ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ - YATHAZONE

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
Cele News

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ )
အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့ အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။

ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။

သူမက နန်းတော်အဆောင်မှူးတွေ အကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ သူမကို မင်းသား အာကီရှီနိုနဲ့ မင်းသမီးကီကိုတို့က သက်သေလက်မှတ် ထိုးပေးခဲ့ပါတယ်။ ဂျပန်နန်းတွင်းဥပဒေမှာတော့ တော်ဝင်အမျိုးသမီး တွေက အရပ်သားတွေနဲ့ လက်ထပ်ရင် သူမတို့ရဲ့ တော်ဝင်ဆက်ခံမှုကို စွန့်လွှတ်ရပါတယ်။

မင်းသမီးမာကို နဲ့ ကိုမူရိုတိုရဲ့ လက်ထပ်ပွဲကို ဓလေ့ထုံးစံအတိုင်း မကျင်းပဖို့ ဘုရင်နာရူဟီတိုနဲ့ အိမ်ရှေ့မင်းသား အာကီရှီနိုတို့က ဆုံးဖြတ်ခဲ့ပါတယ်။ ကိုမူရိုရဲ့အမေက ဘုရင်နာရူဟီတိုရဲ့ ရည်းစားဟောင်းဖြစ်ပါတယ်။ မာကိုရဲ့မိဘတွေနဲ့ ကိုမူရိုရဲ့ မိဘတွေကြားမှာ ငွေကြေးအရှုပ်အရှင်းကိစ္စ ရှိခဲ့ပါတယ်။

မာကို နဲ့ ကိုမူရိုတို့က နိုင်ငံတကာ ခရစ္စယာန်တက္ကသိုလ်မှာ ကျောင်းသားဘဝကတည်းက တွေ့ခဲ့ကြတာပါ။ ငါးနှစ်လောက်တွဲပြီးနောက် ၂၀၁၇ စက်တင်ဘာမှာ တိတ်တဆိတ် စေ့စပ်ခဲ့ပါတယ်။ မင်းသမီးမာကိုက ဒီကနေ့မနက် ၁၀နာရီမှာ သူမနေထိုင်တဲ့ နန်းတော်အတွင်းက မီနာတို အဆောင်ကနေ နှုတ်ဆက်ထွက်ခွာ ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျပန်တော်ဝင်မိသားစုကို စွန့်ခွာခဲ့တဲ့ နဝမမြောက် အမျိုးသမီးဖြစ်ပါတယ်။ သူမအတွက် နန်းတော်ကြီးနဲ့ နန်းမွေဆက်ခံမှုဟာ အချစ်လောက် အရေးမပါဘူးဖြစ်သွားတာပါ။

Ref : world of buzz, Photo : daily express

Zawgyi









No Comments

Leave a Reply

Your email address will not be published.

သင်္ကန်းဝတ်နဲ့တောင် လူစိတ်ဝင်စားမှုများပြီး အာရှနိုင်ငံတွေရဲ့မီဒီယာမှာဖော်ပြခံနေရတဲ့ ပိုင်တံခွန်
Cele News
သင်္ကန်းဝတ်နဲ့တောင် လူစိတ်ဝင်စားမှုများပြီး အာရှနိုင်ငံတွေရဲ့မီဒီယာမှာဖော်ပြခံနေရတဲ့ ပိုင်တံခွန်

သင်္ကန်းဝတ်နဲ့တောင် လူစိတ်ဝင်စားမှုများပြီး အာရှနိုင်ငံတွေရဲ့မီဒီယာမှာဖော်ပြခံနေရတဲ့ ပိုင်တံခွန် မော်ဒယ်မင်းသားချော ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာ အတော်လေးနာမည်ကြီးလို့နေရပါတယ်။ အရင်ကတည်းက ပိုင်တံခွန်ဟာ မြန်မာပရိသတ်အခိုင်အမာရထားတဲ့အပြင် ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကိုလည်း ရထားပြီးသားပါ။   ထိုင်းနိုင်ငံမှာတောင် အနုပညာအလုပ်တွေလုပ်ကိုင်နေပြီး နာမည်ကြီးထိုင်းမင်းသမီးချောလေးနဲ့လည်း အတူအတူကြော်ငြာရိုက်ခဲ့ကြပါသေးတယ်။ အခုဆိုရင် ထိုင်းနိုင်ငံအပြင် အခြားအာရှနိုင်ငံတွေက ပရိသတ်တွေ၊ နိုင်ငံတကာကပရိသတ်တွေနဲ့ အာရှမီဒီယာတွေကလည်း ပိုင်တံခွန်ကို သတိထားမိလာကြပါပြီ။ ထိုင်းနိုင်ငံအပြင် အခြားအာရှနိုင်ငံတွေက သတိထားမိ လာခဲ့တာက ဇန်နဝါရီ ၁၂ ရက်နေ့က ပိုင်တံခွန်ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားတဲ့ ပုံတွေကြောင့်လို့ပြောရမှာပါပဲ။ အဲဒီပုံတွေက ပိုင်တံခွန်ရဲ့သင်္ကန်းဝတ် နဲ့ပုံတွေဖြစ်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ နာမည်ကြီးလို့နေပါတယ်။ ပိုင်တံခွန်ဟာ ဆံပင်ရှည်နဲ့ လိုက်ဖက်ပြီး ကြည့်ကောင်းတယ်ဆိုတာ မြန်မာပရိသတ်တွေလည်း အသိပါပဲ။ သူဟာ နှစ်သစ်မှာ …

ထဘီရင်လျားနဲ့ချောင်းထဲမှာ ရေဆင်းကူးပြီး ကောက်ရိုးပုံပေါ်တက်နေတဲ့ ရိုက်ကွင်းနောက်ကွယ်က အခွီပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ ဖြူဖြူထွေးထဘီရင်လျားနဲ့ချောင်းထဲမှာ ရေဆင်းကူးပြီး ကောက်ရိုးပုံပေါ်တက်နေတဲ့ ရိုက်ကွင်းနောက်ကွယ်က အခွီပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ ဖြူဖြူထွေး
Cele News
ထဘီရင်လျားနဲ့ချောင်းထဲမှာ ရေဆင်းကူးပြီး ကောက်ရိုးပုံပေါ်တက်နေတဲ့ ရိုက်ကွင်းနောက်ကွယ်က အခွီပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ ဖြူဖြူထွေး

ထဘီရင်လျားနဲ့ချောင်းထဲမှာ ရေဆင်းကူးပြီး ကောက်ရိုးပုံပေါ်တက်နေတဲ့ ရိုက်ကွင်းနောက်ကွယ်က အခွီပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ ဖြူဖြူထွေး ပရိသတ်တွေရဲ့မေတ္တာကိုခံယူထားတဲ့ ဖြူဖြူထွေးကတော့ အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေရတာကြောင့် သူမရဲ့အနုပညာစန်းကလည်းအရမ်းကောင်းပါတယ်နော်။ဖြူဖြူထွေးက ကြော်ငြာတွေမှာလည်း ဇာတ်ပို့သရုပ်ဆောင်တွေကိုခေါ်ပြီး အတူတူရိုက်ကူးကြတာဖြစ်ပါတယ် ။ဖြူဖြူထွေးကတော့ အသက်ငယ်ငယ်လေးနဲ့တင် ပိုက်ဆံတွေအများအပြားရှာနိုင်ပြီး မိဘကိုလည်း တင့်တောင်းတင့်တယ်ထားနိုင်တဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်နော်။ ဖြူဖြူထွေးက အလှူအတန်း၊အပေးအကမ်းလည်း အရမ်းရက်ရောတာကြောင့် လိုအပ်သူတွေအတွက်အမြဲတမ်းလိုလိုလှူဒါန်းနေတာကို တွေ့ရပါတယ်နော်။ဖြူဖြူထွေးက သူမရဲ့ရွာက ရွာသူရွာသားတွေကိုလည်း တတ်နိုင်သလောက် ကူညီဖေးမပေးလို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ် ။ဖြူဖြူထွေးက လူငယ်ပီပီ ပျော်ပျော်ပါးပါးလည်းနေထိုင်တတ်ပြီး ဟာသတွေလည်းလုပ်တတ်လို့ သူမရဲ့ဗီဒီယိုလေးတွေကို ကြည့်လိုက်ရင် အမြဲတမ်းအမောပြေနေရတာဖြစ်ပါတယ်နော်။ ဖြူဖြူထွေးက အခုရက်ပိုင်းမှာဆိုရင် ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရတာဖြစ်လို့ ရိုက်ကွင်းနောက်ကွယ်က အခွီလေးတွေကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးနေတာဖြစ်ပါတယ်နော်။ အခုဆိုရင်လည်း ဖြူဖြူထွေးက ထဘီရင်လျားနဲ့ ချောင်းထဲမှာ ရေဆင်းကူးပြီး …