တစ်ရက်မှာ ဆရာမ ဖြစ်သူက ကျောက်သင်ပုန်းပေါ်မှာ ၉ အလီကို ချရေးလိုက်တယ် ။ - YATHAZONE
တစ်ရက်မှာ ဆရာမ ဖြစ်သူက ကျောက်သင်ပုန်းပေါ်မှာ ၉ အလီကို ချရေးလိုက်တယ် ။
Funny
တစ်ရက်မှာ ဆရာမ ဖြစ်သူက ကျောက်သင်ပုန်းပေါ်မှာ ၉ အလီကို ချရေးလိုက်တယ် ။
၉ x ၁ = ၇
၉ x ၂ = ၁၈
၉ x ၃ = ၂၇
၉ x ၄ = ၃၆
၉ x ၅ = ၄၅
၉ x ၆ = ၅၄
၉ x ၇ = ၆၃
၉ x ၈ = ၇၂
၉ x ၉ = ၈၁
၉ x ၁ဝ = ၉ဝ
ရေးလို့လည်း ပြီးရော ဆရာမက ကျောင်းသားတွေကို တချက် ကြည့်လိုက်တယ်။ သူတို့က ဆရာမကို ဝိုင်းလှောင်ကြတယ်။
ဟားတိုက် ရယ်မောကြတယ်၊ ဝေဖန်ကဲ့ရဲ့ ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပထမဆုံး ၉ အလီက မှားနေလို့ပါပဲ။
အဲ့ဒီမှာ ဆရာမဖြစ်တဲ့သူက အခုလို ပြောပါတယ်။ ” တပည့်တို့ ဆရာမက ပထမဆုံး အလီကို ရည်ရွယ်ချက် ရှိရှိနဲ့ တမင်မှားအောင် ရေးခဲ့တာပဲ။
ဘာဖြစ်လို့လဲဆိုတော့ ငါ့တပည့်တွေကို သိပ်အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပေးချင်လို့ပါ။ ”
” အဲ့ဒါ ဘာလဲ ဆိုတော့ တစ်နေ့မှာ ပြင်ပကမ္ဘာကြီးကနေ တပည့်တို့ကို ဘယ်လို ပြုမူ ဆက်ဆံမယ် ဆိုတာ အခု သင်ခန်းစာလေးကနေ
တပည့်တို့ သိနိုင်ပါတယ်။ ဆရာမ ကိုးနှစ်လီကနေ ကိုးဆယ်လီအထိ မှန်အောင် ရေးနိုင်ပါတယ်။
ဒါပေမဲ့ ငါ့တပည့်တို့ ဆရာမကို အဲ့ဒီအတွက် အသိအမှတ် မပြုပါဘူး ။ ”
” ငါ့တပည့်တွေက ဆရာမ မှားသွားခဲ့တဲ့ တစ်ကြိမ်ကိုပဲ လှောင်ပြောင်ရယ်မော ကြပါတယ်။ ဆရာမ မှားသွားတဲ့ တစ်ကြိမ်တည်းကိုပဲ
ဝိုင်းဝန်းဝေဖန် ထိုးနှက်ကြပါတယ် ။ ဒါဟာ ငါ့တပည့်တွေ အတွက် သင်ခန်းစာ တစ်ခုပါပဲ။ ”
” ကမ္ဘာကြီးက ငါ့တပည့်တွေ အကြိမ်များစွာ ပြုလုပ်ခဲ့တဲ့ ကောင်းတဲ့ကိစ္စ မှန်သမျှကို
ချီးကျူး ဂုဏ်ပြုဖို့ မသိကျိုးကျွံပြု နေနိုင်သော်လည်း ငါ့တပည့်တွေ တစ်ကြိမ်ပဲ ပြုလုပ်ဖူးတဲ့ မကောင်းတဲ့
ကိစ္စတစ်ခုကိုတော့ ဝိုင်းဝန်းဝေဖန် ထိုးနှက်ဖို့ အစဉ်အမြဲ အသင့် ရှိနေကြတယ် ဆိုတာ ကိုပါပဲ။ ”
#Crd
Zawgyi
၉ x ၁ = ၇
၉ x ၂ = ၁၈
၉ x ၃ = ၂၇
၉ x ၄ = ၃၆
၉ x ၅ = ၄၅
၉ x ၆ = ၅၄
၉ x ၇ = ၆၃
၉ x ၈ = ၇၂
၉ x ၉ = ၈၁
၉ x ၁ဝ = ၉ဝ
#Crd
No Comments
Leave a Reply
Your email address will not be published.
Funny
အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်…
အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်… ခင်ဗျားတို့တော့ မသိဘူး။ ကျွန်တော်တို့ လင်မယား ရန်ဖြစ်ရင် မိန်းမက ကျွန်တော့်ကို ပြန်ချော့ရတာပဲ။ ချော့ဖို့က အကြောင်းလည်း ရှိတာကိုး။ ကျွန်တော်တော့ ယောက္ခမကို အဖေနဲ့ အမေလို့ပဲခေါ်တယ်။ အဲ ယောက္ခအိမ်ရောက်နေတုန်းကာလပေါ့။ `စိတ်ညစ်လို့ သား နည်းနည်းသောက်လာတာ အဖေ၊ အမှားပါရင် ခွင့်လွှတ်ပါ၊ ကန်တော့နှော်။ တစ်ခွက်ပဲ သောက်ရသေးတယ်။ မသောက်နိုင်တော့လို့ အဲဒါ ပုလင်းယူလာတာ။ အဖေလည်း နည်းနည်းသုံးတယ်မို့လား။ဒါယူထားလိုက်ပါ´လို့ ပြောပြီး ရိုရိုသေသေနဲ့ ပုလင်းအပ်တော့ သူက အင်တင်တင်၊၊ သူ့စိတ်ကို သိလို့လည်း ပေးရဲတာ။ နို့မို့ ယောက္ခမနဲ့ သားမက်ဘဝမှာ ဒီလို ဘယ်ပေးရဲမလဲ။ ယူပါ လို့ …
Funny
အောင်မြင်တဲ့ ယောင်္ကျားတယောက်ရဲ့ နောက်ကွယ်မှာ…
အောင်မြင်တဲ့ ယောင်္ကျားတယောက်ရဲ့ နောက်ကွယ်မှာ… ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ ကန်အလယ်က အဆောက်အဦးပေါ်မှာ သူ့ရဲ့ မွေးနေ့ပါတီပွဲ ကျင်းပနေပါတယ် … လူတွေက သူမွေးထားတဲ့ မိချောင်းတွေကို အဆောက်အဦးပေါ်ကနေ တအံ့တဩ အထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့ … အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက် ကြေငြာလိုက်ပါတယ် … မိတ်ဆွေများခင်ဗျား… ယခု ရောက်ရှိနေတဲ့ နေရာကနေ ကန်ထဲကို ခုန်ချပီး ကန်ဘောင်ပေါ်ကို ရောက်အောင် သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်း ပေးမှာ ဖြစ်ပီး- ကန်ဘောင်ကို ရောက်အောင် မသွားနိုင်ပဲ မိချောင်းအကိုက်ခံရလို့ အသက်ဆုံးရှူံး သွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့ မိသားစုကို …
Funny
(၁၆)နှစ်သားကောင်လေးနဲ့ချစ်သူဖြစ်ပီး ချိန်းတွေ့မိတဲ့ (၄၀)ကျော် အပျိုကြီးတစ်ယောက်ရဲ့အဖြစ်
(၁၆)နှစ်သားကောင်လေးနဲ့ချစ်သူဖြစ်ပီး ချိန်းတွေ့မိတဲ့ (၄၀)ကျော် အပျိုကြီးတစ်ယောက်ရဲ့အဖြစ် တစ်ခါတုန်းက ပဲ အရမ်းများတဲ့ အပျို ကြီး တယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့သူတိုင်း အိုက်တင်အရမ်းခံပြီး ငြင်းပယ်ရင်းနဲ့ အသက် (၄၀) ကျော်သွားတော့ သူ့ကို ကြိုက်မဲ့သူ မရှိတော့ဘူး… ဒါနဲ့ နောက်ဆုံး ရှားရှား ပါးပါး (၁၆) နှစ်သားကောင်လေး ချစ်သူတယောက် ရ လိုက်တယ်… တိုတိုပြောရရင် ကောင်လေးရဲ့ ချိန်းဆိုမှုနဲ့အတူ ကန်ဘောင်ပေါ်ကို အပျိုကြီးတယောက် ရောက်လာပါတော့တယ်… ဒါနဲ့ကန်ဘောင်မြက်ခင်းပေါ် စကားစပြော တယောက်နဲ့တယောက် ဘယ်ဘဝထိ ချစ်ကြမည် ဖြစ်ကြောင်း စသဖြင့်ပေါ့… ထီးလေးကွယ်ရင်း ကောင်လေးက အပျိုကြီးကို အနမ်းတွေပေးပြီး အရမ်းဖက်ထားတော့တယ်… ပြဿနာက အဲ့မှာ စပြီ …