လင်းနို့နှင့် မြင်းရိုင်း - YATHAZONE

လင်းနို့နှင့် မြင်းရိုင်း

Knowledge

လင်းနို့နှင့် မြင်းရိုင်း

အာဖရိက တောအုပ်ထဲက သွေးစုပ်လင်းနို့တွေဟာ ဘာမှမဟုတ်တဲ့ အကောင်တွေဖြစ်တယ်။ သူတို့ဟာ တစ်ခြားတိရိစ္ဆာန်ရဲ့ သွေးကိုစုပ်ယူ စားသုံးပြီး အသက်ရှင်ကြတယ်။ဒီလို ဘာမှ မဟုတ်တာကပဲ မြင်းရိုင်းတွေကို သေစေတဲ့အကြောင်းရင်း ဖြစ်တယ်လို့ တိရိစ္ဆာန် ပညာရှင်များက ခန့်မှန်းကြတယ်။

လင်းနို့တွေဟာ မြင်းရိုင်းတွေကို သွေးစုပ်တော့မယ်ဆိုရင် မြင်းရိုင်းရဲ့ ပေါင်ကို အရင်ဆုံး တွယ်ကပ်ကြတယ်။ တွယ်ကပ်ပြီး ပေါင်ကို ချွန်ထက်နေတဲ့ သူ့တို့ရဲ့သွားနဲ့ ထိုးလိုက်ပြီး သွေးတွေကို စုပ်ယူတော့တယ်။မြင်းရိုင်း ဘယ်လောက်ပဲ ခုန်ပါစေ၊ လှုပ်ခါပါစေ လင်းနို့တွေက ပြုတ်မကျတဲ့အပြင် သွေးစုပ်မပျက်ခဲ့ဘူး။

သွေးတွေကို စိတ်ကြိုက် စုပ်ယူတော့တယ်။ သနားစရာ မြင်းရိုင်းကတော့ ခုန်ရင်း၊ ပေါက်ရင်း မောပန်းပြီး သေပွဲဝင်ကြရတယ်။ လင်းနို့က မြင်းရိုင်းရဲ့ သွေးကိုပဲ စုပ်ယူတာ မဟုတ်ပါဘူး။ တစ်ခြား တိရိစ္ဆာန်တွေရဲ့ သွေးကိုလည်း စုပ်ယူပါသေးတယ်။

ဒါပေမဲ့ မြင်းရိုင်းတွေကပဲ ဒီသွေးအနည်းငယ်အတွက်နဲ့ ဒေါသထွက်ပြီး သေကြရတာပါ။

ပညာရှင်တွေရဲ့ ဆန်းစစ်ချက်အရ မြင်းရိုင်းသေရတာက လင်းနို့စုပ်ယူလိုက်တဲ့ သွေးတွေကြောင့် မဟုတ်ဘဲ ကိုယ့်ဒေါသနဲ့ကိုယ် ခုန်ပေါက်ပြီး မောပန်းလို့ သေရတာဖြစ်တယ်။

လင်းနို့စုပ်ယူလိုက်တဲ့ သွေးအနည်းငယ်က မြင်းရိုင်းကို ဘာမှ မထိခိုက်စေနိုင်ဘူး။

တစ်ခြား တိရိစ္ဆာန်လို့ အမြီးလေး လှုပ်ရမ်းပြီး မောင်းထုတ်ရုံပါပဲ။ ဒေါသတကြီး ခုန်ပေါက်မနေရင် သေးငယ်တဲ့ လင်းနို့ကြောင့် မြင်းရိုင်းတွေ သေပွဲမဝင်နိုင်ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာလဲ မြင်းရိုင်းလို ဒေါသကြီးတဲ့ လူတွေကို တွေ့ဖူးကြမှာပါ။ ကိစ္စ သေးသေးမွှားမွှားလေးနဲ့ ကြိတ်ခဲမရဖြစ်ပြီး ဒေါသတွေက မိုးကြိုးထက် ထန်ကြတယ်။

ထစ်ခနဲဆို ဒေါသထွက်ပြီး လက်ပါ ပါချင်ကြတယ်။ မိသားစု၊ သူငယ်ချင်းတွေကို အဲဒီဒေါသက ထိခိုက်ဒဏ်ရာတွေ ရစေတယ်။

သူတို့ ကိုယ်တိုင်ကိုလဲ ထိခိုက်ဒဏ်ရာတွေ ရစေနိုင်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း သတိမမူတဲ့အခါတွေမှာ မြင်းရိုင်းဖြစ်သွားတတ်လွန်းလို့ ကိုယ့်ကိုယ်ကို ဆုံးမချင်ရင် ဒီစာလေးကိုကောက်ဖတ်ဖို့ ဆုံးဖြတ်မိတယ်…..။

Credit

Zawgyi

လင္းႏို႔ႏွင့္ ျမင္း႐ိုင္း

အာဖရိက ေတာအုပ္ထဲက ေသြးစုပ္လင္းႏို႔ေတြဟာ ဘာမွမဟုတ္တဲ့ အေကာင္ေတြျဖစ္တယ္။ သူတို႔ဟာ တစ္ျခားတိရိစာၦန္ရဲ႕ ေသြးကိုစုပ္ယူ စားသုံးၿပီး အသက္ရွင္ၾကတယ္။ဒီလို ဘာမွ မဟုတ္တာကပဲ ျမင္း႐ိုင္းေတြကို ေသေစတဲ့အေၾကာင္းရင္း ျဖစ္တယ္လို႔ တိရိစာၦန္ ပညာရွင္မ်ားက ခန႔္မွန္းၾကတယ္။

လင္းႏို႔ေတြဟာ ျမင္း႐ိုင္းေတြကို ေသြးစုပ္ေတာ့မယ္ဆိုရင္ ျမင္း႐ိုင္းရဲ႕ ေပါင္ကို အရင္ဆုံး တြယ္ကပ္ၾကတယ္။ တြယ္ကပ္ၿပီး ေပါင္ကို ခြၽန္ထက္ေနတဲ့ သူ႔တို႔ရဲ႕သြားနဲ႔ ထိုးလိုက္ၿပီး ေသြးေတြကို စုပ္ယူေတာ့တယ္။ျမင္း႐ိုင္း ဘယ္ေလာက္ပဲ ခုန္ပါေစ၊ လႈပ္ခါပါေစ လင္းႏို႔ေတြက ျပဳတ္မက်တဲ့အျပင္ ေသြးစုပ္မပ်က္ခဲ့ဘူး။

ေသြးေတြကို စိတ္ႀကိဳက္ စုပ္ယူေတာ့တယ္။ သနားစရာ ျမင္း႐ိုင္းကေတာ့ ခုန္ရင္း၊ ေပါက္ရင္း ေမာပန္းၿပီး ေသပြဲဝင္ၾကရတယ္။ လင္းႏို႔က ျမင္း႐ိုင္းရဲ႕ ေသြးကိုပဲ စုပ္ယူတာ မဟုတ္ပါဘူး။ တစ္ျခား တိရိစာၦန္ေတြရဲ႕ ေသြးကိုလည္း စုပ္ယူပါေသးတယ္။

ဒါေပမဲ့ ျမင္း႐ိုင္းေတြကပဲ ဒီေသြးအနည္းငယ္အတြက္နဲ႔ ေဒါသထြက္ၿပီး ေသၾကရတာပါ။

ပညာရွင္ေတြရဲ႕ ဆန္းစစ္ခ်က္အရ ျမင္း႐ိုင္းေသရတာက လင္းႏို႔စုပ္ယူလိုက္တဲ့ ေသြးေတြေၾကာင့္ မဟုတ္ဘဲ ကိုယ့္ေဒါသနဲ႔ကိုယ္ ခုန္ေပါက္ၿပီး ေမာပန္းလို႔ ေသရတာျဖစ္တယ္။

လင္းႏို႔စုပ္ယူလိုက္တဲ့ ေသြးအနည္းငယ္က ျမင္း႐ိုင္းကို ဘာမွ မထိခိုက္ေစႏိုင္ဘူး။

တစ္ျခား တိရိစာၦန္လို႔ အၿမီးေလး လႈပ္ရမ္းၿပီး ေမာင္းထုတ္႐ုံပါပဲ။ ေဒါသတႀကီး ခုန္ေပါက္မေနရင္ ေသးငယ္တဲ့ လင္းႏို႔ေၾကာင့္ ျမင္း႐ိုင္းေတြ ေသပြဲမဝင္ႏိုင္ပါဘူး။

ကိုယ့္ပတ္ဝန္းက်င္မွာလဲ ျမင္း႐ိုင္းလို ေဒါသႀကီးတဲ့ လူေတြကို ေတြ႕ဖူးၾကမွာပါ။ ကိစၥ ေသးေသးမႊားမႊားေလးနဲ႔ ႀကိတ္ခဲမရျဖစ္ၿပီး ေဒါသေတြက မိုးႀကိဳးထက္ ထန္ၾကတယ္။

ထစ္ခနဲဆို ေဒါသထြက္ၿပီး လက္ပါ ပါခ်င္ၾကတယ္။ မိသားစု၊ သူငယ္ခ်င္းေတြကို အဲဒီေဒါသက ထိခိုက္ဒဏ္ရာေတြ ရေစတယ္။

သူတို႔ ကိုယ္တိုင္ကိုလဲ ထိခိုက္ဒဏ္ရာေတြ ရေစႏိုင္ပါတယ္။ကြၽန္ေတာ္ကိုယ္တိုင္လည္း သတိမမူတဲ့အခါေတြမွာ ျမင္း႐ိုင္းျဖစ္သြားတတ္လြန္းလို႔ ကိုယ့္ကိုယ္ကို ဆုံးမခ်င္ရင္ ဒီစာေလးကိုေကာက္ဖတ္ဖို႔ ဆုံးျဖတ္မိတယ္…..။

Credit

 

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …