အရာရာတိုင်းဟာ ကောင်းဖို့ ဖြစ်လာရတာပါ - YATHAZONE

အရာရာတိုင်းဟာ ကောင်းဖို့ ဖြစ်လာရတာပါ

Knowledge

အရာရာတိုင်းဟာ ကောင်းဖို့ ဖြစ်လာရတာပါ

တခါတုန်းက ဘုရင်ကြီးတပါးရဲ့ အတိုင်ပင်ခံ အမတ်ကြီး တပါးဟာ အင်မတန်မှ အကောင်းမြင် တတ်သတဲ့ ။

ဘုရင်ကြီး တခုခု တိုင်ပင်လိုက်တိုင်း အကောင်းမြင်တဲ့ ဘက်ကနေပဲ ဆွေးနွေးပါ သတဲ့ ။

အကောင်းမြင် အပြုသဘော ဆွေးနွေးတော့ တော်ရုံ အပြစ်တွေတောင် အပြုသဘော ဆောင်ပြီး တဦးနဲ့တဦး ချစ်ချစ်ခင်ခင်

စည်းစည်းလုံးလုံးနဲ့ ပြဿနာတွေကို ပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာ ချည်းပါပဲတဲ့ ။

တနေ့တော့ ဘုရင်ကြီးရဲ့ လက်မမှာ ပြည်တည်နာကြီး ပေါက်လာသတဲ့ ။ အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့..

” အရှင်ဘုရား စိတ်မပူပါနဲ့ ဆေးလိမ်း ဆေးသောက်ရင် ပျောက်သွားမှာပါ ။ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား ” လို့ လျှောက်တင်သတဲ့ ။

အဲ့ဒီလိုနဲ့ ဘုရင်ကြီးရဲ့ လက်ဟာ မသက်သာပဲ ဖြတ်လိုက်ရ ပါတော့တယ် ။ ဒီလိုနဲ့ အင်္ဂါ မစုံတဲ့ ဘုရင်ကြီး ဖြစ်သွားတော့ တာပေါ့ ။

အဲဒီတော့ ဘုရင်ကြီးလည်း စိတ်မသက်မသာ ဖြစ်ပြီး အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက် စကားပြောဖို့ ခေါ်လိုက်တော့ တာပေါ့ ။

အဲ့ဒီမှာ အတိုင်ပင်ခံကြီးက ” ကောင်းဖို့ ဖြစ်လာတာပါ ဘုရား ” လို့ ထပ်ပြီး ဖြေသိမ့်ပြန်တော့ ဘုရင်ကြီးက စိတ်ဆိုးပြီး အတိုင်ပင်ခံကြီး

” ဒီလောက်တောင် ကောင်းဖို့ ဖြစ်လာရင် ဆရာကြီး ခဏလောက် အကျဉ်းတိုက်ထဲ သွားနေချည် ” လို့ ဆိုပြီး အကျဉ်း ချထားလိုက်တယ် ။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ စိတ်အပန်းပြေစေဖို့ အတွက် တောကစား ထွက်ခဲ့တယ် ။

စိတ်နဲ့ လူနဲ့ သိပ်မကပ်တဲ့ ဘုရင်ကြီးကိုယ်ရံတော်တွေနဲ့ ကွဲသွားပြီး ယစ်ပူဇော်တဲ့ ဓလေ့ရှိတဲ့ လူမျိုးစုတွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး

သူတို့က ဘုရင်ကြီးကို ယစ်ပူဇော်ဖို့ လုပ်ကြသတဲ့ ။

ဘုရင်ကြီးလည်း ပြည်တည်နာ ပေါက်ကတည်းက ဂြိုလ်ဆိုး ဝင်ခဲ့တာ ခုဆို သေရမယ့် အဆင့် ထိတောင် ရောက်လာပါလား..

လို့ တွေးရင်း စိတ်ဆင်းရဲနေ တာပေါ့ ။

ယစ်ပူဇော်ဖို့ ဘုရင်ကြီးကို ရေချိုး အမွှေးနံသာ လိမ်းပေးချိန်မှာ ဘုရင်ကြီးရဲ့ လက်မ ပြတ်နေတာကို တွေ့သွား ကြသတဲ့ ။

ဒီတော့ အင်္ဂါ မစုံတဲ့သူနဲ့ ယစ်ပူဇော်လို့ မရတာကြောင့် ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက် ကြတယ် ။

ဒီတော့မှ ဘုရင်ကြီးဟာ ” ဝိုး.. ကောင်းဖို့ ဖြစ်လာတာ.. ကောင်းဖို့ဖြစ်လာတာ ” ဆိုပြီး.. ပျော်ရွှင်စွာနဲ့ နန်းတော်ကို ပြန်လာခဲ့တယ် ။

နန်းတော်ကို ရောက်ရောက်ချင်းပဲ ဆရာကြီးကို အကျဉ်း တိုက်က လွှတ်စေပြီး ခစား ခိုင်းသတဲ့ ။

” ဆရာကြီး ခင်ဗျား ပြောတာ မှန်တယ်ဗျာ ။ ကျနော့်အတွက် ကောင်းဖို့ ဖြစ်လာတာဗျ ။

ဒါပေမဲ့ ခင်ဗျား အတွက်တော့ အကျဉ်းကျပြီး အနေဆင်းရဲ အစားဆင်းရဲ ဖြစ်သွားတယ်ဗျာ

အဲဒီအတွက် စိတ်မကောင်းပါဘူး ” ဆရာကြီးလို့ ပြောလိုက်တယ် ။

ဆရာကြီးက ပြုံးပြုံးကြီးနဲ့ ” ကျနော်မျိုး အတွက်လည်း ကောင်းဖို့ ဖြစ်ခဲ့တာပါ ဘုရားတဲ့ ။

တကယ်လို့ ကျနော်မျိုးသာ အကျဉ်းမကျရင် မင်းကြီးနဲ့ တူတူ လိုက်ရမှာမို့ အဖမ်းခံ ရတဲ့ အခါ ဘုရင်နဲ့ ကျနော် နှစ်ဦး ဖမ်းခံရမှာပါ ။ ”

” ဒီအချိန်မှာ အင်္ဂါစုံသူ ကျနော်ဟာ ကိုယ်စား ယစ်ပူဇော် ခံရပြီး အသက်နဲ့ ကိုယ် အိုးစားကွဲမှာပါ ဘုရား.. ။

အခုတော့ အကျဉ်းတိုက်ထဲမှာ အနားရလို့ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား ” လို့ လျောက်လေတယ် ။

ဘုရင်ကြီးကလည်း ကောင်းပါလေ့ ဆရာကြီးရယ် လို့ ပြောပြီး တဟားဟားနဲ့ အားရပါးရ ရီကြပါသတဲ့ ။

ကျနော်တို့ရဲ့ ဘဝမှာလည်း တခါတရံ အခက်အခဲလေးတွေ အတိုက်အခိုက်လေးတွေ ကြုံတွေ့လာရတဲ့

အခါ လူတော်တော် များများက စိတ်ပျက် ညီးညူတတ် ကြတယ် ။

အမှန်တော့ အဲဒီ အခက်အခဲတွေ အတိုက်အခိုက်တွေ ဆိုတာ နောင်တချိန် အရာရာအတွက် ကောင်းဖို့ဖြစ်လာတာပါပဲ ။

ဒါ့ကြောင့် မိတ်ဆွေတို့ ဘဝမှာ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ ၊ ဘယ်လို အတိုက်အခိုက်ပဲ

ကြုံကြုံ ကောင်းဖို့ ဖြစ်လာတာလို့ စိတ်ထဲမှာ မှတ်ပါ ။ ခုလည်းပဲ ဒီစာကို ဖတ်ဖြစ်သွားတာဟာ မိတ်ဆွေ အတွက် ကောင်းဖို့ဖြစ်လာတာပါ ခင်ဗျ ။

အရာရာတိုင်းဟာ ကောင်းဖို့ဖြစ်လာတာပါပဲ ။

#Crd

Zawgyi

အရာရာတိုင္းဟာ ေကာင္းဖို႔ ျဖစ္လာရတာပါ

တခါတုန္းက ဘုရင္ႀကီးတပါးရဲ႕ အတိုင္ပင္ခံ အမတ္ႀကီး တပါးဟာ အင္မတန္မွ အေကာင္းျမင္ တတ္သတဲ့ ။

ဘုရင္ႀကီး တခုခု တိုင္ပင္လိုက္တိုင္း အေကာင္းျမင္တဲ့ ဘက္ကေနပဲ ေဆြးေႏြးပါ သတဲ့ ။

အေကာင္းျမင္ အျပဳသေဘာ ေဆြးေႏြးေတာ့ ေတာ္႐ုံ အျပစ္ေတြေတာင္ အျပဳသေဘာ ေဆာင္ၿပီး တဦးနဲ႔တဦး ခ်စ္ခ်စ္ခင္ခင္

စည္းစည္းလုံးလုံးနဲ႔ ျပႆနာေတြကို ေပ်ာ္႐ႊင္စြာ ေျဖရွင္းႏိုင္ခဲ့တာ ခ်ည္းပါပဲတဲ့ ။

တေန႔ေတာ့ ဘုရင္ႀကီးရဲ႕ လက္မမွာ ျပည္တည္နာႀကီး ေပါက္လာသတဲ့ ။ အတိုင္ပင္ခံႀကီးကို ေခၚတိုင္ပင္ေတာ့..

” အရွင္ဘုရား စိတ္မပူပါနဲ႔ ေဆးလိမ္း ေဆးေသာက္ရင္ ေပ်ာက္သြားမွာပါ ။ ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရား ” လို႔ ေလွ်ာက္တင္သတဲ့ ။

အဲ့ဒီလိုနဲ႔ ဘုရင္ႀကီးရဲ႕ လက္ဟာ မသက္သာပဲ ျဖတ္လိုက္ရ ပါေတာ့တယ္ ။ ဒီလိုနဲ႔ အဂၤါ မစုံတဲ့ ဘုရင္ႀကီး ျဖစ္သြားေတာ့ တာေပါ့ ။

အဲဒီေတာ့ ဘုရင္ႀကီးလည္း စိတ္မသက္မသာ ျဖစ္ၿပီး အတိုင္ပင္ခံႀကီးနဲ႔ စိတ္ေျပလက္ေပ်ာက္ စကားေျပာဖို႔ ေခၚလိုက္ေတာ့ တာေပါ့ ။

အဲ့ဒီမွာ အတိုင္ပင္ခံႀကီးက ” ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရား ” လို႔ ထပ္ၿပီး ေျဖသိမ့္ျပန္ေတာ့ ဘုရင္ႀကီးက စိတ္ဆိုးၿပီး အတိုင္ပင္ခံႀကီး

” ဒီေလာက္ေတာင္ ေကာင္းဖို႔ ျဖစ္လာရင္ ဆရာႀကီး ခဏေလာက္ အက်ဥ္းတိုက္ထဲ သြားေနခ်ည္ ” လို႔ ဆိုၿပီး အက်ဥ္း ခ်ထားလိုက္တယ္ ။

တစ္ရက္မွာေတာ့ ဘုရင္ႀကီးဟာ စိတ္အပန္းေျပေစဖို႔ အတြက္ ေတာကစား ထြက္ခဲ့တယ္ ။

စိတ္နဲ႔ လူနဲ႔ သိပ္မကပ္တဲ့ ဘုရင္ႀကီးကိုယ္ရံေတာ္ေတြနဲ႔ ကြဲသြားၿပီး ယစ္ပူေဇာ္တဲ့ ဓေလ့ရွိတဲ့ လူမ်ိဳးစုေတြရဲ႕ ဖမ္းဆီးျခင္းကိုခံရၿပီး

သူတို႔က ဘုရင္ႀကီးကို ယစ္ပူေဇာ္ဖို႔ လုပ္ၾကသတဲ့ ။

ဘုရင္ႀကီးလည္း ျပည္တည္နာ ေပါက္ကတည္းက ၿဂိဳလ္ဆိုး ဝင္ခဲ့တာ ခုဆို ေသရမယ့္ အဆင့္ ထိေတာင္ ေရာက္လာပါလား..

လို႔ ေတြးရင္း စိတ္ဆင္းရဲေန တာေပါ့ ။

ယစ္ပူေဇာ္ဖို႔ ဘုရင္ႀကီးကို ေရခ်ိဳး အေမႊးနံသာ လိမ္းေပးခ်ိန္မွာ ဘုရင္ႀကီးရဲ႕ လက္မ ျပတ္ေနတာကို ေတြ႕သြား ၾကသတဲ့ ။

ဒီေတာ့ အဂၤါ မစုံတဲ့သူနဲ႔ ယစ္ပူေဇာ္လို႔ မရတာေၾကာင့္ ဘုရင္ႀကီးကို ျပန္လႊတ္ေပးလိုက္ ၾကတယ္ ။

ဒီေတာ့မွ ဘုရင္ႀကီးဟာ ” ဝိုး.. ေကာင္းဖို႔ ျဖစ္လာတာ.. ေကာင္းဖို႔ျဖစ္လာတာ ” ဆိုၿပီး.. ေပ်ာ္႐ႊင္စြာနဲ႔ နန္းေတာ္ကို ျပန္လာခဲ့တယ္ ။

နန္းေတာ္ကို ေရာက္ေရာက္ခ်င္းပဲ ဆရာႀကီးကို အက်ဥ္း တိုက္က လႊတ္ေစၿပီး ခစား ခိုင္းသတဲ့ ။

” ဆရာႀကီး ခင္ဗ်ား ေျပာတာ မွန္တယ္ဗ်ာ ။ က်ေနာ့္အတြက္ ေကာင္းဖို႔ ျဖစ္လာတာဗ် ။

ဒါေပမဲ့ ခင္ဗ်ား အတြက္ေတာ့ အက်ဥ္းက်ၿပီး အေနဆင္းရဲ အစားဆင္းရဲ ျဖစ္သြားတယ္ဗ်ာ

အဲဒီအတြက္ စိတ္မေကာင္းပါဘူး ” ဆရာႀကီးလို႔ ေျပာလိုက္တယ္ ။

ဆရာႀကီးက ၿပဳံးၿပဳံးႀကီးနဲ႔ ” က်ေနာ္မ်ိဳး အတြက္လည္း ေကာင္းဖို႔ ျဖစ္ခဲ့တာပါ ဘုရားတဲ့ ။

တကယ္လို႔ က်ေနာ္မ်ိဳးသာ အက်ဥ္းမက်ရင္ မင္းႀကီးနဲ႔ တူတူ လိုက္ရမွာမို႔ အဖမ္းခံ ရတဲ့ အခါ ဘုရင္နဲ႔ က်ေနာ္ ႏွစ္ဦး ဖမ္းခံရမွာပါ ။ ”

” ဒီအခ်ိန္မွာ အဂၤါစုံသူ က်ေနာ္ဟာ ကိုယ္စား ယစ္ပူေဇာ္ ခံရၿပီး အသက္နဲ႔ ကိုယ္ အိုးစားကြဲမွာပါ ဘုရား.. ။

အခုေတာ့ အက်ဥ္းတိုက္ထဲမွာ အနားရလို႔ ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရား ” လို႔ ေလ်ာက္ေလတယ္ ။

ဘုရင္ႀကီးကလည္း ေကာင္းပါေလ့ ဆရာႀကီးရယ္ လို႔ ေျပာၿပီး တဟားဟားနဲ႔ အားရပါးရ ရီၾကပါသတဲ့ ။

က်ေနာ္တို႔ရဲ႕ ဘဝမွာလည္း တခါတရံ အခက္အခဲေလးေတြ အတိုက္အခိုက္ေလးေတြ ႀကဳံေတြ႕လာရတဲ့

အခါ လူေတာ္ေတာ္ မ်ားမ်ားက စိတ္ပ်က္ ညီးညဴတတ္ ၾကတယ္ ။

အမွန္ေတာ့ အဲဒီ အခက္အခဲေတြ အတိုက္အခိုက္ေတြ ဆိုတာ ေနာင္တခ်ိန္ အရာရာအတြက္ ေကာင္းဖို႔ျဖစ္လာတာပါပဲ ။

ဒါ့ေၾကာင့္ မိတ္ေဆြတို႔ ဘဝမွာ ဘယ္လို အခက္အခဲနဲ႔ပဲ ႀကဳံႀကဳံ ၊ ဘယ္လို အတိုက္အခိုက္ပဲ

ႀကဳံႀကဳံ ေကာင္းဖို႔ ျဖစ္လာတာလို႔ စိတ္ထဲမွာ မွတ္ပါ ။ ခုလည္းပဲ ဒီစာကို ဖတ္ျဖစ္သြားတာဟာ မိတ္ေဆြ အတြက္ ေကာင္းဖို႔ျဖစ္လာတာပါ ခင္ဗ် ။

အရာရာတိုင္းဟာ ေကာင္းဖို႔ျဖစ္လာတာပါပဲ ။

#Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …