ကလေး မွေးတဲ့အိုး - YATHAZONE

ကလေး မွေးတဲ့အိုး

Knowledge

ကလေး မွေးတဲ့အိုး

တခါက အဖိုးအို တယောက်ဟာ သူ့ရဲ့ အိမ်နီးချင်းတစ်ယောက်ဆီက အိုးကြီး တစ်လုံးကို ခဏ ငှားလိုက်တယ် ။ ဆယ်ရက်လောက် ကြာတဲ့အခါ အိုးကြီးထဲ အိုးအငယ်လေး ထည့်ထားတာကို မေ့ပီး ပြန်မဆယ်မိပဲ အိမ်နီးချင်းကို ပြန်ပေး လိုက်မိတယ် ။

ဒါကို အိမ်နီးချင်းက တွေ့တော့..

” ဒီအိုးလေးက ဘာလို့ ပါလာတာလဲ ” လို့ မေးလိုက်တယ်။

ဒီတော့ အဖိုးအိုကလည်း..

” ကျနော် အိုးကို ငှားခဲ့တုန်းက ခင်များအိုးက ကိုယ်ဝန်ကြီးနဲ့ ထင်ပါရဲ့.. ဒါကြောင့် ဒီအိုးကလေးလေး မွေးတာ ဖြစ်မယ် ” လို့ ပြောလိုက်တယ် ။ အိုးပိုင်ရှင်ကလည်း ဒီအဖိုးကြီး အတော်ကို တုံးတာပဲ လို့ တွေးပြီး..

” ကောင်းပါပြီဗျာ.. နောက်ကို အိုး အသုံးလိုရင်လည်း လာငှားလှည့်ပါ ” လို့ ပြောပြီး အိုးငယ်လေးပါ သိမ်းထားလိုက် သတဲ့ ။ ရက်အနည်းငယ် ကြာတဲ့အခါ အဖိုးအိုလည်း အိုးရှင်ထံမှ အိုးကို နောက်ထပ် လာရောက် ငှားရမ်းပြန်တယ် ။

၁၀ ရက် ၊ ရက် ၂၀ ၊ တလ ကြာတဲ့အထိ အဖိုးအိုက အိုးကို ပြန်မပေးပဲ နေတဲ့အခါမှာ အိုးရှင်လည်း စိတ်ပူပြီး အဖိုးအိုထံ ရောက်လာကာ အိုးကို လာတောင်းတော့တယ် ။ ဒီတော့မှ အဖိုးအိုလည်း..

” ကံ အကြောင်းတရားပဲ ထင်ပါရဲ့ဗျာ.. ခင်များရဲ့အိုးဟာ မနေ့ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားရှာပြီ ” လို့လည်း ပြောလိုက်တော့..

” ဟာ.. ဒီအဖိုးကြီး ၊ ကျုပ်ကို အရူးများ ထင်နေလား.. အိုး ဆိုတာမျိုးက ကွယ်လွန် အနိစ္စ ရောက်တယ်ဆိုတာ ရှိလို့လား ၊ ကျုပ်အိုး ပြန်ပေး ” လို့ ပြောတော့တာပေါ့ ။ ဒီတော့မှ အဖိုးအိုက..

” သြော်.. ခင်များလည်း အတော် မတရားစကား ပြောတတ်တာပဲ။ အရင်တစ်ခါ ခင်များအိုးကြီးက အိုးကလေး မွေးတယ် ဆိုတော့ ခင်များက ယုံတယ်။ အခု အိုးကြီး ကွယ်လွန် အနိစ္စ ရောက်တယ် ဆိုတော့ မယုံတော့ဘူး ဖြစ်သွားတယ် ခင်များရဲ့ စကားဟာ တရားရဲ့လား ဗျာ ” လို့လည်း ပြောရော.. အိုးရှင် ခင်မျာ မျက်နှာငယ်လေးနဲ့ ပြန်သွား ရရှာတယ် ။

ဒီအဖြစ်လေးလိုပါပဲ ။ လောကမှာ ကိုယ်နှစ်သက်တာလေး ၊ ကိုယ့်အကြိုက်လေးများ ပြောလိုက်ရင် မှားတာ ၊ မှန်တာ မစဉ်းစားတော့ဘူး ။ သိပ်ကို သဘောကျနေ တတ်ကြတယ် ။ ပီတိတွေ ဖြစ်နေတတ် ကြတယ် ။

အဲ.. ကိုယ် မကြိုက်တာလေးများ ကြားရပီ ဆိုရင်တော့ မည်မျှပင် အမှန် စကား ဖြစ်နေပါစေ ၊ လက်မခံနိုင်ကြဘူး ဆိုတာကို သတိပြုမိ နိုင်ကြပါစေ ။

Crd

Zawgyi

ကေလး ေမြးတဲ့အိုး

တခါက အဖိုးအို တေယာက္ဟာ သူ႔ရဲ႕ အိမ္နီးခ်င္းတစ္ေယာက္ဆီက အိုးႀကီး တစ္လုံးကို ခဏ ငွားလိုက္တယ္ ။ ဆယ္ရက္ေလာက္ ၾကာတဲ့အခါ အိုးႀကီးထဲ အိုးအငယ္ေလး ထည့္ထားတာကို ေမ့ပီး ျပန္မဆယ္မိပဲ အိမ္နီးခ်င္းကို ျပန္ေပး လိုက္မိတယ္ ။

ဒါကို အိမ္နီးခ်င္းက ေတြ႕ေတာ့..

” ဒီအိုးေလးက ဘာလို႔ ပါလာတာလဲ ” လို႔ ေမးလိုက္တယ္။

ဒီေတာ့ အဖိုးအိုကလည္း..

” က်ေနာ္ အိုးကို ငွားခဲ့တုန္းက ခင္မ်ားအိုးက ကိုယ္ဝန္ႀကီးနဲ႔ ထင္ပါရဲ႕.. ဒါေၾကာင့္ ဒီအိုးကေလးေလး ေမြးတာ ျဖစ္မယ္ ” လို႔ ေျပာလိုက္တယ္ ။ အိုးပိုင္ရွင္ကလည္း ဒီအဖိုးႀကီး အေတာ္ကို တုံးတာပဲ လို႔ ေတြးၿပီး..

” ေကာင္းပါၿပီဗ်ာ.. ေနာက္ကို အိုး အသုံးလိုရင္လည္း လာငွားလွည့္ပါ ” လို႔ ေျပာၿပီး အိုးငယ္ေလးပါ သိမ္းထားလိုက္ သတဲ့ ။ ရက္အနည္းငယ္ ၾကာတဲ့အခါ အဖိုးအိုလည္း အိုးရွင္ထံမွ အိုးကို ေနာက္ထပ္ လာေရာက္ ငွားရမ္းျပန္တယ္ ။

၁၀ ရက္ ၊ ရက္ ၂၀ ၊ တလ ၾကာတဲ့အထိ အဖိုးအိုက အိုးကို ျပန္မေပးပဲ ေနတဲ့အခါမွာ အိုးရွင္လည္း စိတ္ပူၿပီး အဖိုးအိုထံ ေရာက္လာကာ အိုးကို လာေတာင္းေတာ့တယ္ ။ ဒီေတာ့မွ အဖိုးအိုလည္း..

” ကံ အေၾကာင္းတရားပဲ ထင္ပါရဲ႕ဗ်ာ.. ခင္မ်ားရဲ႕အိုးဟာ မေန႔ကပဲ ကြယ္လြန္ အနိစၥ ေရာက္သြားရွာၿပီ ” လို႔လည္း ေျပာလိုက္ေတာ့..

” ဟာ.. ဒီအဖိုးႀကီး ၊ က်ဳပ္ကို အ႐ူးမ်ား ထင္ေနလား.. အိုး ဆိုတာမ်ိဳးက ကြယ္လြန္ အနိစၥ ေရာက္တယ္ဆိုတာ ရွိလို႔လား ၊ က်ဳပ္အိုး ျပန္ေပး ” လို႔ ေျပာေတာ့တာေပါ့ ။ ဒီေတာ့မွ အဖိုးအိုက..

” ေၾသာ္.. ခင္မ်ားလည္း အေတာ္ မတရားစကား ေျပာတတ္တာပဲ။ အရင္တစ္ခါ ခင္မ်ားအိုးႀကီးက အိုးကေလး ေမြးတယ္ ဆိုေတာ့ ခင္မ်ားက ယုံတယ္။ အခု အိုးႀကီး ကြယ္လြန္ အနိစၥ ေရာက္တယ္ ဆိုေတာ့ မယုံေတာ့ဘူး ျဖစ္သြားတယ္ ခင္မ်ားရဲ႕ စကားဟာ တရားရဲ႕လား ဗ်ာ ” လို႔လည္း ေျပာေရာ.. အိုးရွင္ ခင္မ်ာ မ်က္ႏွာငယ္ေလးနဲ႔ ျပန္သြား ရရွာတယ္ ။

ဒီအျဖစ္ေလးလိုပါပဲ ။ ေလာကမွာ ကိုယ္ႏွစ္သက္တာေလး ၊ ကိုယ့္အႀကိဳက္ေလးမ်ား ေျပာလိုက္ရင္ မွားတာ ၊ မွန္တာ မစဥ္းစားေတာ့ဘူး ။ သိပ္ကို သေဘာက်ေန တတ္ၾကတယ္ ။ ပီတိေတြ ျဖစ္ေနတတ္ ၾကတယ္ ။

အဲ.. ကိုယ္ မႀကိဳက္တာေလးမ်ား ၾကားရပီ ဆိုရင္ေတာ့ မည္မွ်ပင္ အမွန္ စကား ျဖစ္ေနပါေစ ၊ လက္မခံႏိုင္ၾကဘူး ဆိုတာကို သတိျပဳမိ ႏိုင္ၾကပါေစ ။

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …