တညလုံး ဖဲရိုက် ပြန်လာတာတောင် အိမ်က မိန်းမက ထိုင်ရှိခိုးရတဲ့ မောင်ခွေးရဲ့ အကြံ

  • By :
  • Category : Funny
တညလုံး ဖဲရိုက် ပြန်လာတာတောင် အိမ်က မိန်းမက ထိုင်ရှိခိုးရတဲ့ မောင်ခွေးရဲ့ အကြံ
Funny

တညလုံး ဖဲရိုက် ပြန်လာတာတောင် အိမ်က မိန်းမက ထိုင်ရှိခိုးရတဲ့ မောင်ခွေးရဲ့ အကြံ

အကြံပိုင်သော မောင်ခွေး

ည ၉ နာရီလောက် လင်မယား၂ ယောက် အိမ်ပြန်ကြတော့ လမ်းတစ်ဝက်မှာ မျက်နှာဖုံးစွတ်နဲ့လူ ၄ယောက် ထွက်လာ ပါတယ်… ဓါးကိုစီကိုင်ထားပြီးတော့.. ခေါင်းဆောင်ဖြစ်သူလို့ ထင်ရတဲ့သူက…

“လက်မြှောက်ထားပါ အော်မယ်မကြံနဲ့…. ဓါးကမျက်စိမပါဘူး… မင်းတို့ ၂ ယောက်ထဲက တစ်ယောက်နေခဲ့ရမယ်… ပြန်ပေးဆွဲတာပါ.. ရဲတိုင်ရင်တော့ အလောင်းလာကောက်ရမယ်… ဘယ်သူ နေခဲ့မလဲပြော…

“ယောင်္ကျားဖြစ်သူက ချက်ချင်း ရင်ကိုကော့ကာ….“ကျွန်တော်နေခဲ့မယ်…. မိန်းမကို ပြန်လွတ်ပေးပါ…. မိန်းမ မင်းအိမ်ပြန်နှင့် ရဲမတိုင်နဲ့နော်…. ငါသူတို့နဲ့ ညှိနိုင်းပြီး ဖုန်းပြန် ဆက်မယ်…”

မိန်းမဖြစ်သူ ပြန်သွားသောအခါ လူဆိုးလေးယောက်လုံး ခေါင်းစွတ်ကိုချွတ်ကာ… “ခွီးတဲ့မှပဲ…. မင်းကို ဖဲခေါ်ရိုက်ဖို့က လူကြမ်းတောင် လုပ်လိုက်ရသေးတယ်….. တစ်ဝိုင်းလိုနေလို့သာ ကြံဖန်ပြီး ခေါ်ရတာ”

နာရီဝက်လောက်နေတော့ ယောင်္ကျားဖြစ်သူက သူ့မိန်းမဖုန်းကို မက်ဆေ့ ပို့လိုက်ပါတယ်…။ သူ့ ATM ကဒ်ထဲကို ၅ သိန်း ချက်ချင်းလွဲပေးဖို့ နဲ့ ငွေရရင် သူတို့က နောက်နေ့မနက် အသက်ရှင်လျက် ပြန်လွတ်ပေးမယ် ဆိုတဲ့အကြောင်း ရေးပို့ လိုက်တာပါ။

ခဏနေတော့ ငွေရောက်လာတာနဲ့ ချက်ချင်းထုတ်က တစ်ညလုံး ဘော်ဒါတွေနဲ့ မိုးလင်ပေါက် ဖဲရိုက်ပါလေတော့သည်….။

နောက်နေ့မနက် အိမ်ပြန်ရောက်တာနဲ့ ဇနီးသည်က ငိုယိုပြီး ထိုင်ရှိခိုးကာ…. ယောက်င်္ကျားရယ်… အိမ်ဦးနတ် ပီသပါပေ့တယ်.. နောက်နောင် မပြစ်မှားတော့ပါဘူး… ယောင်္ကျားပြောစကားကို အကုန် နားထောင်ပါ့မယ်… ဆိုပြီး ဝန်ချတောင်းပန်လေသတဲ့.

Credit: O’ Chu

Zawgyi










Credit: O’ Chu

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Funny
တစ်ရက်မှာ ဆရာမ ဖြစ်သူက ကျောက်သင်ပုန်းပေါ်မှာ ၉ အလီကို ချရေးလိုက်တယ် ။

တစ်ရက်မှာ ဆရာမ ဖြစ်သူက ကျောက်သင်ပုန်းပေါ်မှာ ၉ အလီကို ချရေးလိုက်တယ် ။ ၉ x ၁ = ၇ ၉ x ၂ = ၁၈ ၉ x ၃ = ၂၇ ၉ x ၄ = ၃၆ ၉ x ၅ = ၄၅ ၉ x ၆ = ၅၄ ၉ x ၇ = ၆၃ ၉ x ၈ = ၇၂ ၉ x …

Funny
စျေးပေါပေမဲ့ ပစ္စည်းကောင်းပါတယ်

စျေးပေါပေမဲ့ ပစ္စည်းကောင်းပါတယ် တခါတုန်းက မိန်းမလှလေးတယောက် စားသောက်ဆိုင်ထိုင်ရင်း စားပွဲပေါ်ရှိ မီနူးကဒ်ကလေးမှ တရုတ်စာလုံးများအား ကြည့်ကာ လှလွန်းချ ည့်ဟု မှတ်၍ ကူးယူ လာခဲ့လေသည်။ သူမ အင်္ကျီအသစ် တထည်ချူပ်သောအခါ မီနူးကဒ်မှ ကူးယူလာသော တရုတ်စာလုံးလေးများကို အင်္ကျီရင်ဘတ်ပေါ်တွင် ဇာပန်း ရေးထိုးထားလိုက်သည် ။ ပြီးလျှင် သူ့အင်္ကျီလေးကို ကြည့်ပြီး သိပ်လှပါလားဟု ကြည်နူး နေလေသည်။ တစ်ခါသော် မင်္ဂလာဧည့်ခံပွဲတစ်ခုသို့ အင်္ကျီအသစ်လေးကို ပွဲထုတ် ဝတ်ဆင်သွားတော့သည်။ မင်္ဂလာပွဲတွင် လူကုံတန် တရုတ်အမျိူးသားကြီး တယောက်နှင့် တဝိုင်းထဲ အတူထိုင်ဖြစ်ကြသည်။ တရုတ်ကြီးက မိန်းကလေး၏ အင်္ကျီီရင်ဘတ်ပေါ်က တရုတ်စာလုံးကိုကြည့်ပြီး ” အင်္ကျီီလေးကအတော်လှတာပဲ ဒါနဲ့ ရင်ဘတ်ပေါ်က စာတန်းက …

Funny
လက်မသရမ်းနဲ့ (ခင်ဗျားတို့ရော သူ့လိုစပ်စုတတ်တဲ့ လူမျိုးလား)

လက်မသရမ်းနဲ့ (ခင်ဗျားတို့ရော သူ့လိုစပ်စုတတ်တဲ့ လူမျိုးလား) လက်မောင်းရောင်ရမ်းနေတဲ့ လူတစ်ယောက်ဆေးခန်းလာပြတယ် ဆေးခန်းလည်းရောက်ရော… ဒေါက်တာ ကျွန်တော့်လက်မောင်းက ဆေးလည်းစုံနေပြီ ခုထိရောင်တာ မပျောက်သေးဘူးဆရာ အဲ့တော့ ဆရာဝန်က ကျွန်တော့်မှာ computerနဲ့ ချိတ်ဆက်ထားတဲ့ ရောဂါစစ်တဲ့စက် ရှိတယ်ဗျ အဲ့မှာငွေ1000 ထည့်ပြီး ခင်ဗျားဆီးကို စစ်လိုက်တာနဲ့ အဖြေ ထွက်လာလိမ့်မယ်ဗျ အဲ့ဒီအခါ လူနာက computer ခန်းထဲ ဝင်သွားတယ် computer ရှေ့ရောက်တော့ ငွေ 1000 ထည့်လိုက်တယ်ဗျ ထည့်လည်းထည့်လိုက်ရော အံဆွဲထဲက ဆီးပုလင်းလေး ထွက်လာရော အဲ့ဒီအခါ လူနာက ဆီးပုလင်းကို အိမ်သာထဲယူသွားပြီး ဆီးနည်းနည်း ထည့်လိုက်တယ် ပြီးတော့ အံဆွဲထဲ ပြန်ထည့်လိုက်တယ် 10မိနစ်လောက် ကြာတော …