အရပ်ရှည်စေမယ့် အကောင်းဆုံးအစားအစာများ - YATHAZONE

အရပ်ရှည်စေမယ့် အကောင်းဆုံးအစားအစာများ

Health

အရပ်ရှည်စေမယ့် အကောင်းဆုံးအစားအစာများ

ကျန်းမာရေးအစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ပြောပြပေးသွားမှာကတော့ အရပ်ရှည်ဖို့ စားသုံးပေးသင့်တဲ့ အကောင်းဆုံးအစားအစာတွေပဲဖြစ်ပါတယ်။

တချို့လူတွေအတွက်တော့ အရပ်ရှည်တာက ၁၈ နှစ်လောက်မှာ ရပ်သွားတတ်ပေမယ့် တချို့လူတွေအတွက်ကျတော့လည်း ၂၅ နှစ်လောက်ထိ အရပ်ထွက်တာက ရပ်မသွားပြန်ပါဘူး။

အရပ်ရှည်ဖို့အတွက် အထောက်အကူပြုတဲ့အချက်တွေကတော့ မျိုးရိုးလိုက်တာရယ်၊ လေ့ကျင့်ခန်းလုပ်ပေးတာရယ်နဲ့ ကောင်းမွန်တဲ့အစားအစာ စားပေတာရယ်ဆိုပြီးရှိနေပါတယ်။

ဒါကြောင့် ဒီကနေ့မှာတော့ ဘယ်လိုအစားအစားကို စားသောက်ပေးပြီးတော့ အရပ်ရှည်အောင် လုပ်လို့ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။ နောက်ဆုံးမှာ အရပ်ရှည်ဖို့ အတားအဆီးပေးနေတဲ့ အရာတွေက ဘာတွေလဲဆိုတာ ပြောပြပေးသွားမှာဖြစ်လို့ ဒီစာကို အဆုံးထိ ဖတ်လိုက်ပါနော်။

ကြက်ဥ

ကြက်ဥတွေထဲမှာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ စွမ်းအင် level ကို မြင့်တင်ပေးတဲ့ ဗီတာမင် ဘီ များစွာပါဝင်ပါတယ်။ နောက်ပြီး ပရိုတင်းဓာတ်လည်း များစွာပါဝင်ပြီး ပရိုတင်းဓာတ်က သိတဲ့အတိုင်း ကြွက်သားတွေ ဖွံ့ဖြိုးဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ အရပ်ရှည်ဖို့ဆိုရင် ပရိုတင်းဓာတ်လိုအပ်တာကြောင့် ကြက်ဥကို မနက်စာစားတဲ့အခါကြရင် တစ်လုံး သို့မဟုတ် နှစ်လုံး ပုံမှန်စားပေးလိုက်မယ်ဆိုရင် အရပ်ရှည်စေဖို့ ကူညီပေးပါလိမ့်မယ်။

အမဲသား

အမဲသား အခြားအသားတွေထက်စာရင် ပရိုတင်းဓာတ်ပါဝင်မှုနှုန်း ပိုများပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ခန္ဓာကိုယ်ဖွံဖြိုးဖို့လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်တဲ့ အမဲသားကတော့ အရပ်ရှည်ချင်တဲ့သူတွေ မဖြစ်မနေ စားပေးသင့်ပါတယ်။

သစ်ကြားသီး

လေ့လာတွေ့ရှိချက်တွေအရ သစ်ကြားသီးထဲမှာ ပါတဲ့ ဓာတ်တွေက အရိုးကို သန်မာကြီးထွားစေရာမှာ ကူညီပေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး အဲ့ထဲမှာပါတဲ့ ဗီတာမင်အီး ကယ်စီယမ်ဓာတ်တွေကလည်း သင်အရပ်ရှည်ဖို့ ကူညီပေးပါတယ်။

ပင်လယ်စာ

ပင်လယ်စာတော်တော်များများ အထူးသဖြင့် အခွံမာတဲ့ ပင်လယ်စာတွေက အရပ်ရှည်ဖို့အတွက် အရမ်းကောင်းတဲ့ အစားအစားတွေပဲဖြစ်ပါတယ်။ ပင်လယ်စာတွေမှာဆိုရင် B12 နဲ့ ပရိုတင်းဓာတ်တွေ များစွာပါဝင်တာကြောင့် ညစာစားချိန်မှာ စားပေးလိုက်တဲ့အခါကျရင် ညအိပ်ချိန်မှာ ကြီးထွားမှုဟော်မုန်းကို လုံ့ဆော်ပေးသလိုဖြစ်စေပါတယ်။

ပျားရည်

ပျားရည်မှာပါဝင်တဲ့ သတ္တုဓာတ်တွေက အရပ်ရှည်ဖွံဖြိုးဖို့အတွက် အကူအညီပေးပါတယ်။ ဒါကြောင့် သကြားနေရာမှာ ပျားရည်အစားထိုး စားပေးပြီးတော့ ခန္ဓာကိုယ်ဖွံ့ဖြိုးအောင် လုပ်လို့ရပါတယ်။ ဥပမာ ကော်ဖီတွေထဲတို့ ဒိန်ချဉ်တွေထဲတို့ ထည့်စားပေးလို့ရပါတယ်။

နွားနို့

တစ်နေ့ကို နွားနို့ ၂ ခွက် ဒါမှမဟုတ် ၃ ခွက်သောက်ပေးပြီးတော့ သင့်အရပ်ကို ရှည်အောင် လုပ်ပေးလို့ရပါတယ်။ နွားနို့မှာ ကယ်စီယမ်၊ ဗီတာမင် အေ နဲ့ ပရိုတင်းဓာတ် ပေါကြွယ်ဝပါတယ်။

ငှက်ပျောသီး

ငှက်ပျော်သီးကတော့ မရပ်ရှည်ဖို့ အကောင်းဆုံးအစားအစားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေ ပေါကြွယ်ဝတာကြောင့် အရပ်ရှည်ဖို့ လိုအပ်တဲ့စွမ်းအင်ကို ဖြည့်တင်းပေးဖို့ အကောင်းဆုံးအစားအစားပဲဖြစ်ပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံကလည်း အရပ်ရှည်ဖို့ အကောင်းဆုံးအစားအစားပဲဖြစ်ပါတယ်။ အုတ်ဂျုံထဲမှာ ခန္ဒာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ အရေးကြီးဓာတ်တွေ အကုန်ပါဝင်နေပါတယ်။ မနက်စားစားရင် အုတ်ဂျုံတစ်ပန်းကန်း ပုံမှန်စားပေးလိုက်တာက သင့်အရိုးနဲ့ ကြွက်သားတွေအတွက် လိုအပ်တဲ့ ဓာတ်တွေကို အကုန်အားဖြည့်ပေးပြီး အရပ်ကိုလည်း ရှည်လာစေပါမယ်။

အရပ်ရှည်ဖို့ အတားအဆီးပေးတဲ့အရာများ

အရပ်ရှည်ဖို့ အတားအဆီးပေးနေတဲ့အရာတွေကတော့ ဆေးလိပ်သောက်ခြင်း နဲ့ အရက်သောက်ခြင်းတို့ဖြစ်ပါတယ်။ နောက်ပြီးတော့ အချိုရည်တွေနဲ့ အချိုအစားအစာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

Crd

Zawgyi






ကြက်ဥ


အမဲသား


သစ်ကြားသီး


ပင်လယ်စာ


ပျားရည်


နွားနို့


ငှက်ပျောသီး


အုတ်ဂျုံ




Crd

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ရအောင် အလုပ်မှာ ကျောင်းမှာ နေ့စဉ်တွေ့နေရသော သူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။ ပါးစပ်နံလိုက်တာလို့ ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။ သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လို လုပ်သင့်သလဲ။ ၁. သေသေချာချာ ဝါးစားပါ အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ် (သို့) တံထွေးကို ထွက်စေပါတယ်။ ခံတွင်းတံထွေး များများထွက်စေခြင်းဟာ ခံတွင်း၏ ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။ ၂. ထမင်းကို တော်ရုံသာစားပါ ထမင်းကို ဗိုက်အပြည့် စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသော အစာအိမ် …

Health
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်

ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်… ခြေထောက်တွေက သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။ ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့ကြောင့် … ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။ …