ညစ်ညမ်းလို့ ဝါးထားတဲ့ ဗီဒီယိုတွေကို AI နဲ့ ပုံပြန်ဖော်ပြီးရောင်း တဲ့ ဂျပန်အိုင်တီသမားတစ်ယောက်ကို စဖမ်းပြီ - YATHAZONE

ညစ်ညမ်းလို့ ဝါးထားတဲ့ ဗီဒီယိုတွေကို AI နဲ့ ပုံပြန်ဖော်ပြီးရောင်း တဲ့ ဂျပန်အိုင်တီသမားတစ်ယောက်ကို စဖမ်းပြီ

ညစ်ညမ်းလို့ ဝါးထားတဲ့ ဗီဒီယိုတွေကို AI နဲ့ ပုံပြန်ဖော်ပြီးရောင်း တဲ့ ဂျပန်အိုင်တီသမားတစ်ယောက်ကို စဖမ်းပြီ
News

ညစ်ညမ်းလို့ ဝါးထားတဲ့ ဗီဒီယိုတွေကို AI နဲ့ ပုံပြန်ဖော်ပြီးရောင်း တဲ့ ဂျပန်အိုင်တီသမားတစ်ယောက်ကို စဖမ်းပြီ

မောင်ယဿ
ဂျပန်နိုင်ငံက ပွန်းဗီဒီယိုတွေမှာ ညစ်ညမ်းတဲ့ အပိုင်းတွေ ကို ဆင်ဆာအရ ဝါးထားရမယ်ဆိုတဲ့ ဥပဒေရှိပါတယ်။ အဲ့ဒိဥပဒေကိုချိုးဖောက်ပြီး အိုင်တီသမားတစ်ယောက်က AI ( ဉာဏ်ရည်တု ) ကိုသုံးပြီး ပုံအစစ်ပြန်ဖော်ကာ အွန်လိုင်းမှာ ရောင်းချမှုတွေလုပ်လို့ ဂျပန်ရဲတွေက သူ့ကိုဖမ်းလိုက်ပါတယ်။

မိုင်နီချီ သတင်းဌာနအဆိုအရ တာကာဆာဂိုမြို့က မာဆာယူကီ နာကာမာတိုဆိုတဲ့ အိုင်တီသမား တစ်ယောက်က ဒချိလုပ်တဲ့ ဗီဒီယိုတွေမှာ ညစ်ညမ်းတဲ့ အပိုင်းတွေကို ဝါးထားတဲ့နေရာတွေ ကို ပုံအမှန်တွေဖော်ပြီး အွန်လိုင်းပေါ်မှာ ရောင်ချနေပါတယ်။

အဲ့ဒါကို ဗီဒီယိုပိုင်ရှင် ကုမ္ပဏီတွေက မူပိုင်ခွင့် ကို ချိုးဖောက်တယ်ဆို ပြီး ရဲကိုတိုင်လို့ ရဲတွေ ကသူ့ကိုဖမ်းလိုက်တာပါ။ အဲ့ဒိလို ဖမ်းဆီးတာက ဂျပန်နိုင်ငံမှာ ပထမဆုံး ဖမ်းဆီးတဲ့ အမှုပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ လူကြီးကားလို့ ခေါ်တဲ့ ဒချိ ဗီဒီယိုတွေ က နာမည်ကြီး မင်းသားမင်းသမီးတွေရဲ့ ပုံအစစ်တွေကို ပြန်ဖော်ပြီး အွန်လိုင်းမှာ ရောင်းချနေတာတွေ ရှိပါတယ်။

ဂျပန်ဗီဒီယိုဆင်ဆာ အဖွဲ့ က ဒချိ ဗီဒီယိုတွေက အလွန်ညစ်ညမ်းတဲ့ အပိုင်းတွေ ကို ဝါးပြီးပြသဖို့အတွက် ဥပဒေသက်မှတ်ထားပါတယ်။ အဲ့ဒါကို အိုင်တီသမားတွေက နည်းပညာသုံးပြီး ပြန်ဖော်ကြပါတယ်။ အဲ့ဒိ ဗီဒီယိုတွေက အွန်လိုင်းမှာ လူကြိုက်များနေကြပါတယ်။ မူရင်း ကုမ္ပဏီတွေတောင် သူတို့လောက် အမြတ်အစွန်း မရကြပါဘူး ။

ရဲတွေရဲ့ စစ်ချက်အရ နာကာမာတို က ဗီဒိယို၁သောင်း ကို ကန်ဒေါ်လာ ၁သိန်းနဲ့ ရောင်းချခဲ့ပြီးပြီလို့ သိရပါတယ်။ အော်ရဂျင်နယ် ဗီဒီယို တွေက ဒေါ်လာ ၂၀ ကျော်ပေးရပြီး သူ့ရဲ့ ဗီဒီယိုတွေကတော့ ၁၀ ဒေါ်လာနဲ့ ရောင်းချခဲ့တာပါ။

နာကာမာတိုကိုယ်တိုင်ကလည်းငွေးရေးကြေးရေးကြောင့်သူဒီလိုလုပ်တာလို့ ဝန်ခံထားပါတယ်။ ရဲတွေကတော့ သူ့ကို မူပိုင်ခွင့်ရယ် ညစ်ညမ်းဥပဒေ ရယ်နဲ့ တရားစွဲဖို့လုပ်နေပါတယ်။

REF: world of buzz, Photo : bayl

Zawgyi


မောင်ယဿ








No Comments

Leave a Reply

Your email address will not be published.

News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး

နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …

News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး

အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …

News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်

ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …