သြားေရာဂါအတြက္ သတင္းေကာင္း - YATHAZONE

သြားေရာဂါအတြက္ သတင္းေကာင္း

Knowledge

သြားေရာဂါအတြက္ သတင္းေကာင္း

တကယ္ အံ့ၾသစရာပါ။ ႏွစ္နဲ႔ခ်ီ ခံစားေနရတဲ့ ေရာဂါ ႏွစ္ရက္, သုံးရက္အတြင္း အစအနမက်န္ ေပ်ာက္ကင္းသြားတယ္။

ႀကိဳတင္ ဝန္ခံပါရေစ။ က်ဳပ္က ဆရာဝန္မဟုတ္ဘူး။ ေဝဒနာရွင္ဗ်။ ကိုယ့္ေရာဂါ ကိုယ့္ေဝဒနာကို ကိုယ့္ဖာသာ မွန္းကု ရမ္းကု ေဒါက္တာရမ္းကုလုပ္ရင္း ရရွိလာတဲ့ အက်ိဳးကို မွ်ေဝလိုက္တာ။

ဒီလိုဗ်… ၂၀၁၇ ခုႏွစ္မွာ က်ဳပ္အံသြားတစ္ေခ်ာင္း လႈပ္ၿပီး မခံမရပ္ ကိုက္လြန္းလို႔ ဆရာဝန္ သြားျပတယ္။ ဆရာဝန္က သြားရဲ႕တန္ဖိုးကို သိေတာ့ မႏုတ္ေစခ်င္ဘူး။ စားေဆးေပးၿပီး ထိန္းလိုက္တယ္။ သက္သာသြားတယ္။

ဒါေပမယ့္ သြားရဲ႕ေဘးမွာ အဖုကေလးလို ျဖစ္ၿပီး ျပည္တည္လာတယ္။ ဆရာဝန္ထပ္ျပ ေဆးထပ္ေပး ဒီလိုနဲ႔ပဲ သံသရာလည္ေနတာေပါ့။

ျပည္တည္တဲ့အခါ သြားဖုံးတင္းၿပီး ေနထိုင္ရ ခက္ေပမယ့္ ညႇစ္ထုတ္လိုက္လို႔ ျပည္ထြက္သြားရင္ တစ္ပါတ္ေလာက္ ေနထိုင္လို႔ ေကာင္းသြားျပန္ေရာ။ ၿပီးရင္ ျပန္ထြက္။ ေဆးကေတာ့ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ေန႔တိုင္းေသာက္လာလိုက္တာ ၂၀၁၇မွ ၂၀၁၉ခုႏွစ္ ထိပဲ။

၂ႏွစ္ ျပည့္ေတာ့မယ္။ ႏွစ္ခ်ီၾကာလာေတာ့ ကင္ဆာဘာညာ လန႔္လာၿပီေလ။ ရန္ကုန္ေရာက္ေတာ့ သြားဘက္ဆိုင္ရာ ဆရာဝန္နဲ႔ ဆက္ျပတယ္။ ဆရာဝန္က ဓါတ္မွန္႐ိုက္ စစ္ေဆး အေျဖက ကင္ဆာမျဖစ္ေသးဘူးဆိုေတာ့ စိတ္ေအးၿပီမို႔ ဆက္ကုေပါ့။

သက္သာသလို ရွိေပမယ့္ အနာျပည္ထြက္တာေတာ့ ထုံးစံအတိုင္းပဲ။ တင္းၿပီေလ။ လူက ခတ္႐ြတ္႐ြတ္ဆိုေတာ့ ေတြ႕သမွ် လမ္းေဘးအ႐ြက္ေတြခူး အရည္ထြက္ေအာင္ႀကိတ္ အနာထဲ ထည့္ေပါ့။ တမာ႐ြက္ေတြ ဝါး။ တမာေခါက္ငုံ။ ဆားေရငုံ မရပါဘူး။

တစ္ေန႔ ဖုန္းပြတ္ရင္း ေက်ာက္ခ်ဥ္အာနိသင္အေၾကာင္း ပင္စိမ္း႐ြက္နဲ႔ သံပုရာသီးအေၾကာင္း ေရးထားတာေလးေတြ႕လို႔ ဖတ္ၾကည့္ရင္း အႀကံေပၚလာတာနဲ႔ ထုံးစံအတိုင္း စမ္းသပ္တာေပါ့။ (သြားနဲ႔ပါတ္သက္တာေတာ့ မပါပါဘူး)

အဲဒီမွာ ၾကက္ကန္းဆန္အိုး တိုးေတာ့တာပဲဗ်ိဳ႕”တစ္ကယ္ အံ့ၾသစရာပါ”ႏွစ္နဲ႔ခ်ီ ခံစားေနရတဲ့ေရာဂါ ႏွစ္ရက္သုံးရက္အတြင္း အစအနမက်န္ ေပ်ာက္ကင္းသြားတယ္ဆိုရင္ ခင္ဗ်ားတို႔ယုံမလား၊ အံ့ၾသမလား…

က်ဳပ္ ဘယ္လိုခံစားရမလဲ စဥ္းစားသာၾကည့္ေတာ့။ ယိုင္နဲ႔ေနတဲ့သြားလည္း ျပန္ခိုင္သြားၿပီေလ။ ဘဝတူေတြအတြက္ စိတ္ဒါဏ္ရာတစ္ခ်ိဳ႕ သက္သာေစရန္ ေစတနာနဲ႔ေဝမွ်လိုက္တယ္။

ကုနည္း

၁။ေက်ာက္ခ်ဥ္ ႏွစ္ရာတန္ တစ္ထုပ္ဝယ္ၿပီး အမႈန႔္ႀကိတ္။ အဲ့ဒီအမႈန႔္ကို အနာရွိတဲ့ဒါဏ္ရာထဲထည့္။ တစ္ေန႔ႏွစ္ႀကိမ္။

၂။ပင္စိမ္းပင္ တစ္ရာဖိုးဝယ္ ငျငဳပ္ဆုံ သန႔္သန႔္နဲ႔ေထာင္း။ သံပုရာသီးတစ္လုံးညႇစ္လို႔ရတဲ့ အရည္နဲ႔ ပင္စိမ္းေရာသမ၊ ၿပီးလွ်င္ တစ္ေန႔သုံးႀကိမ္ထည့္။ ဒါပဲ။

ဘဝတူမ်ား ေဝဒနာေပ်ာက္၍ လိုရာခရီးေရာက္ၾကပါေစ။မူရင္းေရးသားသူထံမွ ျပန္လည္မွ်ေဝပါသည္…မူရင္းအားလုံးခရက္ဒစ္ေပးပါတယ္ ။

Unicode

သွားရောဂါအတွက် သတင်းကောင်း

တကယ် အံ့သြစရာပါ။ နှစ်နဲ့ချီ ခံစားနေရတဲ့ ရောဂါ နှစ်ရက်, သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်။

ကြိုတင် ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ ဝေဒနာရှင်ဗျ။ ကိုယ့်ရောဂါ ကိုယ့်ဝေဒနာကို ကိုယ့်ဖာသာ မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်း ရရှိလာတဲ့ အကျိုးကို မျှဝေလိုက်တာ။

ဒီလိုဗျ… ၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်း လှုပ်ပြီး မခံမရပ် ကိုက်လွန်းလို့ ဆရာဝန် သွားပြတယ်။ ဆရာဝန်က သွားရဲ့တန်ဖိုးကို သိတော့ မနုတ်စေချင်ဘူး။ စားဆေးပေးပြီး ထိန်းလိုက်တယ်။ သက်သာသွားတယ်။

ဒါပေမယ့် သွားရဲ့ဘေးမှာ အဖုကလေးလို ဖြစ်ပြီး ပြည်တည်လာတယ်။ ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲ သံသရာလည်နေတာပေါ့။

ပြည်တည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရ ခက်ပေမယ့် ညှစ်ထုတ်လိုက်လို့ ပြည်ထွက်သွားရင် တစ်ပါတ်လောက် နေထိုင်လို့ ကောင်းသွားပြန်ရော။ ပြီးရင် ပြန်ထွက်။ ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ် နေ့တိုင်းသောက်လာလိုက်တာ ၂၀၁၇မှ ၂၀၁၉ခုနှစ် ထိပဲ။

၂နှစ် ပြည့်တော့မယ်။ နှစ်ချီကြာလာတော့ ကင်ဆာဘာညာ လန့်လာပြီလေ။ ရန်ကုန်ရောက်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ဆက်ပြတယ်။ ဆရာဝန်က ဓါတ်မှန်ရိုက် စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ ဆက်ကုပေါ့။

သက်သာသလို ရှိပေမယ့် အနာပြည်ထွက်တာတော့ ထုံးစံအတိုင်းပဲ။ တင်းပြီလေ။ လူက ခတ်ရွတ်ရွတ်ဆိုတော့ တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲ ထည့်ပေါ့။ တမာရွက်တွေ ဝါး။ တမာခေါက်ငုံ။ ဆားရေငုံ မရပါဘူး။

တစ်နေ့ ဖုန်းပွတ်ရင်း ကျောက်ချဉ်အာနိသင်အကြောင်း ပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်း ရေးထားတာလေးတွေ့လို့ ဖတ်ကြည့်ရင်း အကြံပေါ်လာတာနဲ့ ထုံးစံအတိုင်း စမ်းသပ်တာပေါ့။ (သွားနဲ့ပါတ်သက်တာတော့ မပါပါဘူး)

အဲဒီမှာ ကြက်ကန်းဆန်အိုး တိုးတော့တာပဲဗျို့”တစ်ကယ် အံ့သြစရာပါ”နှစ်နဲ့ချီ ခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်ဆိုရင် ခင်ဗျားတို့ယုံမလား၊ အံ့သြမလား…

ကျုပ် ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်တော့။ ယိုင်နဲ့နေတဲ့သွားလည်း ပြန်ခိုင်သွားပြီလေ။ ဘဝတူတွေအတွက် စိတ်ဒါဏ်ရာတစ်ချို့ သက်သာစေရန် စေတနာနဲ့ဝေမျှလိုက်တယ်။

ကုနည်း

၁။ကျောက်ချဉ် နှစ်ရာတန် တစ်ထုပ်ဝယ်ပြီး အမှုန့်ကြိတ်။ အဲ့ဒီအမှုန့်ကို အနာရှိတဲ့ဒါဏ်ရာထဲထည့်။ တစ်နေ့နှစ်ကြိမ်။

၂။ပင်စိမ်းပင် တစ်ရာဖိုးဝယ် ငငြုပ်ဆုံ သန့်သန့်နဲ့ထောင်း။ သံပုရာသီးတစ်လုံးညှစ်လို့ရတဲ့ အရည်နဲ့ ပင်စိမ်းရောသမ၊ ပြီးလျှင် တစ်နေ့သုံးကြိမ်ထည့်။ ဒါပဲ။

ဘဝတူများ ဝေဒနာပျောက်၍ လိုရာခရီးရောက်ကြပါစေ။မူရင်းရေးသားသူထံမှ ပြန်လည်မျှဝေပါသည်…မူရင်းအားလုံးခရက်ဒစ်ပေးပါတယ် ။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …