ကမ္ဘာ့အကြီး ဆုံး ရုပ်ကြွင်း ထရိုင်စီရာတော့ပ် ကို ကန်ဒေါ်လာ၇သန်းကျော်နဲ့ လေလံပစ် - YATHAZONE
ကမ္ဘာ့အကြီး ဆုံး ရုပ်ကြွင်း ထရိုင်စီရာတော့ပ် ကို ကန်ဒေါ်လာ၇သန်းကျော်နဲ့ လေလံပစ်
ကမ္ဘာ့အကြီး ဆုံး ရုပ်ကြွင်း ထရိုင်စီရာတော့ပ် ကို ကန်ဒေါ်လာ၇သန်းကျော်နဲ့ လေလံပစ်
News
ကမ္ဘာ့အကြီး ဆုံး ရုပ်ကြွင်း ထရိုင်စီရာတော့ပ် ကို ကန်ဒေါ်လာ၇သန်းကျော်နဲ့ လေလံပစ်
မောင်ယဿ
Big Jhon လို့ခေါ်တဲ့ တူးဖော်ရသမျှထဲမှာ အကြီးဆုံး ထရိုင်စီရာတော့ပ်ရုပ်ကြွင်း ကို ပါရီမြို့က ဟိုတယ် ဒူရော့မှာ လေလံပစ်တာ ကန်ဒေါ်လာ ၇.၇ သန်းနဲ့ ရောင်းထွက်သွားပါတယ်။ ရုပ်ကြွင်းလေလံမှာ ဈေးအကြီးဆုံးနဲ့ ပထမဆုံး ထွက်သွားပါတယ်။
၂၀၁၄ခုနှစ်က ဘူမိပညာရှင် ဝေါ်တာစတိန်ဘီလ် က ဒါကိုတာတောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်၆၆သန်းကျော်က ရုပ်ကြွင်းတစ်ခုကို တူးဖော်ရရှိခဲ့ပါတယ်။ အဲ့ဒိ ရုပ်ကြွင်းကို ဝယ်သွားတဲ့သူက နာမည်မဖော်ပြခဲ့ပါဘူး ၊ အများစုကတော့ အမေရိကားက ရှေးဟောင်းပစ္စည်း စုဆောင်း သူတစ်ဦးဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
ဘစ်ဂျွန် က ရုပ်ကြွင်းလောကမှာ အပြည့်စုံဆုံးလို့ပြောရမှာပါ။ ၆၀% ပြည့်စုံပါတယ်။ ၂၆ ပေရှည်ပြီး ဒေါ်လာ ၁.၄သန်းနဲ့ ကြမ်းခင်းဈေး ဖွင့်ခဲ့တာပါ။ ၆ပေခွဲကျော် ရှည်တဲ့ ဦးခေါင်းက ၇၀ % ကျော်ပြည့်စုံပါတယ်။ အကြီးဆုံးအရိုးက ၄ပေကျော်ရှည်ပြီး ခြေထောက်ဗျက်အကျယ်က ၁ပေကျော်ရှိပါတယ်။
ဘစ်ဂျွန်ရဲ့ လယ်ပတ်အရိုးပြားကြီး က ၉၀% ကျော် အကောင်းအတိုင်း ကျန်ခဲ့တဲ့ အပြင် ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ ပုံစံကိုတွေ့ရပါတယ်။ “ ဒီအရိုးပြားကြီးက သူအသက်ရှင်နေစဉ်ကာလတုန်းက သူ့ရဲ့ နယ်မြေကို ကာကွယ်ဖို့နဲ့ မိတ်လိုက်ဖို့အတွက် သဘာဝကပေးထားတဲ့ အကောင်းဆုံးလက်ဆောင်ပါပဲ” လို့ ဒူရော့ လေလံတာဝန်ခံက ဆိုပါတယ်။
ဦးချို ၃ချောင်းမျက်နှာနဲ့ ထရိုင်စီရာတော့ပ် တွေက အပင်စားအကောင်တွေ ဖြစ်ပြီး ဒိုင်နိုဆော မျိုးနွယ်စိတ်တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်း၇၀ကျော်က မြောက်အမေရိကားတိုက်မှာ ကျက်စားခဲ့တဲ့ ခရီတာစီယက်ခေတ် က အကောင်တွေဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်မှာ အဲ့ဒိအရိုးတွေကို အီတလီနိုင်ငံမှာ ပြန်လည်တပ်ဆင်ခဲ့ပါတယ်။ အီတလီ ရှေးဦးသက်ရှိပညာရှင်တွေ က ဦးစီးညပီး အဲ့ဒိဒီဇိုင်းကို ရအောင်ထုတ်ခဲ့တာပါ။ တွေ့ရှိပြီးသော ထရိုင်စီရာတော့ပ်တွေ ထဲမှာ တော့ အကြီးဆုံး ဖြစ်ပြီး ၁၀% လောက်ပိုကြီးပါတယ်။
REF: uPI, Photo : UPI
Zawgyi
မောင်ယဿ
REF: uPI, Photo : UPI
No Comments
Leave a Reply
Your email address will not be published.
News
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး
နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့်အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလအကြီးအကဲ သတိပေး ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတာကြောင့် နျူကလီးယား ဘေးဒုက္ခဆိုးနဲ့ အချိန်မရွေး ကြုံရမယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး လိုက်ပါတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေး စာချုပ်တွေ ချုပ်ဆိုဖို့ ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အသီးသီးကို အန်တိုရီယို ဂူးတားရက်ရှ်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် အဖွဲ့ဝင်များ ညီလာခံကတဆင့် သြဂုတ်လ ၁ရက်၊ မနေ့က တိုက်တွန်း ပြောဆိုလိုက်တာပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် …
News
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး
အမေရိက၏ ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇဝါဟီရီ သေဆုံး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်-ဇာဝါဟီရီသည် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားလိုက်သည်။ ” ဆယ်စုနှစ်တွေနဲ့ ချီပြီး သူဟာ အမေရိကန်တွေကို တိုက်ခိုက်မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ ဖြစ်တယ်” ဟု ဘိုင်ဒန်က ဩဂုတ် ၁ ရက်နေ့က ပြောကာ ၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ် တိုက်ခံရမှုနှင့် ကင်ညာနဲ့ တန်ဇနီးယားရှိ ယူအက်စ်သံရုံးများ ၁၉၉၈ ခုနှစ်က ဗုံးဖြင့် တိုက်ခိုက်ခံရမှုများကို ညွှန်းဆိုသွားခဲ့သည်။ ဇဝါဟီရီသည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့လယ်က နေအိမ်တစ်ခုမှာ တိုက်ခိုက်ခံရခြင်း …
News
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော်
ဂူအတွင်းသုံးနှစ်ကျော်ကြာ တရားအားထုတ်ခဲ့သည့်မိုင်းဖုန်းဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကြတ်ဂူတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်း တရားကျင့်ကြံခြင်း အောင်မြင်၍ ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ဂူအတွင်းမှ ပြန်လည်ထွက်ရှိလာခဲ့သည်။ ဆရာတော်ကြီးအား ရဟန်းရှင်လူ တသောင်းကျော်က ကြိုတင်၍ စောင့်ဆိုင်းခဲ့ကြပြီး ဆရာတော်ကြီးမှ မိုင်းကြတ်ဂူတွင် ၅ ရက်တာ ဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းကြတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန်ဂူအောင်းတရားကျင့်ကြံခဲ့ခြင်းဖြစ်သည်။ မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ …