" ခွေးကျင့်ခွေးကြံ " - YATHAZONE

” ခွေးကျင့်ခွေးကြံ “

Knowledge

” ခွေးကျင့်ခွေးကြံ “

တစ်နေ့တွင် တောကစားထွက်လာသော ဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရ သဖြင့် သူနှင့်အတူ မြင်းစီးကာ ဘေးချင်းယှဉ်လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်…..

“အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက်တွေ့ရတယ်နော် ”
” ခွေးတွေ ကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ ?.”

“မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေဘုရား 🙏”

“ကောင်းပြီလေ”

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်…… အခန်းတစ်ခန်းထဲတွင် အသားပုံကြီးတစ်ပုံကို ချထားပြီး ခွေး အကောင် ၂၀ ကိုထည့်ကာ သော့ပိတ်ထား လိုက်သည်…..

အခြားအခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါးပိတ်ထားလိုက်လေသည်…..

နောက်တစ်နေ့ နံနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ အခန်းများဆီသို့ ခေါ်လာလေသည်……

ပထမ ခွေးတွေထည့်ထားသည့် အခန်းကို ဖွင့်လိုက်သည် ဘုရင်ကြီးက အံ့အားသင့်သွားသည် ခွေးတွေ အားလုံး အသက်ပျောက်နေသည် အခန်းအလယ်တွင် ချထားသည့် အသားပုံကြီးကား နေရာမပျက် ရှိနေသည် ခွေးတစ်ကောင်မျှ အသားပုံကို စားသွားသည့်ပုံမပေါ်…..

နောက်တစ်ခန်းကို ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည် သိုးတွေအားလုံး လှဲလျောင်းကာ အိပ်စက်နေ ကြသည် အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ…..

ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက်….

“ ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစ်စက်မျှ မစားရဘဲ သေကုန်ကြရခြင်းမှာ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကာ တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့်ပါဘုရား 🙏

သိုးတွေကတော့ အေးချမ်းစွာ မျှဝေစားသောက်တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား” ဟု လျှောက်တင်လေသည်….

ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထနည်းလေသည် အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာရှာကာ မာန်ဖီတတ်သည် အစားအစာ နှင့် ကာမ အတွက်ဆိုလျှင် ခွေးများသည် တစ်ကောင်နှင့်တစ်ကောင် မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်…..

ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေဟု ဆုံးမကြခြင်းမှာ တစ်ကောင်နှင့်တစ်ကောင် မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သေ စိတ်ရှိသည့် လူ့ဘောင်အဖွဲ့အစည်းသည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်….

ခွေးတွေလို ငါ့တွက် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်……။ အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည် …။

သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်…..။ သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည် ….။

Crd

Zawgyi

” ေခြးက်င့္ေခြးႀကံ “

တစ္ေန႔တြင္ ေတာကစားထြက္လာေသာ ဘုရင္က ႐ြာအနီး ျမက္ခင္းတြင္ သိုးအုပ္ႀကီးကို ေတြ႕လိုက္ရ သျဖင့္ သူႏွင့္အတူ ျမင္းစီးကာ ေဘးခ်င္းယွဥ္လိုက္လာေသာ ပညာရွိ အမတ္ႀကီးကို ေမးလိုက္ေလသည္…..

“အမတ္ႀကီး ဘယ္မွာၾကည့္လိုက္ ၾကည့္လိုက္ သိုးေတြက အုပ္စုလိုက္ေတြ႕ရတယ္ေနာ္ ”
” ေခြးေတြ ကိုေတာ့ ဘာျဖစ္လို႔ အဲဒီလို အုပ္စုလိုက္ မေတြ႕ရတာလဲ ?.”

“မွန္လွပါ အရွင္မင္းႀကီးရဲ႕ ေမးခြန္းကို မနက္ျဖန္မွ ေျဖပါရေစဘုရား 🙏”

“ေကာင္းၿပီေလ”

ထိုေန႔ နန္းေတာ္ကို ျပန္ေရာက္လာသည့္ ညေနတြင္ အမတ္ႀကီးက အခန္းႏွစ္ခန္းကို ျပင္ဆင္ေစသည္…… အခန္းတစ္ခန္းထဲတြင္ အသားပုံႀကီးတစ္ပုံကို ခ်ထားၿပီး ေခြး အေကာင္ ၂၀ ကိုထည့္ကာ ေသာ့ပိတ္ထား လိုက္သည္…..

အျခားအခန္းထဲတြင္ ျမက္ထုံးမ်ားကို ခ်ကာ သိုးအေကာင္ ၂၀ ကို အခန္းအတြင္း ေမာင္းသြင္းၿပီး တံခါးပိတ္ထားလိုက္ေလသည္…..

ေနာက္တစ္ေန႔ နံနက္တြင္ အမတ္ႀကီးက သူစီမံထားသည့္ အေၾကာင္းအရာကို မင္းႀကီးအား ေလွ်ာက္တင္ကာ အခန္းမ်ားဆီသို႔ ေခၚလာေလသည္……

ပထမ ေခြးေတြထည့္ထားသည့္ အခန္းကို ဖြင့္လိုက္သည္ ဘုရင္ႀကီးက အံ့အားသင့္သြားသည္ ေခြးေတြ အားလုံး အသက္ေပ်ာက္ေနသည္ အခန္းအလယ္တြင္ ခ်ထားသည့္ အသားပုံႀကီးကား ေနရာမပ်က္ ရွိေနသည္ ေခြးတစ္ေကာင္မွ် အသားပုံကို စားသြားသည့္ပုံမေပၚ…..

ေနာက္တစ္ခန္းကို ဘုရင္အားေခၚၿပီး ဖြင့္ၾကည့္ၾကသည္ သိုးေတြအားလုံး လွဲေလ်ာင္းကာ အိပ္စက္ေန ၾကသည္ အခန္းအလယ္တြင္ ခ်ေပးထားသည့္ ျမက္ေတြလည္း မရွိေတာ့ေပ…..

ထိုအျဖစ္အပ်က္မ်ားကို ဘုရင္ႀကီးအား အမတ္ႀကီးက ျပသၿပီးေနာက္….

“ ေခြးေတြဟာ သူတို႔ကို ေကြၽးထားတဲ့ အသားေတြကို တစ္စက္မွ် မစားရဘဲ ေသကုန္ၾကရျခင္းမွာ တစ္ေကာင္ႏွင့္တစ္ေကာင္ တိုက္ခိုက္ကာ တစ္ကိုယ္ေကာင္းဆန္ျခင္းေၾကာင့္ပါဘုရား 🙏

သိုးေတြကေတာ့ ေအးခ်မ္းစြာ မွ်ေဝစားေသာက္တတ္သည့္ အေလ့အထေၾကာင့္ အသက္ရွင္ကာ ေနထိုင္ႏိုင္ျခင္း ျဖစ္ေၾကာင္းပါဘုရား” ဟု ေလွ်ာက္တင္ေလသည္….

ေခြးမ်ားသည္ အုပ္စုလိုက္ဖြဲ႕ကာ ေနထိုင္တတ္ေသာ အေလ့အထနည္းေလသည္ အေကာင္နည္းနည္း စုမိလွ်င္ပင္ ျပႆနာရွာကာ မာန္ဖီတတ္သည္ အစားအစာ ႏွင့္ ကာမ အတြက္ဆိုလွ်င္ ေခြးမ်ားသည္ တစ္ေကာင္ႏွင့္တစ္ေကာင္ မညႇာမတာ ကိုက္ၾက မာန္ဖီတတ္ၾကသည္…..

ေရွးလူႀကီးမ်ားက ေခြးလို မေနႏွင့္ သိုးေတြလိုေနဟု ဆုံးမၾကျခင္းမွာ တစ္ေကာင္ႏွင့္တစ္ေကာင္ မကိုက္ဘဲ ၿငိမ္ခ်မ္းစြာျဖင့္ အတူတကြ မွ်ေဝတတ္ေသ စိတ္ရွိသည့္ လူ႔ေဘာင္အဖြဲ႕အစည္းသည္သာ တိုးတက္စည္ပင္ ဖြံ႕ၿဖိဳးမည္ျဖစ္ေၾကာင္းကို ျပဆိုျခင္းျဖစ္သည္….

ေခြးေတြလို ငါ့တြက္ ငါ့ဟာ ငါ့ဥစၥာ ဆိုၿပီး ေလာဘတက္ ကိုက္လွ်င္ ေသၾကမည္……။ အတၱ ေလာဘ နဲ႔ တကိုယ္ေကာင္းစိတ္ ေမြးသူမ်ားသည္ ေခြးသ႑န္ ႏွင့္ တူေပသည္ …။

သိုးေတြလို မွ်ေဝစိတ္ထားလွ်င္ ရွင္ၾကမည္…..။ သူ႔ဖက္ ကိုယ့္ဖက္ သူ႔အတြက္ ကိုယ္အတြက္ မွ်တစြာ ေနထိုင္သူသည္ သိုးသ႑န္ႏွင့္ တူေပသည္ ….။

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …