ဘဝသင်ခန်းစာ - YATHAZONE

ဘဝသင်ခန်းစာ

Knowledge

ဘဝသင်ခန်းစာ

ဘဝမှာလူတိုင်းစိတ်ဓာတ်ကျအားငယ်ရတဲ့အချိန်လေးတွေရှိတတ်ကြပါတယ် အဲ့ဒီလို အချိန်မျိုးတွေမှာ ဝမ်းနည်းပြီး အားငယ်မသွားပါနဲ့။ စိတ်ဓာတ်ကျနေချိန်မှာ ဘဝရဲ့သင်ခန်းစာတွေကို သင်ကိုယ်တိုင် ကောင်းကောင်းကြီး နားလည်လာပါလိမ့်မယ်။ ဆိုးရွားတဲ့အခြေအနေတွေ၊ ပြဿနာတွေကနေ သင်ယူနိုင်ဖို့ အောက်ကအချက်တွေက သင့်ကို ကူညီပေးနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

1️⃣ ဘဝမှာ ဘယ်သူမှ သင့်ကို မကူညီနိုင်ပေမယ့် သင့်ကိုသင်တော့ ကူညီနိုင်ပါသေးတယ်။ ဘယ်သူ့မှ သင့်ကို ကာကွယ်မပေးမနိုင်တဲ့အခါ၊ ဘယ်သူမှ သင့်ဘက်မှာ မရှိတော့တဲ့အခါ သင့်ဘက်မှာ သင်တစ်ယောက်လုံး ရှိနေပါသေးတယ်။ ဘဝမှာ ကိုယ်လမ်းကိုယ် လျှောက်ရမှာပါ။

2️⃣ သင်လုပ်နေတဲ့အရာတွေက သင်ပြောတဲ့ စကားတွေထက် ပိုအရေးပါတယ်။ လူတစ်ယောက်ဟာ သူဘယ်လောက် တော်ကြောင်း၊ တတ်ကြောင်း ခဏ၊ ခဏပြောတိုင်း သူ့ကို လူတော် တစ်ယောက်၊ ပညာရှိတစ်ယောက်လို့ မသတ်မှတ်နိုင်ပါဘူး။ လူတစ်ယောက်ဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိမယ်၊ မေတ္တာတရားကြီးမားတယ်၊ အကြောက်တရားကင်းတယ် ဆိုမှသာ အဲ့ဒီလူကို ပညာရှိတစ်ယောက်လို့ ခေါ်ဆိုနိုင်ပါတယ်။

သင်ဟာ သင့်မိဘကို ပါးစပ်ကနေပဲ ချစ်တယ်လို့ ဘယ်လောက်ပြောပြော အရေးမပါဘူး။ သင့်ရဲ့အပြုအမူတွေက သင့်မိဘကို ဘယ်လောက် စိတ်ချမ်းသာစေသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ သင့်အပြုအမူတွေက လူတစ်ယောက်ကို စိတ်ဆင်းရဲစေတယ်ဆိုရင် သင်သူ့ကို ချစ်တယ်ဆိုတာကြီးက အလကား စကားကြီးပါပဲ။

3️⃣ စကားလုံးတွေက သင်ထင်ထားတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိပါတယ်။ စကားလုံးတွေဟာ လူတစ်ယောက်ရဲ့ဘဝကို ကုစားပေးနိုင်သလို၊ လူတစ်ယောက်ရဲ့ဘဝကိုပျက်ဆီးစေနိုင်ပါတယ်။ အမှန်တရားနဲ့ ကြင်နာမှုတွေပါတဲ့ စကားတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့စကားတွေကို သတိထားပြီး ပြောပါ။

4️⃣ လူတိုင်းကျေနပ်အောင် မနေပါနဲ့။ သင်နေတတ်သလိုနေပါ။ လူတစ်ယောက်ဟာ သင့်ကိုအထင်လွဲပြီး စိတ်ဆိုးသွားတဲ့အခါ သူကျေနပ်အောင် လိုက်ပြီး ရှင်းပြမနေပါနဲ့။ သင့်ဘက်ကသာ မှန်ကန်နေပါစေ သူအလိုလိုနားလည်လာပါလိမ့်မယ်။ ဒါ့ကြောင့် လူတိုင်းကို သင်မှန်ကြောင်းလိုက်ရှင်းပြရင်း အချိန်မကုန်ပါစေနဲ့။

လူတိုင်းမှာ အမြင်ကိုယ်စီ ရှိကြတာမို့ လူတိုင်းရဲ့ချီးကျူးမှုရအောင်ကြိုးစားတာ၊ လူတိုင်းနဲ့ အဆင်ပြေအောင် လုပ်ယူနေတာတွေဟာ အလကားပါပဲ။

5️⃣ ကြောက်စိတ်တွေက သင့်ရဲ့ အတွင်းစိတ်ကို အသေသတ်နိုင်တယ်။ ဘဝတစ်ခု အသက်ရှင်ရပ်တည်ရေး လျှို့ဝှက်ချက်ကတော့ အကြောက်တရားကင်းဖို့ ဖြစ်ပါတယ်။ အကြောက်တရားကင်းတဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘယ်သူ့အပေါ်မှ မမှီခိုပဲ ရပ်တည်နိုင်ဖို့ လိုပါတယ်။ ဘယ်သူ့ရဲ့ အကူညီကိုမှ မယူဘဲ နေနိုင်လာတဲ့အခါ ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာ မလိုတော့ပါဘူး။

6️⃣ သူငယ်ချင်း၊ မိတ်ဆွေဆိုတာ သင်ထင်ထားတာထက် ပိုပြီး အရေးကြီးပါတယ်။ ရိုင်းဆိုင်းပြီး ယုတ်ညံ့တဲ့ သူငယ်ချင်းတွေက တောရိုင်း တိရစ္ဆာန်တစ်ကောင်ထက် ကြောက်စရာကောင်းပါတယ်။ တောရိုင်း တိရ စ္ဆာန်တစ်ကောင်ကြောင့် သင့်ကိုယ်မှာ အနာတရ ရနိုင်ပေမယ့်။ ယုတ်ညံ့တဲ့သူငယ်ချင်းကြောင့် သင့်ရဲ့စိတ်ကိုပါ ဒါဏ်ရာရစေ နိုင်ပါတယ်။

7️⃣ သင့်အတွက် အမှန်တရားကို သင်ကိုယ်တိုင် ရှာဖွေပါ။ သင့်နားက ကြားလိုက်ရုံနဲ့ ဘယ်အရာကိုမှ လွယ်လွယ်ကူကူ မယုံလိုက်ပါနဲ့။ လူတွေပြောနေတဲ့ စကားတိုင်း၊ ကောလဟာလတိုင်းကို လွယ်လွယ်နဲ့ မယုံပါနဲ့။ စာအုပ်တွေထဲမှာ ရေးထားတိုင်း ဘယ်အရာကိုမှ လွယ်လွယ်နဲ့ မယုံလိုက်ပါနဲ့။

သင်လေးစားရတဲ့ အကြီးအကဲ၊ ဆရာသမားတွေက ပြောရုံနဲ့လည်း ဘယ်အရာကိုမှ လွယ်လွယ် မယုံလိုက်ပါနဲ့။ ရိုးရာဓလေ့ဆိုတိုင်းလည်း မယုံကြည်ပါနဲ့။ ဘယ်အရာကိုမဆို ကိုယ်တိုင် စီစစ်လေ့လာပြီး သင့်အတွက်နဲ့ အများအတွက် ကောင်းကျိုးဖြစ်နိုင်တဲ့ အကြောင်းအရင်းရှိမှသာ ယုံကြည်ပါ။

8️⃣ သင့်ကိုယ်သင် ချစ်ပါ။ သင့်ကိုယ်သင် ဂရုစိုက်ပါ။

9️⃣ ကိုယ့်ကျန်းမာရေးကိုယ် တန်ဖိုးထားပါ။ ကျန်းမာရေးကောင်းဖို့ လျှို့ဝှက်ချက်ကတော့ ကိုယ်စိတ်နှစ်ပါးလုံးကို ဂရုတစိုက် စောင့်ကြည့်ပါ။ အတိတ်ကိုမေ့ပြီး အနာဂါတ်ကို တွေးကြောက် မနေပဲ လက်ရှိပစ္စုပ္ပန်မှာ ပညာရှိစွာ၊ အကျိုးရှိစွာ နေထိုင်ပါ။

🔟 ဘဝမှာ ရှင်သန်ရကျိုးနပ်ပါစေ။ အဆုံးမှာတော့ သင်ဘယ်လောက် မေတ္တာထားနိုင်သလဲ၊ သင်ဘယ်လောက် နုနုညံ့ညံ့ရှင်သန် နိုင်ခဲ့သလဲဆိုတာနဲ့ သင့်အတွက် အရေးမပါတဲ့အရာတွေကို ကျေကျေနပ်နပ်စွန့်လွှတ်နိုင်ခြင်းဆိုတဲ့ အချက်သုံးချက်က အရေးကြီးပါတယ်။

Crd

Zawgyi

ဘဝသင္ခန္းစာ

ဘဝမွာလူတိုင္းစိတ္ဓာတ္က်အားငယ္ရတဲ့အခ်ိန္ေလးေတြရွိတတ္ၾကပါတယ္ အဲ့ဒီလို အခ်ိန္မ်ိဳးေတြမွာ ဝမ္းနည္းၿပီး အားငယ္မသြားပါနဲ႔။ စိတ္ဓာတ္က်ေနခ်ိန္မွာ ဘဝရဲ႕သင္ခန္းစာေတြကို သင္ကိုယ္တိုင္ ေကာင္းေကာင္းႀကီး နားလည္လာပါလိမ့္မယ္။ ဆိုး႐ြားတဲ့အေျခအေနေတြ၊ ျပႆနာေတြကေန သင္ယူႏိုင္ဖို႔ ေအာက္ကအခ်က္ေတြက သင့္ကို ကူညီေပးႏိုင္လိမ့္မယ္လို႔ ထင္မိပါတယ္။

1️⃣ ဘဝမွာ ဘယ္သူမွ သင့္ကို မကူညီႏိုင္ေပမယ့္ သင့္ကိုသင္ေတာ့ ကူညီႏိုင္ပါေသးတယ္။ ဘယ္သူ႔မွ သင့္ကို ကာကြယ္မေပးမႏိုင္တဲ့အခါ၊ ဘယ္သူမွ သင့္ဘက္မွာ မရွိေတာ့တဲ့အခါ သင့္ဘက္မွာ သင္တစ္ေယာက္လုံး ရွိေနပါေသးတယ္။ ဘဝမွာ ကိုယ္လမ္းကိုယ္ ေလွ်ာက္ရမွာပါ။

2️⃣ သင္လုပ္ေနတဲ့အရာေတြက သင္ေျပာတဲ့ စကားေတြထက္ ပိုအေရးပါတယ္။ လူတစ္ေယာက္ဟာ သူဘယ္ေလာက္ ေတာ္ေၾကာင္း၊ တတ္ေၾကာင္း ခဏ၊ ခဏေျပာတိုင္း သူ႔ကို လူေတာ္ တစ္ေယာက္၊ ပညာရွိတစ္ေယာက္လို႔ မသတ္မွတ္ႏိုင္ပါဘူး။ လူတစ္ေယာက္ဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိမယ္၊ ေမတၱာတရားႀကီးမားတယ္၊ အေၾကာက္တရားကင္းတယ္ ဆိုမွသာ အဲ့ဒီလူကို ပညာရွိတစ္ေယာက္လို႔ ေခၚဆိုႏိုင္ပါတယ္။

သင္ဟာ သင့္မိဘကို ပါးစပ္ကေနပဲ ခ်စ္တယ္လို႔ ဘယ္ေလာက္ေျပာေျပာ အေရးမပါဘူး။ သင့္ရဲ႕အျပဳအမူေတြက သင့္မိဘကို ဘယ္ေလာက္ စိတ္ခ်မ္းသာေစသလဲ ဆိုတာက ပိုအေရးႀကီးပါတယ္။ သင့္အျပဳအမူေတြက လူတစ္ေယာက္ကို စိတ္ဆင္းရဲေစတယ္ဆိုရင္ သင္သူ႔ကို ခ်စ္တယ္ဆိုတာႀကီးက အလကား စကားႀကီးပါပဲ။

3️⃣ စကားလုံးေတြက သင္ထင္ထားတာထက္ ပိုၿပီး ေၾကာက္စရာေကာင္းတဲ့ စြမ္းအားေတြ ရွိပါတယ္။ စကားလုံးေတြဟာ လူတစ္ေယာက္ရဲ႕ဘဝကို ကုစားေပးႏိုင္သလို၊ လူတစ္ေယာက္ရဲ႕ဘဝကိုပ်က္ဆီးေစႏိုင္ပါတယ္။ အမွန္တရားနဲ႔ ၾကင္နာမႈေတြပါတဲ့ စကားေတြဟာ ကမာၻႀကီးကို ေျပာင္းလဲေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕စကားေတြကို သတိထားၿပီး ေျပာပါ။

4️⃣ လူတိုင္းေက်နပ္ေအာင္ မေနပါနဲ႔။ သင္ေနတတ္သလိုေနပါ။ လူတစ္ေယာက္ဟာ သင့္ကိုအထင္လြဲၿပီး စိတ္ဆိုးသြားတဲ့အခါ သူေက်နပ္ေအာင္ လိုက္ၿပီး ရွင္းျပမေနပါနဲ႔။ သင့္ဘက္ကသာ မွန္ကန္ေနပါေစ သူအလိုလိုနားလည္လာပါလိမ့္မယ္။ ဒါ့ေၾကာင့္ လူတိုင္းကို သင္မွန္ေၾကာင္းလိုက္ရွင္းျပရင္း အခ်ိန္မကုန္ပါေစနဲ႔။

လူတိုင္းမွာ အျမင္ကိုယ္စီ ရွိၾကတာမို႔ လူတိုင္းရဲ႕ခ်ီးက်ဴးမႈရေအာင္ႀကိဳးစားတာ၊ လူတိုင္းနဲ႔ အဆင္ေျပေအာင္ လုပ္ယူေနတာေတြဟာ အလကားပါပဲ။

5️⃣ ေၾကာက္စိတ္ေတြက သင့္ရဲ႕ အတြင္းစိတ္ကို အေသသတ္ႏိုင္တယ္။ ဘဝတစ္ခု အသက္ရွင္ရပ္တည္ေရး လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အေၾကာက္တရားကင္းဖို႔ ျဖစ္ပါတယ္။ အေၾကာက္တရားကင္းတဲ့ သူတစ္ေယာက္ျဖစ္ဖို႔ဆိုရင္ ဘယ္သူ႔အေပၚမွ မမွီခိုပဲ ရပ္တည္ႏိုင္ဖို႔ လိုပါတယ္။ ဘယ္သူ႔ရဲ႕ အကူညီကိုမွ မယူဘဲ ေနႏိုင္လာတဲ့အခါ ဘယ္သူ႔မ်က္ႏွာကိုမွ ၾကည့္ေနစရာ မလိုေတာ့ပါဘူး။

6️⃣ သူငယ္ခ်င္း၊ မိတ္ေဆြဆိုတာ သင္ထင္ထားတာထက္ ပိုၿပီး အေရးႀကီးပါတယ္။ ႐ိုင္းဆိုင္းၿပီး ယုတ္ညံ့တဲ့ သူငယ္ခ်င္းေတြက ေတာ႐ိုင္း တိရစာၦန္တစ္ေကာင္ထက္ ေၾကာက္စရာေကာင္းပါတယ္။ ေတာ႐ိုင္း တိရ စာၦန္တစ္ေကာင္ေၾကာင့္ သင့္ကိုယ္မွာ အနာတရ ရႏိုင္ေပမယ့္။ ယုတ္ညံ့တဲ့သူငယ္ခ်င္းေၾကာင့္ သင့္ရဲ႕စိတ္ကိုပါ ဒါဏ္ရာရေစ ႏိုင္ပါတယ္။

7️⃣ သင့္အတြက္ အမွန္တရားကို သင္ကိုယ္တိုင္ ရွာေဖြပါ။ သင့္နားက ၾကားလိုက္႐ုံနဲ႔ ဘယ္အရာကိုမွ လြယ္လြယ္ကူကူ မယုံလိုက္ပါနဲ႔။ လူေတြေျပာေနတဲ့ စကားတိုင္း၊ ေကာလဟာလတိုင္းကို လြယ္လြယ္နဲ႔ မယုံပါနဲ႔။ စာအုပ္ေတြထဲမွာ ေရးထားတိုင္း ဘယ္အရာကိုမွ လြယ္လြယ္နဲ႔ မယုံလိုက္ပါနဲ႔။

သင္ေလးစားရတဲ့ အႀကီးအကဲ၊ ဆရာသမားေတြက ေျပာ႐ုံနဲ႔လည္း ဘယ္အရာကိုမွ လြယ္လြယ္ မယုံလိုက္ပါနဲ႔။ ႐ိုးရာဓေလ့ဆိုတိုင္းလည္း မယုံၾကည္ပါနဲ႔။ ဘယ္အရာကိုမဆို ကိုယ္တိုင္ စီစစ္ေလ့လာၿပီး သင့္အတြက္နဲ႔ အမ်ားအတြက္ ေကာင္းက်ိဳးျဖစ္ႏိုင္တဲ့ အေၾကာင္းအရင္းရွိမွသာ ယုံၾကည္ပါ။

8️⃣ သင့္ကိုယ္သင္ ခ်စ္ပါ။ သင့္ကိုယ္သင္ ဂ႐ုစိုက္ပါ။

9️⃣ ကိုယ့္က်န္းမာေရးကိုယ္ တန္ဖိုးထားပါ။ က်န္းမာေရးေကာင္းဖို႔ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ကိုယ္စိတ္ႏွစ္ပါးလုံးကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ပါ။ အတိတ္ကိုေမ့ၿပီး အနာဂါတ္ကို ေတြးေၾကာက္ မေနပဲ လက္ရွိပစၥဳပၸန္မွာ ပညာရွိစြာ၊ အက်ိဳးရွိစြာ ေနထိုင္ပါ။

🔟 ဘဝမွာ ရွင္သန္ရက်ိဳးနပ္ပါေစ။ အဆုံးမွာေတာ့ သင္ဘယ္ေလာက္ ေမတၱာထားႏိုင္သလဲ၊ သင္ဘယ္ေလာက္ ႏုႏုညံ့ညံ့ရွင္သန္ ႏိုင္ခဲ့သလဲဆိုတာနဲ႔ သင့္အတြက္ အေရးမပါတဲ့အရာေတြကို ေက်ေက်နပ္နပ္စြန္႔လႊတ္ႏိုင္ျခင္းဆိုတဲ့ အခ်က္သုံးခ်က္က အေရးႀကီးပါတယ္။

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …