စိတ်ထားမြင့်မြတ်တဲ့ အကြီးဆုံးသားသမီးတွေရဲ့ ခံယူချက်နဲ့ စိတ်နေစိတ်ထား - YATHAZONE

စိတ်ထားမြင့်မြတ်တဲ့ အကြီးဆုံးသားသမီးတွေရဲ့ ခံယူချက်နဲ့ စိတ်နေစိတ်ထား

Life Style

စိတ်ထားမြင့်မြတ်တဲ့ အကြီးဆုံးသားသမီးတွေရဲ့ ခံယူချက်နဲ့ စိတ်နေစိတ်ထား

မောင်နှမသားချင်းတွေထဲမှာ အကြီးဆုံးသားသမီးတွေဟာ မိသားစုကို ခင်တွယ်သလို၊အနစ်နာလည်း အရမ်းခံတဲ့သူတွေပါ။ သူတို့တွေဟာ အမကြီး အမိရာ၊ အကိုကြီး အဖရာဆိုသလိုပဲ တာဝန်ကျေဖို့အစွမ်းကုန် ကြိုးစားချင်ကြတဲ့သူတွေပါ။

မိသားစုတစ်ခုရဲ့အကြီးဆုံးသားသမီးတွေရဲ့ ခံယူချက်နဲ့ စိတ်နေစိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ အကြီးဆုံးသားသမီးတိုင်းတော့ဒီလိုစိတ်ထားမရှိပါဘူး၊ စိတ်ထားမြင့်မြတ်တဲ့သူမှပါ။

(၁) မိဘကို သိတတ်တယ်

သူတို့တွေဟာ မိဘတွေနဲ့ ဦးဆုံးလက်ပွန်းတတီး aနရတဲ့သူတွေဖြစ်တာကြောင့် မိဘတွေအပေါ်ကိုသံယောဇဉ်အရမ်းကြီးတဲ့သူတွေပါ။ မိဘတွေရဲ့ခံစားချက်ကို အပြည့်အဝနားလည်သလို၊ မိဘတွေရဲ့အခက်အခဲတွေကို မျှဝေပေးလိုစိတ်လည်း ရှိကြပါတယ်။

မိဘတွေကို ငဲ့ညှာလွန်းတာကြောင့် တစ်ခါတလေကျရင် သူတို့အတွက် ဆုံးရှုံးမှုတွေ၊လက်လွှတ်လိုက်ရတာတွေ တော်တော်များများကို ရှိပါတယ်။ ဒါပေမယ့်လည်း သူတို့တွေဟာမိဘတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ဘာမှထုတ်မပြောတတ်ကြပါဘူး။

(၂) စံပြဖြစ်အောင်နေတယ်

သူတို့တွေဟာ အငယ်တွေအတွက် စံပြဖြစ်ချင်တဲ့သူတွေပါ။ သူတို့ဘယ်လောက်ပဲ နိမ့်ကျနေပါစေ၊သူတို့မှာ အဲဒီ့စိတ်လေးတော့ အမြဲတမ်းရှိတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ဆန္ဒတွေကိုတောင်အငယ်တွေ အတုယူမှားမှာစိုးတာကြောင့်မြိုသိပ်လိုက်ရတဲ့အခါတွေ၊ ချိုးနှိမ်လိုက်ရတဲ့ အခါတွေရှိပါတယ်။သူတို့ကိုယ်သူတို့စံပြဖြစ်အောင် အမြဲတမ်းကြိုးစားကြတဲ့သူတွေပါ။

(၃) အငယ်တွေကို ငဲ့ညှာတယ်

အကြီးဆုံးသားသမီးတွေ တော်တော်များများက အငယ်တွေကို ငဲ့ညှာကြပါတယ်။ နာစရာရှိကိုယ်ကနာ၊ ငတ်စရာရှိ ကိုယ်ကငတ် ကိုယ့်ရဲ့ မောင်လေးညီမလေးတွေ၊ ညီလေးညီမလေးတွေကိုတော့အဆင်ပြေစေချင်ကြပါတယ်။

သူတို့တွေဟာ အငယ်တွေကိုအလုပ်ခိုင်းတဲ့အခါမှာတောင် ခက်ခဲတဲ့ အပိုင်းတွေကို တာဝန်ယူပြီး၊ လွယ်ကူတဲ့အပိုင်းလေးတွေကိုပဲခိုင်းတတ်ကြပါတယ်။ ကိုယ့်ရဲ့မောင်လေး၊ ညီမလေးတွေ ပင်ပန်းမှာ၊ မနိုင်မနင်းလုပ်နေမှာကို မကြည့်ရက်လို့ပါ။

(၄) အငယ်တွေကို ကောင်းစားစေချင်တယ်

အကြီးဆုံးသားသမီးတွေဟာ မိဘဘိုးဘွားတွေပြီးရင် ကိုယ့်အပေါ် မေတ္တာအထားနိုင်ဆုံးပါပဲ။ အငယ်တွေကိုလူတစ်လုံးသူတစ်လုံးပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်၊ အဆင့်အတန်းရှိရှိ နေထိုင်နိုင်တဲ့သူတွေ ဖြစ်စေချင်တယ်၊ကောင်းစားစေချင်ကြပါတယ်။

အငယ်တွေ ကောင်းစားဖို့အတွက်ဆိုရင် သူတို့ဖက်က တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးတတ်ကြသလို၊ ပေးဆပ်စွန့်လွှတ်စရာတွေ ရှိလာရင်တောင် ပေးဆပ်ပေးကြပါတယ်။

(၅) မြိုသိပ်ထားတာတွေ များတယ်

သူတို့တွေရဲ့ စိတ်ထဲမှာ မြိုသိပ်ထားတဲ့ခံစားချက်တွေ အရမ်းများပါတယ်။ အငယ်တွေ ရှိလာပြီးနောက်ပိုင်းမှာမိဘတွေရဲ့ ချစ်ခင်မှု၊ ယုယမှုကို သိပ်မခံရတော့ဘူး၊ သူကအကြီးပဲဆိုပြီး အငယ်တွေကို ပိုဦးစားပေးလာကြတယ်၊ အငယ်တွေ အမှားလုပ်မိရင်လည်း သူက အဆူခံရတယ်၊ သူဘယ်လောက်ပဲ ပင်ပန်းနေပါစေ အကြီးဖြစ်နေတဲ့အတွက် အားလုံးရဲ့တာဝန်ကိုသူက ယူရပါတယ်။

သူ့ဆီမှာမြိုသိပ်ထားတဲ့ခံစားချက်တွေ၊ နာကျင်စရာတွေရှိနေရင်တောင် မိသားစုသာ အဆင်ပြေမယ်ဆိုရင် အနစ်နာခံနိုင်တဲ့ သူတွေပါ။Credit

Zawgyi

စိတ္ထားျမင့္ျမတ္တဲ့ အႀကီးဆုံးသားသမီးေတြရဲ႕ ခံယူခ်က္နဲ႔ စိတ္ေနစိတ္ထား

ေမာင္ႏွမသားခ်င္းေတြထဲမွာ အႀကီးဆုံးသားသမီးေတြဟာ မိသားစုကို ခင္တြယ္သလို၊အနစ္နာလည္း အရမ္းခံတဲ့သူေတြပါ။ သူတို႔ေတြဟာ အမႀကီး အမိရာ၊ အကိုႀကီး အဖရာဆိုသလိုပဲ တာဝန္ေက်ဖို႔အစြမ္းကုန္ ႀကိဳးစားခ်င္ၾကတဲ့သူေတြပါ။

မိသားစုတစ္ခုရဲ႕အႀကီးဆုံးသားသမီးေတြရဲ႕ ခံယူခ်က္နဲ႔ စိတ္ေနစိတ္ထားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အႀကီးဆုံးသားသမီးတိုင္းေတာ့ဒီလိုစိတ္ထားမရွိပါဘူး၊ စိတ္ထားျမင့္ျမတ္တဲ့သူမွပါ။

(၁) မိဘကို သိတတ္တယ္

သူတို႔ေတြဟာ မိဘေတြနဲ႔ ဦးဆုံးလက္ပြန္းတတီး aနရတဲ့သူေတြျဖစ္တာေၾကာင့္ မိဘေတြအေပၚကိုသံေယာဇဥ္အရမ္းႀကီးတဲ့သူေတြပါ။ မိဘေတြရဲ႕ခံစားခ်က္ကို အျပည့္အဝနားလည္သလို၊ မိဘေတြရဲ႕အခက္အခဲေတြကို မွ်ေဝေပးလိုစိတ္လည္း ရွိၾကပါတယ္။

မိဘေတြကို ငဲ့ညႇာလြန္းတာေၾကာင့္ တစ္ခါတေလက်ရင္ သူတို႔အတြက္ ဆုံးရႈံးမႈေတြ၊လက္လႊတ္လိုက္ရတာေတြ ေတာ္ေတာ္မ်ားမ်ားကို ရွိပါတယ္။ ဒါေပမယ့္လည္း သူတို႔ေတြဟာမိဘေတြ စိတ္မေကာင္းျဖစ္မွာစိုးလို႔ ဘာမွထုတ္မေျပာတတ္ၾကပါဘူး။

(၂) စံျပျဖစ္ေအာင္ေနတယ္

သူတို႔ေတြဟာ အငယ္ေတြအတြက္ စံျပျဖစ္ခ်င္တဲ့သူေတြပါ။ သူတို႔ဘယ္ေလာက္ပဲ နိမ့္က်ေနပါေစ၊သူတို႔မွာ အဲဒီ့စိတ္ေလးေတာ့ အၿမဲတမ္းရွိတတ္ၾကပါတယ္။ တစ္ခါတေလ ကိုယ့္ရဲ႕ဆႏၵေတြကိုေတာင္အငယ္ေတြ အတုယူမွားမွာစိုးတာေၾကာင့္ၿမိဳသိပ္လိုက္ရတဲ့အခါေတြ၊ ခ်ိဳးႏွိမ္လိုက္ရတဲ့ အခါေတြရွိပါတယ္။သူတို႔ကိုယ္သူတို႔စံျပျဖစ္ေအာင္ အၿမဲတမ္းႀကိဳးစားၾကတဲ့သူေတြပါ။

(၃) အငယ္ေတြကို ငဲ့ညႇာတယ္

အႀကီးဆုံးသားသမီးေတြ ေတာ္ေတာ္မ်ားမ်ားက အငယ္ေတြကို ငဲ့ညႇာၾကပါတယ္။ နာစရာရွိကိုယ္ကနာ၊ ငတ္စရာရွိ ကိုယ္ကငတ္ ကိုယ့္ရဲ႕ ေမာင္ေလးညီမေလးေတြ၊ ညီေလးညီမေလးေတြကိုေတာ့အဆင္ေျပေစခ်င္ၾကပါတယ္။

သူတို႔ေတြဟာ အငယ္ေတြကိုအလုပ္ခိုင္းတဲ့အခါမွာေတာင္ ခက္ခဲတဲ့ အပိုင္းေတြကို တာဝန္ယူၿပီး၊ လြယ္ကူတဲ့အပိုင္းေလးေတြကိုပဲခိုင္းတတ္ၾကပါတယ္။ ကိုယ့္ရဲ႕ေမာင္ေလး၊ ညီမေလးေတြ ပင္ပန္းမွာ၊ မႏိုင္မနင္းလုပ္ေနမွာကို မၾကည့္ရက္လို႔ပါ။

(၄) အငယ္ေတြကို ေကာင္းစားေစခ်င္တယ္

အႀကီးဆုံးသားသမီးေတြဟာ မိဘဘိုးဘြားေတြၿပီးရင္ ကိုယ့္အေပၚ ေမတၱာအထားႏိုင္ဆုံးပါပဲ။ အငယ္ေတြကိုလူတစ္လုံးသူတစ္လုံးပညာတတ္ႀကီးေတြ ျဖစ္ေစခ်င္တယ္၊ အဆင့္အတန္းရွိရွိ ေနထိုင္ႏိုင္တဲ့သူေတြ ျဖစ္ေစခ်င္တယ္၊ေကာင္းစားေစခ်င္ၾကပါတယ္။

အငယ္ေတြ ေကာင္းစားဖို႔အတြက္ဆိုရင္ သူတို႔ဖက္က တတ္ႏိုင္သမွ် ကူညီေထာက္ပံ့ေပးတတ္ၾကသလို၊ ေပးဆပ္စြန႔္လႊတ္စရာေတြ ရွိလာရင္ေတာင္ ေပးဆပ္ေပးၾကပါတယ္။

(၅) ၿမိဳသိပ္ထားတာေတြ မ်ားတယ္

သူတို႔ေတြရဲ႕ စိတ္ထဲမွာ ၿမိဳသိပ္ထားတဲ့ခံစားခ်က္ေတြ အရမ္းမ်ားပါတယ္။ အငယ္ေတြ ရွိလာၿပီးေနာက္ပိုင္းမွာမိဘေတြရဲ႕ ခ်စ္ခင္မႈ၊ ယုယမႈကို သိပ္မခံရေတာ့ဘူး၊ သူကအႀကီးပဲဆိုၿပီး အငယ္ေတြကို ပိုဦးစားေပးလာၾကတယ္၊ အငယ္ေတြ အမွားလုပ္မိရင္လည္း သူက အဆူခံရတယ္၊ သူဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ အႀကီးျဖစ္ေနတဲ့အတြက္ အားလုံးရဲ႕တာဝန္ကိုသူက ယူရပါတယ္။

သူ႔ဆီမွာၿမိဳသိပ္ထားတဲ့ခံစားခ်က္ေတြ၊ နာက်င္စရာေတြရွိေနရင္ေတာင္ မိသားစုသာ အဆင္ေျပမယ္ဆိုရင္ အနစ္နာခံႏိုင္တဲ့ သူေတြပါ။Credit

No Comments

Leave a Reply

Your email address will not be published.

Life Style
ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။

ကြၽန္မ.. သားေလးေတြ သမီးေလးေတြအတြက္ အေဖ ေခၚခ ေပးေနတာပါ။ ရပ္ကြက္တစ္ခုမွာ.. ကိုထြန္းနဲ႔ မၾကည္ျပာ ဆိုတဲ့ လင္မယားမွာ သားသမီး သုံးေယာက္ေမြးဖြားထားတယ္ ေပါ့..။ ကိုထြန္းဟာ အရက္ေက်းကြၽန္ ျဖစ္သြားၿပီ ။အရက္ကလႊဲလို႔ .. သူ႔ဘဝမွာ ဘာမွမရွိ၊ မၾကည္ျပာကိုလဲ သူဂ႐ုမစိုက္ေတာ့ ! သားသမီးသုံးေယာက္ကိုလဲ.. စိတ္မဝင္စားေတာ့.. သူသိတာက ..မၾကည္ျပာဆီကရမဲ့ .. အရက္ဖိုးမနက္ ၂၀၀ ။ ေန႔လည္ ၂၀၀ ။ ညေန ၂၀၀ဒါပဲ.. သူ သိေတာ့တယ္။ မၾကည္ျပာကေတာ့ .. ေခါင္း ႐ြက္ဗ်တ္ထိုးေဈးသည္ဘဝနဲ႔ မိသားစုကို ဦးေဆာင္ၿပီးကေလးေတြ စားစရိတ္ ေက်ာင္းစရိတ္ အျပင္ကိုထြန္းအတြက္ အရက္ဖိုးကိုပါ ေန႔စဥ္ …

Life Style
ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်…

ကလေးတွေ၏ မကောင်းသောအမူအကျင့်များ ပြောင်းလဲလာရခြင်း အကြောင်းအရင်း (၅) ချက်… သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။ ၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။ သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက …

Life Style
မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး

မိန်းကလေးတွေ စိတ်ကောက်တဲ့ အကြောင်း ( ၉ ) မျိုး မှတ်လော့… မိန်းမ ဟူသည်မှာ … စိတ်ကောက်ရင် . . . အရင် ချော့ပါ . .။ ပြီးတော့မှ ဘာလို့ ကောက်တာလည်းဆိုတာ မေးပါ …။ (၁) စိတ်ကောက်ရခြင်း အကြောင်းများမှာ — — (၂) စိတ်ကောက်ချိန်တန်လို့ ကောက်တာပါ … (၃) စိတ်ကောက်သင့်သည် ထင်လို့ ကောက်တာပါ… (၄) စိတ်မကောက်ရတာ ကြာလို့ ကောက်တာပါ … (၅) အချော့ခံချင်လို့ ကောက်တာပါ … (၆) ဘယ်လောက် ချစ်သေးလည်း စမ်းချင်လို့ …