"ညှဉ်းဆဲသူကား အနာများ" ဝဋ်ကြွေးကြောက်စရာကောင်းပုံ - YATHAZONE

“ညှဉ်းဆဲသူကား အနာများ” ဝဋ်ကြွေးကြောက်စရာကောင်းပုံ

"ညှဉ်းဆဲသူကား အနာများ"
Religious

“ညှဉ်းဆဲသူကား အနာများ” ဝဋ်ကြွေးကြောက်စရာကောင်းပုံ

ကြောက်လန့်ဖွယ်ရာ-ဝဋ်ကြွေးကြမ္မာ

မြတ်စွာဘုရား လက်ထက်တော်က သာဝတ္ထိ ပြည်သား တစ်ယောက် မြတ်စွာ ဘုရား သာသနာတော်မှာ ဝင်ပြီ းရဟန်း ပြုပါတယ်။ သူ့နာမည်က အရှင်တိဿလို့ခေါ်ပါတယ်။ရဟန်းပြုပြီးတော့ သီလ၊ သမာဓိ၊ပညာ အကျင့် တွေကို..ကောင်းမွန်စွာ ကျင့်ကြံ ပါတယ်။ နောက်ကာလအတန်ကြာတော့ သူ့မှာ အနာရောဂါတွေပေါ် လာတယ်။

အစမှာတော့ မုန့်ညှင်းစေ့လောက် အဖုလေးတွေ ပေါ်လာတယ်။ နောက် တဖြည်းဖြည်းနဲ့ပဲ ကုလားပဲလုံးလောက် စားတော်ပဲ လုံးလောက် ဆီးစေ့လောက် ဆီးဖြူ သီးလောက် ဥသျှစ်သီးမှည့်လောက် အဖုလုံးကြီးတွေဖြစ်လာပြီး ပေါက်ကွဲ ကြတယ်။ တစ်ကိုယ်လုံးမှာ အပေါက်အပေါက်တွေ ဖြစ်နေတယ်။ အဲဒီလိုဖြစ်ပြီး တစ်ကိုယ်လုံး ပုပ်နေ လို့ သူကို ပူတိဂတ္တတိဿလို့ ခေါ်ကြတယ်။

သူ့မှာ အရိုးတွေေ ဆွးမြေ့ပြီး ကျိုးကုန် တယ်။ ယခုကာလ မှာလည်း တချို့မှာ အဲဒီလို အရိုးတွေ ဆွေးနေတာကိုတွေ့မြင်ကြရမှာပါ။ လက်ကိုကိုင်ပြီး မ-လိုက်ရင် အဲဒီအရိုးက ကျိုးသွားသတဲ့။

ခြေကို မ-လိုက်ရင်လည်း ခြေရိုးက ကျိုးသွားသတဲ့။ ဒါကြောင့် ဒီလို လူမမာကို မကိုင်ဝံ့၊ မ-မ-ဝံ့နဲ့ ဆွေးမျိုးတွေက ဘယ်လိုမှ မပြုနိုင်ဘဲ မျက်ရည်စက်လက်နဲ့ ကြည့်နေကြရတယ်လို့ ဆိုပါတယ်။

အဲဒီ ပူတိဂတ္တတိဿမထေရ်မှာ ကျတော့လည်း သူ့တပည့်တွေ မပြုစု နိုင်ကြတော့ဘူး။ အဝတ်သင်္ကန်းတွေကလည်း သွေးပုပ် ပြည်ပုပ်တွေနဲ့ လူးပေနေတယ်။ ဘယ်သူမှ ပြုစုသူမရှိဘဲ ကိုးကွယ်ရာမဲ့ ဖြစ်နေပါတယ်။ အလွန်ဆိုးရွားတဲ့ အနာရောဂါတွေကို ကြာရှည် ပြုစုရတော့ တာဝန်လေးတတ်ပါတယ်။

အဲဒီလို ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့အခါမှာ မြတ်စွာဘုရားက အဲဒီ ပူတိဂတ္တတိဿမထေရ်ကိုးကွယ်ရာမဲ့ ဖြစ်နေပုံ ရဟန္တာဖြစ်ဖို့အကြောင်း ဥပနိဿယရှိပုံကို မြင်တော်မူတယ်။ ကျောင်းစဉ်လှည့်ပြီး ကြည့်ရှု့တဲ့ အနေအားဖြင့် အဲဒီနေရာကို ကြွသွားတော်မူပါတယ်။

မီးတင်းကုပ်မှ ရေနွေးတည်ပြီး ရေနွေးပူအောင် စောင့်နေတော်မူတယ်။ ရေနွေးတဲ့အခါ အဲဒီပူတိဂတ္တတိဿရဟန်းရဲ့ ခုတင်ညောင်စောင်းကို မ..ပြီး ရွှေ့ထိုင်ဖို့ ကိုင်တော်မူတယ်။

အခါ အနီးအပါးမှာရှိတဲ့ ရဟန်းတွေက “ဖယ်တော်မူပါဘုရား တပည့်တော်တို့ မ..ရွှေ့ပါ့မယ်”လို့ လျှောက်ပြီး မီးတင်းကုတ်သို့ ယူလာကြပါတယ်။

မြတ်စွာဘုရားက ရေစည်ပိုင်းကိုယူပြီးတော့ ရေနွေးထည့်ပြီး အဲဒီရဟန်းတွေကို ပူတိဂတ္တတိဿရဲ့ ဧကသီကို ရေနွေးနဲ့ဆုတ်ခွာပြီး လျှော်စေတယ်။

လျှော်ပြီးနေလှမ်းစေတယ်။ အဲဒီ အတောအတွင်း မြတ်စွာဘုရားက အနီးအပါးမှာ ရပ်တော်မူကာ ပူတိဂတ္တတိဿရဲ့ ကိုယ်ကို ရေနွေးနဲ့ ဆွတ်ပြီး ရေချိုးပေးစေတယ်။

နေလှမ်းထားတဲ့ ဧကသီခြောက်တဲ့အခါ အဲဒီဧကသီကို ဝတ်စေပြီးတော့ သင်းပိုင်ကို ရေနွေးနဲ့ လျှော်စေပြီး နေပူမှာလှမ်းထားစေတယ်။

အဲဒီသင်္ကန်းခြောက်တဲ့အခါ အဲဒီသင်းပိုင်ကို ဝတ်စေတယ်။ ဧကသီကို ရုံစေတယ်။ အဲဒီအခါ ပူတိဂတ္တတိဿမထေရ်ဟာ သက်သာရာရပြီး စိတ်တည်ငြိမ်စွာနဲ့ ခုတင်ပေါ်မှာ လျောင်းနေတယ်။

မြတ်စွာဘုရားက ပူတိဂတ္တတိဿရဲ့ ခေါင်းရင်းက ရပ်တော်မူလျှက် တရားဟောတော်မူပါတယ်။ ခန္ဓာကိုယ်ကြီးရဲ့ အပြစ်ပြတရားတွေကိုဟောတော်မူတာပါ။

ထိုနောက်အနာ ရောဂါဖြစ်နေချိန်မှာ အားကိုးရမည့်အရာမှာ တရားသာလျှင် ဖြစ်ကြောင်း ဟောတော်မူပါတယ်။ ပူတိဂတ္တမထေရ်ကလည်း တရားကို နှလုံးသွင်းမှု အခြေခံက ရှိနေတဲ့အတွက် မြတ်စွာဘုရားတရားတော်ကိုနာနေရင်း ဝိပဿနာဉာဏ် အစဉ်အတိုင်း တက်ပြီး အရဟတ္တဖိုလ်သို့ ရောက်သွားပါတယ်။ ရဟန္တာဖြစ်ပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်စံတော်မူပါတယ်။

မြတ်စွာဘုရားရှင်က သူ့အလောင်းကို မီးသဂြိုလ်စေပြီး အရိုးဓာတ်တော်ကို စေတီတည်စေပါတယ်။ အဲဒီလိုစေတီတည်ပြီးနောက် ရဟန်းတော်များက ပူတိဂတ္တတိဿမထေရ်ဟာ ဘယ်မှာဖြစ်သလဲလို့ မေးလျှောက်ကြတယ်။

ပရိနိဗ္ဗာန်စံသွားတဲ့အကြောင်း မြတ်စွာဘုရားက မိန့်တော်မူတဲ့အခါ “ရဟန္တာဖြစ်ဖို့အကြောင်း ဥပနိဿယရှိပါလျှက် သူ့ကိုယ်ဟာ အဘယ့်ကြောင့် အနာတွေပေါက်ပြီး ပုပ်ရပါသလဲ။ သူ့အရိုးတွေ ဘာကြောင့် ကျိုးရပါသလဲ။ ဘာကြောင့် ရဟန္တာဖြစ်ရပါလဲ”လို့ မေးလျှောက်ကြပြန်တယ်။ အဲဒီအခါ မြတ်စွာဘုရားက ဒီလိုဖြေကြားတော်မူပါတယ်။

ပူတိဂတ္တတိဿမထေရ်ရဲ့ အလောင်းလျာဟာ ကဿပ မြတ်စွာဘုရားလက်ထက်တော် ကာလက ငှက်မုဆိုး ဖြစ်ခဲ့တယ်။ ငှက်တွေကိုသတ်ပြီး ရောင်းစားခဲ့တယ်။ တစ်နေ့တည်းရောင်းလို့ မကုန်နိုင်မည့် ငှက်များကို မသတ်သေးဘဲ အတောင်ချိုးထားတယ်။ ခြေကိုချိုးထားတယ်။

ဟိုတုန်းက အအေးခန်းတို့ ရေခဲစိမ်တို့ဆိုတာ ရှိပုံမပေါ် ပါဘူး။ ဒါကြောင့် ပုပ်ပျက်မကုန်အောင် အရှင်အတိုင်း ချိုးဖဲ့ပြီး သိမ်းဆည်းထားတယ်။

ယခုကာလမှာလည်း ငှက်တွေကို မသတ်သေးဘဲ ဒီလို နှိပ်စက်ပြီး လှောင်ထားတာတွေ၊ ကြက်တွေ ဘဲတွေ ဝက်တွေ၊ ငါးတွေကို မသတ်သေးဘဲ လှောင်ထားတာတွေကို ရှိတယ်ဆိုတာ အားလုံး သိကြမှာပါ။

အဲဒီလိုငှက်တွေကို လိမ်ချိုးပြီး နှိပ်စက်ခဲ့ သတ်ခဲ့တဲ့အတွက် ငရဲမှာ ကြာမြင့်စွာ ဆင်းရဲဒုက္ခခံခဲ့ရပြီးတော့ အဲဒီကံကြွင်းကြောင့် လူဖြစ်တဲ့အခါမှာလည်း အနာရောဂါများခဲ့ရတယ်။ ယခုဘဝမှာလည်း အဲဒီနှိပ်စက်မှု အကုသိုလ်ကြောင့်အနာတွေပေါက်ပြီး တစ်ကိုယ်လုံး ပုပ်ရတယ်။ အရိုးတွေ လည်းကျိုးရတယ်။

နောက်ဆုံး အဲဒီ ငှက်မုဆိုးဖြစ်စဉ်က တစ်နေ့သောအခါ သူ့အိမ်ကို ကြွရောက်လာတဲ့ ရဟန္တာအား သူစားဖို့ ချက်ထားတဲ့ ငှက်သားဟင်းနှင့် ဆွမ်းကို လောင်းလှူပြီးတော့ အရှင်မြတ်တို့ သိမြင်တဲ့ တရား၏အပြီးဆုံးသို့ ရောက်ပါစေလို့ ဆုတောင်းခဲ့တယ်။အဲဒီဆွမ်းအလှူဒါနကြောင့် တောင်းခဲ့တဲ့ဆုနဲ့အတူ ဒီဘဝမှာ တရားအားထုတ်လိုက်တော့ ရဟန္တာဖြစ်ကြောင်းကို ဟောတော်မူပါတယ်။

ဒီဝတ္ထုမှာ အနာရောဂါတွေ အကြီးအကျယ် ဖြစ်ပြီး တစ်ကိုယ်လုံး ရစရာ မရှိအောင် ပုပ်ရတယ်။ အရိုးတွေလည်း ကျိုးရတယ်ဆိုတာ “ညှဉ်းဆဲသူကား အနာများ”ဆိုတဲ့ အကုသိုလ် အကျိုးတရားရဲ့ သက်သေ သာဓကပါပဲ။

ဒါကြောင့် အားလုံးသော သူများလည်း ထိုသို့သော ဝဋ်ကြွေးများမှ လွတ်ကင်းအောင် “သူတစ်ပါးကို ကိုယ်ချင်းစာ သနားငဲ့ညှာ မညှဉ်းဆဲဘဲ ရှောင်ကြဉ် အားထုတ် စေလိုကြောင်း” ရေးသား တင်ပြ လိုက်ပါသည်။

စာဖတ်သူ အားလုံံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Zawgyi

“ညႇဥ္းဆဲသူကား အနာမ်ား” ဝဋ္ေႂကြးေၾကာက္စရာေကာင္းပုံ

ေၾကာက္လန႔္ဖြယ္ရာ-ဝဋ္ေႂကြးၾကမၼာ

ျမတ္စြာဘုရား လက္ထက္ေတာ္က သာဝတၳိ ျပည္သား တစ္ေယာက္ ျမတ္စြာ ဘုရား သာသနာေတာ္မွာ ဝင္ၿပီ းရဟန္း ျပဳပါတယ္။ သူ႔နာမည္က အရွင္တိႆလို႔ေခၚပါတယ္။ရဟန္းျပဳၿပီးေတာ့ သီလ၊ သမာဓိ၊ပညာ အက်င့္ ေတြကို..ေကာင္းမြန္စြာ က်င့္ႀကံ ပါတယ္။ ေနာက္ကာလအတန္ၾကာေတာ့ သူ႔မွာ အနာေရာဂါေတြေပၚ လာတယ္။

အစမွာေတာ့ မုန႔္ညႇင္းေစ့ေလာက္ အဖုေလးေတြ ေပၚလာတယ္။ ေနာက္ တျဖည္းျဖည္းနဲ႔ပဲ ကုလားပဲလုံးေလာက္ စားေတာ္ပဲ လုံးေလာက္ ဆီးေစ့ေလာက္ ဆီးျဖဴ သီးေလာက္ ဥသွ်စ္သီးမွည့္ေလာက္ အဖုလုံးႀကီးေတြျဖစ္လာၿပီး ေပါက္ကြဲ ၾကတယ္။ တစ္ကိုယ္လုံးမွာ အေပါက္အေပါက္ေတြ ျဖစ္ေနတယ္။ အဲဒီလိုျဖစ္ၿပီး တစ္ကိုယ္လုံး ပုပ္ေန လို႔ သူကို ပူတိဂတၱတိႆလို႔ ေခၚၾကတယ္။

သူ႔မွာ အ႐ိုးေတြေ ဆြးေျမ့ၿပီး က်ိဳးကုန္ တယ္။ ယခုကာလ မွာလည္း တခ်ိဳ႕မွာ အဲဒီလို အ႐ိုးေတြ ေဆြးေနတာကိုေတြ႕ျမင္ၾကရမွာပါ။ လက္ကိုကိုင္ၿပီး မ-လိုက္ရင္ အဲဒီအ႐ိုးက က်ိဳးသြားသတဲ့။

ေျခကို မ-လိုက္ရင္လည္း ေျခ႐ိုးက က်ိဳးသြားသတဲ့။ ဒါေၾကာင့္ ဒီလို လူမမာကို မကိုင္ဝံ့၊ မ-မ-ဝံ့နဲ႔ ေဆြးမ်ိဳးေတြက ဘယ္လိုမွ မျပဳႏိုင္ဘဲ မ်က္ရည္စက္လက္နဲ႔ ၾကည့္ေနၾကရတယ္လို႔ ဆိုပါတယ္။

အဲဒီ ပူတိဂတၱတိႆမေထရ္မွာ က်ေတာ့လည္း သူ႔တပည့္ေတြ မျပဳစု ႏိုင္ၾကေတာ့ဘူး။ အဝတ္သကၤန္းေတြကလည္း ေသြးပုပ္ ျပည္ပုပ္ေတြနဲ႔ လူးေပေနတယ္။ ဘယ္သူမွ ျပဳစုသူမရွိဘဲ ကိုးကြယ္ရာမဲ့ ျဖစ္ေနပါတယ္။ အလြန္ဆိုး႐ြားတဲ့ အနာေရာဂါေတြကို ၾကာရွည္ ျပဳစုရေတာ့ တာဝန္ေလးတတ္ပါတယ္။

အဲဒီလို ကိုးကြယ္ရာမဲ့ ျဖစ္ေနတဲ့အခါမွာ ျမတ္စြာဘုရားက အဲဒီ ပူတိဂတၱတိႆမေထရ္ကိုးကြယ္ရာမဲ့ ျဖစ္ေနပုံ ရဟႏၲာျဖစ္ဖို႔အေၾကာင္း ဥပနိႆယရွိပုံကို ျမင္ေတာ္မူတယ္။ ေက်ာင္းစဥ္လွည့္ၿပီး ၾကည့္ရႈ႕တဲ့ အေနအားျဖင့္ အဲဒီေနရာကို ႂကြသြားေတာ္မူပါတယ္။

မီးတင္းကုပ္မွ ေရေႏြးတည္ၿပီး ေရေႏြးပူေအာင္ ေစာင့္ေနေတာ္မူတယ္။ ေရေႏြးတဲ့အခါ အဲဒီပူတိဂတၱတိႆရဟန္းရဲ႕ ခုတင္ေညာင္ေစာင္းကို မ..ၿပီး ေ႐ႊ႕ထိုင္ဖို႔ ကိုင္ေတာ္မူတယ္။

အခါ အနီးအပါးမွာရွိတဲ့ ရဟန္းေတြက “ဖယ္ေတာ္မူပါဘုရား တပည့္ေတာ္တို႔ မ..ေ႐ႊ႕ပါ့မယ္”လို႔ ေလွ်ာက္ၿပီး မီးတင္းကုတ္သို႔ ယူလာၾကပါတယ္။

ျမတ္စြာဘုရားက ေရစည္ပိုင္းကိုယူၿပီးေတာ့ ေရေႏြးထည့္ၿပီး အဲဒီရဟန္းေတြကို ပူတိဂတၱတိႆရဲ႕ ဧကသီကို ေရေႏြးနဲ႔ဆုတ္ခြာၿပီး ေလွ်ာ္ေစတယ္။

ေလွ်ာ္ၿပီးေနလွမ္းေစတယ္။ အဲဒီ အေတာအတြင္း ျမတ္စြာဘုရားက အနီးအပါးမွာ ရပ္ေတာ္မူကာ ပူတိဂတၱတိႆရဲ႕ ကိုယ္ကို ေရေႏြးနဲ႔ ဆြတ္ၿပီး ေရခ်ိဳးေပးေစတယ္။

ေနလွမ္းထားတဲ့ ဧကသီေျခာက္တဲ့အခါ အဲဒီဧကသီကို ဝတ္ေစၿပီးေတာ့ သင္းပိုင္ကို ေရေႏြးနဲ႔ ေလွ်ာ္ေစၿပီး ေနပူမွာလွမ္းထားေစတယ္။

အဲဒီသကၤန္းေျခာက္တဲ့အခါ အဲဒီသင္းပိုင္ကို ဝတ္ေစတယ္။ ဧကသီကို ႐ုံေစတယ္။ အဲဒီအခါ ပူတိဂတၱတိႆမေထရ္ဟာ သက္သာရာရၿပီး စိတ္တည္ၿငိမ္စြာနဲ႔ ခုတင္ေပၚမွာ ေလ်ာင္းေနတယ္။

ျမတ္စြာဘုရားက ပူတိဂတၱတိႆရဲ႕ ေခါင္းရင္းက ရပ္ေတာ္မူလွ်က္ တရားေဟာေတာ္မူပါတယ္။ ခႏၶာကိုယ္ႀကီးရဲ႕ အျပစ္ျပတရားေတြကိုေဟာေတာ္မူတာပါ။

ထိုေနာက္အနာ ေရာဂါျဖစ္ေနခ်ိန္မွာ အားကိုးရမည့္အရာမွာ တရားသာလွ်င္ ျဖစ္ေၾကာင္း ေဟာေတာ္မူပါတယ္။ ပူတိဂတၱမေထရ္ကလည္း တရားကို ႏွလုံးသြင္းမႈ အေျခခံက ရွိေနတဲ့အတြက္ ျမတ္စြာဘုရားတရားေတာ္ကိုနာေနရင္း ဝိပႆနာဉာဏ္ အစဥ္အတိုင္း တက္ၿပီး အရဟတၱဖိုလ္သို႔ ေရာက္သြားပါတယ္။ ရဟႏၲာျဖစ္ၿပီး မၾကာခင္မွာပဲ ပရိနိဗၺာန္စံေတာ္မူပါတယ္။

ျမတ္စြာဘုရားရွင္က သူ႔အေလာင္းကို မီးသၿဂိဳလ္ေစၿပီး အ႐ိုးဓာတ္ေတာ္ကို ေစတီတည္ေစပါတယ္။ အဲဒီလိုေစတီတည္ၿပီးေနာက္ ရဟန္းေတာ္မ်ားက ပူတိဂတၱတိႆမေထရ္ဟာ ဘယ္မွာျဖစ္သလဲလို႔ ေမးေလွ်ာက္ၾကတယ္။

ပရိနိဗၺာန္စံသြားတဲ့အေၾကာင္း ျမတ္စြာဘုရားက မိန႔္ေတာ္မူတဲ့အခါ “ရဟႏၲာျဖစ္ဖို႔အေၾကာင္း ဥပနိႆယရွိပါလွ်က္ သူ႔ကိုယ္ဟာ အဘယ့္ေၾကာင့္ အနာေတြေပါက္ၿပီး ပုပ္ရပါသလဲ။ သူ႔အ႐ိုးေတြ ဘာေၾကာင့္ က်ိဳးရပါသလဲ။ ဘာေၾကာင့္ ရဟႏၲာျဖစ္ရပါလဲ”လို႔ ေမးေလွ်ာက္ၾကျပန္တယ္။ အဲဒီအခါ ျမတ္စြာဘုရားက ဒီလိုေျဖၾကားေတာ္မူပါတယ္။

ပူတိဂတၱတိႆမေထရ္ရဲ႕ အေလာင္းလ်ာဟာ ကႆပ ျမတ္စြာဘုရားလက္ထက္ေတာ္ ကာလက ငွက္မုဆိုး ျဖစ္ခဲ့တယ္။ ငွက္ေတြကိုသတ္ၿပီး ေရာင္းစားခဲ့တယ္။ တစ္ေန႔တည္းေရာင္းလို႔ မကုန္ႏိုင္မည့္ ငွက္မ်ားကို မသတ္ေသးဘဲ အေတာင္ခ်ိဳးထားတယ္။ ေျခကိုခ်ိဳးထားတယ္။

ဟိုတုန္းက အေအးခန္းတို႔ ေရခဲစိမ္တို႔ဆိုတာ ရွိပုံမေပၚ ပါဘူး။ ဒါေၾကာင့္ ပုပ္ပ်က္မကုန္ေအာင္ အရွင္အတိုင္း ခ်ိဳးဖဲ့ၿပီး သိမ္းဆည္းထားတယ္။

ယခုကာလမွာလည္း ငွက္ေတြကို မသတ္ေသးဘဲ ဒီလို ႏွိပ္စက္ၿပီး ေလွာင္ထားတာေတြ၊ ၾကက္ေတြ ဘဲေတြ ဝက္ေတြ၊ ငါးေတြကို မသတ္ေသးဘဲ ေလွာင္ထားတာေတြကို ရွိတယ္ဆိုတာ အားလုံး သိၾကမွာပါ။

အဲဒီလိုငွက္ေတြကို လိမ္ခ်ိဳးၿပီး ႏွိပ္စက္ခဲ့ သတ္ခဲ့တဲ့အတြက္ ငရဲမွာ ၾကာျမင့္စြာ ဆင္းရဲဒုကၡခံခဲ့ရၿပီးေတာ့ အဲဒီကံႂကြင္းေၾကာင့္ လူျဖစ္တဲ့အခါမွာလည္း အနာေရာဂါမ်ားခဲ့ရတယ္။ ယခုဘဝမွာလည္း အဲဒီႏွိပ္စက္မႈ အကုသိုလ္ေၾကာင့္အနာေတြေပါက္ၿပီး တစ္ကိုယ္လုံး ပုပ္ရတယ္။ အ႐ိုးေတြ လည္းက်ိဳးရတယ္။

ေနာက္ဆုံး အဲဒီ ငွက္မုဆိုးျဖစ္စဥ္က တစ္ေန႔ေသာအခါ သူ႔အိမ္ကို ႂကြေရာက္လာတဲ့ ရဟႏၲာအား သူစားဖို႔ ခ်က္ထားတဲ့ ငွက္သားဟင္းႏွင့္ ဆြမ္းကို ေလာင္းလႉၿပီးေတာ့ အရွင္ျမတ္တို႔ သိျမင္တဲ့ တရား၏အၿပီးဆုံးသို႔ ေရာက္ပါေစလို႔ ဆုေတာင္းခဲ့တယ္။အဲဒီဆြမ္းအလႉဒါနေၾကာင့္ ေတာင္းခဲ့တဲ့ဆုနဲ႔အတူ ဒီဘဝမွာ တရားအားထုတ္လိုက္ေတာ့ ရဟႏၲာျဖစ္ေၾကာင္းကို ေဟာေတာ္မူပါတယ္။

ဒီဝတၳဳမွာ အနာေရာဂါေတြ အႀကီးအက်ယ္ ျဖစ္ၿပီး တစ္ကိုယ္လုံး ရစရာ မရွိေအာင္ ပုပ္ရတယ္။ အ႐ိုးေတြလည္း က်ိဳးရတယ္ဆိုတာ “ညႇဥ္းဆဲသူကား အနာမ်ား”ဆိုတဲ့ အကုသိုလ္ အက်ိဳးတရားရဲ႕ သက္ေသ သာဓကပါပဲ။

ဒါေၾကာင့္ အားလုံးေသာ သူမ်ားလည္း ထိုသို႔ေသာ ဝဋ္ေႂကြးမ်ားမွ လြတ္ကင္းေအာင္ “သူတစ္ပါးကို ကိုယ္ခ်င္းစာ သနားငဲ့ညႇာ မညႇဥ္းဆဲဘဲ ေရွာင္ၾကဥ္ အားထုတ္ ေစလိုေၾကာင္း” ေရးသား တင္ျပ လိုက္ပါသည္။

စာဖတ္သူ အားလုံံး သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ၍ လိုရာဆႏၵ တစ္လုံးတစ္ဝတည္း ျပည့္စုံၾကပါေစ။
အရွင္ဝိမလဝံသ(နာလႏၵာတကၠသိုလ္ အိႏၵိယႏိုင္ငံ)

No Comments

Leave a Reply

Your email address will not be published.

Religious
သရဏဂုံ သုံးပါး၏ အကျိုးကျေးဇူး ကြီးမားပုံ

သရဏဂုံ သုံးပါး၏ အကျိုးကျေးဇူး ကြီးမားပုံ ရှေးက… ရောဟဏရွာ လဲမှို့ ကုန်သည်မှာ ဒတ္တ မည်တဲ့ နွားလားကြီး တစ်ကောင်ရှိတယ် ။ ဒီနွားကြီးဟာ အခြား နွားတစ်ကောင်နဲ့ တွဲပြီး လဲမှို့ လှည်းကြီးကို ရုန်းကာ သူ့ သခင်ကို အလုပ်ကျွေး ပြုခဲ့ရှာတယ် ။ တစ်နေ့မှာ ထုံးစံအတိုင်း လဲမှို့ အရောင်းထွက်ကြရာ ရွာအနီး ရွှံ့နွံ ဗွက်ကြီးအတွင်း ဒတ္တကြီးခမျာ နစ်မြုပ် သွားတော့တယ် ။ ချော့လိုက် ခြောက်လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှ မရုန်းနိုင် ရှာပါဘူး ။ ကုန်သည်ကြီး ကတော့ အမျိုးမျိုး ဆဲရေးတိုင်းထွာ ရိုက်နှက် ၍ ဒတ္တကြီးကို …

Religious
သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ်

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ် သမ္ဗုဒ္ဓေ ကျွန်တော် သမ္ဗုဒ္ဓေဂါထာ‌တော်ကို ငယ်ငယ်လေးကတည်းက ရွတ်ဆိုရတာနှစ်သက်ပါတယ်။ အနက်အဓိပ္ပာယ်ကိုသိလာခဲ့တဲ့အချိန်ကျတော့ အနက်အဓိအပ္ပာယ်ပါတွဲပြီး ရွတ်ဖတ်ပူဇော်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနေလာရင်းနဲ့ တစ်နေ့ကျတော့ အောက်မှာဖော်ပြထားတဲ့ ဦးပဉ္ဇင်း U Nay Main Da ရဲ့ ပို့ိစ်တစ်ခုကို ဖတ်ဖြစ်ခဲ့ပါတယ်။ သိပ်ကို သဘောကျနှစ်ခြိုက်သွားမိတာမို့ ဓမ္မမိတ်ဆွေတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။ အဲဒီပေါရာဏဒီပင်္ကၤရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို …

Religious
“ဝါဆိုသင်္ကန်း လှူဒါန်းလျှင်ရရှိနိုင်သော အကျိုးကျေးဇူးများ”

“ဝါဆိုသင်္ကန်း လှူဒါန်းလျှင်ရရှိနိုင်သော အကျိုးကျေးဇူးများ” အပါယ်လွတ်သော ကုသိုလ်(၇)မျိုး… ၁။ သရဏဂုံကုသိုလ်။ ၂။ ငါးပါးသီလကုသိုလ်။ ၃။ စာရေးတံဆွမ်း။ ၄။ လဆန်းပက္ခ၊ လဆုတ်ပက္ခ၌ လှူဒါန်းသောဆွမ်း။ (တစ်လကို နှစ်ပိုင်းပိုင်းလိုက်ပါ။ ရှေ့ဆယ်ငါးရက်သည် လဆန်းပက္ခဖြစ်၍ နောက် ၁၆ ရက်မှ လကုန်ထိသည် လဆုတ်ပက္ခဖြစ်သည်။) ၅။ ဝါဆိုသင်္ကန်း ၆။ ရေတွင်းရေကန်အလှူ။ ၇။ ကျောင်းအလှူတို့ဖြစ်၏။ ထိုကုသိုလ် ၇ မျိုးထဲမှ တစ်မျိုးမျိုးကိုဖြစ်စေ၊ နှစ်မျိုးဖြစ်စေ၊ ခုနစ်မျိုးလုံးဖြစ်စေ အမြဲ(ဝတ်) ထားပြီး လှူဒါန်းမယ်ဆိုရင် ဂတိမြဲတဲ့ ကုသိုလ်ဖြစ်ပါတယ်။ ၁။ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။ ၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။ ၃။ ခပ်သိမ်းသော အရပ်တို့ကို ထွန်းလင်းတောက်ပသော …