ငိုမယ်ဆိုရင် ငိုပါ .. ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ် - YATHAZONE

ငိုမယ်ဆိုရင် ငိုပါ .. ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ်

Knowledge

ငိုမယ်ဆိုရင် ငိုပါ .. ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ်

ငိုနေတဲ့ မျက်လုံးတွေရှိရင်ခဏလောက် မျက်ရည်တွေသုတ်ပြီး ဒီစာလေး ဆုံးအောင် ဖတ်စေချင်တယ်

လူတိုင်း ခက်ခဲနေကြတာပါပဲ ….ပြီးတော့ နာကျင်နေရတာပါပဲ မတူတာက ဒဏ်ရာတွေမတူဘူး အတိမ်အနက်ချင်း မတူဘူး ။

တချို့က ငါ မရှိတော့ရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။ တချို့က ငါ့မှာ ငွေတွေ အများကြီးရှိရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။

သူပြန်ချစ်ရင် သူသာ ဂရုစိုက်ရင် ဆိုပြီးတွေးနေတဲ့သူတွေလဲ ရှိနေမှာပါ ။တစ်ယောက်နဲ့ တစ်ယောက် ဒဏ်ရာတွေပဲ မတူကြတာ နာကျင်နေရတာချင်းတော့ တူတယ် ။

ဘာကြောင့် နာကျင်နေပါစေ …

ငါ မိန်းမသားပဲ ဆိုတဲ့အတွေးနဲ့ ပျော့ညံ့နေလို့မဖြစ်ဘူး ။

ငါ့ကို အားပေးနှစ်သိမ့်မယ်လူမရှိလို့ဆိုပြီး အားငယ်နေလို့မဖြစ်ဘူး ။ ခဏတာ အခက်အခဲကို တစ်ဘ၀စာကြီး နဲ့ လဲလိုက်လို့မဖြစ်ဘူး ။

နာကျင်တယ်မလား …. အားရအောင်ငို ။ အနားမှာရှိရင် ကိုယ်ပါ ကူပြီး ငိုပေးဦးမှာ ။

ဒါပေမယ့် မျက်ရည်တွေ ခမ်းတာနဲ့ ခံစားနေရတာတွေအားလုံးကို ခဏတာပဲ ဖြစ်ဖြစ် မေ့ပစ်လိုက်တော့ ။

ကိုယ့်အိပ်မက် ကိုယ့်ရည်မှန်းချက် လူတိုင်းမှာရှိပြီးသားပါ တစ်ခါတစ်ရံ လူတစ်ယောက်အတွက်နဲ့ ကျွန်မတို့ မေ့ထားတတ်ကြတဲ့ အိပ်မက်တွေပေါ့ ။

အဲ့ဒီအိပ်မက်တွေကိုတစ်ယောက်တည်းဆိုလဲ ဆက်ပြီး အကောင်အထည်ဖော်ရဲတဲ့ အင်အားရှိဖို့လိုတယ် ။

ရဲရင့်တဲ့ မိန်းမဆိုတာ …. မနာကျင်တတ်တော့တဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်တာ မဟုတ်ဘူး နာကျင်နေလျက်နဲ့တောင် အပြုံးမပျက်တဲ့ မိန်းမတစ်ယောက်ပါပဲ ။ ထက်မြက်တဲ့ မိန်းမဆိုတာ …. အနောက်က တွန်းတင်ပေးမှ အမြင့်ကို ရောက်တာမဟုတ်ဘူး

ကိုယ်တစ်ယောက်တည်းဖြစ်နေလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရဲရတယ် ။

ငိုမယ်ဆိုရင် ငိုပါ …. ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ် ။

crd

Zawgyi

ငိုမယ္ဆိုရင္ ငိုပါ .. ငိုၿပီးသြားတဲ့အခါ တိတ္ဖို႔လိုတယ္

ငိုေနတဲ့ မ်က္လုံးေတြရွိရင္ခဏေလာက္ မ်က္ရည္ေတြသုတ္ၿပီး ဒီစာေလး ဆုံးေအာင္ ဖတ္ေစခ်င္တယ္

လူတိုင္း ခက္ခဲေနၾကတာပါပဲ ….ၿပီးေတာ့ နာက်င္ေနရတာပါပဲ မတူတာက ဒဏ္ရာေတြမတူဘူး အတိမ္အနက္ခ်င္း မတူဘူး ။

တခ်ိဳ႕က ငါ မရွိေတာ့ရင္ေကာင္းမယ္လို႔ ေတြးလိမ့္မယ္ ။ တခ်ိဳ႕က ငါ့မွာ ေငြေတြ အမ်ားႀကီးရွိရင္ေကာင္းမယ္လို႔ ေတြးလိမ့္မယ္ ။

သူျပန္ခ်စ္ရင္ သူသာ ဂ႐ုစိုက္ရင္ ဆိုၿပီးေတြးေနတဲ့သူေတြလဲ ရွိေနမွာပါ ။တစ္ေယာက္နဲ႔ တစ္ေယာက္ ဒဏ္ရာေတြပဲ မတူၾကတာ နာက်င္ေနရတာခ်င္းေတာ့ တူတယ္ ။

ဘာေၾကာင့္ နာက်င္ေနပါေစ …

ငါ မိန္းမသားပဲ ဆိုတဲ့အေတြးနဲ႔ ေပ်ာ့ညံ့ေနလို႔မျဖစ္ဘူး ။

ငါ့ကို အားေပးႏွစ္သိမ့္မယ္လူမရွိလို႔ဆိုၿပီး အားငယ္ေနလို႔မျဖစ္ဘူး ။ ခဏတာ အခက္အခဲကို တစ္ဘ၀စာႀကီး နဲ႔ လဲလိုက္လို႔မျဖစ္ဘူး ။

နာက်င္တယ္မလား …. အားရေအာင္ငို ။ အနားမွာရွိရင္ ကိုယ္ပါ ကူၿပီး ငိုေပးဦးမွာ ။

ဒါေပမယ့္ မ်က္ရည္ေတြ ခမ္းတာနဲ႔ ခံစားေနရတာေတြအားလုံးကို ခဏတာပဲ ျဖစ္ျဖစ္ ေမ့ပစ္လိုက္ေတာ့ ။

ကိုယ့္အိပ္မက္ ကိုယ့္ရည္မွန္းခ်က္ လူတိုင္းမွာရွိၿပီးသားပါ တစ္ခါတစ္ရံ လူတစ္ေယာက္အတြက္နဲ႔ ကြၽန္မတို႔ ေမ့ထားတတ္ၾကတဲ့ အိပ္မက္ေတြေပါ့ ။

အဲ့ဒီအိပ္မက္ေတြကိုတစ္ေယာက္တည္းဆိုလဲ ဆက္ၿပီး အေကာင္အထည္ေဖာ္ရဲတဲ့ အင္အားရွိဖို႔လိုတယ္ ။

ရဲရင့္တဲ့ မိန္းမဆိုတာ …. မနာက်င္တတ္ေတာ့တဲ့ မိန္းကေလးတစ္ေယာက္ကို ေခၚတာ မဟုတ္ဘူး နာက်င္ေနလ်က္နဲ႔ေတာင္ အၿပဳံးမပ်က္တဲ့ မိန္းမတစ္ေယာက္ပါပဲ ။ ထက္ျမက္တဲ့ မိန္းမဆိုတာ …. အေနာက္က တြန္းတင္ေပးမွ အျမင့္ကို ေရာက္တာမဟုတ္ဘူး

ကိုယ္တစ္ေယာက္တည္းျဖစ္ေနလည္း ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ၿပီး ကိုယ့္လမ္းကိုယ္ ဆက္ေလွ်ာက္ရဲရတယ္ ။

ငိုမယ္ဆိုရင္ ငိုပါ …. ငိုၿပီးသြားတဲ့အခါ တိတ္ဖို႔လိုတယ္ ။

crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …