အသုံးမချတတ်ရင် တန်ဖိုးမဲ့နေမှာပဲ - YATHAZONE

အသုံးမချတတ်ရင် တန်ဖိုးမဲ့နေမှာပဲ

Knowledge

အသုံးမချတတ်ရင် တန်ဖိုးမဲ့နေမှာပဲ

တစ်ခါက ရွှေတူးသမားတယောက်က ပန်းခြံထဲမှာ အိမ်လေးတလုံး ဆောက်ပြီးနေပါတယ်။ ရွှေတူးသမားဟာ သူ့ရဲ့ရွှေဒင်္ဂါးတွေကို ပန်းခြံထဲက ကျောက်တုံးတွေရဲ့ အောက်မှာ မြေတူးပြီး မြု့ပ်ထားခဲ့ပါတယ်။

နေ့တိုင်း အိပ်ရာမဝင်မီ ရွှေတူးသမားဟာ ကျောက်တုံးတွေနားကို သွားလေ့ ရှိပါတယ်။ ထိုကျောက်တုံးတွေနားမှာ ရွှေဒင်္ဂါးတွေကိုရေတွက်ပြီး ရွှေတွေကို မြု့ပ်နှံလေ့ရှိပါတယ်။ နေ့တိုင်းလိုလို ထိုအလုပ်ကို လုပ်လေ့ရှိပါတယ်။

ဒါပေမယ့် တစ်ကြိမ်မှာတော့ မြုပ်နှံမယ့် ရွှေတွေကို သူသုံးလိုက်မိပါတယ်။တစ်နေ့မှာ ရွှေတူးသမားရဲ့ အကျင့်ကိုသိတဲ့ သူခိုးတစ်ယောက်က ရွှေတူးသမားအိမ်ထဲ ပြန်ဝင်သွားတာကို စောင့်နေပါတယ်။

အမှောင်ထုကြီးစိုးလာတဲ့ အခါမှာတော့ သူခိုးဟာ ရွှေတွေ မြုပ်နှံထားတဲ့ နေရာကို သွားပြီး ရွှေဒင်္ဂါးတွေကို တူးဖော်ပြီး ခိုးသွားပါတော့တယ်

နောက်တစ်နေ့မှာတော့ ရွှေတူးသမားက သူ့ရဲ့ရွှေတွေ ပျောက် ဆုံးကြောင်း သိရှိသွားပြီး အော်ကြီးဟစ်ကျယ် အော်ငိုပါတော့တယ်။

ရွှေတူးသမားရဲ့အိမ်နီးနားချင်းတွေက ရွှေတူးသမား ငိုသံကို ကြားတဲ့အခါမှာ ဘာဖြစ်သလဲ လို့ စပ်စု ကြပါတယ်။

အကြောင်းစုံကို သိတဲ့ အခါမှာတော့ အိမ်နီးနားချင်းတယောက်က မေးပါတယ်။

“ ရွှေဒင်္ဂါးတွေကို ဘာလို့များ အိမ်ထဲမှာ မထားရ တာလဲ။ တခုခုကို ခင်ဗျားဝယ် ထား လိုက်ရင် ငွေအဖြစ်ပြောင်းလို့တောင် လွယ်သေးတာကို ” “ ဝယ်ရမယ် ၊ ဟုတ်လား ” လို့ ရွှေတူးသမားက ရေရွတ်လိုက်ပါတယ်။

“ ငါက အဲဒီ့ရွှေတွေကို ဘယ်တုန်းကမှ မသုံးချင်ခဲ့ဘူးလေ ”

အဲဒါကို ကြားတဲ့ အိမ်နီးချင်းက ကျောက်တုံးတတုံးကို အိမ်ထဲကနေ လွှင့်ပစ်လိုက်ပြီး ပြောလိုက်ပါတယ်။“ ဒီကိစ္စမှာ ကျောက်တုံးတွေကို သိမ်းထားသလိုပေါ့။ ခု လွှင့်ပစ်လိုက်ရင် တန်ဖိုးမရှိဘူး ၊ အဲဒီလိုပဲ၊ ရွှေတွေ ခုဆုံးရှုံးသွားတော့ မင်းမှာဘာ တန်ဖိုးရှိ တာ ကျန်ခဲ့လို့ လဲ။

အဲဒါကြောင့် အစောကြီးထဲက ရွှေတွေကို ရောင်းပြီး မင်းအတွက် တန်ဖိုးရှိတာ တခုခု ဝယ်ထားလိုက်ရမှာ ”သင်ခန်းစာ ။ ။ ဒီပုံပြင်ထဲကလို ကိုယ်ပိုင်ဆိုင်ထားသမျှကို ကိုယ့်အတွက် တန်ဖိုးရှိစွာ အသုံးမချဘဲ စုဆောင်းထားခြင်း က အဓိပ္ပါယ် မရှိ ပါဘူး။

ကိုယ် ပိုင်ဆိုင် ထားသမျှကို ကိုယ်ဘယ်လို အသုံးချသလဲ ဆိုတာကသာ တန်ဖိုးဖြစ်ပါတယ်လို့ သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။

ပြောချင်တာက သင်မှာ ဘယ် လောက်ပဲ အရည်အချင်းရှိရှိ ၊ သင့်မှာ ဘယ်လောက်ပဲ အဖိုးတန်တာတွေ ပိုင်ဆိုင်ပါစေ၊ တန်ဖိုး ရှိတဲ့ နေရာ မှာ အသုံးမချ ဘူး ဆိုရင် ထိုအဖိုးတန်ပစ္စည်းကလည်း တန်ဖိုးမဲ့နေတာပါပဲ လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။

Credit

Zawgyi

အသုံးမခ်တတ္ရင္ တန္ဖိုးမဲ့ေနမွာပဲ

တစ္ခါက ေ႐ႊတူးသမားတေယာက္က ပန္းၿခံထဲမွာ အိမ္ေလးတလုံး ေဆာက္ၿပီးေနပါတယ္။ ေ႐ႊတူးသမားဟာ သူ႔ရဲ႕ေ႐ႊဒဂၤါးေတြကို ပန္းၿခံထဲက ေက်ာက္တုံးေတြရဲ႕ ေအာက္မွာ ေျမတူးၿပီး ျမဳ႕ပ္ထားခဲ့ပါတယ္။

ေန႔တိုင္း အိပ္ရာမဝင္မီ ေ႐ႊတူးသမားဟာ ေက်ာက္တုံးေတြနားကို သြားေလ့ ရွိပါတယ္။ ထိုေက်ာက္တုံးေတြနားမွာ ေ႐ႊဒဂၤါးေတြကိုေရတြက္ၿပီး ေ႐ႊေတြကို ျမဳ႕ပ္ႏွံေလ့ရွိပါတယ္။ ေန႔တိုင္းလိုလို ထိုအလုပ္ကို လုပ္ေလ့ရွိပါတယ္။

ဒါေပမယ့္ တစ္ႀကိမ္မွာေတာ့ ျမဳပ္ႏွံမယ့္ ေ႐ႊေတြကို သူသုံးလိုက္မိပါတယ္။တစ္ေန႔မွာ ေ႐ႊတူးသမားရဲ႕ အက်င့္ကိုသိတဲ့ သူခိုးတစ္ေယာက္က ေ႐ႊတူးသမားအိမ္ထဲ ျပန္ဝင္သြားတာကို ေစာင့္ေနပါတယ္။

အေမွာင္ထုႀကီးစိုးလာတဲ့ အခါမွာေတာ့ သူခိုးဟာ ေ႐ႊေတြ ျမဳပ္ႏွံထားတဲ့ ေနရာကို သြားၿပီး ေ႐ႊဒဂၤါးေတြကို တူးေဖာ္ၿပီး ခိုးသြားပါေတာ့တယ္

ေနာက္တစ္ေန႔မွာေတာ့ ေ႐ႊတူးသမားက သူ႔ရဲ႕ေ႐ႊေတြ ေပ်ာက္ ဆုံးေၾကာင္း သိရွိသြားၿပီး ေအာ္ႀကီးဟစ္က်ယ္ ေအာ္ငိုပါေတာ့တယ္။

ေ႐ႊတူးသမားရဲ႕အိမ္နီးနားခ်င္းေတြက ေ႐ႊတူးသမား ငိုသံကို ၾကားတဲ့အခါမွာ ဘာျဖစ္သလဲ လို႔ စပ္စု ၾကပါတယ္။

အေၾကာင္းစုံကို သိတဲ့ အခါမွာေတာ့ အိမ္နီးနားခ်င္းတေယာက္က ေမးပါတယ္။

“ ေ႐ႊဒဂၤါးေတြကို ဘာလို႔မ်ား အိမ္ထဲမွာ မထားရ တာလဲ။ တခုခုကို ခင္ဗ်ားဝယ္ ထား လိုက္ရင္ ေငြအျဖစ္ေျပာင္းလို႔ေတာင္ လြယ္ေသးတာကို ” “ ဝယ္ရမယ္ ၊ ဟုတ္လား ” လို႔ ေ႐ႊတူးသမားက ေရ႐ြတ္လိုက္ပါတယ္။

“ ငါက အဲဒီ့ေ႐ႊေတြကို ဘယ္တုန္းကမွ မသုံးခ်င္ခဲ့ဘူးေလ ”

အဲဒါကို ၾကားတဲ့ အိမ္နီးခ်င္းက ေက်ာက္တုံးတတုံးကို အိမ္ထဲကေန လႊင့္ပစ္လိုက္ၿပီး ေျပာလိုက္ပါတယ္။“ ဒီကိစၥမွာ ေက်ာက္တုံးေတြကို သိမ္းထားသလိုေပါ့။ ခု လႊင့္ပစ္လိုက္ရင္ တန္ဖိုးမရွိဘူး ၊ အဲဒီလိုပဲ၊ ေ႐ႊေတြ ခုဆုံးရႈံးသြားေတာ့ မင္းမွာဘာ တန္ဖိုးရွိ တာ က်န္ခဲ့လို႔ လဲ။

အဲဒါေၾကာင့္ အေစာႀကီးထဲက ေ႐ႊေတြကို ေရာင္းၿပီး မင္းအတြက္ တန္ဖိုးရွိတာ တခုခု ဝယ္ထားလိုက္ရမွာ ”သင္ခန္းစာ ။ ။ ဒီပုံျပင္ထဲကလို ကိုယ္ပိုင္ဆိုင္ထားသမွ်ကို ကိုယ့္အတြက္ တန္ဖိုးရွိစြာ အသုံးမခ်ဘဲ စုေဆာင္းထားျခင္း က အဓိပၸါယ္ မရွိ ပါဘူး။

ကိုယ္ ပိုင္ဆိုင္ ထားသမွ်ကို ကိုယ္ဘယ္လို အသုံးခ်သလဲ ဆိုတာကသာ တန္ဖိုးျဖစ္ပါတယ္လို႔ သင္ခန္းစာေပးထားတာ ျဖစ္ပါတယ္။

ေျပာခ်င္တာက သင္မွာ ဘယ္ ေလာက္ပဲ အရည္အခ်င္းရွိရွိ ၊ သင့္မွာ ဘယ္ေလာက္ပဲ အဖိုးတန္တာေတြ ပိုင္ဆိုင္ပါေစ၊ တန္ဖိုး ရွိတဲ့ ေနရာ မွာ အသုံးမခ် ဘူး ဆိုရင္ ထိုအဖိုးတန္ပစၥည္းကလည္း တန္ဖိုးမဲ့ေနတာပါပဲ လို႔ ဆိုလိုခ်င္တာ ျဖစ္ပါတယ္။

Credit

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …