တခ်ိန္မွာ အဆင္ေျပဖို႔ ကြၽန္မတိုကေလးေတြရဲ႕ ဝုန္းဒိုင္းႀကဲျခင္းကို သည္းခံဖို႔ လိုပါတယ္ - YATHAZONE

တခ်ိန္မွာ အဆင္ေျပဖို႔ ကြၽန္မတိုကေလးေတြရဲ႕ ဝုန္းဒိုင္းႀကဲျခင္းကို သည္းခံဖို႔ လိုပါတယ္

Knowledge

တခ်ိန္မွာ အဆင္ေျပဖို႔ ကြၽန္မတိုကေလးေတြရဲ႕ ဝုန္းဒိုင္းႀကဲျခင္းကို သည္းခံဖို႔ လိုပါတယ္

လုံးဝ ၿငိမ္သက္ေနေသာ ေယာက္်ားသားႀကီး ႏွစ္ေယာက္သည္ ကေလးမေလး၏ ဝုန္းဒိုင္းႀကဲမႈကို ၿပီးဆုံးရန္ ေစာင့္ေမွ်ာ္ေနၾကသည္။ ၎တို႔ႏွစ္ဦးမွာ ၾကမ္းျပင္ေပၚတြင္ လွဲ၍ ကုန္တိုက္အလယ္၌ ဝုန္းဒိုင္းႀကဲေနေသာ ႏွစ္ႏွစ္အ႐ြယ္ မိန္းကေလး၏ ဖခင္ႏွင့္ အဘိုးျဖစ္သည္။

တစ္ခါတရံ လူအမ်ားက ၾကည့္သြားေသာ္လည္း.. ေယာက္်ားႏွစ္ေယာက္လုံးက သူမကို သည္းခံႏိုင္ၾကေလသည္။ ၿငိမ္ၿငိမ္ေလးပဲ ေစာင့္ၾကည့္ေနၾကသည္။ ေအာ္လည္း မေအာ္။

အဓိပၸာယ္မရွိတဲ့အခါ ေတာင္းဆိုမူအတြက္ မလိုက္ေလ်ာႏိူင္ဟု ႏွစ္ေယာက္စလုံး ဆုံးျဖတ္ထားတယ္။ သို႔ေသာ္လည္း သူတို႔ႏွစ္ဦးသည္ လိုခ်င္တာ မရ၍ ထြက္ေပၚလာေသာ သူမ၏ ခံစားခ်က္မ်ားကိုမူ ေဖၚထုတ္ခြင့္ ျပဳၾကသည္။

ကေလးမေလး တင္ဆက္ေသာ ေဒါသ ျပပြဲအတြက္ ဘယ္သူမွ မရွက္ၾကေပ။ ဒီဓာတ္ပုံကို ျပၿပီး ဖခင္ျဖစ္သူက အဲ့ဒီေန႔က ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ရွင္းျပပါတယ္။

တခ်ိန္မွာ အဆင္ေျပဖို႔အတြက္ ဒီအခ်ိန္မွာ အဆင္မေျပတာမ်ိဳးေပါ့တဲ့။ ပုံထဲကေလးက ေကာက္ေကြးေအာင္ ငိုေနတာက ကြၽန္မေပါ့။

ၿပီးျပည့္စုံတဲ့ မိဘေတြ ဆိုမရွိေပမယ့္ ကြၽန္မရဲ႕မိဘေတြ သင္ေပးလိုက္တဲ့အရာတစ္ခုက… ” တျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေပၚ မူတည္ၿပီး မိဘျဖစ္စရာ မလိုပါဘူး..” တဲ့။

ကြၽန္မရဲ႕အေဖဟာ ကြၽန္မလိုအပ္တဲ့ ခံစားခ်က္ေတြကို လူေတာသူေတာထဲ ျဖစ္ေနရင္ေတာင္ အၿမဲေဖၚထုတ္ခြင့္ ျပဳခဲ့ပါတယ္။

‘မင္း ငါ့ကို အရွက္ခြဲေနတာလား..” ‘မငိုနဲ႔ ” ဒီလို ေျပာဆို ေအာ္ဟစ္တာမ်ိဳး တစ္ခါမွ မႀကဳံခဲ့ဘူးပါဘူး။

ခံစားမူကို ေဖာ္ထုတ္ျခင္းဟာ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးႀကီးေၾကာင္း ကြၽန္မ မၾကာခင္ကမွ သိခဲ့ရပါတယ္။

ကြၽန္မတို႔၏ ကေလးမ်ားဟာ သင္ယူေနၾကတာပါ။ အခ်က္အလက္မ်ားစြာကို သင္ယူ ေနၾကရၿပီး….

ျဖစ္ေပၚလာေသာ ခံစားခ်က္အသစ္မ်ားကို ဘယ္လိုလုပ္ေဆာင္ရမယ္ ဆိုတာလည္း မသိၾကေသးပါဘူး။.. ဒီေတာ့… ငိုပါတယ္။

တခ်ိန္မွာ အဆင္ေျပဖို႔ ကြၽန္မတိုကေလးေတြရဲ႕ ဝုန္းဒိုင္းႀကဲျခင္းကို သည္းခံဖို႔ လိုပါတယ္၊၊

ခေလးဟာ ခေလးပါပဲ။

Saya U Khin Zaw ( ဘာသာျပန္ )ေလးစားစြာခရက္ဒစ္ေပးပါသည္။

Unicode

တချိန်မှာ အဆင်ပြေဖို့ ကျွန်မတိုကလေးတွေရဲ့ ဝုန်းဒိုင်းကြဲခြင်းကို သည်းခံဖို့ လိုပါတယ်

လုံးဝ ငြိမ်သက်နေသော ယောက်ျားသားကြီး နှစ်ယောက်သည် ကလေးမလေး၏ ဝုန်းဒိုင်းကြဲမှုကို ပြီးဆုံးရန် စောင့်မျှော်နေကြသည်။ ၎င်းတို့နှစ်ဦးမှာ ကြမ်းပြင်ပေါ်တွင် လှဲ၍ ကုန်တိုက်အလယ်၌ ဝုန်းဒိုင်းကြဲနေသော နှစ်နှစ်အရွယ် မိန်းကလေး၏ ဖခင်နှင့် အဘိုးဖြစ်သည်။

တစ်ခါတရံ လူအများက ကြည့်သွားသော်လည်း.. ယောက်ျားနှစ်ယောက်လုံးက သူမကို သည်းခံနိုင်ကြလေသည်။ ငြိမ်ငြိမ်လေးပဲ စောင့်ကြည့်နေကြသည်။ အော်လည်း မအော်။

အဓိပ္ပာယ်မရှိတဲ့အခါ တောင်းဆိုမူအတွက် မလိုက်လျောနိူင်ဟု နှစ်ယောက်စလုံး ဆုံးဖြတ်ထားတယ်။ သို့သော်လည်း သူတို့နှစ်ဦးသည် လိုချင်တာ မရ၍ ထွက်ပေါ်လာသော သူမ၏ ခံစားချက်များကိုမူ ဖေါ်ထုတ်ခွင့် ပြုကြသည်။

ကလေးမလေး တင်ဆက်သော ဒေါသ ပြပွဲအတွက် ဘယ်သူမှ မရှက်ကြပေ။ ဒီဓာတ်ပုံကို ပြပြီး ဖခင်ဖြစ်သူက အဲ့ဒီနေ့က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြပါတယ်။

တချိန်မှာ အဆင်ပြေဖို့အတွက် ဒီအချိန်မှာ အဆင်မပြေတာမျိုးပေါ့တဲ့။ ပုံထဲကလေးက ကောက်ကွေးအောင် ငိုနေတာက ကျွန်မပေါ့။

ပြီးပြည့်စုံတဲ့ မိဘတွေ ဆိုမရှိပေမယ့် ကျွန်မရဲ့မိဘတွေ သင်ပေးလိုက်တဲ့အရာတစ်ခုက… ” တခြားသူတွေရဲ့ ထင်မြင်ယူဆချက်ပေါ် မူတည်ပြီး မိဘဖြစ်စရာ မလိုပါဘူး..” တဲ့။

ကျွန်မရဲ့အဖေဟာ ကျွန်မလိုအပ်တဲ့ ခံစားချက်တွေကို လူတောသူတောထဲ ဖြစ်နေရင်တောင် အမြဲဖေါ်ထုတ်ခွင့် ပြုခဲ့ပါတယ်။

‘မင်း ငါ့ကို အရှက်ခွဲနေတာလား..” ‘မငိုနဲ့ ” ဒီလို ပြောဆို အော်ဟစ်တာမျိုး တစ်ခါမှ မကြုံခဲ့ဘူးပါဘူး။

ခံစားမူကို ဖော်ထုတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း ကျွန်မ မကြာခင်ကမှ သိခဲ့ရပါတယ်။

ကျွန်မတို့၏ ကလေးများဟာ သင်ယူနေကြတာပါ။ အချက်အလက်များစွာကို သင်ယူ နေကြရပြီး….

ဖြစ်ပေါ်လာသော ခံစားချက်အသစ်များကို ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာလည်း မသိကြသေးပါဘူး။.. ဒီတော့… ငိုပါတယ်။

တချိန်မှာ အဆင်ပြေဖို့ ကျွန်မတိုကလေးတွေရဲ့ ဝုန်းဒိုင်းကြဲခြင်းကို သည်းခံဖို့ လိုပါတယ်၊၊

ခလေးဟာ ခလေးပါပဲ။

Saya U Khin Zaw ( ဘာသာပြန် )လေးစားစွာခရက်ဒစ်ပေးပါသည်။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …