အသည်းအတွက်သဘာဝကြီးကပေးထားတဲ့အားဆေး (သို့မဟုတ်) ထန်းသီး - YATHAZONE

အသည်းအတွက်သဘာဝကြီးကပေးထားတဲ့အားဆေး (သို့မဟုတ်) ထန်းသီး

Knowledge

အသည်းအတွက်သဘာဝကြီးကပေးထားတဲ့အားဆေး (သို့မဟုတ်) ထန်းသီး

နေ့စဉ် စားသောက်နေရတဲ့ အစားအသောက်တွေမှာ ပါဝင်နေတဲ့ အဆိပ်တွေကြောင့် ကျနော်တို့ မြန်မာတွေ အသည်းမကောင်းကြတော့ဘူး။ပတ်ဝန်းကျင်က ပိုးမွှားတွေကြောင့်လည်း အသည်းမှာ ပိုးတွေ တွယ်နေကြပြီ။ မကောင်းတဲ့ အသည်းဆိုရင် ပိုးတွေ ဘီလျံချီပြီး အိမ်ဖွဲ့နေကြတယ်။

သကြားဓာတ်တွေ အစားများတဲ့အတွက်လည်း အသည်းမှာ အဆီဖတ်တွေ ဖုံးနေပြန်ရော။ အသည်းဆိုတာက သွေးခဲကြီးဗျ၊ သိပ်နူးညံ့တာ။ လက်နဲ့ချေရင်တောင် ကြေသွားနိုင်တယ်။ ပျက်စီးဖို့ သိပ်လွယ်တယ်။ အထိခိုက် မခံဘူး။

ငရုတ်သီးပွခြောက်ထဲက မှိုနဲ့တွေ့ရင်တောင် ပျက်စီးသွားနိုင်ပါတယ်။ အသည်းက သိပ်နူးညံ့ပေမဲ့ အလုပ်တွေတော့ အများကြီး လုပ်ရတယ်။ နေ့စဉ်လုပ်ရတဲ့ အသည်း လုပ်ငန်းပေါင်း တစ်ရာကျော်ကို နေ့ရော ညပါ လုပ်နေရတယ်။ အသည်း မကောင်းရင် တစ်ကိုယ်လုံး မကျန်းမာတော့ဘူး။ လုံးပါး ပါးပြီး အသက်တိုတော့တာပါပဲ။

အသည်းနဲ့ လူနဲ့က တိုက်ရိုက်အချိုးကျတယ်။ လူဝရင် အသည်းလည်းဝ (အဆီဖုံး)တယ်၊ အသည်းမကောင်းရင် လူလည်းကျန်းမာရေး ချို့တဲ့ပါတယ်။ လူဆိုတာဟာ ကိုယ်ခံစွမ်းအားကောင်းရင်ရောဂါ မဖြစ်နိုင်ဘူး။

ဒါကြောင့် အသည်းရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် အသည်းကိုလည်း အားရှိအောင် လုပ်ပေးရမှာပေါ့။ အသည်းသာ အားရှိနေပါစေ၊ အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေ မကပ်ရောက်နိုင်ဘူး။

ဘီပိုး ၊ စီပိုး ၊ မှိုအဆိပ် ၊ အသည်းကပ်ပါးပိုး၊ အသည်းဖျက် သံချိတ်ကောင်၊ အယ်ဒီဟိုက်အဆိပ် ၊ အယ်ကိုဟော ၊ ဓာတ်မြေဩဇာနဲ့ဓာတုဆေးကြွင်းမျိုးစုံတွေရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး အသည်းခြောက်ခြင်း၊ အသည်းကြွပ်ခြင်း ၊ အသည်းCellများ ပျက်စီးခြင်းကနေ ဆက်ဖြစ်လာတဲ့ အသည်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်ထားနိုင်တာပေါ့။

အသည်းအတွက် သဘာဝကြီးက ပေးထားတဲ့ အားဆေးကတော့ ထန်းသီး ဖြစ်ပါတယ်။

ထန်းသီးထိပ်ဖက်ကို ဓါးနဲ့လှီးလိုက်ရင် အိမ် ၃ အိမ် တွေ့လိမ့်မယ်။ အဲဒါကို လက်ညှိုးနဲ့ ဖောက်လိုက်ရင် အထဲကအရည်တွေ ပန်းထွက်လာရော။ အရည်တွေကို စုပ်ပြီး သောက်ပါ။ အထဲမှာထန်းသီး ရှိတယ်။ အဲဒီ ထန်းသီးကို စားပါ။ ဂျယ်လီလေးတွေ သိပ်စားကောင်းတယ်။

ထန်းသီးထဲက အရည်နဲ့ ဂျယ်လီဟာ အသည်းအတွက် လိုအပ်တဲ့ အင်ဇိုင်းတွေဖြစ်တယ်။ အသည်းက လိုအပ်တဲ့ အင်ဇိုင်းတွေ ပြည့် သွားတော့ အင်မတန် အားကောင်းလာပြီး သူ့မှာရှိတဲ့ ရောဂါတွေကို သူကိုယ်တိုင်ဖယ်ရှားပစ်လိုက်တယ်။

တကယ့်ကို အံ့ဩစရာကောင်းလောက်အောင် လျှင်မြန်စွာပဲ ပြန်ကောင်းအောင် လုပ်နိုင်ပါတယ်။ သာဓဏလေး၂ ခု ၊ ၃ ခု လောက် ထုတ်ပြပေးပါမယ်။ နယ်မြို့လေးတစ်မြို့က စက်ရုံဝန်ထမ်းတစ်ယောက် သူ့စက်ရုံက chemical အဆိပ်သင့်ပြီး အသည်းရောဂါဖြစ်လာတယ်။

အလုပ် မလုပ်နိုင်တော့လို့ ရန်ကုန်မှာ ဆေးရုံလာတက်ပြီး ကုတယ်။ တစ်လခွဲကြာတဲ့အထိ မပျောက်တဲ့အပြင် တစ်ကိုယ်လုံး ဝါထိန်လာတော့ ဆက်ပြီးမကုတော့ဘဲ သူ့နယ်မြို့လေးကို ပြန်သွားတယ်။နယ်ရောက်တော့ သူ့သတင်းကို ကြားတဲ့ သူငယ်ချင်းက လိုက်လာပြီး ကိုယ်တွေ့ အသည်းရောဂါပျောက်နည်းကို ပေးလိုက်တယ်။

ထန်းသီးခွဲ ၊ အရည်စုပ်သောက် ၊ အသီးကိုဝအောင်စား ၊ ပြီးရင် အိပ်ချင်လာလိမ့်မယ်၊ အိပ်လိုက် ၊နိုးလာရင် ဆီးကြောတင်းလာလိမ့်မယ်၊ဆီးတွေအများကြီးသွားလိမ့်မယ်၊ ပြီးရင်ဗိုက် တအား ဆာလာမယ်၊ အားရပါးရသာစားပစ်လိုက် ၊ အားရှိပြီး လုံးဝ နေကောင်းသွားလိမ့်မယ်လို့ သူငယ်ချင်းက ကိုယ်တွေ့တွေ ပြောပြပြီး ပြန်သွားပါတယ်။

ဒါနဲ့ပဲ သူလည်း ထန်းသီးတွေ လိုက်ရှာပြီးနောက်တစ်ရက် မှာပဲ သူငယ်ချင်းမှာသလို လိုက်လုပ်ပါတယ်။ သူ့ရဲ့သူငယ်ချင်းနဲ့ ထပ်တူပဲ တစ်ရက်တည်းနဲ့ အသားဝါတာတွေ ၊ မျက်လုံးဝါတာတွေအားလုံးယူပစ်သလိုကို ပျောက်သွားပါတယ်။

အသည်းမှာရှိတဲ့ ရောဂါတွေဟာ ဆီးလမ်းကြောင်းနဲ့ ဝမ်းလမ်းကြောင်းကနေ အကုန်ထွက်သွားပါတယ်။
သူလည်း ကျန်းမာရေး ပြန်ကောင်းပြီးအရင်လိုပဲ အလုပ်ဆင်းနိုင်ပါတယ်။သူအလုပ်ဆင်းတော့ သူ့လိုပဲ အခြားဝန်ထမ်းတစ်ယောက်လည်း အသည်းရောဂါဖြစ်လို့ဒီနည်းနဲ့ပဲ ပျောက်သွားကြောင်း ကိုယ်တွေ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ မန္တလေးက အမျိုးသားတစ်ယောက်။သူက စီပိုးအကောင်ရေ သန်းချီပြီး ရှိနေပြီးအသည်းကင်ဆာ ဖြစ်နေပြီ ၊ မရတော့ဘူးဆိုတဲ့သူ။ ဘာလုပ်ရမှန်းမသိတုန်း အခုလို ထန်းသီးနည်းကို ရသွားပြီး မန္တလေး ပတ်ဝန်းကျင်ကရွာတွေမှာ ထန်းသီးလှည့်ပတ်စားနေတာ၂ လ အကြာမှာ စီပိုးတွေ မရှိတော့ဘူး၊အခုဆိုရင် ကျန်းမာ ဝဖြိုးနေတာပဲတဲ့။

ဟိုတစ်လောက အိမ်လာတဲ့ အင်ဂျင်နီယာလေးတစ်ယောက်၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ဆေးကျလို့ မသွားရဘူး။ဘီပိုး ရှိလို့တဲ့၊ ၃ ခါ ဖြေတာ ၃ ခါလုံး ကျတယ်။ ဘာလုပ်ရမလဲတဲ့၊ ထန်းသီးသာ ရှာစားကွာလို့။ အခုတော့ ဆေးအောင်လို့ နိုင်ငံခြားရောက်သွားပါပြီ။ ဝမ်းသာပါတယ်လို့။

အစာလည်းဆေး-ဆေးလည်းအစာဆိုတဲ့အတိုင်း သဘာဝကြီးက ပေးထားတဲ့ ဆေးတွေ ရှိပါတယ်။ အများဆုံးက အပင်တွေမှာ ရှိနေပါတယ်။ ထန်းပင်သည်လည်း ဆေးဖက်ဝင်အပင်ပါပဲ။

ထန်းသီးက ရတဲ့ အရည် ဆေးဖက်ဝင်သလို ထန်းအညှာက ထွက်တဲ့ ထန်းရည်ကလည်း ဆေးပါပဲ။ ထန်းလျက်ကလည်း ဆေးပါပဲ။ ဒါကြောင့်ထန်းပင်တွေ ခုတ်နေတာကို တားဆီးဖို့လိုတယ်။ထန်းပင်ကိုတန်ဖိုးထားရမယ်။

နယ်မှာ ထန်းသီးပေါပေမဲ့ ရန်ကုန်မှာက နည်းနည်းရှားတယ်။ သို့သော် ရှာရင် ရပါတယ်။ ကျနော်ကတော့ မင်္ဂလာဒုံ လေယာဉ်ကွင်းဘက် မကြာခဏ ရောက်လေ့ရှိတော့ လေဆိပ်ရိပ်သာလမ်းမှာသွားဝယ်စားတယ်။

အုန်းစိမ်း ၊ ထန်းသီးအသည်တွေ တန်းစီနေတာပဲ။ စိတ်ကြိုက်စားပဲ။ ရန်ကုန်က မိတ်ဆွေများ ကိုယ်ပိုင်ကားနဲ့
တောင် သွားစရာမလိုပါဘူး။ အားလပ်ရက်မှာ Airport Bus အသွားအပြန် အပျော်စီးပြီး သွားစားလို့ရတာပဲ။
၅၀၀ ထဲနဲ့ Aircon Bus ကို ချောင်ချောင်စီးပြီး မိသားစု picnic ထွက်လို့တောင် ရပါတယ်။

ကျနော်တို့ မြန်မာတွေ ရှေးရှေးကတည်းကထန်းသီး စားခဲ့ကြပါတယ်။ အသည်းရောဂါတွေ ဖြစ်တယ်ဆိုတာ ကြားရခဲပါတယ်။အရက်သမားတွေ အသည်းကျွမ်းပြီး သေတာလောက်ပဲ ကြားဖူးပါတယ်။ ဒါကြောင့် မည်သူမဆို အသည်းအားရှိအောင် ထန်းသီးစားပေးကြပါလို့ အလင်းပြပေးပါတယ်။

အားလံး ကိုယ် စိတ် နှစ်ဖြာကျန်းမာလို့ ချမ်းသာကြပါစေ… ချစ်ခင်လေးစားလျှက်………ဆောင်းပါး – အသည်းအားဆေး, စာအုပ် – ဓာတ်စာ, ရေးသူ – မင်းကျော်ဝင်း#Credit

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး

ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး ( လဲ့လဲ့ – ဧရာဝတီ) နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။ “ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …