သိက္ခာရှိအောင်နေ မေတ္တာရှိအောင်နေ - YATHAZONE

သိက္ခာရှိအောင်နေ မေတ္တာရှိအောင်နေ

Knowledge

သိက္ခာရှိအောင်နေ မေတ္တာရှိအောင်နေ

သိက္ခာရှိအောင်နေ မေတ္တာရှိတဲ့သူတွေ မင်းဘဝထဲရောက်လာလိမ့်မယ် ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက် ရိုးသားခြင်း ထက်ပိုပြီး ချစ်မြတ်နိုး ဖို့ကောင်းတဲ့ အရာမရှိဘူး။

လောကသဘောက ရှင်းရှင်းလေးကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံနောက်ဆုံး ကိုယ်ပြန်ခံရတာပဲ~။

မာနတွေ သိပ်မထားပါနဲ့ …မထားသင့်တဲ့ မာန်မာနကသင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။ လူတွေကို အပြုံးနဲ့ စတင် နှုတ်ဆက်ဖို့ ဘယ်တော့မှ ဝန်မလေးပါနဲ့။

အပြုံးတွေက တစ်ဖက်လူကို ပျော်ရွှင်စေသလို ကိုယ်တိုင်လည်း ပီတီ ဖြစ်စေ တယ်။ လူတိုင်းမှာ ဝမ်းနည်းစရာ ဆိုတာ အမြဲ ရှိပြီးသားပါ။ သင့်တစ်ယောက်တည်း မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့ မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ ပါပဲ အဆိုးတွေပြီးရင် အကောင်းဆုံးတွေ တစ်ကျော့ပြန်လှည့် လာမှာပါ။ ဖြေရှင်းလို့ ရတာတွေ ဆက်ဖြေရှင်း။

ဖြေရှင်းလို့ မရတာတွေ ပစ်သာ ထားလိုက်ပါ။ အချိန် တစ်ခုကြာတော့လည်း အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ တစ်ခါပြန်ကံကောင်း လာမှာပါ။
အရေးကြီးတာက ဘယ်အရာတွေကိုပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့စိတ်နဲ့ ရင်ဆိုင်ချင်စိတ်လေး ရှိဖို့ လိုတယ်။

တစ်စုံတစ်ယောက်ဆီက မျှာ်လင့်ချက်တွေ ထင်သလို ဖြစ်မလာတဲ့ အခါမျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ။ အကြိမ်များစွာ သင် မျှော်လင့်သလို မတုန့်ပြန်တဲ့ သူဟာ သင်လိုချင်တဲ့ အရာသူမပေးနိုင်ဘူးဆိုတာ သင့် နားလည်ထားဖို့ လိုတယ်။

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို ရောင်ပြန်ဟပ်စေ ပါတယ်။ သင့်မျှော်လင့် ထားတဲ့ သူဆီက မေတ္တာမရလည်း အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊ သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့။ မေတ္တာထားပြလိုက်ပါ။ သင့်ကိုဂရုစိုက်သူ အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက် မမေ့လျော့ပါနဲ့။

သူတို့ရဲ့တန်ဖိုးထားမှုကို အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်ရဲ့အသက်ရှင် ရပ် တည်မှုကို ပိုပြီး အဓိပါယ် ရှိအောင် လုပ်ပေးတဲ့သူတွေမို့ပါ။

ဖြစ်ချင်တာတွေ တစ်ထပ်ချင်းဖြစ်အောင် ဖြည်းဖြည်းချင်းလုပ်ယူပါ။အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့။ ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ။ နေ့တိုင်းအကျိုးရှိစွာ လုပ်ဆောင်နေဖို့သာအဓိကပါ။

နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ သင့်စိတ်ညစ်နေရင် ပျော်ရွှင်စရာလေး တစ်ခုခုတော့ ရှာဖွေပါ။ ပမာ။ ။ ဟာသ VDယိုလေး၊ရီမောစရာ ကာတွန်းလေးတွေ ၊ရီစရာပြောတတ်သော သူငယ်ချင်းတွေ အစရှိသဖြင့် ပြုံး ရီစရာလေးတွေနဲ့ အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့ ဘဝဆိုတာ အမြဲရှိပြီးသားပါ။ တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ စိတ်ညစ်စရာ လုံးဝ မရှိလို့ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်ကပျော်ပျော်နေတတ်လို့ ပါ။

ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။ ကိုယ့်ကိုယ်ကို ကံအဆိုးလို့ ဘယ်တော့မှ မတွေးပါနဲ့။ သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ။
ကိုယ့်ထက်ဆိုးရွားတဲ့ လူတွေ ကိုယ့်ထက် ကံဆိုးတဲ့ သူတွေ ယဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေး တစ်ခုပြောင်းလဲတွေးခေါ်တတ် ဖို့ပဲ လိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။ ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေလုက်ကိုင် ကြံစည်လုပ်ကိုင်နေရင် တနေ့တော့ သင်အမြဲကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

Crd

Zawgyi

သိကၡာရွိေအာင္ေန ေမတၱာရွိေအာင္ေန

သိကၡာရွိေအာင္ေန ေမတၱာရွိတဲ့သူေတြ မင္းဘဝထဲေရာက္လာလိမ့္မယ္ ကိုယ့္ကိုယ္ကိုယ္သာ ဂ႐ုစိုက္ ႐ိုးသားျခင္း ထက္ပိုၿပီး ခ်စ္ျမတ္ႏိုး ဖို႔ေကာင္းတဲ့ အရာမရွိဘူး။

ေလာကသေဘာက ရွင္းရွင္းေလးကိုယ္လုပ္တဲ့ ေကာင္းကံ ဆိုးကံေနာက္ဆုံး ကိုယ္ျပန္ခံရတာပဲ~။

မာနေတြ သိပ္မထားပါနဲ႔ …မထားသင့္တဲ့ မာန္မာနကသင့္ကမာၻကို က်ဥ္းေျမာင္းေစပါတယ္။ လူေတြကို အၿပဳံးနဲ႔ စတင္ ႏႈတ္ဆက္ဖို႔ ဘယ္ေတာ့မွ ဝန္မေလးပါနဲ႔။

အၿပဳံးေတြက တစ္ဖက္လူကို ေပ်ာ္႐ႊင္ေစသလို ကိုယ္တိုင္လည္း ပီတီ ျဖစ္ေစ တယ္။ လူတိုင္းမွာ ဝမ္းနည္းစရာ ဆိုတာ အၿမဲ ရွိၿပီးသားပါ။ သင့္တစ္ေယာက္တည္း မေပ်ာ္႐ႊင္ပဲ ဝမ္းနည္းေနရတာ မဟုတ္ဘူး။

ဘဝဆိုတာ ဒဂၤါျပားတစ္ခုလို႔ မ်က္ႏွာျပင္ႏွစ္ဖက္ ေခါင္းနဲ႔ ပန္းလို႔ ပါပဲ အဆိုးေတြၿပီးရင္ အေကာင္းဆုံးေတြ တစ္ေက်ာ့ျပန္လွည့္ လာမွာပါ။ ေျဖရွင္းလို႔ ရတာေတြ ဆက္ေျဖရွင္း။

ေျဖရွင္းလို႔ မရတာေတြ ပစ္သာ ထားလိုက္ပါ။ အခ်ိန္ တစ္ခုၾကာေတာ့လည္း အေျပာင္းအလဲေတြနဲ႔ သင္ကံၾကမၼာ တစ္ခါျပန္ကံေကာင္း လာမွာပါ။
အေရးႀကီးတာက ဘယ္အရာေတြကိုပဲျဖစ္ျဖစ္ ရင္ဆိုင္ရဲတဲ့စိတ္နဲ႔ ရင္ဆိုင္ခ်င္စိတ္ေလး ရွိဖို႔ လိုတယ္။

တစ္စုံတစ္ေယာက္ဆီက မွ်ာ္လင့္ခ်က္ေတြ ထင္သလို ျဖစ္မလာတဲ့ အခါေမွ်ာ္လင့္ခ်က္ေတြကို ေလွ်ာ့ခ်ပစ္ပါ။ အႀကိမ္မ်ားစြာ သင္ ေမွ်ာ္လင့္သလို မတုန႔္ျပန္တဲ့ သူဟာ သင္လိုခ်င္တဲ့ အရာသူမေပးႏိုင္ဘူးဆိုတာ သင့္ နားလည္ထားဖို႔ လိုတယ္။

ေမတၱာဆိုတာ က်ယ္ျပန႔္တတ္သလို ေရာင္ျပန္ဟပ္ေစ ပါတယ္။ သင့္ေမွ်ာ္လင့္ ထားတဲ့ သူဆီက ေမတၱာမရလည္း အျခားလူေတြဆီက ခ်စ္ျခင္းေမတၱာေတြ အျပည့္အဝ ရေစႏိူင္ပါတယ္။

သင့္ကို မနာလိုသူ ၊ မလိုလားအပ္သူ၊ သင့္ကို စြန႔္ခြာသြားသူေတြကို မမုန္းတီးပါနဲ႔။ ေမတၱာထားျပလိုက္ပါ။ သင့္ကိုဂ႐ုစိုက္သူ အေလးထားသူေတြကိုပဲ
တတ္ႏိုင္သေလာက္ မေမ့ေလ်ာ့ပါနဲ႔။

သူတို႔ရဲ႕တန္ဖိုးထားမႈကို အသိအမွတ္ျပဳၿပီး တုန႔္ျပန္ပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔က ကိုယ့္ရဲ႕အသက္ရွင္ ရပ္ တည္မႈကို ပိုၿပီး အဓိပါယ္ ရွိေအာင္ လုပ္ေပးတဲ့သူေတြမို႔ပါ။

ျဖစ္ခ်င္တာေတြ တစ္ထပ္ခ်င္းျဖစ္ေအာင္ ျဖည္းျဖည္းခ်င္းလုပ္ယူပါ။အရမ္းႀကီး ဆႏၵ သိပ္မေစာပါနဲ႔။ ဒီေန႔မျဖစ္လဲ ေနာက္ေန႔ရွိေသးတာပဲ။ ေန႔တိုင္းအက်ိဳးရွိစြာ လုပ္ေဆာင္ေနဖို႔သာအဓိကပါ။

ေန႔ရက္တိုင္းကစၿပီး ဒီေန႔ထိ သင့္စိတ္ညစ္ေနရင္ ေပ်ာ္႐ႊင္စရာေလး တစ္ခုခုေတာ့ ရွာေဖြပါ။ ပမာ။ ။ ဟာသ VDယိုေလး၊ရီေမာစရာ ကာတြန္းေလးေတြ ၊ရီစရာေျပာတတ္ေသာ သူငယ္ခ်င္းေတြ အစရွိသျဖင့္ ၿပဳံး ရီစရာေလးေတြနဲ႔ အာ႐ုံေျပာင္းႏိုင္ေအာင္ ႀကိဳးစားပါ။

လူသားတိုင္း မေပ်ာ္ပဲ ၿပဳံးေနရတဲ့ ဘဝဆိုတာ အၿမဲရွိၿပီးသားပါ။ တခ်ိဳ႕လူေတြေပ်ာ္႐ႊင္ေနရတယ္ဆိုတာ စိတ္ညစ္စရာ လုံးဝ မရွိလို႔ မဟုတ္ဘူး။ သူတို႔ကိုယ္တိုင္ကေပ်ာ္ေပ်ာ္ေနတတ္လို႔ ပါ။

ၿပီးေတာ့ ေပ်ာ္႐ႊင္ျခင္းဆိုတာ သင္ကိုယ္တိုင္ ဖန္တီးယူရတာပါ။ ကိုယ့္ကိုယ္ကို ကံအဆိုးလို႔ ဘယ္ေတာ့မွ မေတြးပါနဲ႔။ သင့္ဘဝ ဘယ္ေလာက္ဆိုး႐ြားပါေစ။
ကိုယ့္ထက္ဆိုး႐ြားတဲ့ လူေတြ ကိုယ့္ထက္ ကံဆိုးတဲ့ သူေတြ ယဒီကမာၻေပၚမွာ တစ္ပုံႀကီးပါ။

အေတြးေလး တစ္ခုေျပာင္းလဲေတြးေခၚတတ္ ဖို႔ပဲ လိုပါတယ္။ ေနာက္ဆုံးတစ္ခုကေတာ့ ကံဆိုတာအလုပ္ အလုပ္ဆိုတာ ကံပါ။ ဆိုးတာေတြ လုပ္ေနရင္ အဆိုးေတြခ်ည္းပဲႀကဳံေတြ႕ေနရမွာပါ။

ဒါေၾကာင့္ သင္အၿမဲေကာင္းတာေတြလုက္ကိုင္ ႀကံစည္လုပ္ကိုင္ေနရင္ တေန႔ေတာ့ သင္အၿမဲကံေကာင္းလာမွာ ဧကန္မုခ်မလြဲပါပဲ ။ ။

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …