ဖခင္တစ္ေယာက္ရဲ႕ ဝမ္းနည္းစရာေကာင္းလွတဲ့ ရင္ဖြင့္စကား - YATHAZONE

ဖခင္တစ္ေယာက္ရဲ႕ ဝမ္းနည္းစရာေကာင္းလွတဲ့ ရင္ဖြင့္စကား

ဖခင္တစ္ေယာက္ရဲ႕ ဝမ္းနည္းစရာေကာင္းလွတဲ့ ရင္ဖြင့္စကား
Knowledge

ဖခင္တစ္ေယာက္ရဲ႕ ဝမ္းနည္းစရာေကာင္းလွတဲ့ ရင္ဖြင့္စကား

အသက္ ၅၀ အ႐ြယ္ ဦးေလးႀကီးတစ္ေယာက္ေဆးခန္းတစ္ခု အတြင္းသို႔ ကတုံကယင္နဲ႔ ဝင္လာေလသည္။ ႏြမ္းစုတ္စုတ္ ပုဆိုး၊ တြန႔္ေက်ေနေသာအျဖဴေရာင္တထြန္ အက်ႌလက္ရွည္ကို ဝတ္ဆင္ထားသည္။

တုံယင္ေနေသာ လက္မ်ားျဖင့္ ေဆးခန္းဝ၌ ခ်ိတ္ထားေသာတုံကင္နံပါတ္တစ္ခုအား ယူၿပီး ကြၽန္ေတာ့္ရဲ႕ေဘးထိုင္ခုံတစ္ခု၌ ဝင္ထိုင္ေလသည္။

အေရာင္ေဖ်ာ့ေဖ်ာ့ႏွင့္ ေမွ်ာ္လင့္ခ်က္ မရွိေသာမ်က္လုံးမ်ားက ေရွ႕ကို ေငးစိုက္လွ်က္၊ တစ္ခါတစ္ခါကြၽန္ေတာ့္အား လွည့္ၾကည့္လွ်က္ ရွိေနသည္မွာ သူသည္ ကြၽန္ေတာ့္ကို စကားေျပာခ်င္ ေနသည့္ပုံစံမ်ိဳးျဖစ္သည္။ထို႔ေၾကာင့္ ကြၽန္ေတာ့္ဘက္ကပင္စၿပီး စကားစေျပာလိုက္သည္။

“ဦးေလး…ေဆးခန္း လာျပတာလား”ကြၽႏ္ုပ္သည္ ေဆးခန္းလာျပမွန္း သိသိႏွင့္ စကားအစ ရွာမရသျဖင့္ ထိုကဲ့သို႔ ေမးလိုက္မိ၏။ ဦးေလးႀကီးမွာ ရီေဝေနေသာ မ်က္လုံးအစုံတို႔ျဖင့္ကြၽန္ေတာ့္အားၾကည့္ရင္း ေခါင္းညိမ့္ျပေလသည္။

“ကြၽန္ေတာ္က သူငယ္ခ်င္းတစ္ေယာက္ ေနမေကာင္းျဖစ္လို႔ ဒီေဆးခန္းကို လိုက္လာတာပါ။ ဒါနဲ႔ ဦးက ဘာျဖစ္လို႔လဲ” , “သာမန္ေရာဂါမ်ိဳးပါ..”

“ေၾသာ္… ဟုတ္ကဲ့”သူ႔ေရာဂါကို ကြၽန္ေတာ့္အား မသိေစလို၍ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။

ဦးေလးႀကီးမွာ ေဆးခန္းေရွ႕တြင္ ရွိေသာ ကားလမ္းႀကီးေပၚ၌ သြားလာေနေသာ ကားမ်ားအား ေငးၾကည့္ကာအတန္ၾကာေအာင္ ၿငိမ္ေနေလသည္။

ထို႔ေနာက္ ကြၽန႔္ေတာ့္ဘက္အား လွည့္၍ “ေရာဂါက သာမန္ပါ ငါ့တူရာ။ ဒါေပမယ့္ ခံစားရတဲ့ေဝဒနာက ေတာ္ေတာ္နာက်င္ရတယ္”

နည္းနည္းေတာ့ အံ့ၾသမိသည္။ ဘာေၾကာင့္လဲဆိုတာကိုသိခ်င္သျဖင့္ ကြၽန္ေတာ္က“ဘာျဖစ္လို႔လည္းဗ်”သူ၏ မ်က္ႏွာသည္ အနည္းငယ္ နီျမန္းသြားကာလက္ထဲက တုံကင္နံပါတ္ေလးအား စိုက္ၾကည့္ေနေလသည္။

သူျဖစ္ခဲ့တဲ့ အေၾကာင္းကို ျပန္ေတြးရင္းေဒါသျဖစ္ေနဟန္ ရွိ၏။ မ်က္ရည္မ်ားလည္း ရစ္ဝဲလွ်က္။

ထို႔ေနာက္ သူက ဆက္၍… “မနက္က ေနလို႔ သိပ္မေကာင္းလို႔ ေဆးခန္းသြားျပခ်င္တယ္လို႔ အိမ္က သားေတြ သမီးေတြကို ေျပာေတာ့ ႏွာေစးေခ်ာင္းဆိုးေလာက္ေတာ့ အိမ္မွာရွိတဲ့ ေဆးေသာက္ပါလားတဲ့။

ေဆးခန္းေတြက ပိုက္ဆံ တအားေတာင္းတယ္တဲ့ေလ။ ဦးလည္း နားလည္တာေပါ့ ငါ့တူရာ။ ဒါေပမယ့္ ကိုယ့္က်န္းမာေရးကိုယ္ သိပ္စိတ္မခ်လို႔ေဆးခန္းေလး ဘာေလး ျပရင္ ေကာင္းမလားလို႔ပါ။

ဦးေလးက မိဘေလ။ သားသမီးစီက ပိုက္ဆံတစ္ခါေလာက္ေတာင္းၾကည့္မယ္။ မရရင္ ေနာက္တစ္ခါေတာ့မေတာင္းေတာ့ဘူး။ ဒီပိုက္ဆံေလးရဖို႔ သားသမီးကိုေအာက္က်ိဳ႕ခံၿပီး ေတာင္းေနရင္ သူတို႔ေလးေတြပဲငရဲႀကီးမွာေလ။

ဒါ့ေၾကာင့္ သူငယ္ခ်င္းတစ္ေယာက္စီကေခ်းၿပီး ဒီကိုလာခဲ့တာပဲ။ ငါ့တူလည္း သင္ခန္းစာရတာေပါ့။ ဦးေျပာျပမယ္။ အခုေခတ္သားသမီး ေတာ္ေတာ္မ်ားမ်ားဟာငယ္တဲ့ အခ်ိန္တုန္းကသာ မိဘကို ခ်စ္ၾက၊ ေၾကာက္ၾကတာ။

သူတို႔ေလးမ်ား ပိုက္ဆံရွာ ႏိုင္လာၿပီဆိုရင္ကိုယ့္မိဘကိုယ္ မ႐ိုေသခ်င္ၾကေတာ့။ အိမ္မွာ ပိုက္ဆံဆိုသူတို႔ေတြပဲကိုင္တယ္။ ဦးအေနနဲ႔ တစ္ခုခု သုံးစရာလိုၿပီ ဆိုရင္ သူတို႔စီ မ်က္ႏွာငယ္ေလးနဲ႔ ျပန္ေတာင္းရတယ္။

အိမ္မွာ ဆိုလည္း လူပိုတစ္ေယာက္လိုမ်ိဳးသေဘာထားၾကတယ္။

သူတို႔ ငယ္ငယ္တုန္းကကိုယ္ေပးလိုက္ရတဲ့ ေမတၱာတရားေတြကို ျပန္မေပးခ်င္ၾကေတာ့ဘူး။ ငါ့တူလည္း အဲ့လို သားသမီးမ်ိဳးထဲမွာမပါေစနဲ႔ကြာ” လို႔ေျပာရင္း သူ႔အလွည့္က်၍ ေဆးခန္းအတြင္းသို႔ ဝင္သြားေလေတာ့သည္။

ကြၽန္ေတာ္လည္း သူငယ္ခ်င္းျဖစ္သူနဲ႔ ေဆးခန္းမွျပန္လာခဲ့ေလသည္။ေနာက္တစ္ပါတ္ သူငယ္ခ်င္းျဖစ္သူက ေဆးခန္းနဲ႔ရက္ခ်ိန္းထားသျဖင့္ တစ္ပါတ္ၾကာေတာ့ ေဆးခန္းသို႔ျပန္လာရေလသည္။

ေဆးခန္းေရာက္ေတာ့ ၎ ဦးေလးႀကီးကို ျပန္ေတြ႕ရျပန္သည္။ ဦးေလးနာမည္က ဦးေက်ာ္စြာ ဟုသိရ၏။ သူနဲ႔ကြၽန္ေတာ္ အေတာ္ေလးကို ခင္မင္ခဲ့ပါသည္။ သူဘယ္မွာေနတယ္။

သူ႔မွာသားသမီး ဘယ္ႏွစ္ေယာက္ရွိတယ္ဆိုတာေတြကအစ သူ႔ရဲ႕ငယ္စဥ္က ျဖစ္ရပ္ေတြကိုပါ ေတြ႕ဆုံခဲ့ရတဲ့ အခ်ိန္တို ခဏေလးအတြင္းမွာသိခြင့္ရခဲ့ ပါသည္။

ေနာက္ေတာ့ သူနဲ႔ ကြၽန္ေတာ္ သိပ္ၿပီး မဆုံျဖစ္ေတာ့ပါ။ သုံးပါတ္ေလာက္ၾကာေတာ့ ကြၽန္ေတာ့္ သူငယ္ခ်င္းကသတင္းတစ္ခု လာေျပာေလသည္။

“ဟိုတစ္ခါ ေဆးခန္းမွာ မင္းနဲ႔ ခင္တဲ့ ဦးေလးႀကီးကိုမွတ္မိလား” , “အင္း… ဘာလို႔လဲ” , “နာမည္က ဘယ္သူ…. ဟို…”

“ဦးေက်ာ္စြာေလကြာ၊ ဘာျဖစ္လို႔တုန္း” , “ေအး…အဲ့ ဦးေလးႀကီး မေန႔က ဆုံးသြားၿပီတဲ့… ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါ ဆိုလားပဲ”

ကြၽန္ေတာ့္စိတ္ထဲ၌ တစ္မ်ိဳးႀကီး ခံစားလိုက္ရပါတယ္။ သူ၏ မ်က္ႏွာကို ျပန္ျမင္ေယာင္ေနမိပါသည္။ ဦးေလး ေကာင္းရာသုကတိ လားပါေစ လို႔ဆုေတာင္းေနမိပါသည္။

တကယ္ေတာ့ ကြၽန္ေတာ္တို႔ သားသမီးေတြဟာပညာေလးနည္းနည္း တတ္လာၿပီ၊ အေတာင္ေလးစုံလာၿပီဆိုရင္ မိဘကို သိပ္ၿပီးအေလးမထားခ်င္ၾကေတာ့ဘူး။ မိဘေတြလုပ္သမွ်၊ ေျပာသမွ်အရာေတြကအဓိပၸါယ္မရွိဘူး၊ ေရွးက်ေနၿပီလို႔ ထင္လာၾကတတ္တယ္။

ကိုယ္ကိုယ္တိုင္ မိဘေနရာကို ေရာက္လာၿပီဆိုမွကိုယ့္မိဘေတြရဲ႕ ေမတၱာတရား၊ ေက်းဇူးေတြကိုနားလည္လာတတ္ၾကတယ္။ အဲ့ဒီအခ်ိန္ေရာက္မွမိဘေနရာက ခံစားတတ္လာၾကတယ္။

ဝမ္းနည္းစရာေကာင္းတာက အသိတရား ရတဲ့အခ်ိန္ အရမ္းကိုေနာက္က်သြားၿပီ။ ဒါ့ေၾကာင့္ ေနာင္တ မရခင္ေလးမွာ အသိတရားရၾကပါေစ။ မိဘေနရာကေန ခံစားနားလည္ ႏိုင္ၾကပါေစ။Credit:ကိုရဲ

Unicode

ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာကောင်းလှတဲ့ ရင်ဖွင့်စကား

အသက် ၅၀ အရွယ် ဦးလေးကြီးတစ်ယောက်ဆေးခန်းတစ်ခု အတွင်းသို့ ကတုံကယင်နဲ့ ဝင်လာလေသည်။ နွမ်းစုတ်စုတ် ပုဆိုး၊ တွန့်ကျေနေသောအဖြူရောင်တထွန် အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားသည်။

တုံယင်နေသော လက်များဖြင့် ဆေးခန်းဝ၌ ချိတ်ထားသောတုံကင်နံပါတ်တစ်ခုအား ယူပြီး ကျွန်တော့်ရဲ့ဘေးထိုင်ခုံတစ်ခု၌ ဝင်ထိုင်လေသည်။

အရောင်ဖျော့ဖျော့နှင့် မျှော်လင့်ချက် မရှိသောမျက်လုံးများက ရှေ့ကို ငေးစိုက်လျှက်၊ တစ်ခါတစ်ခါကျွန်တော့်အား လှည့်ကြည့်လျှက် ရှိနေသည်မှာ သူသည် ကျွန်တော့်ကို စကားပြောချင် နေသည့်ပုံစံမျိုးဖြစ်သည်။ထို့ကြောင့် ကျွန်တော့်ဘက်ကပင်စပြီး စကားစပြောလိုက်သည်။

“ဦးလေး…ဆေးခန်း လာပြတာလား”ကျွန်ုပ်သည် ဆေးခန်းလာပြမှန်း သိသိနှင့် စကားအစ ရှာမရသဖြင့် ထိုကဲ့သို့ မေးလိုက်မိ၏။ ဦးလေးကြီးမှာ ရီဝေနေသော မျက်လုံးအစုံတို့ဖြင့်ကျွန်တော့်အားကြည့်ရင်း ခေါင်းညိမ့်ပြလေသည်။

“ကျွန်တော်က သူငယ်ချင်းတစ်ယောက် နေမကောင်းဖြစ်လို့ ဒီဆေးခန်းကို လိုက်လာတာပါ။ ဒါနဲ့ ဦးက ဘာဖြစ်လို့လဲ” , “သာမန်ရောဂါမျိုးပါ..”

“သြော်… ဟုတ်ကဲ့”သူ့ရောဂါကို ကျွန်တော့်အား မသိစေလို၍ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဦးလေးကြီးမှာ ဆေးခန်းရှေ့တွင် ရှိသော ကားလမ်းကြီးပေါ်၌ သွားလာနေသော ကားများအား ငေးကြည့်ကာအတန်ကြာအောင် ငြိမ်နေလေသည်။

ထို့နောက် ကျွန့်တော့်ဘက်အား လှည့်၍ “ရောဂါက သာမန်ပါ ငါ့တူရာ။ ဒါပေမယ့် ခံစားရတဲ့ဝေဒနာက တော်တော်နာကျင်ရတယ်”

နည်းနည်းတော့ အံ့သြမိသည်။ ဘာကြောင့်လဲဆိုတာကိုသိချင်သဖြင့် ကျွန်တော်က“ဘာဖြစ်လို့လည်းဗျ”သူ၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားကာလက်ထဲက တုံကင်နံပါတ်လေးအား စိုက်ကြည့်နေလေသည်။

သူဖြစ်ခဲ့တဲ့ အကြောင်းကို ပြန်တွေးရင်းဒေါသဖြစ်နေဟန် ရှိ၏။ မျက်ရည်များလည်း ရစ်ဝဲလျှက်။

ထို့နောက် သူက ဆက်၍… “မနက်က နေလို့ သိပ်မကောင်းလို့ ဆေးခန်းသွားပြချင်တယ်လို့ အိမ်က သားတွေ သမီးတွေကို ပြောတော့ နှာစေးချောင်းဆိုးလောက်တော့ အိမ်မှာရှိတဲ့ ဆေးသောက်ပါလားတဲ့။

ဆေးခန်းတွေက ပိုက်ဆံ တအားတောင်းတယ်တဲ့လေ။ ဦးလည်း နားလည်တာပေါ့ ငါ့တူရာ။ ဒါပေမယ့် ကိုယ့်ကျန်းမာရေးကိုယ် သိပ်စိတ်မချလို့ဆေးခန်းလေး ဘာလေး ပြရင် ကောင်းမလားလို့ပါ။

ဦးလေးက မိဘလေ။ သားသမီးစီက ပိုက်ဆံတစ်ခါလောက်တောင်းကြည့်မယ်။ မရရင် နောက်တစ်ခါတော့မတောင်းတော့ဘူး။ ဒီပိုက်ဆံလေးရဖို့ သားသမီးကိုအောက်ကျို့ခံပြီး တောင်းနေရင် သူတို့လေးတွေပဲငရဲကြီးမှာလေ။

ဒါ့ကြောင့် သူငယ်ချင်းတစ်ယောက်စီကချေးပြီး ဒီကိုလာခဲ့တာပဲ။ ငါ့တူလည်း သင်ခန်းစာရတာပေါ့။ ဦးပြောပြမယ်။ အခုခေတ်သားသမီး တော်တော်များများဟာငယ်တဲ့ အချိန်တုန်းကသာ မိဘကို ချစ်ကြ၊ ကြောက်ကြတာ။

သူတို့လေးများ ပိုက်ဆံရှာ နိုင်လာပြီဆိုရင်ကိုယ့်မိဘကိုယ် မရိုသေချင်ကြတော့။ အိမ်မှာ ပိုက်ဆံဆိုသူတို့တွေပဲကိုင်တယ်။ ဦးအနေနဲ့ တစ်ခုခု သုံးစရာလိုပြီ ဆိုရင် သူတို့စီ မျက်နှာငယ်လေးနဲ့ ပြန်တောင်းရတယ်။

အိမ်မှာ ဆိုလည်း လူပိုတစ်ယောက်လိုမျိုးသဘောထားကြတယ်။

သူတို့ ငယ်ငယ်တုန်းကကိုယ်ပေးလိုက်ရတဲ့ မေတ္တာတရားတွေကို ပြန်မပေးချင်ကြတော့ဘူး။ ငါ့တူလည်း အဲ့လို သားသမီးမျိုးထဲမှာမပါစေနဲ့ကွာ” လို့ပြောရင်း သူ့အလှည့်ကျ၍ ဆေးခန်းအတွင်းသို့ ဝင်သွားလေတော့သည်။

ကျွန်တော်လည်း သူငယ်ချင်းဖြစ်သူနဲ့ ဆေးခန်းမှပြန်လာခဲ့လေသည်။နောက်တစ်ပါတ် သူငယ်ချင်းဖြစ်သူက ဆေးခန်းနဲ့ရက်ချိန်းထားသဖြင့် တစ်ပါတ်ကြာတော့ ဆေးခန်းသို့ပြန်လာရလေသည်။

ဆေးခန်းရောက်တော့ ၎င်း ဦးလေးကြီးကို ပြန်တွေ့ရပြန်သည်။ ဦးလေးနာမည်က ဦးကျော်စွာ ဟုသိရ၏။ သူနဲ့ကျွန်တော် အတော်လေးကို ခင်မင်ခဲ့ပါသည်။ သူဘယ်မှာနေတယ်။

သူ့မှာသားသမီး ဘယ်နှစ်ယောက်ရှိတယ်ဆိုတာတွေကအစ သူ့ရဲ့ငယ်စဉ်က ဖြစ်ရပ်တွေကိုပါ တွေ့ဆုံခဲ့ရတဲ့ အချိန်တို ခဏလေးအတွင်းမှာသိခွင့်ရခဲ့ ပါသည်။

နောက်တော့ သူနဲ့ ကျွန်တော် သိပ်ပြီး မဆုံဖြစ်တော့ပါ။ သုံးပါတ်လောက်ကြာတော့ ကျွန်တော့် သူငယ်ချင်းကသတင်းတစ်ခု လာပြောလေသည်။

“ဟိုတစ်ခါ ဆေးခန်းမှာ မင်းနဲ့ ခင်တဲ့ ဦးလေးကြီးကိုမှတ်မိလား” , “အင်း… ဘာလို့လဲ” , “နာမည်က ဘယ်သူ…. ဟို…”

“ဦးကျော်စွာလေကွာ၊ ဘာဖြစ်လို့တုန်း” , “အေး…အဲ့ ဦးလေးကြီး မနေ့က ဆုံးသွားပြီတဲ့… နှလုံးသွေးကြောကျဉ်း ရောဂါ ဆိုလားပဲ”

ကျွန်တော့်စိတ်ထဲ၌ တစ်မျိုးကြီး ခံစားလိုက်ရပါတယ်။ သူ၏ မျက်နှာကို ပြန်မြင်ယောင်နေမိပါသည်။ ဦးလေး ကောင်းရာသုကတိ လားပါစေ လို့ဆုတောင်းနေမိပါသည်။

တကယ်တော့ ကျွန်တော်တို့ သားသမီးတွေဟာပညာလေးနည်းနည်း တတ်လာပြီ၊ အတောင်လေးစုံလာပြီဆိုရင် မိဘကို သိပ်ပြီးအလေးမထားချင်ကြတော့ဘူး။ မိဘတွေလုပ်သမျှ၊ ပြောသမျှအရာတွေကအဓိပ္ပါယ်မရှိဘူး၊ ရှေးကျနေပြီလို့ ထင်လာကြတတ်တယ်။

ကိုယ်ကိုယ်တိုင် မိဘနေရာကို ရောက်လာပြီဆိုမှကိုယ့်မိဘတွေရဲ့ မေတ္တာတရား၊ ကျေးဇူးတွေကိုနားလည်လာတတ်ကြတယ်။ အဲ့ဒီအချိန်ရောက်မှမိဘနေရာက ခံစားတတ်လာကြတယ်။

ဝမ်းနည်းစရာကောင်းတာက အသိတရား ရတဲ့အချိန် အရမ်းကိုနောက်ကျသွားပြီ။ ဒါ့ကြောင့် နောင်တ မရခင်လေးမှာ အသိတရားရကြပါစေ။ မိဘနေရာကနေ ခံစားနားလည် နိုင်ကြပါစေ။Credit:ကိုရဲ

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …