ခရမ္းေရာင္ေျပာင္းက က်န္းမာေရးအတြက္ ဘယ္လုိအေထာက္အကူျပဳတာလဲ? - YATHAZONE

ခရမ္းေရာင္ေျပာင္းက က်န္းမာေရးအတြက္ ဘယ္လုိအေထာက္အကူျပဳတာလဲ?

Health

ခရမ္းေရာင္ေျပာင္းက က်န္းမာေရးအတြက္ ဘယ္လုိအေထာက္အကူျပဳတာလဲ?

သာမန္ထက္ ထူးျခားတဲ့ အေရာင္အေသြး၊ သြင္ျပင္သ႑ာန္ရွိရင္ ေဆးဖက္ဝင္တယ္၊လို႔ ေျပာၾကတာမ်ားပါတယ္ေနာ္။

ဥပမာေျပာျပရရင္ ဟင္းႏုႏြယ္အနီေရာင္က ေဆးဖက္ဝင္တယ္၊ ဆလတ္႐ြက္အနီေရာင္က စားေပးရတယ္ ခႏၶာကိုယ္အတြက္ေကာင္းတယ္၊ ၾကက္အမဲေရာင္ အသားကလည္း စားရတယ္ ေဆးဖက္ဝင္တယ္ ဆိုတာမ်ိဳးေပါ့။

ဒီတစ္ေခါက္ေတာ့ အေရာင္အေသြး ထူးျခားမႈေၾကာင့္ ေဆးဖက္ဝင္တယ္ဆိုတာက တကယ္မွန္တယ္ဆိုတာေလးကို ဒီေဆာင္းပါးေလးကေနတဆင့္ ေျပာျပေပးပါရေစနာ္။ ခရမ္းေရာင္ေျပာင္းဖူးေလးက ေဆးဖက္ဝင္ပါတယ္…

ခရမ္းေရာင္ေျပာင္းဖူးမွာပါတဲ့ ဓာတ္ေတြက ခႏၶာကိုယ္မွာျဖစ္တဲ့ ေရာင္ရမ္းမႈေတြကို က်ဆင္းေစႏိုင္သလို အင္ဆူလင္မတိုးတာကိုလည္း သက္သာေစႏိုင္တဲ့ ေလ့လာမႈအသစ္တစ္ရပ္အရ သိရပါတယ္။

ဒီေတာ့ ေသခ်ာတာတစ္ခုက ခရမ္းေရာင္ေျပာင္းဖူးေလးေတြကို အမ်ိဳးအစား -၂ ဆီးခ်ိဳရွိသူေတြ စားသုံးလို႔ရတယ္ဆိုတာပါ။ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ စားသုံးမႈက အမ်ိဳးအစား -၂ ဆီးခ်ိဳေရာဂါကို ကာကြယ္ဖို႔နဲ႔ အေကာင္းဆုံးထိန္းခ်ဳပ္ဖို႔အတြက္ အေရးပါတဲ့ အခ်က္တစ္ခုပါ။

ဆီးခ်ိဳရွိသူတစ္ဦးအေနနဲ႔ စားသုံးဖို႔ သင့္ေတာ္တာေတြကေတာ့ သစ္သီးေတြ၊ ကစီဓာတ္နည္းတဲ့ ဟင္းသီးဟင္း႐ြက္ေတြ၊ ေကာက္ႏွံေတြ၊ အခြံမာသီးေတြ၊ အေစ့အဆန္ေတြနဲ႔ ပဲေတာင့္ရွည္ေတြေပါ့။ ဒီလိုစားသုံးဖို႔သင့္ေတာ္တယ္ဆိုတဲ့ စာရင္းထဲမွာ ကစီဓာတ္မ်ားတဲ့ ေျပာင္းဖူးကေတာ့ မပါတာ အမွန္ပါပဲ။

၂၀၁၇ ခုႏွစ္က လုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရေတာ့ ခရမ္းေရာင္ေျပာင္းဖူးစားသုံးတဲ့ ႂကြက္ကေလးေတြဟာ ဗိုက္အဆီက်သလို၊ ေသြးတြင္းကိုလက္စထေရာပမာဏလည္း ေကာင္းမြန္ၿပီး၊ ေသြးေပါင္လည္း က်ေစႏိုင္တယ္လို႔လည္း ေတြ႕ရွိခဲ့ရပါတယ္။ အဝလြန္တာမ်ိဳး မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္။

ေလ့လာမႈေတြအရေတာ့ ခရမ္းေရာင္ေျပာင္းဖူးမွာပါတဲ့ ဓာတ္ပစၥည္းတစ္ခုက အင္ဆူလင္တုံ႔ျပန္ႏိုင္စြမ္းကို တိုးတက္ေစႏိုင္သလို နာက်င္ေရာင္ရမ္းမႈေတြကိုလည္း သက္သာေစႏိုင္ပါတယ္။ ဒီဓာတ္က ဆဲလ္ေတြတြင္းက oxidative stress ေတြကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။

ဒါေၾကာင့္ ခရမ္းေရာင္ေျပာင္းဖူးေလးကို ဆီးခ်ိဳရွိေနသူေတြေရာ၊ ဆီးခ်ိဳမျဖစ္ေအာင္ ကာကြယ္ခ်င္သူေတြပါ စားသုံးလို႔ရပါတယ္ေနာ္။ အဝလြန္တာကိုလည္း ကာကြယ္ေပးတယ္ဆိုေတာ့ အိုေကေပါ့။ ခႏၶာကိုယ္မွာ ေရာင္ရမ္းမႈေတြ ျဖစ္ေနမယ္ဆိုရင္လည္း ခရမ္းေရာင္ေျပာင္းဖူးေလးကို စားသုံးမယ္ဆိုရင္ သက္သာေစမွာပါ။

ကစီဓာတ္မ်ားလို႔ မစားရဘူးဆိုၿပီး ေျပာင္းဖူးမစားရလို႔ စိတ္ညစ္ေနတဲ့ ဆီးခ်ိဳေရာဂါရွင္ေတြအတြက္ေတာ့ ေျပာင္းဖူးလည္း စားရ က်န္းမာေရးအတြက္လည္း ေကာင္းတယ္ဆိုေတာ့ အဆင္ေျပတာေပါ့ေနာ္။ ဒါေၾကာင့္ အေရာင္အေသြးထူးျခားမႈက ေဆးဖက္ဝင္တယ္ဆိုတာ တကယ္ပါေနာ္။

ဆီးခ်ိဳရွိတဲ့သူေတြအတြက္ေရာ အဝလြန္မွာစိုးေနသူေတြအတြက္ပါ အဆင္ေျပတယ္ဆိုေတာ့ ေဆးျဖစ္ဝါးျဖစ္ေလးျဖစ္ျဖစ္ ခရမ္းေရာင္ေျပာင္းဖူးေလးကို စားလို႔ရပါေၾကာင္း…Credit:hellosayarwon

Unicode

ခရမ်းရောင်ပြောင်းက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုတာလဲ?

သာမန်ထက် ထူးခြားတဲ့ အရောင်အသွေး၊ သွင်ပြင်သဏ္ဍာန်ရှိရင် ဆေးဖက်ဝင်တယ်၊လို့ ပြောကြတာများပါတယ်နော်။

ဥပမာပြောပြရရင် ဟင်းနုနွယ်အနီရောင်က ဆေးဖက်ဝင်တယ်၊ ဆလတ်ရွက်အနီရောင်က စားပေးရတယ် ခန္ဓာကိုယ်အတွက်ကောင်းတယ်၊ ကြက်အမဲရောင် အသားကလည်း စားရတယ် ဆေးဖက်ဝင်တယ် ဆိုတာမျိုးပေါ့။

ဒီတစ်ခေါက်တော့ အရောင်အသွေး ထူးခြားမှုကြောင့် ဆေးဖက်ဝင်တယ်ဆိုတာက တကယ်မှန်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေနာ်။ ခရမ်းရောင်ပြောင်းဖူးလေးက ဆေးဖက်ဝင်ပါတယ်…

ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ကျဆင်းစေနိုင်သလို အင်ဆူလင်မတိုးတာကိုလည်း သက်သာစေနိုင်တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

ဒီတော့ သေချာတာတစ်ခုက ခရမ်းရောင်ပြောင်းဖူးလေးတွေကို အမျိုးအစား -၂ ဆီးချိုရှိသူတွေ စားသုံးလို့ရတယ်ဆိုတာပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ဖို့နဲ့ အကောင်းဆုံးထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။

ဆီးချိုရှိသူတစ်ဦးအနေနဲ့ စားသုံးဖို့ သင့်တော်တာတွေကတော့ သစ်သီးတွေ၊ ကစီဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေနဲ့ ပဲတောင့်ရှည်တွေပေါ့။ ဒီလိုစားသုံးဖို့သင့်တော်တယ်ဆိုတဲ့ စာရင်းထဲမှာ ကစီဓာတ်များတဲ့ ပြောင်းဖူးကတော့ မပါတာ အမှန်ပါပဲ။

၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရတော့ ခရမ်းရောင်ပြောင်းဖူးစားသုံးတဲ့ ကြွက်ကလေးတွေဟာ ဗိုက်အဆီကျသလို၊ သွေးတွင်းကိုလက်စထရောပမာဏလည်း ကောင်းမွန်ပြီး၊ သွေးပေါင်လည်း ကျစေနိုင်တယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။ အဝလွန်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

လေ့လာမှုတွေအရတော့ ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓာတ်ပစ္စည်းတစ်ခုက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို တိုးတက်စေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီဓာတ်က ဆဲလ်တွေတွင်းက oxidative stress တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

ဒါကြောင့် ခရမ်းရောင်ပြောင်းဖူးလေးကို ဆီးချိုရှိနေသူတွေရော၊ ဆီးချိုမဖြစ်အောင် ကာကွယ်ချင်သူတွေပါ စားသုံးလို့ရပါတယ်နော်။ အဝလွန်တာကိုလည်း ကာကွယ်ပေးတယ်ဆိုတော့ အိုကေပေါ့။ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်နေမယ်ဆိုရင်လည်း ခရမ်းရောင်ပြောင်းဖူးလေးကို စားသုံးမယ်ဆိုရင် သက်သာစေမှာပါ။

ကစီဓာတ်များလို့ မစားရဘူးဆိုပြီး ပြောင်းဖူးမစားရလို့ စိတ်ညစ်နေတဲ့ ဆီးချိုရောဂါရှင်တွေအတွက်တော့ ပြောင်းဖူးလည်း စားရ ကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတော့ အဆင်ပြေတာပေါ့နော်။ ဒါကြောင့် အရောင်အသွေးထူးခြားမှုက ဆေးဖက်ဝင်တယ်ဆိုတာ တကယ်ပါနော်။

ဆီးချိုရှိတဲ့သူတွေအတွက်ရော အဝလွန်မှာစိုးနေသူတွေအတွက်ပါ အဆင်ပြေတယ်ဆိုတော့ ဆေးဖြစ်ဝါးဖြစ်လေးဖြစ်ဖြစ် ခရမ်းရောင်ပြောင်းဖူးလေးကို စားလို့ရပါကြောင်း…Credit:hellosayarwon

No Comments

Leave a Reply

Your email address will not be published.

Health
ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ..

ဆရာဝန်ညွှန်ကြားချက်မပါဘဲ စပ်ဆေးများကို အသုံးမပြုသင့်ပါ.. စပ်ဆေးနဲ့ ပတ်သက်လို့ လူအတော်များများ မသိသေးတဲ့ အန္တရာယ်ဆိုးကျိုးများ…! (၁) ဆေးခန်းက ဝန်ထမ်းကောင်မလေးရဲ့အမေ တလောက ဆုံးသွားရှာတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေး တစ်ရွာမှာ နေတာ။ အသက် ၅၀ မာမာချာချာကြီး၊ နေ့တိုင်းလယ်ထဲ ကိုင်းထဲဆင်း အလုပ်လုပ်နေကျ။ ကိုယ်လက် တွေ ကိုက်လို့ဆိုပြီး စပ်ဆေးတွေ ဝယ်သောက်တာ ဆေးက သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်တဲ့။ မနက်တစ်ထုပ်၊ ညတစ်ထုပ် နေ့တိုင်း သောက်တယ်။ ခြောက်လလောက်ကြာတောတရှောင်ရှောင် ဖြစ်လာလို့ မြို့တက်ဆေးရုံပြတော့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစုံဖြစ်နေပြီ။ မမီတော့ဘူး။ ဆုံးသွားရှာတယ်။ “အဲ့ဒီစပ်ဆေးတွေ အန္တရာယ်ကို နင်မသိဘူးလားဟယ်”လို့ သူ့ကို ငေါက်မိတယ်။ “သမီးကိုလည်း …

Health
ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္

ခံတြင္းအနံ႕ဆုိးထြက္တာကို ဒီနည္းလမ္းေတြနဲ႕ ေျဖရွင္းၾကည့္ရေအာင္ အလုပ္မွာ ေက်ာင္းမွာ ေန႔စဥ္ေတြ႕ေနရေသာ သူေတြထဲမွာ အျပင္ပိုင္းလွသေလာက္ စကားေျပာၾကည့္ရင္ ပါးစပ္ကနံတာကို သတိမထားမိၾကေသာသူက ေတာ္ေတာ္မ်ားပါတယ္။ ပါးစပ္နံလိုက္တာလို႔ ေျပာျပန္ရင္လည္း ႐ိုင္းရာက်မွာပါ။ သူမ်ားကို မေျပာခင္ ကိုယ္ကမနံေအာင္ ဘယ္လို လုပ္သင့္သလဲ။ ၁. ေသေသခ်ာခ်ာ ဝါးစားပါ အစားကို စားေသာအခါ ေသေသခ်ာခ်ာ ဝါးစားျခင္းျဖင့္ ပါးစပ္အတြင္းမွာ လိုအပ္ေသာဓါတ္ (သို႔) တံေထြးကို ထြက္ေစပါတယ္။ ခံတြင္းတံေထြး မ်ားမ်ားထြက္ေစျခင္းဟာ ခံတြင္း၏ ေျခာက္ေသြ႕မူကို ကာကြယ္ႏိုင္ၿပီး ပါးစပ္နံတာကိုလည္း ကာကြယ္ႏိုင္ပါသည္။ ပီေကစားရင္လည္း အဆင္ေျပမွာပါ။ ၂. ထမင္းကို ေတာ္႐ုံသာစားပါ ထမင္းကို ဗိုက္အျပည့္ စားေသာအခါ ကိုယ္ခႏၶာအတြင္းမွာ ရွိေသာ အစာအိမ္ …

Health
ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္

ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ခႏၶာကိုယ္မွာျဖစ္ေနတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္… ေျခေထာက္ေတြက သတိေပးေနေသာ အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ လကၡဏာရပ္မ်ား ကြၽန္ေတာ္တို႔ရဲ႕ ေျခေထာက္တစ္စုံဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္ ကို သယ္ပိုးထားရတဲ့ အဂၤါအစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ေျခေထာက္တစ္စုံမွာ ခႏၶာကိုယ္က အ႐ိုးစုစုေပါင္းရဲ႕ ၂၅%ပါဝင္ေနၿပီး အဆစ္ေပါင္း ၃၃ခု၊ အ႐ြတ္ေပါင္း ၁ဝဝ၊ မေရမတြက္ႏိုင္တဲ့ ေသြးေၾကာမွ်င္ေလးေတြနဲ႔ ႂကြက္သားေတြပါဝင္ပါတယ္။ ေျခေထာက္မွာပါဝင္တဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ ႏွလုံး၊ ေက်ာ႐ိုးမ၊ ဦးေႏွာက္စတဲ့ အေရးႀကီး အဂၤါေတြနဲ႔ ဆက္ႏႊယ္ေနပါတယ္။ ဒါ့ေၾကာင့္ … ေျခေထာက္ေတြရဲ႕ မူမ မွန္တဲ့ အေျခအေနေတြကေနတဆင့္ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြကို သိရွိႏိုင္ပါတယ္။ …