်း လိုက်တာမျိုးက ပထမဆုံးအနမ်းတွေအတွက် အသင့်တော်ဆုံးပါပဲ။

၅- သင့်ရဲ့အနမ်းကို သူလက်ခံချင် လားဆိုတာ သိအောင်လုပ်ပါ

သင့်ရဲ့အနမ်းကို သူလက်ခံချင် လားဆိုတာ အရင်ဆုံး သေချာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ် သူ့အရိပ် အကဲကို အကဲခတ်တာပေါ့ သင်သူ့ လက်ကို ကိုင်ထားတဲ့ အခါ မရုန်းတာမျိုး၊ သူ့ပုခုံးကို ဖက်ထားတဲ့အခါ မငြင်းတာမျိုး ဆိုရင် သူ့ဖက်က အဆင်သင့် ဖြစ်နေ ပြီဆိုတာ ပြတာပါ။

သူ့နှုတ်ခမ်းကို သူကိုက် နေမယ်၊ သူ့ဆံပင်တွေကို အနောက်ဖက်ဆီ ခဏခဏသပ်နေမယ်၊ သင်သူ့အနားကို ရောက် နေတဲ့အခါ သူမရဲ့အသက် ရှူသံက ပုံမှန်ထက် မြန်နေမယ် ဆိုရင် သူမ စိတ်လှုပ်ရှားနေတယ်လို့ သိထားရမှာဖြစ်ပြီး သင့်ရဲ့အနမ်းအတွက် အဆင်သင့် ဖြစ်နေပြီလို့ သိထား ရမှာလည်း ဖြစ်ပါတယ်။

Crd

Zawgyi











၎- အညင်သာဆုံးဖြစ်အောင် ကြိုးစားပါ





Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး

ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး ( လဲ့လဲ့ – ဧရာဝတီ) နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။ “ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …