အဲဒါတွေကြောင့် ဘာလုပ်လုပ် မိသားစုကို အသိမပေးဖြစ်တော့ပါ - YATHAZONE

အဲဒါတွေကြောင့် ဘာလုပ်လုပ် မိသားစုကို အသိမပေးဖြစ်တော့ပါ

အဲဒါတွေကြောင့် ဘာလုပ်လုပ် မိသားစုကို အသိမပေးဖြစ်တော့ပါ
Life Style

အဲဒါတွေကြောင့် ဘာလုပ်လုပ် မိသားစုကို အသိမပေးဖြစ်တော့ပါ

ကလေးတစ်ယောက် တစ်နေ့လူကြီးဖြစ်လာမဲ့သူတစ်ယောက် တော်ရုံကိစ္စကတော့ ဘယ်သူ့မှ မပြောတော့ မတိုင်ပင်တော့ဘူး။ မိသားစုကို အသိမပေးတော့ပဲ နေတတ်လာတယ်။ ဒီအကျင့်က ဘယ်က ဖြစ်လာလဲ ? ကိုယ့်အထက်က မိဘ-အကြီးတွေနဲ့ အများကြီးဆိုင်တယ်။

ကိုယ်က နှာချေတယ် “ဆေးသောက် နွေးနွေးထွေးထွေးနေ” လို့ ဘယ်သူမှ မပြောပဲ“ နှာချေမှာပေါ့ … ဒီလောက် အေးနေတာကို ဘာမှ မဝတ်တာ” လို့ ဟောက်တယ်။

ကိုယ်က ရုတ်တရက်ဖျားတယ်“ ဘယ်လိုဖြစ်တာလဲ … ဒီရာသီက တုပ်ကွေးရာသီ ဂရုစိုက်မှ ပေါ့” လို့ ပြောမဲ့ အစား”ဖျားမှာပေါ့ ဒီလောက် ရေအကြာကြီးချိုးတာကိုး…နည်းတောင် နည်းသေးတယ် “လို့ ဆူတယ်

ဖျား ရင်… “ဖျားမှာပေါ့ *** တာကိုး” နာရင်… “နာမှာပေါ့ ***တာကိုး” တစ်ခုခုဖြစ်ရင်… ” ဖြစ်မှာပေါ့ …. နင်က ဘယ်လိုနေ ဘယ်လိုထိုင်တာကိုး …ဖြစ်မှာပေါ့ … ဘာကြောင့် ဘယ်လိုဖြစ်တာ နည်းတောင် နည်းသေးတယ် ” ဆိုတာက ပါသေးတယ်။

တစ်ခုခုဆို ဖေးမရမဲ့ ဂရုစိုက်ရမဲ့ မေးခွန်းတွေ အစား… အချို့မိဘတွေ မှာ ဖြစ်စဉ်တစ်ခုကို အရင်ဆုံး အပြစ်စတင်ပြီး ဆုံးမတတ်တဲ့ ဝသီ က အကျင့်တစ်ခုလို ဖြစ်မှန်းမသိ ဖြစ်နေခဲ့တော့ ကလေးက တစ်ခုခု မဖြစ်လိုက်နဲ့ အားကြီးတွေ နဲ့

အပြစ်တင်စကားက အရင် စ intro ဝင်ပြီး ဆုံးမတာ ထုံးစံဖြစ်လာတယ် “တစ်ခါတစ်လေ မဆီမဆိုင် ဖြစ်မှာပေါ့ ဖုန်းချည်းသုံးနေတာကိုး ”“ဖုန်းပျက်တော့လည်း … ပျက်မှာပေါ့ ဖုန်းပဲ အမြဲကလိနေတာကိုး ”(ဖုန်းက တစ်ခါဝယ်ပြီးရင် တစ်သက်လုံးကိုင်လို့ရတဲ့ အရာမဟုတ်ဘူးလေ…

ရိုရိုသေသေကိုင်ရင်တောင် ၂နှစ် ၃ နှစ်လောက်ဆိုရင် ဖုန်းအများစုက ဒစ်လည်နေကြပြီ…။ ဒါကို သိလည်း … အပြစ်စကား ပဲ ဆိုတာပဲ ) ဂရုတစိုက် ဆုံးမတာကို ဘယ်သူမဆို လက်ခံပါတယ်။

အမြဲတမ်း ပြစ်တင်ကြိမ်းမောင်းတာတော့ ဘယ်သူက လိုခ်င္မွာလဲ ???ကလေးတစ်ယောက် ကပုံမှန်အားဖြင့် သူ့အခက်အခဲတွေပြဿနာတွေကို အိမ်ကို ပြောပြတတ်တာချည်းပဲ…

ဒါပေမဲ့ … ဒီအကျင့်ကို အိမ်ကလူတွေပဲ ဖျက်ဆီးပစ်ခဲ့တာ …ကိုယ့်မှာ ဘာပြဿနာရှိရှိ ဘာအခက်အခဲရှိရှိ အိမ်က အပြစ်စကား တွေနဲ့ စတင်ကြိမ်းမောင်း မယ်ဆိုတာပဲ ကြိုသိနေတော့ အိမ်ကို ပြောပြတတ်တဲ့ အကျင့် အဲကလေးမှာ ပျောက်သွားတယ်။ တော်ရုံ မပြောတော့ဘူး။

ဂရုစိုက်ခံရဖို့ အရေးထက်အပြစ်မတင်ခံရဖို့ အရေး အဆဲအဆို မခံရဖို့ အရေးပဲ ဦးတည်တော့တယ်ဒီတော့ ဘာဆက်ဖြစ်လာလဲအဲကလေးက အိမ်ကို လိမ်တတ်လာတယ်ကျောင်းမှာ ရန်ဖြစ်လာတယ် မျက်နှာမှာ ဒဏ်ရာနဲ့ ဒဏ်ချက် .. အိမ်က ဘာဖြစ်လာလဲ မေးတယ်..။

သစ်ကိုင်းနဲ့ ခြစ်မိတယ် ပဲ ဖြေတယ်(ရန်ဖြစ်လာတယ် ပြောရင် ငါ့အဖေ အမေ ကကိုယ့်ကလေး မှန်လား မှားလား အရင်မေးမှာ မဟုတ်ဘူး ။ ဒဏ်ရာဆေးထည့်ပေးမှာလည်း မဟုတ်ဘူး။

တစ်နေကုန် နားနဲ့မဆန့်အောင် အပြစ်စကားတွေပဲ လှိမ့်ကော တော့မှာ သိနေတယ် ) ထိုကြောင့် အကြိမ်ကြိမ် လိမ်ခဲ့ဖူးပါသည်။ ထို့ကြောင့် ဘာလုပ်လုပ် မိသားစုကို မတိုင်ပင်ဖြစ်ခဲ့ပါ။Credit…Thuzar-ko

Zawgyi

အဲဒါေတြေၾကာင့္ ဘာလုပ္လုပ္ မိသားစုကို အသိမေပးျဖစ္ေတာ့ပါ

ကေလးတစ္ေယာက္ တစ္ေန႔လူႀကီးျဖစ္လာမဲ့သူတစ္ေယာက္ ေတာ္႐ုံကိစၥကေတာ့ ဘယ္သူ႔မွ မေျပာေတာ့ မတိုင္ပင္ေတာ့ဘူး။ မိသားစုကို အသိမေပးေတာ့ပဲ ေနတတ္လာတယ္။ ဒီအက်င့္က ဘယ္က ျဖစ္လာလဲ ? ကိုယ့္အထက္က မိဘ-အႀကီးေတြနဲ႔ အမ်ားႀကီးဆိုင္တယ္။

ကိုယ္က ႏွာေခ်တယ္ “ေဆးေသာက္ ေႏြးေႏြးေထြးေထြးေန” လို႔ ဘယ္သူမွ မေျပာပဲ“ ႏွာေခ်မွာေပါ့ … ဒီေလာက္ ေအးေနတာကို ဘာမွ မဝတ္တာ” လို႔ ေဟာက္တယ္။

ကိုယ္က ႐ုတ္တရက္ဖ်ားတယ္“ ဘယ္လိုျဖစ္တာလဲ … ဒီရာသီက တုပ္ေကြးရာသီ ဂ႐ုစိုက္မွ ေပါ့” လို႔ ေျပာမဲ့ အစား”ဖ်ားမွာေပါ့ ဒီေလာက္ ေရအၾကာႀကီးခ်ိဳးတာကိုး…နည္းေတာင္ နည္းေသးတယ္ “လို႔ ဆူတယ္

ဖ်ား ရင္… “ဖ်ားမွာေပါ့ *** တာကိုး” နာရင္… “နာမွာေပါ့ ***တာကိုး” တစ္ခုခုျဖစ္ရင္… ” ျဖစ္မွာေပါ့ …. နင္က ဘယ္လိုေန ဘယ္လိုထိုင္တာကိုး …ျဖစ္မွာေပါ့ … ဘာေၾကာင့္ ဘယ္လိုျဖစ္တာ နည္းေတာင္ နည္းေသးတယ္ ” ဆိုတာက ပါေသးတယ္။

တစ္ခုခုဆို ေဖးမရမဲ့ ဂ႐ုစိုက္ရမဲ့ ေမးခြန္းေတြ အစား… အခ်ိဳ႕မိဘေတြ မွာ ျဖစ္စဥ္တစ္ခုကို အရင္ဆုံး အျပစ္စတင္ၿပီး ဆုံးမတတ္တဲ့ ဝသီ က အက်င့္တစ္ခုလို ျဖစ္မွန္းမသိ ျဖစ္ေနခဲ့ေတာ့ ကေလးက တစ္ခုခု မျဖစ္လိုက္နဲ႔ အားႀကီးေတြ နဲ႔

အျပစ္တင္စကားက အရင္ စ intro ဝင္ၿပီး ဆုံးမတာ ထုံးစံျဖစ္လာတယ္ “တစ္ခါတစ္ေလ မဆီမဆိုင္ ျဖစ္မွာေပါ့ ဖုန္းခ်ည္းသုံးေနတာကိုး ”“ဖုန္းပ်က္ေတာ့လည္း … ပ်က္မွာေပါ့ ဖုန္းပဲ အၿမဲကလိေနတာကိုး ”(ဖုန္းက တစ္ခါဝယ္ၿပီးရင္ တစ္သက္လုံးကိုင္လို႔ရတဲ့ အရာမဟုတ္ဘူးေလ…

႐ို႐ိုေသေသကိုင္ရင္ေတာင္ ၂ႏွစ္ ၃ ႏွစ္ေလာက္ဆိုရင္ ဖုန္းအမ်ားစုက ဒစ္လည္ေနၾကၿပီ…။ ဒါကို သိလည္း … အျပစ္စကား ပဲ ဆိုတာပဲ ) ဂ႐ုတစိုက္ ဆုံးမတာကို ဘယ္သူမဆို လက္ခံပါတယ္။

အၿမဲတမ္း ျပစ္တင္ႀကိမ္းေမာင္းတာေတာ့ ဘယ္သူက လိုခ္ငၼြာလဲ ???ကေလးတစ္ေယာက္ ကပုံမွန္အားျဖင့္ သူ႔အခက္အခဲေတြျပႆနာေတြကို အိမ္ကို ေျပာျပတတ္တာခ်ည္းပဲ…

ဒါေပမဲ့ … ဒီအက်င့္ကို အိမ္ကလူေတြပဲ ဖ်က္ဆီးပစ္ခဲ့တာ …ကိုယ့္မွာ ဘာျပႆနာရွိရွိ ဘာအခက္အခဲရွိရွိ အိမ္က အျပစ္စကား ေတြနဲ႔ စတင္ႀကိမ္းေမာင္း မယ္ဆိုတာပဲ ႀကိဳသိေနေတာ့ အိမ္ကို ေျပာျပတတ္တဲ့ အက်င့္ အဲကေလးမွာ ေပ်ာက္သြားတယ္။ ေတာ္႐ုံ မေျပာေတာ့ဘူး။

ဂ႐ုစိုက္ခံရဖို႔ အေရးထက္အျပစ္မတင္ခံရဖို႔ အေရး အဆဲအဆို မခံရဖို႔ အေရးပဲ ဦးတည္ေတာ့တယ္ဒီေတာ့ ဘာဆက္ျဖစ္လာလဲအဲကေလးက အိမ္ကို လိမ္တတ္လာတယ္ေက်ာင္းမွာ ရန္ျဖစ္လာတယ္ မ်က္ႏွာမွာ ဒဏ္ရာနဲ႔ ဒဏ္ခ်က္ .. အိမ္က ဘာျဖစ္လာလဲ ေမးတယ္..။

သစ္ကိုင္းနဲ႔ ျခစ္မိတယ္ ပဲ ေျဖတယ္(ရန္ျဖစ္လာတယ္ ေျပာရင္ ငါ့အေဖ အေမ ကကိုယ့္ကေလး မွန္လား မွားလား အရင္ေမးမွာ မဟုတ္ဘူး ။ ဒဏ္ရာေဆးထည့္ေပးမွာလည္း မဟုတ္ဘူး။

တစ္ေနကုန္ နားနဲ႔မဆန႔္ေအာင္ အျပစ္စကားေတြပဲ လွိမ့္ေကာ ေတာ့မွာ သိေနတယ္ ) ထိုေၾကာင့္ အႀကိမ္ႀကိမ္ လိမ္ခဲ့ဖူးပါသည္။ ထို႔ေၾကာင့္ ဘာလုပ္လုပ္ မိသားစုကို မတိုင္ပင္ျဖစ္ခဲ့ပါ။Credit…Thuzar-ko

No Comments

Leave a Reply

Your email address will not be published.

Life Style
ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။ ရပ္ကြက္တစ္ခုမွာ.. ကိုထြန္းနဲ႔ မၾကည္ျပာ ဆိုတဲ့ လင္မယားမွာ သားသမီး သုံးေယာက္ေမြးဖြားထားတယ္ ေပါ့..။ ကိုထြန္းဟာ အရက္ေက်းကြၽန္ ျဖစ္သြားၿပီ ။အရက္ကလႊဲလို႔ .. သူ႔ဘဝမွာ ဘာမွမရွိ၊ မၾကည္ျပာကိုလဲ သူဂ႐ုမစိုက္ေတာ့ ! သားသမီးသုံးေယာက္ကိုလဲ.. စိတ္မဝင္စားေတာ့.. သူသိတာက ..မၾကည္ျပာဆီကရမဲ့ .. အရက္ဖိုးမနက္ ၂၀၀ ။ ေန႔လည္ ၂၀၀ ။ ညေန ၂၀၀ဒါပဲ.. သူ သိေတာ့တယ္။ မၾကည္ျပာကေတာ့ .. ေခါင္း ႐ြက္ဗ်တ္ထိုးေဈးသည္ဘဝနဲ႔ မိသားစုကို ဦးေဆာင္ၿပီးကေလးေတြ စားစရိတ္ ေက်ာင္းစရိတ္ အျပင္ကိုထြန္းအတြက္ အရက္ဖိုးကိုပါ ေန႔စဥ္ …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …