မတူနိုင် တဲ့ တန်ဘိုးချင်း - YATHAZONE

မတူနိုင် တဲ့ တန်ဘိုးချင်း

Knowledge

မတူနိုင် တဲ့ တန်ဘိုးချင်း

တခါတုန်းက သစ်ပင်တွေဟာ စကား ပြောတတ်တယ် ဆိုပဲ ။ စကား ပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာ တယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ် ။

ခုတ်ထားတဲ့ သစ်သားတုံး တွေကို ပန်းပု ထုတော့ သစ်သားတုံး တတုံးက အထုခံရ ၊ အခုတ်ခံရ ၊ အထွင်းခံရ ၊ အရိုက်ခံရ ၊ အနှက်ခံရတော့ ” နာတယ် ” ဆိုပြီး အော်တယ် ။

ဒါကြောင့် ပန်းပုဆရာဟာ အဲ့ သစ်သားတုံးကို အသေးစိတ် မွန်းမံ မနေတော့ဘဲ တုံးမောင်း အဖြစ်နဲ့ပဲ ထားခဲ့လိုက် တော့တယ် ။

နောက် သစ်သားတုံး တတုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ် သည်းခံပြီးတော့ နေခဲ့ လိုက်တယ် ။

ပန်းပုဆရာက အဲဒီ သစ်တုံးကို ကျတော့ လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရား ရုပ်တု အဖြစ် ထုခဲ့ လိုက်တယ် ။

လူသားတွေက တုံးမောင်းကို ခေါက်ပြီး နတ်ဘုရားရုပ်တုကို ပူဇော်တဲ့ အခါကျတော့ တုံးမောင်း ဖြစ်နေတဲ့ သစ်သားက အသည်း အသည် ငိုကြွေးတယ် ။

သူတို့ဟာ အစ ပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါလျက် နဲ့ ခုကျမှ သူကျ အခေါက် ခံရပြီး ဟိုသစ်သားတုံး ကျတော့ အပူဇော် ခံရတယ် ဆိုပြီး မကျေမနပ် ဖြစ်သွားတယ် ။

ဒါနဲ့ ပန်းပုဆရာ ကို ဘက်လိုက်တယ် ဆိုပြီး စွပ်စွဲ လိုက်တယ် ။ ဒီအချိန်မှာ နတ်ဘုရားရုပ်တု အဖြစ် ထုခံလိုက်ရတဲ့ သစ်သားက သူ့ကို ပြောတယ် ။

” မင်းကမှ သည်းမခံတာကိုး ”

ဟုတ်ပါတယ် ။ လူသားတွေလည်း ကိုယ်ပိုင် လမ်းကြောင်းပေါ် ကိုတော့ သွားနေခဲ့ကြတာချင်း တူပါတယ် ။ ဒါပေမယ့် အချို့က အောင်မြင် ကြတယ် ။

တချို့က ဘာမှ မဖြစ်ထွန်းကြဘူး ။ တချို့က ဖြစ်တော့ ဖြစ်ထွန်းပါရဲ့ ၊ ဒါပေမယ့် အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ် ။

ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနက ပြောတဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို အလူးအလဲ ခံရတဲ့ အခါမှာ သည်းခံနိုင်မှု ၊

သည်းမခံနိုင်မှု အပေါ်မှာ မူတည် ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာခြားသွား တာမျိုး ဖြစ်ပါတယ် ။

ကဲ.. စာဖတ်သူရော

သစ်သားချင်း အတူတူ ဘယ်လိုပုံစံမျိုး ဖြစ်ချင် ပါသလဲ ?

မေတ္တာဖြင့်

Crd

( လူငယ်နဲ့ လူလည် စာအုပ်မှ )

Zawgyi

မတူႏိုင္ တဲ့ တန္ဘိုးခ်င္း

တခါတုန္းက သစ္ပင္ေတြဟာ စကား ေျပာတတ္တယ္ ဆိုပဲ ။ စကား ေျပာတတ္တဲ့ သစ္ပင္ေတြကို ပန္းပုဆရာ တေယာက္က ပန္းပုထုဖို႔ ယူလာခဲ့တယ္ ။

ခုတ္ထားတဲ့ သစ္သားတုံး ေတြကို ပန္းပု ထုေတာ့ သစ္သားတုံး တတုံးက အထုခံရ ၊ အခုတ္ခံရ ၊ အထြင္းခံရ ၊ အ႐ိုက္ခံရ ၊ အႏွက္ခံရေတာ့ ” နာတယ္ ” ဆိုၿပီး ေအာ္တယ္ ။

ဒါေၾကာင့္ ပန္းပုဆရာဟာ အဲ့ သစ္သားတုံးကို အေသးစိတ္ မြန္းမံ မေနေတာ့ဘဲ တုံးေမာင္း အျဖစ္နဲ႔ပဲ ထားခဲ့လိုက္ ေတာ့တယ္ ။

ေနာက္ သစ္သားတုံး တတုံးက်ေတာ့ ဘယ္ေလာက္ နာေပမယ့္ သူ မေအာ္ဘဲ ႀကိတ္မွိတ္ သည္းခံၿပီးေတာ့ ေနခဲ့ လိုက္တယ္ ။

ပန္းပုဆရာက အဲဒီ သစ္တုံးကို က်ေတာ့ လူသားေတြ အပူေဇာ္ခံမယ့္ နတ္ဘုရား ႐ုပ္တု အျဖစ္ ထုခဲ့ လိုက္တယ္ ။

လူသားေတြက တုံးေမာင္းကို ေခါက္ၿပီး နတ္ဘုရား႐ုပ္တုကို ပူေဇာ္တဲ့ အခါက်ေတာ့ တုံးေမာင္း ျဖစ္ေနတဲ့ သစ္သားက အသည္း အသည္ ငိုေႂကြးတယ္ ။

သူတို႔ဟာ အစ ပထမတုန္းက သစ္ပင္ေတြ အတူတူ ျဖစ္ပါလ်က္ နဲ႔ ခုက်မွ သူက် အေခါက္ ခံရၿပီး ဟိုသစ္သားတုံး က်ေတာ့ အပူေဇာ္ ခံရတယ္ ဆိုၿပီး မေက်မနပ္ ျဖစ္သြားတယ္ ။

ဒါနဲ႔ ပန္းပုဆရာ ကို ဘက္လိုက္တယ္ ဆိုၿပီး စြပ္စြဲ လိုက္တယ္ ။ ဒီအခ်ိန္မွာ နတ္ဘုရား႐ုပ္တု အျဖစ္ ထုခံလိုက္ရတဲ့ သစ္သားက သူ႔ကို ေျပာတယ္ ။

” မင္းကမွ သည္းမခံတာကိုး ”

ဟုတ္ပါတယ္ ။ လူသားေတြလည္း ကိုယ္ပိုင္ လမ္းေၾကာင္းေပၚ ကိုေတာ့ သြားေနခဲ့ၾကတာခ်င္း တူပါတယ္ ။ ဒါေပမယ့္ အခ်ိဳ႕က ေအာင္ျမင္ ၾကတယ္ ။

တခ်ိဳ႕က ဘာမွ မျဖစ္ထြန္းၾကဘူး ။ တခ်ိဳ႕က ျဖစ္ေတာ့ ျဖစ္ထြန္းပါရဲ႕ ၊ ဒါေပမယ့္ အက်ိဳးျဖစ္ထြန္းမႈ အားနည္းၾကရတယ္ ။

ဒါဟာ ဘာေၾကာင့္ ျဖစ္ရတာလဲလို႔ ဆန္းစစ္ၾကည့္ေတာ့ ခုနက ေျပာတဲ့ ေလာကဓံရဲ႕ ႐ိုက္ပုတ္မႈဒဏ္ကို အလူးအလဲ ခံရတဲ့ အခါမွာ သည္းခံႏိုင္မႈ ၊

သည္းမခံႏိုင္မႈ အေပၚမွာ မူတည္ ၿပီးေတာ့ အက်ိဳးရလဒ္ေတြလည္း ကြာျခားသြား တာမ်ိဳး ျဖစ္ပါတယ္ ။

ကဲ.. စာဖတ္သူေရာ

သစ္သားခ်င္း အတူတူ ဘယ္လိုပုံစံမ်ိဳး ျဖစ္ခ်င္ ပါသလဲ ?

ေမတၱာျဖင့္

Crd

( လူငယ္နဲ႔ လူလည္ စာအုပ္မွ )

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …