အမုန်းခံအလှ - YATHAZONE

အမုန်းခံအလှ

Knowledge

အမုန်းခံအလှ

” ဖေဖေ.. ဒီဖိတ်စာ သမီးကိုပေးနော်… သိမ်းထားချင်လို့”

ရှစ်တန်းကျောင်းသူ သမီးငယ်က ဖိတ်စာကိုအိတ်နဲ့တကွ အပိုင်ယူလိုက်သည်။
” အဲ့ဒီ ဖိတ်စာတစ်စောင်ကို နှစ်ရာကျတယ်တဲ့…..”

ဒေါ်မြအေးက စျေးသည်ပီပီ ကျောက်ဆည်စျေးထဲမှာ သတင်းကြားခဲ့ပြီ။

” ဆန်းသစ်လွင် ရုပ်ရှင်ရုံမှာ မင်္ဂလာဆောင်မှာတဲ့ မေမေရ၊ ဖိတ်စာထဲမှာပါတယ်”

” ဟုတ်တယ်…ရန်ကုန်ပုံစံအတိုင်းကျွေးမှာတဲ့။ ဖိတ်တာတောင်ခွဲတမ်းနဲ့၊တစ်ယောက်ကို ကျွေးမယ့်တန်ဖိုးကပဲ ဘယ်နှထောင်ဖိုးဆိုလားး သတိုးသားဖက်က တစ်ရာ့ငါးဆယ်။သတိုးသမီးဖက်က တစ်ရာ့ငါးဆယ်။တစ်ကယ့်မျက်နှာကြီးတွေချည်းရွေးဖိတ်တာတဲ့…..။အိမ်ရှေ့တိုက်ကတောင် သူတို့နဲ့ခင်လျက်သားနဲ့မဖိတ်လို့ စိတ်ဆိုးနေတယ်။

ဒေါ်မြအေးသတင်းကပိုစုံတယ် ”

အဲ့ဒီအထဲမှာငါ့ဖိတ်တာ..ဂုဏ်ယူစရာပေါ့ကွ”

ဆရာဦးဘဖြူက သမီးလက်မှဖိတ်စာကိုလှမ်းကြည့်လိုက်သည်။

” ဂုဏ်ယူတာက ဟုတ်ပါရဲ့၊ဖိတ်စာကနှစ်ရာကျွေးမှာက သုံးရာ့ငါးဆယ်။အနည်းဆုံးလက်ဖွဲ့မယ့်လူက ငါးထောင်တစ်သောင်းလောက်မှလှမှာတဲ့။
စျေးထဲမှာပြောနေကြတယ်။ ရှင့်မူလတန်းကျောင်းအုပ်အငြိမ်းစားလစာနဲ့ ဘယ်လောက်လက်ဖွဲ့နိုင်မှာလဲ”

” ဟ….ဒါကတော့ရှင်းနေတာပဲကွာ။ငါလို ဆရာအိုကြီးကဘာလက်ဖွဲ့နိုင်မှာလဲ၊ သူတို့လဲသိတာပေါ့ ၊ လာစေချင်လို့ဖိတ်တာ သွားလိုက်ရုံပေါ့ ”

” ဘာမှလက်မဖွဲ့ပဲနဲ့လား ”
” အေးပေါ့..”
” အဲ့ဒါဆိုရင်တော့ မသွားနဲ့၊ သူဌေးတွေကြားမှာ အားနာစရာကြီး ”
” မမြအေးရာ… သူဌေးတွေက
ဘယ်လောက်လက်ဖွဲ့နိုင်မှာလဲကွ၊တစ်သိန်းလား၊ဆယ်သိန်းလား။ ငါကသူတို့ထက် တန်းဖိုးကြီးကြီးလက်ဖွဲ့ပြီးပါပြီကွာ”

ဆရာကြီးက ပြတင်းပေါက်မှတစ်ဆင့် အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ မူလတန်းကျောင်းကလေးကိုမြင်ယောင်လျက်…..

လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်က…..
ဆရာဦးဘဖြူကျောင်းမှာစည်းကမ်းကောင်းသည်။ အသင်အပြကောင်းသည်ဟုနာမည်ကြီးသည်။ လေးတန်းအောင်ချက်လည်းအကောင်းဆုံးကျောင်းဖြစ်သည်။

ဆရာဦးဘဖြူက ကျောင်းအုပ်ဆိုသော်လည်း လေးတန်းမှာ သင်္ချာနှင့်မြန်မာစာ ကိုယ်တိုင်သင်သည်။ တစ်နေ့တွင် လေးတန်းသို့ မြန်မာစာသင်ရန် ၀င်သွားစဉ် ကျောင်းသူအသစ်မိန်းကလေးကို သတိထားမိသည်။

ဖြူဖြူသန့်သန့် ချောချောလေး။ ထုံးစံအတိုင်း ဦးဘဖြူအချိန်မှာ တစ်တန်းလုံးငြိမ်သက်နေသည်။ဦးဘဖြူကလက်ထဲမှာလည်းပါနေကျကြိမ်လုံးရှည်ရှည်ကြီးနှင့်။ယနေ့သင်ကြားမည့်ခေါင်းစဉ်ကိုပြောလိုက်သည်။ ကျောင်းသူကျောင်းသားအားလုံး စာအုပ်များကိုအသင့်ဖွင့်လှန်ထားကြ၏။

ဦးဘဖြူက ကျောင်းသူအသစ်ဆီသို့ လှမ်းကြည့်လိုက်သည်။မန်းကလေးခေါင်းငုံ့သွားသည်။
” ဟိုကလေးမ..ဖတ်စမ်း..”

ဦးဘဖြူကလက်ထဲမှာ ကြိမ်လုံးဖြင့် ညွှန်ပြလိုက်သည်။ မိန်းကလေး၏ ကိုယ်လုံးကလေးတုန်သွားသည်ကို သတိထားမိလိုက်သည်။ မိန်းကလေးမတ်တက်ထသည်။ ဖတ်စာ၏ပထမစာပိုဒ်ကိုစဖတ်ရန် အားယူလိုက် နှာခေါင်းတစ်ချက်ရှုံ့ပြီး မျက်နှာကထောင့်တန်းအကြောဆွဲပြီး မျက်တောင်သုံးခါဆက်ခတ်ပီးမှအသံထွက်လာသည်။

” ဘယ်လိုဖြစ်တာပါလိမ့်”

မိန်းကလေးက စာနည်းနည်းဖတ်လိုက်။နှာခေါင်းရှုံ့၊အကြောတွန့်လိုက်၊မျက်တောင်ခတ်လိုက်ဖြစ်နေသည်။စာပိုဒ်ဆုံးခါနီးပြီ

ဖြန်း….. ဦးဘဖြူကသူ့ရှေ့မှစားပွဲကို လက်ထဲမှကြိမ်လုံးဖြင့် ပြင်းထန်စွာရိုက်လိုက်သည်။စာဖတ်နေသောမိန်းကလေးသာမက တစ်တန်းလုံးတုန်လှုပ်သွားကြသည်။

” ရပ်စမ်း…မင်းနာမည်ဘယ်သူလဲ” ” သီ..သီတာမိုး..ပါ ”

ဖြန်းးးးမိန်းကလေးနှာခေါင်းရှုံ့၊အကြောတွန့်လိုက်၊မျက်တောင်ခတ်လို့ဦးဘဖြူက ကြိမ်လုံးဖြင့် စားပွဲကိုရိုက်လိုက်သည်။

” မင်းဘယ်လိုဖြစ်လို့ နှာခေါင်းရှုံ့၊အကြောတွန့်လိုက်၊မျက်တောင်ခတ်လိုက် လုပ်နေတာလဲ” သီတာမိုးဘာမှမဖြေနိုင်။အကြောက်လွန်ပြီး တုန်နေသည်။မျက်လုံးထဲမှာလဲ မျက်ရည်များရစ်ဝဲနေကြပြီ။

” သူ့မှာ သူငယ်နာရောဂါရှိလို့ ဆရာကြီး”
မိန်းကလေးဘေးမှ မြမြစန်းက ထဖြေသည်။

” ဘာသူငယ်နာရောဂါလဲ၊ မလိုချင်ဘူး.. သူငယ်နာဆိုရင်လည်း ပျောက်အောင်ဖျောက်ရမယ်။နောက်တစ်ခါထပ်မေးမယ်။နှာခေါင်းမရှုံ့နဲ့၊အကြောမတွန့်နဲ့်၊မျက်တောင်မခတ်နဲ့
မင်းနာမည်ဘယ်သူလဲပြော..”

သီတာမိုးဖြေရန်ကြိုးစားသည်နှင့် နှာခေါင်းကရှုံ့သွားသည်။ ဖြန်းးးးး ” မလုပ်နဲ့လို့ပြောတာမရဘူးလားးး ပြန်ဖြေ.. မင်းနာမည်ဘယ်သူလဲ ” သီတာမိုးမဖြေနိုင်ပါ။ပါးပေါ်သို့မျက်ရည်များစီးကျလာသည်။ကျောင်းသူ ကျောင်းသားများအားလုံးသီတာမိုးကိုသနားပီးဆရာကြီးကိုမကျေမနပ်ဖြစ်နေကြသည်။

“ဟဲ့..ဖြေလေ..”

” သီ..တာမိုး..” နှာခေါင်းမရှုံ့၊အကြောမတွန့်၊မျက်တောင်မခတ်အောင် သတိထားပီး ပြောလိုက်သည်နဲ့တစ်ပြိုင်နက် တစ်ချက်ရှိုက်လိုက်သည်။

” ထိုင်တော့…နောက်ကို စာဖတ်ရင်၊စာမေးလို့ဖြေရင် နှာခေါင်းမရှုံ့နဲ့၊အကြောမတွန့်နဲ့်၊မျက်တောင်မခတ်နဲ့ငါမကြိုက်ဘူး” သီတာမိုးထိုင်လိုက်သည်။မျက်ရည်များက အဆက်မပြတ်စီးဆင်းနေလျက် ရှိုက်လိုက်သည့်အခါ ကိုယ်ကလေးတုန်ခါသွားရှာသည်။

နောက်တစ်နေ့တွင် ဦးဘဖြူ၏ရုံးခန်းသို့ သီတာမိုးအဖေ ဦးမြတ်မိုးရောက်လာသည်။ဦးဘဖြူမျှော်လင့်ထားပါ၏။ ” ဆရာကြီး..ကျွန်တော်သမီးလေးက ကျောင်းသွားရင် ဆရာကြီးနဲ့တွေ့ရမှာ သိပ်ကြောက်နေတယ်။သူ့မှာ သူငယ်နာရောဂါရှိတော့ မျက်ကြောကဆွဲနေတယ်။ ကျွန်တော်တို့လည်း နည်းအမျိုးမျိုးနဲ့ကုနေတာ မပျောက်သေးလို့ပါ”

ဦးမြတ်နိုးပြောပုံက တောင်းတောင်းပန်ပန်။ ” ကျွန်တော်ပျောက်အောင်လုပ်နိုင်ပါတယ်။မိဘကသာ ကလေးကိုကျောင်းထုတ် ကျောင်းပြောင်းမလုပ်ဖို့၊ တောင်းပန်ပါတယ်”

” သမီးအမေကလည်း တော်တော်စိတ်မကောင်းဖြစ်နေတယ် ” ” ကလေးအမေကိုနားလည်အောင်ရှင်းပြပေးပါဗျာ..သူ့သမီးလေးကောင်းဖို့ပါ ”

” ကျွန်တော်လည်းသူ့ကိုအဲ့လို မလုပ်ဖို့ပြင်းပြင်းထန်ထန်ပြောပြီးပြီ၊ မရဘူးဆရာကြီး..အကြောကဖြစ်နေတာ” ဦးဘဖြူခေါင်းကိုအသာအယာ ခါပြစ်လိုက်သည်။
” မိဘလောက် ကြောက်ရုံနဲ့တော့မရပါဘူး။ ဖျောက်လို့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကလေးရဲ့ရုပ်ကလေးကသိပ်လှတယ်။ ငယ်ငယ်နဲ့ပျောက်အောင်မဖျောက်ရင် ကြီးတဲ့အခါ အလှပျက်ရှာလိမ့်မယ် ”

” သူ..ဆရာကြီးကို သိပ်ကြောက်ပီးသိပ်မုန်းသွားလိမ့်မယ်။ခုတောင်ဆရာကြီးကိုမုန်းတယ်။အဲ့ကျောင်းမှာမနေချင်တော့ဘူးလို့
ပြောနေတယ်” ”

သူလှသွားရင်ပြီးတာပဲဗျာ။မုန်းချင်မုန်းပါစေ။ခင်ဗျားတို့ကသာ ကလေးကိုကျောင်းမပြောင်းပစ်ပါနဲ့။သူ့ဘဝလေးကောင်းသွားအောင်ကြိုးစားပါရစေ.. ”

” ဆရာကြီးရဲ့စေတနာကို..ကျွန်တော်နားလည်ပါတယ်” ” နားလည်ရင်….ကျွန်တော့ကိုပြင်ခွင့်ပြုပါဗျာ” ဒါလေးပျောက်သွားရင် ခင်ဗျားတို့မိဘတွေက ကျွန်တော်ထက် ပို၀မ်းသာကြရမှာပါ”

ဆရာကြီးဦးဘဖြူကို ကြည့်ပြီး ဦးမြတ်နိုင်းခေါင်းညိတ်ပြလိုက်ပါသည်။ ဦးဘဖြူ လေးတန်းကို၀င်မိသည်နှင့်သီတာမိုးနေရာကိုလှမ်းကြည့်လိုက်သည်။ တွေ့ရသည် သူ့မိဘများကို ကျေးဇူးတင်မိလိုက်သည်။ ကလေးခမျာမှာတော့ အတော်လေးကြောက်နေရှာသည်။ ခေါင်းကလေးကိုငုံ့ထားသည်။

သို့သော် မတတ်နိုင် ” ကဲ..မင်းထ..” ကြိမ်လုံးကြီးက သီတာမိုးထံသို့ ထိုးပြလျက်…
” ငါပြောတာကို သေချာမှတ်ထားသတိထား နှာခေါင်းမရှုံ့နဲ့၊အကြောမတွန့်နဲ့်၊မျက်တောင်မခတ်နဲ့ ကဲ စဖတ် ” သင်ခန်းစာအသစ်ကို သီတာမိုးစဖတ်သည်။

နှာခေါင်းရှုံ့တိုင်း..ဖြန်းးးးးးးး မျက်ကြောဆွဲတိုင်း.. ဖြန်းးးးးးးး မျက်တောင်ခတ်တိုင်း..ဖြန်းးးးး တစ်တန်းလုံးကြောက်ရွံ့စွာ ငြိမ်တိတ်လျက်။ ကြိမ်ချက်က အသားကိုထိသည်မဟုတ် စားပွဲကိုထိခြင်းဖြစ်သော်လည်း အသည်းကို ထိသလို သီတာမိုး ခံစားရသည်။

ဖြန်းခနဲမြည်သော ကြိမ်သံကြီးကိုကြောက်လွန်းပြီး နှာခေါင်းမရှုံ့အောင် အစွမ်းကုန် ထိန်းချုပ်ရသည်။ အခက်ဆုံးက မျက်ကြောဆွဲခြင်း။ ဒါကိုဖျောက်ဖို့ ပျောက်ပါ့မလား.. ထိန်းထားသည့်ကြားမှ အကြောကဆွဲသွားသည်။

ဖြန်း.. ” မတွန့်နဲ့ ဆက်ဖတ်…. ” ဆရာကြီး မျက်နှာက တင်းသည်။လေသံကမာသည်။ မျက်ကြောမဆွဲအောင် အစွမ်းကုန်ထိန်းချုပ်ရသည်။ စာတစ်လုံး တုတ်တစ်ချက်နှင့် စာတစ်ပိုဒ် ပြီးရသည်။

ဆရာကြီးဦးဘဖြူ စာမေးစရာရှိတိုင်းလည်း သီတာမိုး မလွတ်စေရ။ ဖြေရတိုင်းလည်း ကြိမ်သံက ညံမစဲ။

” ဖြေလေ..” ဖြေသည်။တွန့်သည်။ ဖြန်း.. ” မတွန့်ပဲနဲ့ ဖြေ..” သီတာမိုးမျက်ရည်များကြားမှ ဆရာကြီးကိုမုန်းတီးစွာ လှမ်းကြည့်သည်”

” မုန်းတယ်…မုန်းတယ်…သိပ်မုန်းတယ်…” သီတာမိုးစိတ်ထဲမှာ အော်ဟစ်မိနေခြင်းဖြစ်သည်။ ဆရာကြီးသိပါသည်။ ဆရာကြီးစိတ်နားဖြင့်ကြားပါသည်။ ” မုန်းချင်မုန်းတော့ တစ်ပည့်ရေ..”

ဦးဘဖြူစိတ်မကောင်းစွာ တွေးမိသည်။ တပည့်မုန်းသည်၊ ကြောက်သည်ကိုမရချင်သော်လည်း သူ့အကျင့်ကမကြောက်လျှင် ပျောက်မည်မဟုတ်။
” ဆရာအတွက်မဟုတ်ပါဘူး တစ်ပည့်ရေ ။ တစ်ပည့်အတွက်ပါ…. ” ဦးဘဖြူရင်ထဲမှာ တောင်းပန်နေမိသည်။သို့သော်မတတ်နိုင်။သူလှဖို့ ကိုယ်အကျည်းတန်ရတော့မည်။

နေ့စဉ်ရက်ဆက် အငေါက်ခံ၊ အခြောက်ခံနေရတော့ မိန်းကလေးခမျာ အကြောက်ကြီးကြောက်ပီး အကြောမတွန့်ရန် အစွန်းကုန် သတိထားထိန်းချုပ်ရသည်။

တစ်ရက်ထက်တစ်ရက်၊ တစ်လပြီးတစ်လ လျော့နည်းလာသောအခါ အားတက်ရသည်။ နှာခေါင်းရှုံ့သည်က အရင်ပျောက်သွားသည်။ အကြောက တွန့်နေဆဲ၊အကြောမတွန့်လျင်မျက်တောင်ကမခတ်တော့ပါ။ နေ့တိုင်းစာအမေးခံနေရတော့ တစ်ပြစ်က နှစ်ပြစ်မဖြစ်အောင်စာကိုလဲ ညက်ညက်ကျေအောင်ကျက်မှတ်ရသည်။

စာကြည့်ရင်လဲဆရာကြီး
စောင့်ကြည့်နေသလိုခံစားရပီး အကြောမတွန့်အောင် သတိထားနေရသည်။ တွန့်မိလျှင်နားထဲမှာ ဖြန်းခနဲမြည်သောကြိမ်သံကို ကြားရပြီးတွန့်သွားမိသည်။

စာကျက်သောအကျိုးကြောင့် ပထမအစမ်းတွင်တစ်တန်းလုံးမှာပထမရသည်။ ဒုတိယအစမ်းစာမေးပွဲပြီးသောအခါ ပထမရရုံသာမက အကြောဆွဲခြင်းပါ မရှိတော့လောက်အောင် ပျောက်သွားသည်။ သို့သော်ဦးဘဖြူက မလျှော့သေး။နေ့စဉ်အတန်းထဲမှာ စာမေးရုံသာမကအပြင်မှာတွေ့လျှင်လည်း အလစ်အငိုက်ဖမ်းပီး မေးမြန်းနှုတ်ဆက်သည်။

အကြောတွန့်လျှင် ငေါက်သည်။ဆူသည်။ လေးတန်းစာမေးပွဲတွင် သီတာမိုး တစ်မြို့နယ်လုံးမှာပထမရသည်။ အကြောတွန့်ခြင်းသည် လုံးဝပျောက်သွားသည်။

သို့သော်ရိုးရိုးအောင်သော တပည့်များက ဦးဘဖြူကိုလာကန်တော့ကျသော်လည်း သီတာမိုးလုံး၀မလာ။ ကျောင်းထွက်လက်မှတ်ကိုပင် ကိုယ်တိုင်လာမယူတော့ပါ။ တစ်မြို့ထဲမှာမို့ တစ်ခါတစ်ရံလမ်းမှာဆုံမိလျှင်လည်း ဦးဘဖြူကိုမြင်သည်နှင့် ဝေးရာပြေးတော့သည်။

” အေးလေ.. ဘယ်လိုပဲဖြစ်ဖြစ် သူ့အကျင့်ဆိုးလေး ပျောက်ပီး သူ့ဘဝလေးလှသွားရင်ပြီးတာပါပဲ ”
ဆရာဦးဘဖြူ ကျေနပ်ပါသည်။

ဆန်းသစ်လွင်ရုပ်ရှင်ရုံရှေ့မှာ နောက်ဆုံးပေါ်ကားလှလှလေးတွေ တန်းစီနေ၏။ နောက်ထပ်လည်းကားလေးများ ရောက်လာနေကြဆဲ။ ဧည့်ကြိုများက ကားထားရန်နေရာပြကြသည်။

ကားတံခါးဖွင့်ပေးကြသည်။ ကားပေါ်မှဆင်းလာသူများမှာ အဖိုးတန်အ၀တ်အစားများနှင့်စိန်ရောင်၊ ရွှေရောင်တစ်ပြောင်ပြောင်တလက်လက်။ နှစ်ဖက်စလုံးမျက်နှာကြီးတွေမို့လာသူတွေကလည်း ထိတ်ထိတ်ကြဲတွေချည်း။ ကျောက်ဆည်မို့မှာကျင်းပသော မင်္ဂလာဆောင်များတွင် အခမ်းနားဆုံးဖြစ်သည်။

ဦးဘဖြူ ရောက်သွားသောအခါသူ့စက်ဘီးအိုလေးမှာ ထားစရာနေရာမရှိ။

” ဒီမှာဆရာကြီး.. ခင်ဗျားစက်ဘီးကို ဟိုဘက်ဘေး အုတ်တံတိုင်းနား သွားကပ်ထားလိုက်ပါ ”

ကြိုဆိုသူတစ်ယောက်ကခန်းမအလှပျက်မှာ စိုးရိမ်သည်။

” အေး..အေး.. ထားပါ့မယ်ကွာ..”

စက်ဘီးကို တွန်းယူသွားပြီးအုတ်တံတိုင်းဘေးမှာ ကပ်ထားလိုက်သည်။စက်ဘီးထားပြီးသည်နှင့်
မင်္ဂလာခန်းမဆီသို့ လျှောက်လာခဲ့၏၊ ” ကြွပါခင်ဗျာ..ကြွပါ..ဒီဘက်ကိုကြွပါ…ဒီမှာထိုင်ပါ ”

ဧည့်ကြိုများက ဂုဏ်သရေရှိဧည့်သည်များကို ဆီးကြိုပြီး ရိုသေလေးစားစွာ နေရာချပေးနေကြသည်။ ဦးဘဖြူမှာ ကျန်သည့်လူများနှင့်စာရင် အ၀တ်အဆင်က တောက်ပြောင်ခြင်းမရှိ။ ဧည့်ကြိုတွေများသော်လည်းဦးဘဖြူမှ ကြားချောင်ပြီးလွတ်နေသည်။

ခေါ်သူမရှိ နေရာပေးသူမရှိ ဘယ်စားပွဲထိုင်ရမှန်းမသိ လျှောက်ရင်းလျှောက်ရင်းနှင့် ရှေ့ဘက်ရောက်လာသည်။
” ဟော..ဟိုမှာ..ဆရာကြီးလာနေပီ ”

သတိုးသမီးဖခင်ဦးမြတ်မိုးကိုယ်တိုင် ဆရာကြီးကိုလာကြိုသည်။
” လာ ဆရာကြီး ဟိုရှေ့ကိုကြွ…”

ဦးမြတ်မိုးကဆရာကြီးလက်ကို ဆွဲခေါ်သွားသည်။ ခန်းမထိပ်ပိုင်းတွင် မင်္ဂလာသတို့သားနှင့်သတို့သမီးထိုင်ရန် နေရာကိုစင်မြင့်လေးပေါ်မှာ ထိုင်ခုံကြီးများ၊ ပန်းစိုက်ဖလားကြီးများနှင့် လှပစွာပြင်ဆင်ထားသည်။ ” ဒီမှာထိုင်ပါ…ဆရာကြီး ” သားရေုံးဆိုဖာကြီးတစ်ခုမှာ ဦးဘဖြူထိုင်ရသည်။

” အင်း..ဒါဟာ..ငါနဲ့တန်တဲ့နေရာ ငါထိုင်ရတာပဲ ”

အ၀တ်အစားပြောင်လက်ခြင်းမရှိသော်လည်း ဦးဘဖြူ သိမ်ငယ်ခြင်းမရှိပေ။ မင်္ဂလာအချိန်ကျသောအခါမင်္ဂလာအခမ်းအနားမှူး ဖိတ်ကြားချက်အရ သတို့သား၊ သတို့သမီး နှစ်ဖက်မိဘများ လူပျိုရံ၊ အပျိုရံများနှင့်တကွ မင်္ဂလာခန်းမထဲသို့ ၀င်လာကြသည်။ တီးဝိုင်းအဖွဲ့နှင့်
အဆိုတော်တစ်ဦးက

” အခါတော်ပေးတာက နတ်ရေးငယ်ရွေစာ ” သီချင်းကိုသီဆိုပေးသည်။ ခန်းမထဲမှာမီးများအားလုံးဖွင့်ပီး ထိန်လင်းသွားသည်။

” အို..ကြီးကျယ်ခမ်းနားလိုက်တဲ့ မင်္ဂလာဆောင်ကွာ၊ ဟန်ကျလိုက်တာ..”

သတို့သား သတို့သမီးအနီးသို့ရောက်သောအခါ အသေချာကြည့်နေမိသည်။ ” နေနဲ့လ ရွေနဲ့မြဆိုတာ ဒါမျိုးပါပဲဗျာ”
နှစ်ယောက်လုံးကဆရာ၀န်တွေ ဂုဏ်ချင်းလဲညီပါ။သတို့သားကလဲလူချော.. ဒါပေမဲ့ ငါ့တပည့်ကိုတော့ မမီဘူးးး ”

တပည့်ရဲ့အလှကို ဦးဘဖြူ ဂုဏ်ယူနေမိသည်။

” သြော်…..နှာခေါင်းရှုံ့လိုက်၊အကြောတွန့်လိုက်၊မျက်တောင်ခတ်လိုက်နဲ့ အကြည့်ရဆိုးတဲ့ ကောင်မလေး..ခုတော့ ချောလိုက်၊ လှလိုက်တာဗျာ၊ တကယ့်ကိုကျက်သရေ
ရှိတဲ့မျက်နှာလေး ”

အားလုံးပြီးလို့ စားသောက်ကြသောအခါ သတို့သားနှင့် သတို့သမီးက ဧည့်သည်များကိုလိုက်နှုတ်ဆက်သည်။ ပထမဆုံး နှုတ်ဆက်ဂါရဝြပုခံရသူက
ဆရာကြီး ဦးဘဖြူ။ သတို့သမီးရဲ့မျက်နှာလေးမှာ ပကတိ ကြည်လင်အေးချမ်းလျက်…” သီတာပြောတဲ့ ဆရာကြီး ဦးဘဖြူလေ ” သတို့သမီးကသတို့သားကိုမိတ်ဆက်ပေးသည်။

“ဆရာကြီးကို သိပ်ကျေးဇူးတင်ပါတယ်။ ဆရာကြီးကြောင့် ခုလိုချောလှလှလေးကို ကျွန်တော်ရတာ ” သတို့သားကလူသွက်၊ သတို့သမီးရှက်သွားသည်က ပိုပီးချစ်စရာအလှ….
” မဟုတ်ပါဘူး လူလေးရယ်…ဆရာတပည့်ကသူ့ဘာသာသူ လှတာပါ” ” မဟုတ်ဘူးဆရာကြီး..သီတာကအားလုံးပြောပြတယ်။သူငယ်ငယ်အကြောဆွဲတဲ့သူငယ်နာ
ရောဂါရှိတယ်တဲ့။

ဆရာကြီးက ပျောက်အောင်ဖျောက်ပေးလို့ အခုလိုကောင်းသွားတာတဲ့။ အဲ့ဒီတုန်းက ဆရာကြီးကိုသိပ်မုန်းတာပဲတဲ့။ အခုမှကျေးဇူးတင်နေတာ၊ ဆရာကြီးသာ
အမုန်းခံပြီးပြုပြင်မပေးရင် မျက်ကြောဆွဲနေတဲ့ မိန်းကလေးကို ကျွန်တော်သဘောကျမှာမဟုတ်ဘူး ”

သတို့သမီးကရှက်ပြုံးလေးဖြင့် သတို့သားလက်မောင်းကိုဆွဲစိတ်လိုက်သည်။
ဆရာကြီးကော မိဘများပါ တစ်ဟားဟားရီလိုက်ကြသည်။ ကင်မရာမီးရောင်များက တစ်ဖျပ်ဖျပ်။ ရိုက်လိုက်ကြသည့် ဗီဒီယို၊ ခန်းမထဲမှာလူများဆရာကြီးနှင့် သတို့သား၊

သတို့သမီးကိုလှမ်းကြည့်ကြသည်။ ” ကဲ..ရော့ သားနှင့်သမီးဆရာကြီးကို လူထုပရိသတ်ရှေ့မှာ ကန်တော့ကြ ” သတို့သားနှင့် သတို့သမီးဆရာကြီးကို ကန်တော့ကြသည်။

” သြော်….. သူတို့အသေအချာပြင်ဆင်ထားကြတာပါပဲလား ” ဦးဘဖြူ မျက်ရည်ရစ်ဝဲစွာ ဆုများပေးနေကြသည် ။
ဆရာကြီး၏ စေတနာအရောင်အလင်းတို့သည် ခန်းမထဲမှ စိန်ရောင်ရွှေရောင်တို့ထက် ပိုမိုတောက်ပြောင်လျက်…..

Crd

Zawgyi

အမုန္းခံအလွ

” ေဖေဖ.. ဒီဖိတ္စာ သမီးကိုေပးေနာ္… သိမ္းထားခ်င္လို႔”

ရွစ္တန္းေက်ာင္းသူ သမီးငယ္က ဖိတ္စာကိုအိတ္နဲ႔တကြ အပိုင္ယူလိုက္သည္။
” အဲ့ဒီ ဖိတ္စာတစ္ေစာင္ကို ႏွစ္ရာက်တယ္တဲ့…..”

ေဒၚျမေအးက ေစ်းသည္ပီပီ ေက်ာက္ဆည္ေစ်းထဲမွာ သတင္းၾကားခဲ့ၿပီ။

” ဆန္းသစ္လြင္ ႐ုပ္ရွင္႐ုံမွာ မဂၤလာေဆာင္မွာတဲ့ ေမေမရ၊ ဖိတ္စာထဲမွာပါတယ္”

” ဟုတ္တယ္…ရန္ကုန္ပုံစံအတိုင္းေကြၽးမွာတဲ့။ ဖိတ္တာေတာင္ခြဲတမ္းနဲ႔၊တစ္ေယာက္ကို ေကြၽးမယ့္တန္ဖိုးကပဲ ဘယ္ႏွေထာင္ဖိုးဆိုလားး သတိုးသားဖက္က တစ္ရာ့ငါးဆယ္။သတိုးသမီးဖက္က တစ္ရာ့ငါးဆယ္။တစ္ကယ့္မ်က္ႏွာႀကီးေတြခ်ည္းေ႐ြးဖိတ္တာတဲ့…..။အိမ္ေရွ႕တိုက္ကေတာင္ သူတို႔နဲ႔ခင္လ်က္သားနဲ႔မဖိတ္လို႔ စိတ္ဆိုးေနတယ္။

ေဒၚျမေအးသတင္းကပိုစုံတယ္ ”

အဲ့ဒီအထဲမွာငါ့ဖိတ္တာ..ဂုဏ္ယူစရာေပါ့ကြ”

ဆရာဦးဘျဖဴက သမီးလက္မွဖိတ္စာကိုလွမ္းၾကည့္လိုက္သည္။

” ဂုဏ္ယူတာက ဟုတ္ပါရဲ႕၊ဖိတ္စာကႏွစ္ရာေကြၽးမွာက သုံးရာ့ငါးဆယ္။အနည္းဆုံးလက္ဖြဲ႕မယ့္လူက ငါးေထာင္တစ္ေသာင္းေလာက္မွလွမွာတဲ့။
ေစ်းထဲမွာေျပာေနၾကတယ္။ ရွင့္မူလတန္းေက်ာင္းအုပ္အၿငိမ္းစားလစာနဲ႔ ဘယ္ေလာက္လက္ဖြဲ႕ႏိုင္မွာလဲ”

” ဟ….ဒါကေတာ့ရွင္းေနတာပဲကြာ။ငါလို ဆရာအိုႀကီးကဘာလက္ဖြဲ႕ႏိုင္မွာလဲ၊ သူတို႔လဲသိတာေပါ့ ၊ လာေစခ်င္လို႔ဖိတ္တာ သြားလိုက္႐ုံေပါ့ ”

” ဘာမွလက္မဖြဲ႕ပဲနဲ႔လား ”
” ေအးေပါ့..”
” အဲ့ဒါဆိုရင္ေတာ့ မသြားနဲ႔၊ သူေဌးေတြၾကားမွာ အားနာစရာႀကီး ”
” မျမေအးရာ… သူေဌးေတြက
ဘယ္ေလာက္လက္ဖြဲ႕ႏိုင္မွာလဲကြ၊တစ္သိန္းလား၊ဆယ္သိန္းလား။ ငါကသူတို႔ထက္ တန္းဖိုးႀကီးႀကီးလက္ဖြဲ႕ၿပီးပါၿပီကြာ”

ဆရာႀကီးက ျပတင္းေပါက္မွတစ္ဆင့္ အေဝးဆီသို႔ လွမ္းၾကည့္လိုက္သည္။ မူလတန္းေက်ာင္းကေလးကိုျမင္ေယာင္လ်က္…..

လြန္ခဲ့ေသာဆယ့္ငါးႏွစ္ခန္႔က…..
ဆရာဦးဘျဖဴေက်ာင္းမွာစည္းကမ္းေကာင္းသည္။ အသင္အျပေကာင္းသည္ဟုနာမည္ႀကီးသည္။ ေလးတန္းေအာင္ခ်က္လည္းအေကာင္းဆုံးေက်ာင္းျဖစ္သည္။

ဆရာဦးဘျဖဴက ေက်ာင္းအုပ္ဆိုေသာ္လည္း ေလးတန္းမွာ သခ်ၤာႏွင့္ျမန္မာစာ ကိုယ္တိုင္သင္သည္။ တစ္ေန႔တြင္ ေလးတန္းသို႔ ျမန္မာစာသင္ရန္ ၀င္သြားစဥ္ ေက်ာင္းသူအသစ္မိန္းကေလးကို သတိထားမိသည္။

ျဖဴျဖဴသန္႔သန္႔ ေခ်ာေခ်ာေလး။ ထုံးစံအတိုင္း ဦးဘျဖဴအခ်ိန္မွာ တစ္တန္းလုံးၿငိမ္သက္ေနသည္။ဦးဘျဖဴကလက္ထဲမွာလည္းပါေနက်ႀကိမ္လုံးရွည္ရွည္ႀကီးႏွင့္။ယေန႔သင္ၾကားမည့္ေခါင္းစဥ္ကိုေျပာလိုက္သည္။ ေက်ာင္းသူေက်ာင္းသားအားလုံး စာအုပ္မ်ားကိုအသင့္ဖြင့္လွန္ထားၾက၏။

ဦးဘျဖဴက ေက်ာင္းသူအသစ္ဆီသို႔ လွမ္းၾကည့္လိုက္သည္။မန္းကေလးေခါင္းငုံ႔သြားသည္။
” ဟိုကေလးမ..ဖတ္စမ္း..”

ဦးဘျဖဴကလက္ထဲမွာ ႀကိမ္လုံးျဖင့္ ၫႊန္ျပလိုက္သည္။ မိန္းကေလး၏ ကိုယ္လုံးကေလးတုန္သြားသည္ကို သတိထားမိလိုက္သည္။ မိန္းကေလးမတ္တက္ထသည္။ ဖတ္စာ၏ပထမစာပိုဒ္ကိုစဖတ္ရန္ အားယူလိုက္ ႏွာေခါင္းတစ္ခ်က္ရႈံ႕ၿပီး မ်က္ႏွာကေထာင့္တန္းအေၾကာဆြဲၿပီး မ်က္ေတာင္သုံးခါဆက္ခတ္ပီးမွအသံထြက္လာသည္။

” ဘယ္လိုျဖစ္တာပါလိမ့္”

မိန္းကေလးက စာနည္းနည္းဖတ္လိုက္။ႏွာေခါင္းရႈံ႕၊အေၾကာတြန္႔လိုက္၊မ်က္ေတာင္ခတ္လိုက္ျဖစ္ေနသည္။စာပိုဒ္ဆုံးခါနီးၿပီ

ျဖန္း….. ဦးဘျဖဴကသူ႔ေရွ႕မွစားပြဲကို လက္ထဲမွႀကိမ္လုံးျဖင့္ ျပင္းထန္စြာ႐ိုက္လိုက္သည္။စာဖတ္ေနေသာမိန္းကေလးသာမက တစ္တန္းလုံးတုန္လႈပ္သြားၾကသည္။

” ရပ္စမ္း…မင္းနာမည္ဘယ္သူလဲ” ” သီ..သီတာမိုး..ပါ ”

ျဖန္းးးးမိန္းကေလးႏွာေခါင္းရႈံ႕၊အေၾကာတြန္႔လိုက္၊မ်က္ေတာင္ခတ္လို႔ဦးဘျဖဴက ႀကိမ္လုံးျဖင့္ စားပြဲကို႐ိုက္လိုက္သည္။

” မင္းဘယ္လိုျဖစ္လို႔ ႏွာေခါင္းရႈံ႕၊အေၾကာတြန္႔လိုက္၊မ်က္ေတာင္ခတ္လိုက္ လုပ္ေနတာလဲ” သီတာမိုးဘာမွမေျဖႏိုင္။အေၾကာက္လြန္ၿပီး တုန္ေနသည္။မ်က္လုံးထဲမွာလဲ မ်က္ရည္မ်ားရစ္ဝဲေနၾကၿပီ။

” သူ႔မွာ သူငယ္နာေရာဂါရွိလို႔ ဆရာႀကီး”
မိန္းကေလးေဘးမွ ျမျမစန္းက ထေျဖသည္။

” ဘာသူငယ္နာေရာဂါလဲ၊ မလိုခ်င္ဘူး.. သူငယ္နာဆိုရင္လည္း ေပ်ာက္ေအာင္ေဖ်ာက္ရမယ္။ေနာက္တစ္ခါထပ္ေမးမယ္။ႏွာေခါင္းမရႈံ႕နဲ႔၊အေၾကာမတြန္႔နဲ႔္၊မ်က္ေတာင္မခတ္နဲ႔
မင္းနာမည္ဘယ္သူလဲေျပာ..”

သီတာမိုးေျဖရန္ႀကိဳးစားသည္ႏွင့္ ႏွာေခါင္းကရႈံ႕သြားသည္။ ျဖန္းးးးး ” မလုပ္နဲ႔လို႔ေျပာတာမရဘူးလားးး ျပန္ေျဖ.. မင္းနာမည္ဘယ္သူလဲ ” သီတာမိုးမေျဖႏိုင္ပါ။ပါးေပၚသို႔မ်က္ရည္မ်ားစီးက်လာသည္။ေက်ာင္းသူ ေက်ာင္းသားမ်ားအားလုံးသီတာမိုးကိုသနားပီးဆရာႀကီးကိုမေက်မနပ္ျဖစ္ေနၾကသည္။

“ဟဲ့..ေျဖေလ..”

” သီ..တာမိုး..” ႏွာေခါင္းမရႈံ႕၊အေၾကာမတြန္႔၊မ်က္ေတာင္မခတ္ေအာင္ သတိထားပီး ေျပာလိုက္သည္နဲ႔တစ္ၿပိဳင္နက္ တစ္ခ်က္ရႈိက္လိုက္သည္။

” ထိုင္ေတာ့…ေနာက္ကို စာဖတ္ရင္၊စာေမးလို႔ေျဖရင္ ႏွာေခါင္းမရႈံ႕နဲ႔၊အေၾကာမတြန္႔နဲ႔္၊မ်က္ေတာင္မခတ္နဲ႔ငါမႀကိဳက္ဘူး” သီတာမိုးထိုင္လိုက္သည္။မ်က္ရည္မ်ားက အဆက္မျပတ္စီးဆင္းေနလ်က္ ရႈိက္လိုက္သည့္အခါ ကိုယ္ကေလးတုန္ခါသြားရွာသည္။

ေနာက္တစ္ေန႔တြင္ ဦးဘျဖဴ၏႐ုံးခန္းသို႔ သီတာမိုးအေဖ ဦးျမတ္မိုးေရာက္လာသည္။ဦးဘျဖဴေမွ်ာ္လင့္ထားပါ၏။ ” ဆရာႀကီး..ကြၽန္ေတာ္သမီးေလးက ေက်ာင္းသြားရင္ ဆရာႀကီးနဲ႔ေတြ႕ရမွာ သိပ္ေၾကာက္ေနတယ္။သူ႔မွာ သူငယ္နာေရာဂါရွိေတာ့ မ်က္ေၾကာကဆြဲေနတယ္။ ကြၽန္ေတာ္တို႔လည္း နည္းအမ်ိဳးမ်ိဳးနဲ႔ကုေနတာ မေပ်ာက္ေသးလို႔ပါ”

ဦးျမတ္ႏိုးေျပာပုံက ေတာင္းေတာင္းပန္ပန္။ ” ကြၽန္ေတာ္ေပ်ာက္ေအာင္လုပ္ႏိုင္ပါတယ္။မိဘကသာ ကေလးကိုေက်ာင္းထုတ္ ေက်ာင္းေျပာင္းမလုပ္ဖို႔၊ ေတာင္းပန္ပါတယ္”

” သမီးအေမကလည္း ေတာ္ေတာ္စိတ္မေကာင္းျဖစ္ေနတယ္ ” ” ကေလးအေမကိုနားလည္ေအာင္ရွင္းျပေပးပါဗ်ာ..သူ႔သမီးေလးေကာင္းဖို႔ပါ ”

” ကြၽန္ေတာ္လည္းသူ႔ကိုအဲ့လို မလုပ္ဖို႔ျပင္းျပင္းထန္ထန္ေျပာၿပီးၿပီ၊ မရဘူးဆရာႀကီး..အေၾကာကျဖစ္ေနတာ” ဦးဘျဖဴေခါင္းကိုအသာအယာ ခါျပစ္လိုက္သည္။
” မိဘေလာက္ ေၾကာက္႐ုံနဲ႔ေတာ့မရပါဘူး။ ေဖ်ာက္လို႔ရတယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ ကေလးရဲ႕႐ုပ္ကေလးကသိပ္လွတယ္။ ငယ္ငယ္နဲ႔ေပ်ာက္ေအာင္မေဖ်ာက္ရင္ ႀကီးတဲ့အခါ အလွပ်က္ရွာလိမ့္မယ္ ”

” သူ..ဆရာႀကီးကို သိပ္ေၾကာက္ပီးသိပ္မုန္းသြားလိမ့္မယ္။ခုေတာင္ဆရာႀကီးကိုမုန္းတယ္။အဲ့ေက်ာင္းမွာမေနခ်င္ေတာ့ဘူးလို႔
ေျပာေနတယ္” ”

သူလွသြားရင္ၿပီးတာပဲဗ်ာ။မုန္းခ်င္မုန္းပါေစ။ခင္ဗ်ားတို႔ကသာ ကေလးကိုေက်ာင္းမေျပာင္းပစ္ပါနဲ႔။သူ႔ဘဝေလးေကာင္းသြားေအာင္ႀကိဳးစားပါရေစ.. ”

” ဆရာႀကီးရဲ႕ေစတနာကို..ကြၽန္ေတာ္နားလည္ပါတယ္” ” နားလည္ရင္….ကြၽန္ေတာ့ကိုျပင္ခြင့္ျပဳပါဗ်ာ” ဒါေလးေပ်ာက္သြားရင္ ခင္ဗ်ားတို႔မိဘေတြက ကြၽန္ေတာ္ထက္ ပို၀မ္းသာၾကရမွာပါ”

ဆရာႀကီးဦးဘျဖဴကို ၾကည့္ၿပီး ဦးျမတ္ႏိုင္းေခါင္းညိတ္ျပလိုက္ပါသည္။ ဦးဘျဖဴ ေလးတန္းကို၀င္မိသည္ႏွင့္သီတာမိုးေနရာကိုလွမ္းၾကည့္လိုက္သည္။ ေတြ႕ရသည္ သူ႔မိဘမ်ားကို ေက်းဇူးတင္မိလိုက္သည္။ ကေလးခမ်ာမွာေတာ့ အေတာ္ေလးေၾကာက္ေနရွာသည္။ ေခါင္းကေလးကိုငုံ႔ထားသည္။

သို႔ေသာ္ မတတ္ႏိုင္ ” ကဲ..မင္းထ..” ႀကိမ္လုံးႀကီးက သီတာမိုးထံသို႔ ထိုးျပလ်က္…
” ငါေျပာတာကို ေသခ်ာမွတ္ထားသတိထား ႏွာေခါင္းမရႈံ႕နဲ႔၊အေၾကာမတြန္႔နဲ႔္၊မ်က္ေတာင္မခတ္နဲ႔ ကဲ စဖတ္ ” သင္ခန္းစာအသစ္ကို သီတာမိုးစဖတ္သည္။

ႏွာေခါင္းရႈံ႕တိုင္း..ျဖန္းးးးးးးး မ်က္ေၾကာဆြဲတိုင္း.. ျဖန္းးးးးးးး မ်က္ေတာင္ခတ္တိုင္း..ျဖန္းးးးး တစ္တန္းလုံးေၾကာက္႐ြံ႕စြာ ၿငိမ္တိတ္လ်က္။ ႀကိမ္ခ်က္က အသားကိုထိသည္မဟုတ္ စားပြဲကိုထိျခင္းျဖစ္ေသာ္လည္း အသည္းကို ထိသလို သီတာမိုး ခံစားရသည္။

ျဖန္းခနဲျမည္ေသာ ႀကိမ္သံႀကီးကိုေၾကာက္လြန္းၿပီး ႏွာေခါင္းမရႈံ႕ေအာင္ အစြမ္းကုန္ ထိန္းခ်ဳပ္ရသည္။ အခက္ဆုံးက မ်က္ေၾကာဆြဲျခင္း။ ဒါကိုေဖ်ာက္ဖို႔ ေပ်ာက္ပါ့မလား.. ထိန္းထားသည့္ၾကားမွ အေၾကာကဆြဲသြားသည္။

ျဖန္း.. ” မတြန္႔နဲ႔ ဆက္ဖတ္…. ” ဆရာႀကီး မ်က္ႏွာက တင္းသည္။ေလသံကမာသည္။ မ်က္ေၾကာမဆြဲေအာင္ အစြမ္းကုန္ထိန္းခ်ဳပ္ရသည္။ စာတစ္လုံး တုတ္တစ္ခ်က္ႏွင့္ စာတစ္ပိုဒ္ ၿပီးရသည္။

ဆရာႀကီးဦးဘျဖဴ စာေမးစရာရွိတိုင္းလည္း သီတာမိုး မလြတ္ေစရ။ ေျဖရတိုင္းလည္း ႀကိမ္သံက ညံမစဲ။

” ေျဖေလ..” ေျဖသည္။တြန္႔သည္။ ျဖန္း.. ” မတြန္႔ပဲနဲ႔ ေျဖ..” သီတာမိုးမ်က္ရည္မ်ားၾကားမွ ဆရာႀကီးကိုမုန္းတီးစြာ လွမ္းၾကည့္သည္”

” မုန္းတယ္…မုန္းတယ္…သိပ္မုန္းတယ္…” သီတာမိုးစိတ္ထဲမွာ ေအာ္ဟစ္မိေနျခင္းျဖစ္သည္။ ဆရာႀကီးသိပါသည္။ ဆရာႀကီးစိတ္နားျဖင့္ၾကားပါသည္။ ” မုန္းခ်င္မုန္းေတာ့ တစ္ပည့္ေရ..”

ဦးဘျဖဴစိတ္မေကာင္းစြာ ေတြးမိသည္။ တပည့္မုန္းသည္၊ ေၾကာက္သည္ကိုမရခ်င္ေသာ္လည္း သူ႔အက်င့္ကမေၾကာက္လွ်င္ ေပ်ာက္မည္မဟုတ္။
” ဆရာအတြက္မဟုတ္ပါဘူး တစ္ပည့္ေရ ။ တစ္ပည့္အတြက္ပါ…. ” ဦးဘျဖဴရင္ထဲမွာ ေတာင္းပန္ေနမိသည္။သို႔ေသာ္မတတ္ႏိုင္။သူလွဖို႔ ကိုယ္အက်ည္းတန္ရေတာ့မည္။

ေန႔စဥ္ရက္ဆက္ အေငါက္ခံ၊ အေျခာက္ခံေနရေတာ့ မိန္းကေလးခမ်ာ အေၾကာက္ႀကီးေၾကာက္ပီး အေၾကာမတြန္႔ရန္ အစြန္းကုန္ သတိထားထိန္းခ်ဳပ္ရသည္။

တစ္ရက္ထက္တစ္ရက္၊ တစ္လၿပီးတစ္လ ေလ်ာ့နည္းလာေသာအခါ အားတက္ရသည္။ ႏွာေခါင္းရႈံ႕သည္က အရင္ေပ်ာက္သြားသည္။ အေၾကာက တြန္႔ေနဆဲ၊အေၾကာမတြန္႔လ်င္မ်က္ေတာင္ကမခတ္ေတာ့ပါ။ ေန႔တိုင္းစာအေမးခံေနရေတာ့ တစ္ျပစ္က ႏွစ္ျပစ္မျဖစ္ေအာင္စာကိုလဲ ညက္ညက္ေက်ေအာင္က်က္မွတ္ရသည္။

စာၾကည့္ရင္လဲဆရာႀကီး
ေစာင့္ၾကည့္ေနသလိုခံစားရပီး အေၾကာမတြန္႔ေအာင္ သတိထားေနရသည္။ တြန္႔မိလွ်င္နားထဲမွာ ျဖန္းခနဲျမည္ေသာႀကိမ္သံကို ၾကားရၿပီးတြန္႔သြားမိသည္။

စာက်က္ေသာအက်ိဳးေၾကာင့္ ပထမအစမ္းတြင္တစ္တန္းလုံးမွာပထမရသည္။ ဒုတိယအစမ္းစာေမးပြဲၿပီးေသာအခါ ပထမရ႐ုံသာမက အေၾကာဆြဲျခင္းပါ မရွိေတာ့ေလာက္ေအာင္ ေပ်ာက္သြားသည္။ သို႔ေသာ္ဦးဘျဖဴက မေလွ်ာ့ေသး။ေန႔စဥ္အတန္းထဲမွာ စာေမး႐ုံသာမကအျပင္မွာေတြ႕လွ်င္လည္း အလစ္အငိုက္ဖမ္းပီး ေမးျမန္းႏႈတ္ဆက္သည္။

အေၾကာတြန္႔လွ်င္ ေငါက္သည္။ဆူသည္။ ေလးတန္းစာေမးပြဲတြင္ သီတာမိုး တစ္ၿမိဳ႕နယ္လုံးမွာပထမရသည္။ အေၾကာတြန္႔ျခင္းသည္ လုံးဝေပ်ာက္သြားသည္။

သို႔ေသာ္႐ိုး႐ိုးေအာင္ေသာ တပည့္မ်ားက ဦးဘျဖဴကိုလာကန္ေတာ့က်ေသာ္လည္း သီတာမိုးလုံး၀မလာ။ ေက်ာင္းထြက္လက္မွတ္ကိုပင္ ကိုယ္တိုင္လာမယူေတာ့ပါ။ တစ္ၿမိဳ႕ထဲမွာမို႔ တစ္ခါတစ္ရံလမ္းမွာဆုံမိလွ်င္လည္း ဦးဘျဖဴကိုျမင္သည္ႏွင့္ ေဝးရာေျပးေတာ့သည္။

” ေအးေလ.. ဘယ္လိုပဲျဖစ္ျဖစ္ သူ႔အက်င့္ဆိုးေလး ေပ်ာက္ပီး သူ႔ဘဝေလးလွသြားရင္ၿပီးတာပါပဲ ”
ဆရာဦးဘျဖဴ ေက်နပ္ပါသည္။

ဆန္းသစ္လြင္႐ုပ္ရွင္႐ုံေရွ႕မွာ ေနာက္ဆုံးေပၚကားလွလွေလးေတြ တန္းစီေန၏။ ေနာက္ထပ္လည္းကားေလးမ်ား ေရာက္လာေနၾကဆဲ။ ဧည့္ႀကိဳမ်ားက ကားထားရန္ေနရာျပၾကသည္။

ကားတံခါးဖြင့္ေပးၾကသည္။ ကားေပၚမွဆင္းလာသူမ်ားမွာ အဖိုးတန္အ၀တ္အစားမ်ားႏွင့္စိန္ေရာင္၊ ေ႐ႊေရာင္တစ္ေျပာင္ေျပာင္တလက္လက္။ ႏွစ္ဖက္စလုံးမ်က္ႏွာႀကီးေတြမို႔လာသူေတြကလည္း ထိတ္ထိတ္ႀကဲေတြခ်ည္း။ ေက်ာက္ဆည္မို႔မွာက်င္းပေသာ မဂၤလာေဆာင္မ်ားတြင္ အခမ္းနားဆုံးျဖစ္သည္။

ဦးဘျဖဴ ေရာက္သြားေသာအခါသူ႔စက္ဘီးအိုေလးမွာ ထားစရာေနရာမရွိ။

” ဒီမွာဆရာႀကီး.. ခင္ဗ်ားစက္ဘီးကို ဟိုဘက္ေဘး အုတ္တံတိုင္းနား သြားကပ္ထားလိုက္ပါ ”

ႀကိဳဆိုသူတစ္ေယာက္ကခန္းမအလွပ်က္မွာ စိုးရိမ္သည္။

” ေအး..ေအး.. ထားပါ့မယ္ကြာ..”

စက္ဘီးကို တြန္းယူသြားၿပီးအုတ္တံတိုင္းေဘးမွာ ကပ္ထားလိုက္သည္။စက္ဘီးထားၿပီးသည္ႏွင့္
မဂၤလာခန္းမဆီသို႔ ေလွ်ာက္လာခဲ့၏၊ ” ႂကြပါခင္ဗ်ာ..ႂကြပါ..ဒီဘက္ကိုႂကြပါ…ဒီမွာထိုင္ပါ ”

ဧည့္ႀကိဳမ်ားက ဂုဏ္သေရရွိဧည့္သည္မ်ားကို ဆီးႀကိဳၿပီး ႐ိုေသေလးစားစြာ ေနရာခ်ေပးေနၾကသည္။ ဦးဘျဖဴမွာ က်န္သည့္လူမ်ားႏွင့္စာရင္ အ၀တ္အဆင္က ေတာက္ေျပာင္ျခင္းမရွိ။ ဧည့္ႀကိဳေတြမ်ားေသာ္လည္းဦးဘျဖဴမွ ၾကားေခ်ာင္ၿပီးလြတ္ေနသည္။

ေခၚသူမရွိ ေနရာေပးသူမရွိ ဘယ္စားပြဲထိုင္ရမွန္းမသိ ေလွ်ာက္ရင္းေလွ်ာက္ရင္းႏွင့္ ေရွ႕ဘက္ေရာက္လာသည္။
” ေဟာ..ဟိုမွာ..ဆရာႀကီးလာေနပီ ”

သတိုးသမီးဖခင္ဦးျမတ္မိုးကိုယ္တိုင္ ဆရာႀကီးကိုလာႀကိဳသည္။
” လာ ဆရာႀကီး ဟိုေရွ႕ကိုႂကြ…”

ဦးျမတ္မိုးကဆရာႀကီးလက္ကို ဆြဲေခၚသြားသည္။ ခန္းမထိပ္ပိုင္းတြင္ မဂၤလာသတို႔သားႏွင့္သတို႔သမီးထိုင္ရန္ ေနရာကိုစင္ျမင့္ေလးေပၚမွာ ထိုင္ခုံႀကီးမ်ား၊ ပန္းစိုက္ဖလားႀကီးမ်ားႏွင့္ လွပစြာျပင္ဆင္ထားသည္။ ” ဒီမွာထိုင္ပါ…ဆရာႀကီး ” သားေရုံးဆိုဖာႀကီးတစ္ခုမွာ ဦးဘျဖဴထိုင္ရသည္။

” အင္း..ဒါဟာ..ငါနဲ႔တန္တဲ့ေနရာ ငါထိုင္ရတာပဲ ”

အ၀တ္အစားေျပာင္လက္ျခင္းမရွိေသာ္လည္း ဦးဘျဖဴ သိမ္ငယ္ျခင္းမရွိေပ။ မဂၤလာအခ်ိန္က်ေသာအခါမဂၤလာအခမ္းအနားမႉး ဖိတ္ၾကားခ်က္အရ သတို႔သား၊ သတို႔သမီး ႏွစ္ဖက္မိဘမ်ား လူပ်ိဳရံ၊ အပ်ိဳရံမ်ားႏွင့္တကြ မဂၤလာခန္းမထဲသို႔ ၀င္လာၾကသည္။ တီးဝိုင္းအဖြဲ႕ႏွင့္
အဆိုေတာ္တစ္ဦးက

” အခါေတာ္ေပးတာက နတ္ေရးငယ္ေ႐ြစာ ” သီခ်င္းကိုသီဆိုေပးသည္။ ခန္းမထဲမွာမီးမ်ားအားလုံးဖြင့္ပီး ထိန္လင္းသြားသည္။

” အို..ႀကီးက်ယ္ခမ္းနားလိုက္တဲ့ မဂၤလာေဆာင္ကြာ၊ ဟန္က်လိုက္တာ..”

သတို႔သား သတို႔သမီးအနီးသို႔ေရာက္ေသာအခါ အေသခ်ာၾကည့္ေနမိသည္။ ” ေနနဲ႔လ ေ႐ြနဲ႔ျမဆိုတာ ဒါမ်ိဳးပါပဲဗ်ာ”
ႏွစ္ေယာက္လုံးကဆရာ၀န္ေတြ ဂုဏ္ခ်င္းလဲညီပါ။သတို႔သားကလဲလူေခ်ာ.. ဒါေပမဲ့ ငါ့တပည့္ကိုေတာ့ မမီဘူးးး ”

တပည့္ရဲ႕အလွကို ဦးဘျဖဴ ဂုဏ္ယူေနမိသည္။

” ေၾသာ္…..ႏွာေခါင္းရႈံ႕လိုက္၊အေၾကာတြန္႔လိုက္၊မ်က္ေတာင္ခတ္လိုက္နဲ႔ အၾကည့္ရဆိုးတဲ့ ေကာင္မေလး..ခုေတာ့ ေခ်ာလိုက္၊ လွလိုက္တာဗ်ာ၊ တကယ့္ကိုက်က္သေရ
ရွိတဲ့မ်က္ႏွာေလး ”

အားလုံးၿပီးလို႔ စားေသာက္ၾကေသာအခါ သတို႔သားႏွင့္ သတို႔သမီးက ဧည့္သည္မ်ားကိုလိုက္ႏႈတ္ဆက္သည္။ ပထမဆုံး ႏႈတ္ဆက္ဂါရျဝပုခံရသူက
ဆရာႀကီး ဦးဘျဖဴ။ သတို႔သမီးရဲ႕မ်က္ႏွာေလးမွာ ပကတိ ၾကည္လင္ေအးခ်မ္းလ်က္…” သီတာေျပာတဲ့ ဆရာႀကီး ဦးဘျဖဴေလ ” သတို႔သမီးကသတို႔သားကိုမိတ္ဆက္ေပးသည္။

“ဆရာႀကီးကို သိပ္ေက်းဇူးတင္ပါတယ္။ ဆရာႀကီးေၾကာင့္ ခုလိုေခ်ာလွလွေလးကို ကြၽန္ေတာ္ရတာ ” သတို႔သားကလူသြက္၊ သတို႔သမီးရွက္သြားသည္က ပိုပီးခ်စ္စရာအလွ….
” မဟုတ္ပါဘူး လူေလးရယ္…ဆရာတပည့္ကသူ႔ဘာသာသူ လွတာပါ” ” မဟုတ္ဘူးဆရာႀကီး..သီတာကအားလုံးေျပာျပတယ္။သူငယ္ငယ္အေၾကာဆြဲတဲ့သူငယ္နာ
ေရာဂါရွိတယ္တဲ့။

ဆရာႀကီးက ေပ်ာက္ေအာင္ေဖ်ာက္ေပးလို႔ အခုလိုေကာင္းသြားတာတဲ့။ အဲ့ဒီတုန္းက ဆရာႀကီးကိုသိပ္မုန္းတာပဲတဲ့။ အခုမွေက်းဇူးတင္ေနတာ၊ ဆရာႀကီးသာ
အမုန္းခံၿပီးျပဳျပင္မေပးရင္ မ်က္ေၾကာဆြဲေနတဲ့ မိန္းကေလးကို ကြၽန္ေတာ္သေဘာက်မွာမဟုတ္ဘူး ”

သတို႔သမီးကရွက္ၿပဳံးေလးျဖင့္ သတို႔သားလက္ေမာင္းကိုဆြဲစိတ္လိုက္သည္။
ဆရာႀကီးေကာ မိဘမ်ားပါ တစ္ဟားဟားရီလိုက္ၾကသည္။ ကင္မရာမီးေရာင္မ်ားက တစ္ဖ်ပ္ဖ်ပ္။ ႐ိုက္လိုက္ၾကသည့္ ဗီဒီယို၊ ခန္းမထဲမွာလူမ်ားဆရာႀကီးႏွင့္ သတို႔သား၊

သတို႔သမီးကိုလွမ္းၾကည့္ၾကသည္။ ” ကဲ..ေရာ့ သားႏွင့္သမီးဆရာႀကီးကို လူထုပရိသတ္ေရွ႕မွာ ကန္ေတာ့ၾက ” သတို႔သားႏွင့္ သတို႔သမီးဆရာႀကီးကို ကန္ေတာ့ၾကသည္။

” ေၾသာ္….. သူတို႔အေသအခ်ာျပင္ဆင္ထားၾကတာပါပဲလား ” ဦးဘျဖဴ မ်က္ရည္ရစ္ဝဲစြာ ဆုမ်ားေပးေနၾကသည္ ။
ဆရာႀကီး၏ ေစတနာအေရာင္အလင္းတို႔သည္ ခန္းမထဲမွ စိန္ေရာင္ေ႐ႊေရာင္တို႔ထက္ ပိုမိုေတာက္ေျပာင္လ်က္…..

Crd

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …