“အမေဆိုသည်မှာ မှီခိုသူမဟုတ်ပါ” - YATHAZONE

“အမေဆိုသည်မှာ မှီခိုသူမဟုတ်ပါ”

Knowledge

“အမေဆိုသည်မှာ မှီခိုသူမဟုတ်ပါ”

မနက်လင်းပါပြီဆိုကတည်းကအစောဆုံးထရတဲ့သူ တို့ အကုန်လုံးကို လိုက်နှိုးရတဲ့သူ ။နာရီတွေကမှ ဓာတ်ခဲကုန်ရင် ရပ်ဦးမယ် ။

သူတို့ရဲ့ မေတ္တာသံပတ်ကတော့ဘယ်တော့မှမကုန် ၊ ဘယ်တော့မှ မရပ် ။သက်ရှိနှိုးစက်တွေဟာ ဆယ့်နှစ်လရာသီ အိမ်တိုင်းမှာ ကြည်ကြည်သာသာမြည်လို့ ။

ဗိုက်ထဲကို အစာပူပူနွေးနွေးဝင်သွားဖို့ အရေး ။ထမင်းဘူးကိုယ်စီ ဖွယ်ဖွယ်ရာရာ ပါသွားဖို့ အရေး ။ ဘယ်သူဘယ်အချိန် ဘာလုပ်ရမလဲဆိုတာ ကာယကံရှင်က မေ့ချင်မေ့မယ် ။

သူတို့ခေါင်းထဲမှာတော့ အမြဲအစီအရီ ။အမြဲပြေးပြေးလွှားလွှား ။အမြဲ ဇယ်စက်သလိုအဝတ်တွေ ဖြူ ဖြူ ဖွေးဖွေးဝတ်ရဖို့၊တစ်အိမ်သားလုံး ကျန်းကျန်းမာမာ ဖြစ်ဖို့ ၊

စားသမၽြ အာဟာရ ပါ ဖို့ ၊သောက် သမျှ အရသာရှိဖို့ ၊

ရေမလာလို့ ၊ မီးမလာလို့ ၊နာရေးသွားမေးဖို့ ၊ သာရေး သွားကူဖို့ ။သူတို့ဟာ သူတို့နိုင်ငံလေးရဲ့ သမ္မတပဲ ။စီမံ ခန့်ခွဲ စဉ်းစား ဆုံးဖြတ်ဘယ်ဖက်ကမှ မလိုအပ်ခဲ့ကြဘူး ။

ဆရာဝန်တစ်ယောက်က ဆေးပဲကုတာ ။ကျောင်းဆရာတစ်ယောက်ကစာပဲ သင်တာ ။စားဖိုမှုးတစ်ယောက်က ဟင်းပဲချက်တာ ။

သူတို့ကတော့ အဲဒီ့အလုပ်တွေကိုသူတို့ အိမ်သားတွေအတွက်အကုန်လုပ်ကြတာ ။ကြွပ်ကြွပ်အိပ်လိုချင်ရင်ကအစသားရေပင် ဘယ်မှာရှိတယ်အဆုံးဆေးပုလင်

ဘယ်လိုသိမ်းထားတယ်အစသော့တွေ ဘယ်နားထားမိတယ်အဆုံးသူတို့ဟာ သူတို့အိမ်အတွက် အမြဲတိကျတဲ့ Googleဘာကိုသိချင် သိချင်ဘာပစ္စည်း ရှာချင်

ရှာချင် သူတို့ကူမှ လိုရာရောက်တယ်သူတို့ ပါမှ ကိစ္စပြီးတာပဲ

ဒီလောက်များတဲ့အလုပ်တွေဒီလောက်များတဲ့ တာဝန်တွေကိုဘယ်လိုစိတ်တွေနဲ့ နှစ်ဆယ့်လေးနာရီလုပ်ကြသလဲ ဘယ်လိုအကြောင်းရင်းတွေနဲ့နှစ်ရှည်လများဖြတ်သန်းကြသလဲ ။

အဖြေကတော့ ရိုးရိုးလေးပါမိသားစုအပေါ်ထားတဲ့သံယောဇဉ်နဲ့အလိုအလျောက်ဖြစ်တည်လာတဲ့မိခင်စိတ် တစ်ခုတည်းကြောင့်ပေါ့ ။အကောင်းကြိုက်တတ်တဲ့လူချင်းအတူတူ

အရိုးအရင်းပဲစားကြတာလောဘရှိကြတဲ့ စိတ်ချင်းအတူတူပိုလျှံမှပဲ သုံးစွဲကြတာအသွေးအသားနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ချင်း

အတူတူနောက်ဆုံးကြမှပဲ အိပ်စက်တတ်ကြတာဒါ သိပ်ချစ်တတ်ကြတဲ့”မာတာ” တွေပါပဲ

သူတို့ဟာ အိမ်ထောင်စုဇယားမှာမှီခိုပါ ။တကယ့်တကယ်ကျတစ်အိမ်သားလုံး တစ်မိသားစုလုံးဟာဘုရင်ကအစ ဘုရားအဆုံးဟာသူတို့ မေတ္တာ အပေါ်မှီ

ပြီးသူတို့စေတနာပေါ်မှာ ခိုခဲ့ကြဖူးတာ ၊ခိုနေခဲ့ ကြတာ ၊ခိုနေ ကြရဦးမှာပါ ။

အမေများအားလုံးကိုလေးစားလျက်

Credit

Zawgyi

“အေမဆိုသည္မွာ မွီခိုသူမဟုတ္ပါ”

မနက္လင္းပါၿပီဆိုကတည္းကအေစာဆုံးထရတဲ့သူ တို႔ အကုန္လုံးကို လိုက္ႏႈိးရတဲ့သူ ။နာရီေတြကမွ ဓာတ္ခဲကုန္ရင္ ရပ္ဦးမယ္ ။

သူတို႔ရဲ႕ ေမတၱာသံပတ္ကေတာ့ဘယ္ေတာ့မွမကုန္ ၊ ဘယ္ေတာ့မွ မရပ္ ။သက္ရွိႏႈိးစက္ေတြဟာ ဆယ့္ႏွစ္လရာသီ အိမ္တိုင္းမွာ ၾကည္ၾကည္သာသာျမည္လို႔ ။

ဗိုက္ထဲကို အစာပူပူေႏြးေႏြးဝင္သြားဖို႔ အေရး ။ထမင္းဘူးကိုယ္စီ ဖြယ္ဖြယ္ရာရာ ပါသြားဖို႔ အေရး ။ ဘယ္သူဘယ္အခ်ိန္ ဘာလုပ္ရမလဲဆိုတာ ကာယကံရွင္က ေမ့ခ်င္ေမ့မယ္ ။

သူတို႔ေခါင္းထဲမွာေတာ့ အၿမဲအစီအရီ ။အၿမဲေျပးေျပးလႊားလႊား ။အၿမဲ ဇယ္စက္သလိုအဝတ္ေတြ ျဖဴ ျဖဴ ေဖြးေဖြးဝတ္ရဖို႔၊တစ္အိမ္သားလုံး က်န္းက်န္းမာမာ ျဖစ္ဖို႔ ၊

စားသမၽျ အာဟာရ ပါ ဖို႔ ၊ေသာက္ သမွ် အရသာရွိဖို႔ ၊

ေရမလာလို႔ ၊ မီးမလာလို႔ ၊နာေရးသြားေမးဖို႔ ၊ သာေရး သြားကူဖို႔ ။သူတို႔ဟာ သူတို႔ႏိုင္ငံေလးရဲ႕ သမၼတပဲ ။စီမံ ခန္႔ခြဲ စဥ္းစား ဆုံးျဖတ္ဘယ္ဖက္ကမွ မလိုအပ္ခဲ့ၾကဘူး ။

ဆရာဝန္တစ္ေယာက္က ေဆးပဲကုတာ ။ေက်ာင္းဆရာတစ္ေယာက္ကစာပဲ သင္တာ ။စားဖိုမႈးတစ္ေယာက္က ဟင္းပဲခ်က္တာ ။

သူတို႔ကေတာ့ အဲဒီ့အလုပ္ေတြကိုသူတို႔ အိမ္သားေတြအတြက္အကုန္လုပ္ၾကတာ ။ႂကြပ္ႂကြပ္အိပ္လိုခ်င္ရင္ကအစသားေရပင္ ဘယ္မွာရွိတယ္အဆုံးေဆးပုလင္

ဘယ္လိုသိမ္းထားတယ္အစေသာ့ေတြ ဘယ္နားထားမိတယ္အဆုံးသူတို႔ဟာ သူတို႔အိမ္အတြက္ အၿမဲတိက်တဲ့ Googleဘာကိုသိခ်င္ သိခ်င္ဘာပစၥည္း ရွာခ်င္

ရွာခ်င္ သူတို႔ကူမွ လိုရာေရာက္တယ္သူတို႔ ပါမွ ကိစၥၿပီးတာပဲ

ဒီေလာက္မ်ားတဲ့အလုပ္ေတြဒီေလာက္မ်ားတဲ့ တာဝန္ေတြကိုဘယ္လိုစိတ္ေတြနဲ႔ ႏွစ္ဆယ့္ေလးနာရီလုပ္ၾကသလဲ ဘယ္လိုအေၾကာင္းရင္းေတြနဲ႔ႏွစ္ရွည္လမ်ားျဖတ္သန္းၾကသလဲ ။

အေျဖကေတာ့ ႐ိုး႐ိုးေလးပါမိသားစုအေပၚထားတဲ့သံေယာဇဥ္နဲ႔အလိုအေလ်ာက္ျဖစ္တည္လာတဲ့မိခင္စိတ္ တစ္ခုတည္းေၾကာင့္ေပါ့ ။အေကာင္းႀကိဳက္တတ္တဲ့လူခ်င္းအတူတူ

အ႐ိုးအရင္းပဲစားၾကတာေလာဘရွိၾကတဲ့ စိတ္ခ်င္းအတူတူပိုလွ်ံမွပဲ သုံးစြဲၾကတာအေသြးအသားနဲ႔တည္ေဆာက္ထားတဲ့ခႏၶာကိုယ္ခ်င္း

အတူတူေနာက္ဆုံးၾကမွပဲ အိပ္စက္တတ္ၾကတာဒါ သိပ္ခ်စ္တတ္ၾကတဲ့”မာတာ” ေတြပါပဲ

သူတို႔ဟာ အိမ္ေထာင္စုဇယားမွာမွီခိုပါ ။တကယ့္တကယ္က်တစ္အိမ္သားလုံး တစ္မိသားစုလုံးဟာဘုရင္ကအစ ဘုရားအဆုံးဟာသူတို႔ ေမတၱာ အေပၚမွီ

ၿပီးသူတို႔ေစတနာေပၚမွာ ခိုခဲ့ၾကဖူးတာ ၊ခိုေနခဲ့ ၾကတာ ၊ခိုေန ၾကရဦးမွာပါ ။

အေမမ်ားအားလုံးကိုေလးစားလ်က္

Credit

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …