(၁၆)နှစ်သားကောင်လေးနဲ့ချစ်သူဖြစ်ပီး ချိန်းတွေ့မိတဲ့ (၄၀)ကျော် အပျိုကြီးတစ်ယောက်ရဲ့အဖြစ် - YATHAZONE


Funny














Unicode

(၁၆)နှစ်သားကောင်လေးနဲ့ချစ်သူဖြစ်ပီး ချိန်းတွေ့မိတဲ့ (၄၀)ကျော် အပျိုကြီးတစ်ယောက်ရဲ့အဖြစ်

တစ်ခါတုန်းက ပဲ အရမ်းများတဲ့ အပျို ကြီး တယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့သူတိုင်း အိုက်တင်အရမ်းခံပြီး ငြင်းပယ်ရင်းနဲ့ အသက် (၄၀) ကျော်သွားတော့ သူ့ကို ကြိုက်မဲ့သူ မရှိတော့ဘူး…

ဒါနဲ့ နောက်ဆုံး ရှားရှား ပါးပါး (၁၆) နှစ်သားကောင်လေး ချစ်သူတယောက် ရ လိုက်တယ်… တိုတိုပြောရရင် ကောင်လေးရဲ့ ချိန်းဆိုမှုနဲ့အတူ ကန်ဘောင်ပေါ်ကို အပျိုကြီးတယောက် ရောက်လာပါတော့တယ်…

ဒါနဲ့ကန်ဘောင်မြက်ခင်းပေါ် စကားစပြော တယောက်နဲ့တယောက် ဘယ်ဘဝထိ ချစ်ကြမည် ဖြစ်ကြောင်း စသဖြင့်ပေါ့… ထီးလေးကွယ်ရင်း ကောင်လေးက အပျိုကြီးကို အနမ်းတွေပေးပြီး အရမ်းဖက်ထားတော့တယ်…

ပြဿနာက အဲ့မှာ စပြီ အပျိုကြီးတယောက် ရည်းစား မထားခဲ့ဖူးဘူးတော့ ရှက်သွေးတွေ ဖြာနေတော့တယ် အဆိုးဆုံးက ညက အပျိုကြီး တယောက် TV ကြည့်ရင်း ပဲကြီးလှော် စားခဲ့တယ်…

မနက်လာခါနီးတော့ ကြက်ဥပြုတ်လေးလည်း စားခဲ့မိတော့ အပျိုကြီးခမျာ ဗိုက်ကရစ် ပြီး လေလည်ချင်တော့တာပဲ… ကောင်လေးကလည်း အပျိုကြီးကို အတင်းဖက်ထားတော့ ရင်ခွင်ထဲကနေ ရုန်းမရဘူး…

ဒါနဲ့ အပျိုကြီးတယောက် မျက်စိကိုမှိတ် အံကိုကြိတ်ပီး လေမလည်မိအောင် တောင့်ခံရင်းနဲ့ ချွေးသီးချွေးပေါက်တွေပါ ကျလာတော့တယ်။

ကောင်လေး ကလည်း တင်းကြပ်စွာ ဖက်ထားတော့ အပျိုကြီးတယောက် အံကြိတ် နှုတ်ပိတ်ယုံဖြင့်မကပဲ အခြေအနေ မဟန်တော့မှန်း သိတော့ သူရဲ့ ခြေမလေးပါ အားအကုန် ကွေးထားတော့တယ်…

ဒါကို ကောင်လေးက အလိုက်မသိပဲ ကွေးထားတဲ့ အပျိုကြီးရဲ့ခြေမလေးကို မြင်တော့…“ချစ်မရယ် ဒီလောက်လှတဲ့ ခြေမလေးတွေကို ဘာလို့ ကွေးထားတာလဲ ပြောတော့”

အပျို ကြီးခမျာ အံကြိတ် ချွေးသီချွေးပေါက် ကျရုံမကပဲ… မျက်လုံးပြူးပြီး ခေါင်းပါခါတော့သည်… (ဆိုလိုချင်တာကတော့ သွားမထိလိုက်နဲ့ပေါ့ ) ဒါနဲ့ကောင်လေးက မပြောမဆိုနှင့် ကွေးထားတဲ့ အပျိုကြီးရဲ့ ခြေမလေးကို ဆွဲဆန့်လိုက်တော့တယ်…

ဗူးးးးးးးးးးးးးးးးးး” ပွတ် (သွားပီ လေ လည်သံက အကျယ်ကြီးနှင့် အရှည်ကြီး အနံ့ဆိုးဆိုးဖြင့် ထွက်သွားတော့သည်) အပျိုကြီးခမျာ အရှက် ဗြမ်းဗြမ်း ကွဲပြီ ခေါင်းလည်း မဖော်ဝံ့တော့ပါ…

ဒါနဲ့ ကောင်လေးခမျာ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ အပျိုကြီး မရှက် အောင်လို့ ဤသို့ ပြောမိပြောရာ စကားတခွန်း ပြောထွက် လိုက်တော့သည်…

“စောရီး ချစ်မရီးရယ် မရှက်ပါနဲ့ ဒီခလုတ်က အီးခလုတ်မှန်း မသိလို့ မှားနှိပ်မိတာ နောက် မနှိပ်တော့ဘူးနော် ” ဟူ၍ ပြောချ လိုက်လေတော့သတည်း…မူရင်းပိုင်ရှင်.. Crd

No Comments

Leave a Reply

Your email address will not be published.

Funny
အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်…

အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်… ခင်ဗျားတို့တော့ မသိဘူး။ ကျွန်တော်တို့ လင်မယား ရန်ဖြစ်ရင် မိန်းမက ကျွန်တော့်ကို ပြန်ချော့ရတာပဲ။ ချော့ဖို့က အကြောင်းလည်း ရှိတာကိုး။ ကျွန်တော်တော့ ယောက္ခမကို အဖေနဲ့ အမေလို့ပဲခေါ်တယ်။ အဲ ယောက္ခအိမ်ရောက်နေတုန်းကာလပေါ့။ `စိတ်ညစ်လို့ သား နည်းနည်းသောက်လာတာ အဖေ၊ အမှားပါရင် ခွင့်လွှတ်ပါ၊ ကန်တော့နှော်။ တစ်ခွက်ပဲ သောက်ရသေးတယ်။ မသောက်နိုင်တော့လို့ အဲဒါ ပုလင်းယူလာတာ။ အဖေလည်း နည်းနည်းသုံးတယ်မို့လား။ဒါယူထားလိုက်ပါ´လို့ ပြောပြီး ရိုရိုသေသေနဲ့ ပုလင်းအပ်တော့ သူက အင်တင်တင်၊၊ သူ့စိတ်ကို သိလို့လည်း ပေးရဲတာ။ နို့မို့ ယောက္ခမနဲ့ သားမက်ဘဝမှာ ဒီလို ဘယ်ပေးရဲမလဲ။ ယူပါ လို့ …

Funny
အောင်မြင်တဲ့ ယောင်္ကျားတယောက်ရဲ့ နောက်ကွယ်မှာ…

အောင်မြင်တဲ့ ယောင်္ကျားတယောက်ရဲ့ နောက်ကွယ်မှာ… ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ ကန်အလယ်က အဆောက်အဦးပေါ်မှာ သူ့ရဲ့ မွေးနေ့ပါတီပွဲ ကျင်းပနေပါတယ် … လူတွေက သူမွေးထားတဲ့ မိချောင်းတွေကို အဆောက်အဦးပေါ်ကနေ တအံ့တဩ အထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့ … အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက် ကြေငြာလိုက်ပါတယ် … မိတ်ဆွေများခင်ဗျား… ယခု ရောက်ရှိနေတဲ့ နေရာကနေ ကန်ထဲကို ခုန်ချပီး ကန်ဘောင်ပေါ်ကို ရောက်အောင် သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်း ပေးမှာ ဖြစ်ပီး- ကန်ဘောင်ကို ရောက်အောင် မသွားနိုင်ပဲ မိချောင်းအကိုက်ခံရလို့ အသက်ဆုံးရှူံး သွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့ မိသားစုကို …

Funny
အပျိုကြီးတွေ အလိုရှိသော ယောက်ျား

အပျိုကြီးတွေ အလိုရှိသော ယောက်ျား ဆေးလိပ်၊ အရက်၊ မိန်းမ ကင်းရှင်းသောသူ အလိုရှိသည်ဟု အပျိုကြီးတစ်ယောက် သတင်းစာထဲတွင် ကြော်ငြာ ထည့်သည်။ တစ်ကိုယ်လုံး အရက်နံ့ ထွက်နေပြီး လက်ထဲတွင် စီးကရက် ကိုင်ထားသော လူတစ်ယောက် ရောက်လာသည်။ ”ဘာကိစ္စလဲ” လို့ အပျိုကြီးက မေးလိုက်တော့… ”သတင်းစာထဲမှာ ကြေညာထားတဲ့ ကိစ္စ” “ဪ… ရှင် အရက် မသောက်တတ်ဘူးလား” ”မိုးလင်း မိုးချုပ် တစ်နေကုန် သောက်တယ်” ”ဆေးလိပ်တော့ မသောက်ဘူးမလား” ”ဘယ်ကလာ.. သောက်တာမှ မီးခိုး ခေါင်းတိုင်လိုပဲ တနေ့ ငါးဘူးလောက် ကုန်တယ်” ”ဒါဖြင့် မိန်းမတော့ ကင်းရှင်းတယ် ဟုတ်” ”ပေါက်ပေါက် ရှာရှာ.. …