"အောင်မြင်ချင်တယ်ဆိုရင်"... ဦးနှောက်ကို ဘောင်ခတ်ထားလို့တော့ မဖြစ်ဘူးနော်… - YATHAZONE

“အောင်မြင်ချင်တယ်ဆိုရင်”… ဦးနှောက်ကို ဘောင်ခတ်ထားလို့တော့ မဖြစ်ဘူးနော်…

Knowledge

“အောင်မြင်ချင်တယ်ဆိုရင်”… ဦးနှောက်ကို ဘောင်ခတ်ထားလို့တော့ မဖြစ်ဘူးနော်…

ဂျပန်တွေက ကြက်မတကောင်ကို တနေ့ ၂ လုံး ဥအောင် လုပ်လိုက်ပြီ… အောင်မြင်တယ်။ တနေ့ ၂ လုံး ဥတယ်။ ဘယ်လိုလုပ်သလဲဆိုတော့… တနေ့တာ ၂၄ နာရီကို တနေ့ ၁၂ နာရီ လုပ်လိုက်တယ်။ဥကြက်မတွေကို ပြင်ပလောကနဲ့ ပေးမတွေ့ဘူး… အလုံ လုပ်ထားတယ်။ ၆ နာရီ အလင်းရောင် ပေးတယ်။ ၆ နာရီ အမှောင် ချထားလိုက်တယ်။ ကြက်မတွေက တနေ့ မိုးချုပ်ပြီထင်ပြီး ဥတလုံး ဥချလိုက်တယ်။

ပြန်ပြီး မိုးလင်း လာသယောင်ယောင်… ၆ နာရီ အလင်းရောင် ထပ်ပေးတယ်။ ပြီးရင် ပြန်အမှောင် ချတယ်။ နောက်တနေ့ ထင်ပြီး ကြက်မတွေက ဥတလုံး ထပ်ဥတယ်။

ငယ်ငယ်တုန်းက “အလိုကြီး… အရနည်း” ဆိုပြီး တနေ့ ရွှေဥ တလုံး.. တလုံး ဥတဲ့ ငန်းကို တခါတည်း ဥတွေ အများကြီး လိုချင်လို့ သတ်ပြီး ငန်းဗိုက်ထဲမှာ ရှာတော့ တလုံးမှ မရတော့တဲ့ အကြောင်း သင်ခဲ့ရ ဖူးတယ်။ အဲ့ဒီ သင်ခန်းစာမှာ ကျွန်တော်တို့ကို ပေးတဲ့ message က လောဘ မကြီးရဘူး၊ အလိုကြီးရင် အရနည်းတက်တယ်… ဒီအသိကို ပေးတာ။

အမှန်က “လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့ အသိကို ပေးရမှာ။ သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲ ထည့်လို့ ရသလားဆိုရင်… ကျွန်တော်တို့အများစုက မရဘူး ဆိုတဲ့ သမရိုးကျ အယူအဆသာ ရှိကြတဲ့ လူတွေပါ။

အမှန်တော့ ရေခဲသေတ္တာဟာ ဘယ်အရွယ် ဘယ် size ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်မှ မရှိတာ။ သစ်ကုလားအုပ် ထည့်ချင်ရင် ထည့်လို့ရမယ့်အရွယ် ရေခဲသေတ္တာ အကြီးကြီး လုပ်ပေါ့… ဒါပဲလေ။ ရွှေဥ တလုံး တလုံး ဥတဲ့ငန်း ဂျပန်တွေကို ပေးလိုက်။ တနေ့တည်း ၂ လုံး ဥအောင် သူတို့ လုပ်လိုက်လိမ့်မယ်…

အဲ့ဒါ ပညာပဲ။ ဘယ်တက္ကသိုလ် ဘယ်ကောလိပ်ကမှ မသင်ကြားပေးနိုင်တဲ့ ပညာ။ တရုတ်ပြည်မှာ မြွေတွေ တအားစားတယ်။ မြွေဆိုရင် ဈေးကောင်းတယ်။ ရေမြွေ မွေးမြူရေးသမား တယောက်နဲ့ interview ထားတာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။

သူဖြေထားတာက “ရေမြွေမွေးဖို့ အရှည် တမိုင်ရှိတဲ့ ရေစီးကြောင်း လိုအပ်တယ်။ ကျွန်တော် အဲ့ဒီလောက် ကျယ်တဲ့ခြံ ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲဗျာ။ အဲ့တော့… ကျွန်တော့်ရှိတဲ့ ခြံထဲမှာပဲ ကွန်ကရစ်ဘောင်တွေနဲ့ပဲ စီးဆင်းနေတဲ့ ရေမြောင်းပုံစံ တမိုင်အရှည် ရအောင် ကွေ့ဝိုက်ပြီး ဟိုကနေဒီ… ဒီကနေဟို စီးဆင်းတဲ့ပုံ ဖန်တီးရတာပေါ့” သူလည်း အောင်မြင်သွားတယ်။

နောက်ပြီး သူက ခိုနဲ့ ငါးလည်း မွေးတယ်။ ခိုအတွက်ပဲ အစာဝယ် ကျွေးတယ်… ငါး အတွက် အစာဝယ် မကျွေးဘူး။ ခိုရဲ့ချီးကို ငါးစာ ပြန်လုပ်ပြီး ငါးတွေကို ကျွေးတယ်။

ခိုက အရင်းပဲ ရရင်တောင် ငါးက ကျွန်တော့်အတွက် အသားတင် အမြတ်တဲ့။ အဲ့ဒါလည်း ဘယ်တက္ကသိုလ်တွေ ဘယ်ကောလိပ်တွေကမှ သင်ကြားပေးလိုက်တာ မဟုတ်တဲ့ ပညာတွေပဲ။ professional အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာတွေဟာ တက္ကသိုလ် ဘွဲ့တွေထက် ပိုအသုံးတည့်မယ် ဆိုတာမျိုး ပေါ့ဗျာ။

နောက်ပြီး ထိုင်းမှာ ဖားမွေးမြူရေး… စားဖားတွေ မွေးတာ။ နေရာမလိုဘူး… ပညာပဲ လိုတယ်။ တိုက်ခန်းနဲ့ နေတဲ့ လူတွေလည်း စီးပွားဖြစ် မွေးလို့ ရတယ်။ ပုဂံစင်လိုမျိုး အထပ်အထပ်နဲ့ ရေသန့်ဗူးတွေကို စီပြီး

အဲ့ဒီရေသန့်ဗူးတွေထဲမှာ ဖားတွေ မွေးတာ… အောင်မြင်တယ်၊ ဈေးကောင်းရတယ်။နောက်တခု မြန်မာပြည်မှာ ကျွန်တော်ရှိတုန်းက broiler ကြက်… အများအခေါ် အိမ်ရှင်မတွေ အခေါ် cp ကြက် ပေါ့ဗျာ။

ကျွန်တော်မွေးတယ်… အောင်မြင်အောင် မွေးနိုင်တဲ့ နေရာမှာ… cp company က ကောင်တွေ လာခဲ့ဦး… ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော် ဆရာပဲ။ တခြားခြံတွေ ကတောင် ကျွန်တော့်ဆီမှာ

အကြံဉာဏ် လာယူရတယ်။ နည်းစနစ် လာမေးရတယ်။ ရောဂါဝင်ရင်၊ တခုခုဖြစ်ရင် diagnosed ဘာမှန်းမသိလို့၊ ဘာရောဂါလဲ၊ ဘယ်လိုဆေးဝါးတွေနဲ့ Treatment လုပ်ရမလဲ၊ ကျွန်တော့်ဆီ အကူအညီတောင်းရတယ်။

ကျွန်တော်ထင်တာ “ငါ ဆရာကြီးပဲ။ ငါ အရမ်းကျွမ်းတယ်” လို့ ဘဝင်မြင့်နေတာ ဒီ ဘွိုင်လာကြက်တွေရဲ့ နဂိုမူလ ဇာတိဟာ နယ်သာလန် (ဟော်လန်) ပေါ့ဗျာ။ ဘိုင်ယန်မြူးနစ်က တောင်ပံကစားသမား အာဂျန်ရော်ဘင်တို့ တိုင်းပြည်။

သူတို့ ဟော်လန်မှာ ဒီ ၄၅ ရက် ကြက် ဘွိုင်လာကြက်တွေကို ဘယ်လို မွေးနေကြသလဲလို့ Google ကနေ ကျွန်တော် လေ့လာကြည့်တော့… ကျွန်တော်တို့ သိထားတာတွေ၊ ကျွန်တော်တို့ လုပ်နေတာတွေဟာ တအား အကုန်အကျ များတယ်။ ထုတ်လုပ်မှုစရိတ် တအားကြီးတဲ့ မွဲဆေးပဲ ဆိုတာ သိလိုက်ရတယ်။

ကျွန်တော်တို့ သိထားတာက ဘွိုင်လာ မွေးမယ်ဆို မြေပြင်ကနေပြီးတော့ ကြမ်းခင်းကို ငါးပေခွဲ အမြင့်… ကြမ်းခင်းကနေ လက်ခံတိုင်ကို ခြောက်ပေခွဲ၊ ခွန်နှစ်ပေ အမြင့်… ခေါင်အထိဆို ၁၆ ပေလောက် အမြင့်ရှိတဲ့ အဆောက်အဦးတစ်ခုကို မြန်မာငွေ သိန်းသုံးဆယ်၊ သုံးဆယ့်ငါးသိန်းလောက် အကုန်ခံ ဆောက်ပြီးမှ မွေးလို့ရတယ် ထင်ခဲ့တာ။

မြန်မာတပြည်လုံးလည်း အခု အဲ့အတိုင်းနဲ့ပဲ မွေးနေကြတာ။ သူတို့ နယ်သာလန်မှာ ဒီအတိုင်း မြေကြီးပြောင်ပေါ်မှာ ၁၀ ပေ ပတ်လည်ခြံ၊ ခါးတိုက်လောက် အမြင့် တာလပတ် အမိုးလေးနဲ့ မွေးနေကြတာ။

ဒီနေရာမှာ ကြက်ချေးတွေ အညစ်အကြေးတွေနဲ့ ညစ်ပတ်သွားပြီဆိုရင်… အဲ့ဒီ ၁၀ ပေ ပတ်လည် ခြံလေးကို မိန်းကလေးနှစ်ယောက် အသာလေး မ ရွှေ့လိုက်တယ်… တဖြည်းဖြည်းနဲ့ပေါ့… ကြက်တွေပါ ပါလာအောင်။

ပြီးရင် နေရာဟောင်းက ကြက်ချေးတွေ အညစ်အကြေးတွေကို သိမ်းလိုက်တယ်။ ဟိုနေရာက မြေကြီးညစ်ပတ်သွားရင် ဒီနေရာပြန်ရွှေ့… ဒီနေရာက မြေကြီး ညစ်ပတ်သွားရင် ဟိုနေရာပြန်ရွှေ့။

အဲ့လိုနဲ့ သူတို့မွေးနေတာ အောင်မြင်သလား မအောင်မြင်ဘူးလားတော့ မမေးနဲ့ဗျာ။ ကြက်တကောင် နှစ်ပိဿာငါးဆယ်… သုံးပိဿာလောက်ရှိတယ်။ ဟဲဗီးကြီးတွေပဲ။

အဓိကအချက် ကျွန်တော်ပြောမယ်လေ… ကျွန်တော်အပါအဝင် အများစုက… သမရိုးကျ အတွေးအခေါ်၊ သမရိုးကျ အယူအဆတွေနဲ့ပဲ မတိုးတက်နိုင်ကြဘူး ဖြစ်နေတာ။

ဆန်းဆန်းပြားပြား တွေးခေါ်၊ မြင့်မြင့်မားမား ကြံစည်တဲ့ လူတွေကိုကျတော့ လှောင်ပြောင်တတ်ကြတယ်။ဒီလိုလုပ်မှ ရတယ်လို့ တရားသေ မတွေးပါနဲ့။ သူတပါးတွေရဲ့ ဆန်းသစ်တဲ့ အတွေး၊ မြင့်မားတဲ့ အကြံအစဉ်ကို မလှောင်ပြောင်ကြပါနဲ့။

ကျွန်တော်ကိုယ်တိုင်လည်း နားမလည်သေးတာတွေ၊ နားလည်ထားမှု လွဲမှားနေတာတွေ အများကြီးကို ပြုပြင်ရပါဦးမယ်။ ဒါကြောင့် ဦးနှောက်ကို ဘောင်ခတ် မထားကြနဲ့။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး

ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး ( လဲ့လဲ့ – ဧရာဝတီ) နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။ “ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …