အချိန်ကြာလာလေ ပိုလှလာလေပဲ ဖြစ်နေစေဖို့ မိန်းခလေးတိုင်း ပြုလုပ်ရမယ့် အရာ (၈) ခု - YATHAZONE

အချိန်ကြာလာလေ ပိုလှလာလေပဲ ဖြစ်နေစေဖို့ မိန်းခလေးတိုင်း ပြုလုပ်ရမယ့် အရာ (၈) ခု

Knowledge

အချိန်ကြာလာလေ ပိုလှလာလေပဲ ဖြစ်နေစေဖို့ မိန်းခလေးတိုင်း ပြုလုပ်ရမယ့် အရာ (၈) ခု

ပျိုမေတို့အနေနဲ့ အချိန်တိုင်း ကိုယ့်ကိုကိုယ် ဂရုစိုက်သင့် ပါတယ်။ ဒီလို ဂရုစိုက်မှ အသက်ကြီးလေ ပိုလှလေ အချိန်ကြာလေ ပိုကြည့်ကောင်း လေဖြစ်မှာပါ။ ပျိုမေတိုင်း လိုလို နေ့စဉ်ပြုလုပ် ရမယ့် ဂရုစိုက် မှုလေးတွေ ကတော့….

(၁) အိပ်ရေးဝအောင်အိပ်ပါ

အခုနောက်ပိုင်း မိန်းကလေး အများစုက နောက်ကျမှ အိပ်တတ် ပါတယ်။ အိပ်ချိန်ကို သိပ်ဂရုမစိုက် ကြပါဘူး။ အိပ်ချိန်မှန်မှန် ထားဖို့ကို ရည်မှန်းချက် တစ်ခုအနေနဲ့တောင် သတ်မှတ် သင့်ပါတယ် …။

(၂) ကိုယ့်ကိုကိုယ်အချိန်ပေးပါ

တစ်ပတ်မှာ တစ်ခါလောက်တော့ ကိုယ်ကြိုက် တာလေး လုပ်ပေးပါ။ တစ်နာရီလောက် ဖုန်းလေးချ ထားပြီး လုပ်ချင်တာလေး တွေလုပ်ပါ ။

(၃) သင့်ဖုန်းကို Airplane Mode ပြောင်းထားပါ

Airplane Mode ပြောင်းထားတာက ဖုန်းဘတ်ထရီလည်းသက်သာပါတယ်။ ဖုန်းခဏပိတ်ထားတဲ့အချိန် လောကကြီးနဲ့ ခဏ အဆက်အသွယ် ပြတ်တောက် သွားပါတယ်။ တစ်နေ့မှာ နာရီဝက်လောက် အေးအေးဆေးဆေးနေကြည့်ပါ …။

(၄) သင့်ကိုယ်သင်ပြုစုပါ

သင့်ဘဝမှာ အခင်ဆုံး သူငယ်ချင်း တစ်ယောက်တော့ ရှိမှာပါ။ သူ့ကိုဆို အရမ်းခ င်တယ်။ သူလိုအပ်တာမှန်သမျှ ကူညီပေးတယ်။ ဂရုစိုက်ပေးတယ်။ သူအားငယ် လာရင် အားပေးတယ်။ ချီးကျူးတယ်။ သင့်ကိုယ်သင်လည်း ဒီလိုပဲလုပ်ပေးပါ။ သင့်ကိုယ်သင် အခင်ဆုံး သူငယ်ချင်း တစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံပေးပါ …။

(၅) အကောင်းမြင်သမားတွေကိုသာ ဖိတ်ခေါ်ပါ

ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ အကောင်းမြင်စိတ် ရွိသူတွေနဲ့ ဝန်းရံထားတဲ့ အချိန် ဘဝကြီးက ပိုလွယ်ကူသားပါတယ်။ ပိုပျော်စရာ ကောင်းသွား ပါတယ် …။

(၆) သင့်ကိုယ်သင်ခွင့်လွှတ်ပါ

သင့်ဘဝမှာ သင့်ကို သစ္စာဖောက် သူတွေ၊ နောက်ကြောဓားနဲ့ ထိုးသူတွေ ရှိခဲ့ဖူး မှာပါ။ ဒီလို လူတွေကို ဘာမှမလုပ်ဘဲ လက်လွှတ် လိုက်ပါ ။ လက်လွှတ်လိုက်တဲ့ အချိန် ဘာကြောင့် ဒီလို လုပ်ခဲ့ မိတာလဲ သင့်ကိုယ်သင် အပြစ်တင် မိပါလိမ့်မယ် ။ သင့်ကိုယ်သင် ခွင့်လွှတ် လိုက်ပါ …။

(၇) လက်ရှိကာလမှာနေထိုင်ပါ

လက်ရှိသင်ဒီစာကို ဖတ်နေတာပါ။ သင့်ဘဝက စာဖတ်ကာ ချစ်ရသူတွေ အပေါ် သိတတ်ပြီး သာယာကြည်နူးဖို့ ကောင်းပါတယ်။ သင့်ကိုယ်သင် ဂရုစိုက်နေတယ်။ ဒါကြောင့်လည်း ဒီအကြောင်းအရာကို လာဖတ်တာပါ။ လက်ရှိကာလမှာပဲ နေပါ။ အလုပ်တွေများ လွန်းတဲ့ အနာဂတ်ကို မတွေးပါနဲ့ဦး …။

(၈) သဘာဝတရားထဲမှာ နေထိုင်ပါ

အပင်လေးတွေ၊ စိမ်းစိုတဲ့ သဘာဝတောတောင်၊ သဘာဝလေကောင်းလေသန့်တွေရှိရာ နေရာတွေကို သွားပေးပါ။ သဘာဝတရားကို ချစ်မြတ်နိုးပါ …။ ။

Crd

Zawgyi

အခ်ိန္ၾကာလာေလ ပိုလွလာေလပဲ ျဖစ္ေနေစဖို႔ မိန္းခေလးတိုင္း ျပဳလုပ္ရမယ့္ အရာ (၈) ခု

ပ်ိဳေမတို႔အေနနဲ႔ အခ်ိန္တိုင္း ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္သင့္ ပါတယ္။ ဒီလို ဂ႐ုစိုက္မွ အသက္ႀကီးေလ ပိုလွေလ အခ်ိန္ၾကာေလ ပိုၾကည့္ေကာင္း ေလျဖစ္မွာပါ။ ပ်ိဳေမတိုင္း လိုလို ေန႔စဥ္ျပဳလုပ္ ရမယ့္ ဂ႐ုစိုက္ မႈေလးေတြ ကေတာ့….

(၁) အိပ္ေရးဝေအာင္အိပ္ပါ

အခုေနာက္ပိုင္း မိန္းကေလး အမ်ားစုက ေနာက္က်မွ အိပ္တတ္ ပါတယ္။ အိပ္ခ်ိန္ကို သိပ္ဂ႐ုမစိုက္ ၾကပါဘူး။ အိပ္ခ်ိန္မွန္မွန္ ထားဖို႔ကို ရည္မွန္းခ်က္ တစ္ခုအေနနဲ႔ေတာင္ သတ္မွတ္ သင့္ပါတယ္ …။

(၂) ကိုယ့္ကိုကိုယ္အခ်ိန္ေပးပါ

တစ္ပတ္မွာ တစ္ခါေလာက္ေတာ့ ကိုယ္ႀကိဳက္ တာေလး လုပ္ေပးပါ။ တစ္နာရီေလာက္ ဖုန္းေလးခ် ထားၿပီး လုပ္ခ်င္တာေလး ေတြလုပ္ပါ ။

(၃) သင့္ဖုန္းကို Airplane Mode ေျပာင္းထားပါ

Airplane Mode ေျပာင္းထားတာက ဖုန္းဘတ္ထရီလည္းသက္သာပါတယ္။ ဖုန္းခဏပိတ္ထားတဲ့အခ်ိန္ ေလာကႀကီးနဲ႔ ခဏ အဆက္အသြယ္ ျပတ္ေတာက္ သြားပါတယ္။ တစ္ေန႔မွာ နာရီဝက္ေလာက္ ေအးေအးေဆးေဆးေနၾကည့္ပါ …။

(၄) သင့္ကိုယ္သင္ျပဳစုပါ

သင့္ဘဝမွာ အခင္ဆုံး သူငယ္ခ်င္း တစ္ေယာက္ေတာ့ ရွိမွာပါ။ သူ႔ကိုဆို အရမ္းခ င္တယ္။ သူလိုအပ္တာမွန္သမွ် ကူညီေပးတယ္။ ဂ႐ုစိုက္ေပးတယ္။ သူအားငယ္ လာရင္ အားေပးတယ္။ ခ်ီးက်ဴးတယ္။ သင့္ကိုယ္သင္လည္း ဒီလိုပဲလုပ္ေပးပါ။ သင့္ကိုယ္သင္ အခင္ဆုံး သူငယ္ခ်င္း တစ္ေယာက္ကို ဆက္ဆံသလို ဆက္ဆံေပးပါ …။

(၅) အေကာင္းျမင္သမားေတြကိုသာ ဖိတ္ေခၚပါ

ကိုယ့္အေပၚေကာင္းတဲ့သူေတြ၊ အေကာင္းျမင္စိတ္ ႐ြိသူေတြနဲ႔ ဝန္းရံထားတဲ့ အခ်ိန္ ဘဝႀကီးက ပိုလြယ္ကူသားပါတယ္။ ပိုေပ်ာ္စရာ ေကာင္းသြား ပါတယ္ …။

(၆) သင့္ကိုယ္သင္ခြင့္လႊတ္ပါ

သင့္ဘဝမွာ သင့္ကို သစၥာေဖာက္ သူေတြ၊ ေနာက္ေၾကာဓားနဲ႔ ထိုးသူေတြ ရွိခဲ့ဖူး မွာပါ။ ဒီလို လူေတြကို ဘာမွမလုပ္ဘဲ လက္လႊတ္ လိုက္ပါ ။ လက္လႊတ္လိုက္တဲ့ အခ်ိန္ ဘာေၾကာင့္ ဒီလို လုပ္ခဲ့ မိတာလဲ သင့္ကိုယ္သင္ အျပစ္တင္ မိပါလိမ့္မယ္ ။ သင့္ကိုယ္သင္ ခြင့္လႊတ္ လိုက္ပါ …။

(၇) လက္ရွိကာလမွာေနထိုင္ပါ

လက္ရွိသင္ဒီစာကို ဖတ္ေနတာပါ။ သင့္ဘဝက စာဖတ္ကာ ခ်စ္ရသူေတြ အေပၚ သိတတ္ၿပီး သာယာၾကည္ႏူးဖို႔ ေကာင္းပါတယ္။ သင့္ကိုယ္သင္ ဂ႐ုစိုက္ေနတယ္။ ဒါေၾကာင့္လည္း ဒီအေၾကာင္းအရာကို လာဖတ္တာပါ။ လက္ရွိကာလမွာပဲ ေနပါ။ အလုပ္ေတြမ်ား လြန္းတဲ့ အနာဂတ္ကို မေတြးပါနဲ႔ဦး …။

(၈) သဘာဝတရားထဲမွာ ေနထိုင္ပါ

အပင္ေလးေတြ၊ စိမ္းစိုတဲ့ သဘာဝေတာေတာင္၊ သဘာဝေလေကာင္းေလသန႔္ေတြရွိရာ ေနရာေတြကို သြားေပးပါ။ သဘာဝတရားကို ခ်စ္ျမတ္ႏိုးပါ …။ ။

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …