ကြက်ဥအကာ အသုံးပြုနည်း လျှို့ဝှက်ချက် - YATHAZONE

ကြက်ဥအကာ အသုံးပြုနည်း လျှို့ဝှက်ချက်

Health

ကြက်ဥအကာ အသုံးပြုနည်း လျှို့ဝှက်ချက်

အဆီအရမ်းပြန်နေရင်…

အဆီတွေ အရမ်းပြန်တတ်တယ်ဆိုရင် ကိုယ်ရဲ့ အလှကို ဖျက်စီးတာကတော့ အမှန်ပါပဲ။ ဒီမျက်နှာပေါ်က အဆီတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရပါတယ်။

အမြုပ်ထအောင် လုပ်ထားတဲ့ ကြက်ဥအကာထဲကို အုတ်ဂျူံ နဲ့ရောပြီးတော့ မျက်နှာပေါ်မှာ mask လိုမျိုးလေး လိမ်းပြီးတော့ မိနစ်အနဲငယ်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

မျက်အိပ်တွေ ရောင်နေခဲ့ရင်…

တချို့တွေက မျက်အိပ်ရောင်နေလို့ ဆိုပြီး ပစ္စည်းတွေကို ဈေးတွေ အများကြီး ပေးပြီး ဝယ်သုံးကြတာ ကို တွေ့ကြရပါတယ်။

တကယ်တော့ အိမ်မှာ လွယ်လွယ်ကူကူရတာကို သူတို့ သတိမထားမိလို့ပါ။ ငွေလဲ မကုန်ဘူး၊ လုပ်ရတာလဲ လွယ်တယ်…. စတဲ့ အားသာချက်တွေ ရှိပါတယ်။

ကြက်ဥအကာကို မျက်အိပ်ပေါ်မှာ လိမ်းပြီး ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ တစ်ရက်ခြား တစ်ခါလောက် လုပ်ပေးလိုက်ပေါ့။

ဝက်ခြံတွေကို သက်သာစေမယ်…

ကြက်ဥအကာမှာပါတဲ့ ပရိုတင်းဟာ ရောင်းရမ်းတာတွေကို လျော့နည်းစေပါလိမ့်မယ်။ အနာကိုလဲ အကျက်မြန်စေပါတယ်။ ညမအိပ်ခင်မှာ ကြက်ဥအကာကို ဝက်ခြံဖုလေးတွေပေါ်မှာ တို့လိမ်းပြီး မနက်မိုးလင်းအိပ်ရာက နိုးရင် မျက်နှာသစ်လိုက်ပေါ့။

ဝက်ခြံတွေကြောင့် ရောင်းရမ်းတာတွေကို လျော့ပေးတဲ့အပြင် အမည်းစက်တွေနဲ့ အမာရွတ်တွေကိုပါ ဖယ်ရှားပေးနိုင်တယ်။

ဆဲလ်သေတွေကို ဖယ်ရှားမယ်…

မျက်နှာပေါ်မှာ ဆဲလ်သေတွေက နေရာယူနေမယ်ဆိုရင် မျက်နှာက ညိုနေတာတို့ ခြောက်နေတာတို့နဲ့ မလှပဲ ဖြစ်နေပါလိမ့်မယ်။

ဒီလို ဆဲလ်သေတေ့ကို ဖယ်လိုက်တဲ့အခါ မျက်နှာလေးက ကြည်ပြီးတော့ ဝင်းလာပါလိမ့်မယ်။ ကြက်ဥအကာထဲကို အုတ်ဂျုံနဲ့ ပျားရည်ကို လက်ဖက်စားဇွန်း ၁ ဇွန်း ရောမွှေပါ။

လက်ချောင်းထိပ်လေးတွေနဲ့ ယူပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံလေးတွေနဲ့ ညင်သာစွာ လိမ်းပေးပေါ့နော်။ မိနစ်နဲနဲကြာလာရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ လုပ်ပေးပါ။

ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားမယ်…

ဦးရေပြားက အဆီတွေ အရမ်းထွက်ပြီးတော့ ဆံပင်ကြီးက အဆီတွေကြောင့် ပြားကပ်ကပ်ကြီး ဖြစ်နေပြီး ရုပ်ဆိုးနေပါလိမ့်မယ်။

အဆီတွေကို ထိန်းသိမ်နိုင်အောင်လို့ ကြက်ဥအကာကို ဦးရေပြားပေါ်တင်ပြီး မိနစ်အနဲငယ်ထားပြီး ရေဆေးချလိုက်ပါ။ ပြီးရင် လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ သိသာပါတယ်။

Conditioner အနေနဲ့ရော…

ဆံကေသာကို ပျော့ပျောင်း နူးညံ့သွားအောင်လဲ ကြက်ဥအကာက စွမ်းသေးပါတယ်နော်။

ကြက်ဥအကာကို ယူပြီးတော့ ဒိန်ချဉ်နဲ့ သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်းဆီ သမအောင် မွှေပြီး ဦးရေပြားပေါ်လိမ်းထား လိုက်ပါ။

ဆံပင် အတို အရှည်ပေါ် မူတည်ပြီး ၃လုံး ၄ လုံးလောက် အသုံးပြုပေးပါ။ ပြီးရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ရောထားတဲ့ အရေကို သန့်စင်အောင် ဆေးချပါ။ တကယ်ကို ထိရောက်ပါတယ်။

ဒါလေးတွေကတော့ ကြက်ဥကရတဲ့ အလှအပရေးရာအတွက် နည်းလမ်းလေးတွေပါ။ တကယ်ကို လွယ်ပြီးတော့ အဆင်ပြေပါတယ်။

#Credit

Zawhyi

ၾကက္ဥအကာ အသုံးျပဳနည္း လွ်ိဳ႕ဝွက္ခ်က္

အဆီအရမ္းျပန္ေနရင္…

အဆီေတြ အရမ္းျပန္တတ္တယ္ဆိုရင္ ကိုယ္ရဲ႕ အလွကို ဖ်က္စီးတာကေတာ့ အမွန္ပါပဲ။ ဒီမ်က္ႏွာေပၚက အဆီေတြကို လြယ္လြယ္ကူကူ ေျဖရွင္းလို႔ ရပါတယ္။

အျမဳပ္ထေအာင္ လုပ္ထားတဲ့ ၾကက္ဥအကာထဲကို အုတ္ဂ်ဴံ နဲ႔ေရာၿပီးေတာ့ မ်က္ႏွာေပၚမွာ mask လိုမ်ိဳးေလး လိမ္းၿပီးေတာ့ မိနစ္အနဲငယ္ထားၿပီး ေရေအးနဲ႔ ေဆးခ်လိုက္ပါ။

မ်က္အိပ္ေတြ ေရာင္ေနခဲ့ရင္…

တခ်ိဳ႕ေတြက မ်က္အိပ္ေရာင္ေနလို႔ ဆိုၿပီး ပစၥည္းေတြကို ေဈးေတြ အမ်ားႀကီး ေပးၿပီး ဝယ္သုံးၾကတာ ကို ေတြ႕ၾကရပါတယ္။

တကယ္ေတာ့ အိမ္မွာ လြယ္လြယ္ကူကူရတာကို သူတို႔ သတိမထားမိလို႔ပါ။ ေငြလဲ မကုန္ဘူး၊ လုပ္ရတာလဲ လြယ္တယ္…. စတဲ့ အားသာခ်က္ေတြ ရွိပါတယ္။

ၾကက္ဥအကာကို မ်က္အိပ္ေပၚမွာ လိမ္းၿပီး ေျခာက္ေအာင္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ပါ။ တစ္ရက္ျခား တစ္ခါေလာက္ လုပ္ေပးလိုက္ေပါ့။

ဝက္ၿခံေတြကို သက္သာေစမယ္…

ၾကက္ဥအကာမွာပါတဲ့ ပ႐ိုတင္းဟာ ေရာင္းရမ္းတာေတြကို ေလ်ာ့နည္းေစပါလိမ့္မယ္။ အနာကိုလဲ အက်က္ျမန္ေစပါတယ္။ ညမအိပ္ခင္မွာ ၾကက္ဥအကာကို ဝက္ၿခံဖုေလးေတြေပၚမွာ တို႔လိမ္းၿပီး မနက္မိုးလင္းအိပ္ရာက ႏိုးရင္ မ်က္ႏွာသစ္လိုက္ေပါ့။

ဝက္ၿခံေတြေၾကာင့္ ေရာင္းရမ္းတာေတြကို ေလ်ာ့ေပးတဲ့အျပင္ အမည္းစက္ေတြနဲ႔ အမာ႐ြတ္ေတြကိုပါ ဖယ္ရွားေပးႏိုင္တယ္။

ဆဲလ္ေသေတြကို ဖယ္ရွားမယ္…

မ်က္ႏွာေပၚမွာ ဆဲလ္ေသေတြက ေနရာယူေနမယ္ဆိုရင္ မ်က္ႏွာက ညိဳေနတာတို႔ ေျခာက္ေနတာတို႔နဲ႔ မလွပဲ ျဖစ္ေနပါလိမ့္မယ္။

ဒီလို ဆဲလ္ေသေတ့ကို ဖယ္လိုက္တဲ့အခါ မ်က္ႏွာေလးက ၾကည္ၿပီးေတာ့ ဝင္းလာပါလိမ့္မယ္။ ၾကက္ဥအကာထဲကို အုတ္ဂ်ဳံနဲ႔ ပ်ားရည္ကို လက္ဖက္စားဇြန္း ၁ ဇြန္း ေရာေမႊပါ။

လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ယူၿပီး မ်က္ႏွာေပၚမွာ စက္ဝိုင္းပုံေလးေတြနဲ႔ ညင္သာစြာ လိမ္းေပးေပါ့ေနာ္။ မိနစ္နဲနဲၾကာလာရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးလိုက္ပါ။ တစ္ပတ္ကို ၂ ႀကိမ္ေလာက္ပဲ လုပ္ေပးပါ။

ဦးေရျပားေပၚက အဆီေတြကို ဖယ္ရွားမယ္…

ဦးေရျပားက အဆီေတြ အရမ္းထြက္ၿပီးေတာ့ ဆံပင္ႀကီးက အဆီေတြေၾကာင့္ ျပားကပ္ကပ္ႀကီး ျဖစ္ေနၿပီး ႐ုပ္ဆိုးေနပါလိမ့္မယ္။

အဆီေတြကို ထိန္းသိမ္ႏိုင္ေအာင္လို႔ ၾကက္ဥအကာကို ဦးေရျပားေပၚတင္ၿပီး မိနစ္အနဲငယ္ထားၿပီး ေရေဆးခ်လိုက္ပါ။ ၿပီးရင္ ေလွ်ာ္ေနက် ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္လိုက္ပါ။ သိသာပါတယ္။

Conditioner အေနနဲ႔ေရာ…

ဆံေကသာကို ေပ်ာ့ေပ်ာင္း ႏူးညံ့သြားေအာင္လဲ ၾကက္ဥအကာက စြမ္းေသးပါတယ္ေနာ္။

ၾကက္ဥအကာကို ယူၿပီးေတာ့ ဒိန္ခ်ဥ္နဲ႔ သံလြင္ဆီ လက္ဖက္စားဇြန္း ၁ ဇြန္းဆီ သမေအာင္ ေမႊၿပီး ဦးေရျပားေပၚလိမ္းထား လိုက္ပါ။

ဆံပင္ အတို အရွည္ေပၚ မူတည္ၿပီး ၃လုံး ၄ လုံးေလာက္ အသုံးျပဳေပးပါ။ ၿပီးရင္ေတာ့ ေလွ်ာ္ေနက် ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ၿပီး ေရာထားတဲ့ အေရကို သန႔္စင္ေအာင္ ေဆးခ်ပါ။ တကယ္ကို ထိေရာက္ပါတယ္။

ဒါေလးေတြကေတာ့ ၾကက္ဥကရတဲ့ အလွအပေရးရာအတြက္ နည္းလမ္းေလးေတြပါ။ တကယ္ကို လြယ္ၿပီးေတာ့ အဆင္ေျပပါတယ္။

#Credit

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္

ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္ အလုပ္မွာ ေက်ာင္းမွာ ေန႔စဥ္ေတြ႕ေနရေသာ သူေတြထဲမွာ အျပင္ပိုင္းလွသေလာက္ စကားေျပာၾကည့္ရင္ ပါးစပ္ကနံတာကို သတိမထားမိၾကေသာသူက ေတာ္ေတာ္မ်ားပါတယ္။ ပါးစပ္နံလိုက္တာလို႔ ေျပာျပန္ရင္လည္း ႐ိုင္းရာက်မွာပါ။ သူမ်ားကို မေျပာခင္ ကိုယ္ကမနံေအာင္ ဘယ္လို လုပ္သင့္သလဲ။ ၁. ေသေသခ်ာခ်ာ ဝါးစားပါ အစားကို စားေသာအခါ ေသေသခ်ာခ်ာ ဝါးစားျခင္းျဖင့္ ပါးစပ္အတြင္းမွာ လိုအပ္ေသာဓါတ္ (သို႔) တံေထြးကို ထြက္ေစပါတယ္။ ခံတြင္းတံေထြး မ်ားမ်ားထြက္ေစျခင္းဟာ ခံတြင္း၏ ေျခာက္ေသြ႕မူကို ကာကြယ္ႏိုင္ၿပီး ပါးစပ္နံတာကိုလည္း ကာကြယ္ႏိုင္ပါသည္။ ပီေကစားရင္လည္း အဆင္ေျပမွာပါ။ ၂. ထမင္းကို ေတာ္႐ုံသာစားပါ ထမင္းကို ဗိုက္အျပည့္ စားေသာအခါ ကိုယ္ခႏၶာအတြင္းမွာ ရွိေသာ အစာအိမ္ …

Health
ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္

ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္… ေျခေထာက္ေတြက သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား ကြၽန္ေတာ္တို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။ ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါ့ေၾကာင့္ … ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။ …