ေအာင္ျမင္တဲ့ ေယာက်ၤားတေယာက္ရဲ႕ ေနာက္ကြယ္မွာ... - YATHAZONE

ေအာင္ျမင္တဲ့ ေယာက်ၤားတေယာက္ရဲ႕ ေနာက္ကြယ္မွာ…

Funny

ေအာင္ျမင္တဲ့ ေယာက်ၤားတေယာက္ရဲ႕ ေနာက္ကြယ္မွာ…

ေဒၚလာဘီလီယံေပါင္းမ်ားစြာ ခ်မ္းသာတဲ့ သူေဌးႀကီးတစ္ေယာက္ဟာ သူဝါသနာပါလို႔ ေမြးျမဴထားတဲ့ မိေခ်ာင္းေတြထားတဲ့ ကန္အလယ္က အေဆာက္အဦးေပၚမွာ သူ႔ရဲ႕ ေမြးေန႔ပါတီပြဲ က်င္းပေနပါတယ္ …

လူေတြက သူေမြးထားတဲ့ မိေခ်ာင္းေတြကို အေဆာက္အဦးေပၚကေန တအံ့တဩ အထိတ္တလန႔္နဲ႔ ၾကည့္ေနၾကတာေပါ့ …

အဲဒီအခ်ိန္မွာ သူေဌးက အစီအစဥ္တခုကို ႐ုတ္တရက္ ေၾကျငာလိုက္ပါတယ္ …

မိတ္ေဆြမ်ားခင္ဗ်ား… ယခု ေရာက္ရွိေနတဲ့ ေနရာကေန ကန္ထဲကို ခုန္ခ်ပီး ကန္ေဘာင္ေပၚကို ေရာက္ေအာင္ သြားႏိုင္တဲ့သူကို ဆုအျဖစ္ ေဒၚလာႏွစ္သန္း ေပးမွာ ျဖစ္ပီး-

ကန္ေဘာင္ကို ေရာက္ေအာင္ မသြားႏိုင္ပဲ မိေခ်ာင္းအကိုက္ခံရလို႔ အသက္ဆုံးရႉံး သြားမယ္ဆိုရင္ေတာ့ က်န္ရစ္တဲ့ မိသားစုကို ေထာက္ပံ့ေၾကးအျဖစ္ ေဒၚလာတသန္း ေပးအပ္မွာ ျဖစ္ပါတယ္ …

စိတ္ဝင္စားသူမ်ား အစီအစဥ္မွာ ပါဝင္ စြန႔္စားႏိုင္ၾကပါတယ္ ခင္ဗ်ား::: ……

သူေဌးရဲ႕စကားအဆုံးမွာပဲ လူတေယာက္ဟာ ေရထဲကို ဝုန္းကနဲ ခုန္ခ်ပီး ကန္ေဘာင္ကို ေရာက္ဖို႔ အသဲအသန္ ကူးခတ္ေနပါတယ္ …

ကံအားေလ်ာ္စြာပဲ အဲဒီလူဟာ ကန္ေဘာင္ေပၚကို တက္ေရာက္ သြားႏိုင္ခဲ့ပါတယ္ …

အခမ္းအနား တက္ေရာက္ လာသူေတြက သူ႔ရဲ႕ ရဲရင့္စြာစြန႔္စားတဲ့ သတၱိကို ခ်ီးက်ဴးဂုဏ္ျပဳ ဩဘာ ေပးေနၾကသလို သူေဌးကလဲ သူ႔ကတိအတိုင္း ေဒၚလာႏွစ္သန္းတန္ ခ်က္လက္မွတ္ေရးပီး ဂုဏ္ျပဳလိုက္ပါတယ္ …

အဲဒီလူဟာ ေဒၚလာႏွစ္သန္းတန္ ခ်က္လက္မွတ္ကို ကတုန္ကယင္ ကိုင္ထားပီး ပရိတ္သတ္ဖက္ကို ၾကည့္ကာ အသံတုန္ႀကီးနဲ႔ ေမးလိုက္ပါတယ္ …

က်ေနာ့္ကို အေနာက္က တြန္းခ်လိုက္တာ ဘယ္သူလဲ … 😖

အဲဒီအခါ သူ႔လက္ထဲက ခ်က္လက္မွတ္ကို လာယူပီးေတာ့ ဆလင္းဘတ္အိတ္ထဲ ထည့္ရင္း အမ်ိဳးသမီးတေယာက္က ေျပာလိုက္ပါတယ္ …

ရွင့္ကို တြန္းခ်လိုက္တာ က်မပဲ… တဲ့ 😱

အဲဒီအမ်ိဳးသမီးဟာ အဲဒီလူရဲ႕မိန္းမပဲ ျဖစ္ပါတယ္ …

အဲဒီျဖစ္စဥ္ကို ျမင္ေတြ႕လိုက္ရတဲ့ ပရိတ္သတ္ေတြကေတာ့ …

ေအာင္ျမင္တဲ့ေယာက်ၤားတေယာက္ရဲ႕ေနာက္ကြယ္မွာ တြန္းအားေပးႏိုင္တဲ့ မိန္းမတေယာက္ ရွိေနဖို႔ လိုတယ္ ဆိုတာကို အႂကြင္းမဲ့ လက္ခံသြားပါေတာ့တယ္ဗ်ာ …😁 😁 😁#credit

Unicode

အောင်မြင်တဲ့ ယောင်္ကျားတယောက်ရဲ့ နောက်ကွယ်မှာ …

ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ ကန်အလယ်က အဆောက်အဦးပေါ်မှာ သူ့ရဲ့ မွေးနေ့ပါတီပွဲ ကျင်းပနေပါတယ် …

လူတွေက သူမွေးထားတဲ့ မိချောင်းတွေကို အဆောက်အဦးပေါ်ကနေ တအံ့တဩ အထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့ …

အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက် ကြေငြာလိုက်ပါတယ် …

မိတ်ဆွေများခင်ဗျား… ယခု ရောက်ရှိနေတဲ့ နေရာကနေ ကန်ထဲကို ခုန်ချပီး ကန်ဘောင်ပေါ်ကို ရောက်အောင် သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်း ပေးမှာ ဖြစ်ပီး-

ကန်ဘောင်ကို ရောက်အောင် မသွားနိုင်ပဲ မိချောင်းအကိုက်ခံရလို့ အသက်ဆုံးရှူံး သွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့ မိသားစုကို ထောက်ပံ့ကြေးအဖြစ် ဒေါ်လာတသန်း ပေးအပ်မှာ ဖြစ်ပါတယ် …

စိတ်ဝင်စားသူများ အစီအစဉ်မှာ ပါဝင် စွန့်စားနိုင်ကြပါတယ် ခင်ဗျား::: ……

သူဌေးရဲ့စကားအဆုံးမှာပဲ လူတယောက်ဟာ ရေထဲကို ဝုန်းကနဲ ခုန်ချပီး ကန်ဘောင်ကို ရောက်ဖို့ အသဲအသန် ကူးခတ်နေပါတယ် …

ကံအားလျော်စွာပဲ အဲဒီလူဟာ ကန်ဘောင်ပေါ်ကို တက်ရောက် သွားနိုင်ခဲ့ပါတယ် …

အခမ်းအနား တက်ရောက် လာသူတွေက သူ့ရဲ့ ရဲရင့်စွာစွန့်စားတဲ့ သတ္တိကို ချီးကျူးဂုဏ်ပြု ဩဘာ ပေးနေကြသလို သူဌေးကလဲ သူ့ကတိအတိုင်း ဒေါ်လာနှစ်သန်းတန် ချက်လက်မှတ်ရေးပီး ဂုဏ်ပြုလိုက်ပါတယ် …

အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန် ချက်လက်မှတ်ကို ကတုန်ကယင် ကိုင်ထားပီး ပရိတ်သတ်ဖက်ကို ကြည့်ကာ အသံတုန်ကြီးနဲ့ မေးလိုက်ပါတယ် …

ကျနော့်ကို အနောက်က တွန်းချလိုက်တာ ဘယ်သူလဲ … 😖

အဲဒီအခါ သူ့လက်ထဲက ချက်လက်မှတ်ကို လာယူပီးတော့ ဆလင်းဘတ်အိတ်ထဲ ထည့်ရင်း အမျိုးသမီးတယောက်က ပြောလိုက်ပါတယ် …

ရှင့်ကို တွန်းချလိုက်တာ ကျမပဲ… တဲ့ 😱

အဲဒီအမျိုးသမီးဟာ အဲဒီလူရဲ့မိန်းမပဲ ဖြစ်ပါတယ် …

အဲဒီဖြစ်စဉ်ကို မြင်တွေ့လိုက်ရတဲ့ ပရိတ်သတ်တွေကတော့ …

အောင်မြင်တဲ့ယောင်္ကျားတယောက်ရဲ့နောက်ကွယ်မှာ တွန်းအားပေးနိုင်တဲ့ မိန်းမတယောက် ရှိနေဖို့ လိုတယ် ဆိုတာကို အကြွင်းမဲ့ လက်ခံသွားပါတော့တယ်ဗျာ …😁 😁 😁#credit

No Comments

Leave a Reply

Your email address will not be published.

Funny
အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်…

အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်… ခင်ဗျားတို့တော့ မသိဘူး။ ကျွန်တော်တို့ လင်မယား ရန်ဖြစ်ရင် မိန်းမက ကျွန်တော့်ကို ပြန်ချော့ရတာပဲ။ ချော့ဖို့က အကြောင်းလည်း ရှိတာကိုး။ ကျွန်တော်တော့ ယောက္ခမကို အဖေနဲ့ အမေလို့ပဲခေါ်တယ်။ အဲ ယောက္ခအိမ်ရောက်နေတုန်းကာလပေါ့။ `စိတ်ညစ်လို့ သား နည်းနည်းသောက်လာတာ အဖေ၊ အမှားပါရင် ခွင့်လွှတ်ပါ၊ ကန်တော့နှော်။ တစ်ခွက်ပဲ သောက်ရသေးတယ်။ မသောက်နိုင်တော့လို့ အဲဒါ ပုလင်းယူလာတာ။ အဖေလည်း နည်းနည်းသုံးတယ်မို့လား။ဒါယူထားလိုက်ပါ´လို့ ပြောပြီး ရိုရိုသေသေနဲ့ ပုလင်းအပ်တော့ သူက အင်တင်တင်၊၊ သူ့စိတ်ကို သိလို့လည်း ပေးရဲတာ။ နို့မို့ ယောက္ခမနဲ့ သားမက်ဘဝမှာ ဒီလို ဘယ်ပေးရဲမလဲ။ ယူပါ လို့ …

Funny
(၁၆)ႏွစ္သားေကာင္ေလးနဲ႔ခ်စ္သူျဖစ္ပီး ခ်ိန္းေတြ႕မိတဲ့ (၄၀)ေက်ာ္ အပ်ိဳႀကီးတစ္ေယာက္ရဲ႕အျဖစ္

(၁၆)ႏွစ္သားေကာင္ေလးနဲ႔ခ်စ္သူျဖစ္ပီး ခ်ိန္းေတြ႕မိတဲ့ (၄၀)ေက်ာ္ အပ်ိဳႀကီးတစ္ေယာက္ရဲ႕အျဖစ္ တစ္ခါတုန္းက ပဲ အရမ္းမ်ားတဲ့ အပ်ိဳ ႀကီး တေယာက္ဟာ သူ႔ကို ခ်စ္ခြင့္ပန္တဲ့သူတိုင္း အိုက္တင္အရမ္းခံၿပီး ျငင္းပယ္ရင္းနဲ႔ အသက္ (၄၀) ေက်ာ္သြားေတာ့ သူ႔ကို ႀကိဳက္မဲ့သူ မရွိေတာ့ဘူး… ဒါနဲ႔ ေနာက္ဆုံး ရွားရွား ပါးပါး (၁၆) ႏွစ္သားေကာင္ေလး ခ်စ္သူတေယာက္ ရ လိုက္တယ္… တိုတိုေျပာရရင္ ေကာင္ေလးရဲ႕ ခ်ိန္းဆိုမႈနဲ႔အတူ ကန္ေဘာင္ေပၚကို အပ်ိဳႀကီးတေယာက္ ေရာက္လာပါေတာ့တယ္… ဒါနဲ႔ကန္ေဘာင္ျမက္ခင္းေပၚ စကားစေျပာ တေယာက္နဲ႔တေယာက္ ဘယ္ဘဝထိ ခ်စ္ၾကမည္ ျဖစ္ေၾကာင္း စသျဖင့္ေပါ့… ထီးေလးကြယ္ရင္း ေကာင္ေလးက အပ်ိဳႀကီးကို အနမ္းေတြေပးၿပီး အရမ္းဖက္ထားေတာ့တယ္… ျပႆနာက အဲ့မွာ စၿပီ …

Funny
အပျိုကြီးတွေ အလိုရှိသော ယောက်ျား

အပျိုကြီးတွေ အလိုရှိသော ယောက်ျား ဆေးလိပ်၊ အရက်၊ မိန်းမ ကင်းရှင်းသောသူ အလိုရှိသည်ဟု အပျိုကြီးတစ်ယောက် သတင်းစာထဲတွင် ကြော်ငြာ ထည့်သည်။ တစ်ကိုယ်လုံး အရက်နံ့ ထွက်နေပြီး လက်ထဲတွင် စီးကရက် ကိုင်ထားသော လူတစ်ယောက် ရောက်လာသည်။ ”ဘာကိစ္စလဲ” လို့ အပျိုကြီးက မေးလိုက်တော့… ”သတင်းစာထဲမှာ ကြေညာထားတဲ့ ကိစ္စ” “ဪ… ရှင် အရက် မသောက်တတ်ဘူးလား” ”မိုးလင်း မိုးချုပ် တစ်နေကုန် သောက်တယ်” ”ဆေးလိပ်တော့ မသောက်ဘူးမလား” ”ဘယ်ကလာ.. သောက်တာမှ မီးခိုး ခေါင်းတိုင်လိုပဲ တနေ့ ငါးဘူးလောက် ကုန်တယ်” ”ဒါဖြင့် မိန်းမတော့ ကင်းရှင်းတယ် ဟုတ်” ”ပေါက်ပေါက် ရှာရှာ.. …