လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဖို့ဆုံးဖြတ်ထားပါသလဲ? - YATHAZONE

လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဖို့ဆုံးဖြတ်ထားပါသလဲ?

လောကဒဏ်ကို ဘယ်လို ရင်ဆိုင်
Knowledge

လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဖို့ဆုံးဖြတ်ထားပါသလဲ?

ဟိုး… ရှေးရှေးတုန်းက….. ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့အကြောင်း အားပျက်မိတဲ့ အကြောင်း ပြောတယ်။

သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။

ရေနွေးတွေလဲဆူရော ဖခင်ဖြစ်သူက ပထမအိုးထဲကို မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥ တွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီးထည့်လိုက်တယ်။ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာဘဲ ဆက်ထားလိုက်တယ်။

နောက်၁၀မိနစ်လောက် ကြာတဲ့အခါမှာ ဖခင်ဖြစ်သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့် လိုက်တယ်။ နောက်တစ်အိုးက ကြက်ဥတွေကိုဆယ်ပြီး ပန်းကန်ထဲထည့်လိုက်ပြန်တယ်။ နောက်ဆုံး အိုးထဲကလက်ဖက်ခြောက်တွေ ခပ်ထားတဲ့ ရေနွေးတွေကို ခွပ်တစ်လုံးထဲ ထည့်လိုက်တယ်။

အဲဒိနောက် ဖခင်ဖြစ်သူက သမီးရေ ဒါတွေကဘာလဲလို့ မေးတဲ့အခါမှာ သမီးလုပ်သူက မုန်လာဥပြုတ်၊ ကြက်ဥပြုတ်နဲ့ရေနွေးကြမ်းတွေပါလို့ ပြန်ဖြေလိုက်တယ်။

သမီးက အဲဒိလိုပြန်ဖြေအပြီးမှာ ဖခင်ဖြစ်သူက မုန်လာဥတွေကို စမ်းခိုင်းတယ်။ သမီးက မုန်လာဥကို ဇွန်းနဲ့ ထိုးကြည့်တဲ့အခါမှာ ပျော့ပြဲနေတာတွေ့ရတယ်။ နောက် ကြက်ဥကိုယူပြီး စမ်းခိုင်းပြန်တယ်။ ကြက်ဥကို ခွာလိုက်တဲ့ အခါမှာ အရမ်းကို ကျက်နေတဲ့ ကြက်ဥပြုတ်တစ်လုံးဖြစ်နေတာ တွေ့ရပြန်တယ်။

နောက်ဆုံးမှာ ရေနွေးကြမ်းကို မြည်းကြည့်ခိုင်းတဲ့အခါမှာ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်နေတာ သတိထားမိပြန်တယ်။ အားလုံးစမ်းသပ်ပြီးတဲ့အခါမှာ ဖခင်ဖြစ်သူက သမီးကို ဒီလိုဆုံးမပါတယ်။

မုန်လာဥက ရေနွေးထဲမရောက်ခက်မှာ သန်သန်မာမာ တောင့်တောင့်တင်းတင်းကြီးပေါ့။ ဒါပေမယ့် ရေနွေးနဲ့လဲ ပြုတ်လိုက်ရော တစ်ခါထဲကို ဖျော့ဖတ်သွားတော့တာဘဲ။ ကြက်ဥကျပြန်တော့ ရေနွေးထဲမရောက်ခင်မှာ အထိမခံဘူး။ ကြမ်းကြမ်းလေး ထိမိတာနဲ့ ခွက်ကနဲ ကွဲသွားရော။

အပေါ်ခွံ ပါးပါးလေးက အထဲက အရည်ကြည့်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးထဲမှာလဲ ပြုတ်လိုက်ရော ပျော့အိအိ အတွင်းသားတွေက အားလုံးမာကုန်ပြန်ဘဲ။

လက်ဖက်ခြောက်ကတော့ တစ်ဘာသာပေါ့။ ရေနွေးပွက်ပွက်ထဲလဲရောက်ရော အဲဒိအဖြူရောင် ရေနွေးတွေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲလိုက်တယ်။ ပြီးတော့ အရသာရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အနေနဲ့ ပြောင်းသွားတယ်။

ကဲ… ဒီတော့ အဖေ့သမီးကရော ဘာလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား။ လူလက်ဖက်ခြောက်လား။

လောကဒဏ်ဆိုတာ လူတိုင်းဟာတစ်နည်းနည်းနဲ့ ရင်ဆိုင်နေရတာဘဲ။ အဲဒါလောကဒဏ်နဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လာရတဲ့အခါမှာ သမီးက ဘယ်လိုတုန့်ပြန်မလဲ။ သမီးကိုယ်တိုင် စဉ်းစားပါတဲ့။

ပုံပြင်လေးက ဒါပါဘဲ။ ဒါပေမယ့် အဲဒိပုံပြင်ထဲမှာ ဘာတွေရလိုက်သလဲ။

အပြင်ပန်းအမြင်မှာ မုန်လာဥလို မာချာချာ တောင့်တောင့်တင်းတင်းနဲ့ ၊ လောကဒဏ်ကို တကယ်ရင်ဆိုင်ရတဲ့ အခါမှာ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးလား။

အစတုန်းကတော့ ထိလွယ်ကွဲလွယ်တဲ့ စိတ်ရှိနေတယ်။ စိတ်ကလဲပျော့နေတယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲတာလို၊ ချွတ်ခြုံကျတာလို တစ်ခုခုကို အပြင်းအထန် ခံစားပြီးတဲ့နောက်မှာတော့ နင်လားဟဲ့ လောကဒဏ်ဆိုတဲ့ စိတ်၊ ထီမထင်တဲ့စိတ်ဓါတ်နဲ့ မာကြောကြောတောင့်တင်းတင်း ဖြစ်သွားမယ့် လူစားမျိုးလား။

မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလို အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာတော့ ခါးသီးမာကြောနေတဲ့ နှလုံးသားနဲ့ လူမျိုးလား။
လက်ဖက်ခြောက်ဆိုတာ ရေနွေးဆူလေလေ အရသာပိုကောင်းလေလေဘဲ။ လက်ဖက်ခြောက်လို လူဆိုတာကလဲ ဒုက္ခတွေနဲ့ အရှိန်တတ်လေလေ အရည်အချင်းတွေ ပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်။

လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဘို့ဆုံးဖြတ်ထားပါသလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။ မူရင်းဆရာအတ္တကျော်ရဲ့နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် စာအုပ်မှ ကူးယူဖော်ပြထားပါတယ်။Credit to MMM

Zawgyi

ေလာကဒဏ္ကို ဘယ္လို ရင္ဆိုင္ဖုိ႕ဆုံးျဖတ္ထားပါသလဲ?

ဟိုး… ေရွးေရွးတုန္းက….. ႐ြာတစ္႐ြာမွာ သားအဖႏွစ္ေယာက္ရွိတယ္။ တစ္ေန႔မွာ သမီး ျဖစ္သူက ဖခင္ႀကီးကို တိုင္တယ္မိတယ္။ ဘာဘဲလုပ္လုပ္ တစ္ခုမွအဆင္မေျပတဲ့အေၾကာင္း အားပ်က္မိတဲ့ အေၾကာင္း ေျပာတယ္။

သမီးက အဲလို တိုင္တည္ၿပီးေျပာလိုက္ေတာ့ ဖခင္ႀကီးက သမီးလက္ကိုဆြဲၿပီး မီးဖိုေခ်ာင္ကို ေခၚသြားလိုက္တယ္။ ၿပီးေတာ့ ဘာမွမေျပာဘဲ အိုးသုံးအိုးထဲကို ေရေတြျဖည့္ၿပီး မီးျပင္းျပင္းနဲ႔ ဖိုသုံးဖိုေပၚမွာ တင္လိုက္တယ္။ မၾကာပါဘူး မီးအား အရမ္းျပင္းတာေၾကာင့္ အိုးထဲကေရေတြ ပြက္ပြက္ဆူလာပါတယ္။

ေရေႏြးေတြလဲဆူေရာ ဖခင္ျဖစ္သူက ပထမအိုးထဲကို မုန္လာဥေတြထည့္၊ ဒုတိယအိုးထဲကို ၾကက္ဥ ေတြထည့္၊ တတိယအိုးထဲကို လက္ဖက္ေျခာက္ေတြ အသီးသီးထည့္လိုက္တယ္။ထည့္ၿပီးေတာ့ အိုးေတြကို မီးဖိုေပၚမွာဘဲ ဆက္ထားလိုက္တယ္။

ေနာက္၁၀မိနစ္ေလာက္ ၾကာတဲ့အခါမွာ ဖခင္ျဖစ္သူက မီးသုံးဖိုစလုံးကို သတ္လိုက္ၿပီး ပထမအိုးထဲက မုန္လာဥေတြကိုဆယ္၊ ပန္းကန္တစ္ခ်ပ္ထဲထည့္ လိုက္တယ္။ ေနာက္တစ္အိုးက ၾကက္ဥေတြကိုဆယ္ၿပီး ပန္းကန္ထဲထည့္လိုက္ျပန္တယ္။ ေနာက္ဆုံး အိုးထဲကလက္ဖက္ေျခာက္ေတြ ခပ္ထားတဲ့ ေရေႏြးေတြကို ခြပ္တစ္လုံးထဲ ထည့္လိုက္တယ္။

အဲဒိေနာက္ ဖခင္ျဖစ္သူက သမီးေရ ဒါေတြကဘာလဲလို႔ ေမးတဲ့အခါမွာ သမီးလုပ္သူက မုန္လာဥျပဳတ္၊ ၾကက္ဥျပဳတ္နဲ႔ေရေႏြးၾကမ္းေတြပါလို႔ ျပန္ေျဖလိုက္တယ္။

သမီးက အဲဒိလိုျပန္ေျဖအၿပီးမွာ ဖခင္ျဖစ္သူက မုန္လာဥေတြကို စမ္းခိုင္းတယ္။ သမီးက မုန္လာဥကို ဇြန္းနဲ႔ ထိုးၾကည့္တဲ့အခါမွာ ေပ်ာ့ၿပဲေနတာေတြ႕ရတယ္။ ေနာက္ ၾကက္ဥကိုယူၿပီး စမ္းခိုင္းျပန္တယ္။ ၾကက္ဥကို ခြာလိုက္တဲ့ အခါမွာ အရမ္းကို က်က္ေနတဲ့ ၾကက္ဥျပဳတ္တစ္လုံးျဖစ္ေနတာ ေတြ႕ရျပန္တယ္။

ေနာက္ဆုံးမွာ ေရေႏြးၾကမ္းကို ျမည္းၾကည့္ခိုင္းတဲ့အခါမွာ အနံ႔ အရသာနဲ႔ ျပည့္စုံတဲ့ ေရေႏြးၾကမ္းတစ္ခြက္ျဖစ္ေနတာ သတိထားမိျပန္တယ္။ အားလုံးစမ္းသပ္ၿပီးတဲ့အခါမွာ ဖခင္ျဖစ္သူက သမီးကို ဒီလိုဆုံးမပါတယ္။

မုန္လာဥက ေရေႏြးထဲမေရာက္ခက္မွာ သန္သန္မာမာ ေတာင့္ေတာင့္တင္းတင္းႀကီးေပါ့။ ဒါေပမယ့္ ေရေႏြးနဲ႔လဲ ျပဳတ္လိုက္ေရာ တစ္ခါထဲကို ေဖ်ာ့ဖတ္သြားေတာ့တာဘဲ။ ၾကက္ဥက်ျပန္ေတာ့ ေရေႏြးထဲမေရာက္ခင္မွာ အထိမခံဘူး။ ၾကမ္းၾကမ္းေလး ထိမိတာနဲ႔ ခြက္ကနဲ ကြဲသြားေရာ။

အေပၚခြံ ပါးပါးေလးက အထဲက အရည္ၾကည့္ေပ်ာ့ဖတ္ဖတ္ေလးေတြကို ကာရံထားတဲ့ အေနအထားေပါ့။ ဒါေပမယ့္ ေရေႏြးထဲမွာလဲ ျပဳတ္လိုက္ေရာ ေပ်ာ့အိအိ အတြင္းသားေတြက အားလုံးမာကုန္ျပန္ဘဲ။

လက္ဖက္ေျခာက္ကေတာ့ တစ္ဘာသာေပါ့။ ေရေႏြးပြက္ပြက္ထဲလဲေရာက္ေရာ အဲဒိအျဖဴေရာင္ ေရေႏြးေတြကိုပါ လက္ဖက္ရည္အျဖစ္ ေျပာင္းလဲလိုက္တယ္။ ၿပီးေတာ့ အရသာရွိတဲ့ ေရေႏြးၾကမ္းတစ္ခြက္အေနနဲ႔ ေျပာင္းသြားတယ္။

ကဲ… ဒီေတာ့ အေဖ့သမီးကေရာ ဘာလဲ။ လူမုန္လာဥလား၊ လူၾကက္ဥလား။ လူလက္ဖက္ေျခာက္လား။

ေလာကဒဏ္ဆိုတာ လူတိုင္းဟာတစ္နည္းနည္းနဲ႔ ရင္ဆိုင္ေနရတာဘဲ။ အဲဒါေလာကဒဏ္နဲ႔ နဖူးေတြ႕၊ ဒူးေတြ႕ ရင္ဆိုင္လာရတဲ့အခါမွာ သမီးက ဘယ္လိုတုန႔္ျပန္မလဲ။ သမီးကိုယ္တိုင္ စဥ္းစားပါတဲ့။

ပုံျပင္ေလးက ဒါပါဘဲ။ ဒါေပမယ့္ အဲဒိပုံျပင္ထဲမွာ ဘာေတြရလိုက္သလဲ။

အျပင္ပန္းအျမင္မွာ မုန္လာဥလို မာခ်ာခ်ာ ေတာင့္ေတာင့္တင္းတင္းနဲ႔ ၊ ေလာကဒဏ္ကို တကယ္ရင္ဆိုင္ရတဲ့ အခါမွာ ေပ်ာ့ေခြႏြမ္းရိၿပီး အားကုန္သြားမယ့္ လူစားမ်ိဳးလား။

အစတုန္းကေတာ့ ထိလြယ္ကြဲလြယ္တဲ့ စိတ္ရွိေနတယ္။ စိတ္ကလဲေပ်ာ့ေနတယ္။ ဒါေပမယ့္ ေသျခင္းတရားလို၊ ရွင္ကြဲကြဲတာလို၊ ခြၽတ္ၿခဳံက်တာလို တစ္ခုခုကို အျပင္းအထန္ ခံစားၿပီးတဲ့ေနာက္မွာေတာ့ နင္လားဟဲ့ ေလာကဒဏ္ဆိုတဲ့ စိတ္၊ ထီမထင္တဲ့စိတ္ဓါတ္နဲ႔ မာေၾကာေၾကာေတာင့္တင္းတင္း ျဖစ္သြားမယ့္ လူစားမ်ိဳးလား။

မျပဳတ္ခင္ၾကက္ဥနဲ႔ ျပဳတ္ၿပီးသားၾကက္ဥလို အျပင္ပန္းအျမင္မွာ သိပ္မကြာလွေပမယ့္ အတြင္းမွာေတာ့ ခါးသီးမာေၾကာေနတဲ့ ႏွလုံးသားနဲ႔ လူမ်ိဳးလား။
လက္ဖက္ေျခာက္ဆိုတာ ေရေႏြးဆူေလေလ အရသာပိုေကာင္းေလေလဘဲ။ လက္ဖက္ေျခာက္လို လူဆိုတာကလဲ ဒုကၡေတြနဲ႔ အရွိန္တတ္ေလေလ အရည္အခ်င္းေတြ ပိုရွိလာေလေလျဖစ္ၿပီး ကိုယ့္ပတ္ဝန္းက်င္အတြက္ ပိုေကာင္းတဲ့ အေျခအေနကို ဖန္တီးေပးႏိုင္တဲ့သူ ျဖစ္လာမယ္။

ေလာကဒဏ္ကို ဘယ္လို ရင္ဆိုင္ဘို႔ဆုံးျဖတ္ထားပါသလဲ။ လူမုန္လာဥလား၊ လူၾကက္ဥလား၊ လူလက္ဖက္ေျခာက္လား။ မူရင္းဆရာအတၱေက်ာ္ရဲ႕ေနေပ်ာ္တဲ့ဘ၀ ၾကည္ျမတဲ့ဘဝင္ ႐ႊင္လန္းတဲ့စိတ္ စာအုပ္မွ ကူးယူေဖာ္ျပထားပါတယ္။Credit to MMM

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …