မဟလ္လတာတန်ဆာ (ဝတ်ရုံထည်) အကြောင်း - YATHAZONE
မဟလ္လတာတန်ဆာ (ဝတ်ရုံထည်) အကြောင်း
မဟလ္လတာတန်ဆာ (ဝတ်ရုံထည်) အကြောင်း
Knowledge
မဟလ္လတာတန်ဆာ (ဝတ်ရုံထည်) အကြောင်း
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက မဟလ္လတာတန်ဆာကို ဆင်မြန်းရသူများမှာ ( 1 ) ပုဗ္ဗာရုံကျောင်း အမကြီး ဝိသာခါ , ( 2 ) ဗန္ဓုလစစ်သူကြီး၏ မိဘုရား မလ္လိကာအမျိုးသမီး , ( 3 ) ဗာရာဏသီ သူဋ္ဌေးကြီးရဲ့သမီး သုမနာ ဆိုပြီး စာပေမှာ တွေ့ရပါတယ်…
ဝတ်ချင်ကြလား… အမျိုးသမီး (၃)ဦးသာ ဝတ်ဆင်နိူင်တဲ့ ခေါင်းအစ ခြေအဆုံး မဟလ္လတာတန်ဆာပါ… ပါဝင်သောပစ္စည်းများကတော့ စိန်အစစ် (၄)ပြည် , ပုလဲ(၁၁)ပြည် , မြနှင့် သန္တာ (၂၂)ပြည်, နီလာနှင့် ပတ္တမြား (၃၃)ပြည် အခြားရတနာတွေလည်း မရေတွက်နိူင်လောက်အောင် များပြားပါတယ်…
ချုပ်တဲ့ချည်က ရွှေချည် ငွေချည်နဲ့ပါ… တန်ဆာကြီးရဲ့တန်ဖိုးဟာ (၉)ကုဋေ လက်ခအနေနဲ့ (၁)သိန်းပေးရပါတယ်… ပန်တိမ်သည်ပေါင်းက (၅၀၀)ရာ (၄)လကြာအောင် လုပ်ရပြီးတော့ (၄)လကြာမှ အားလုံးပြီးပါတယ်…
ဆင်မြန်းလိုက်လို့ အဝေးကမြင်ရရင် ဒေါင်းအစစ် က နေသလိုပါပဲတဲ့ လမ်းသွားရင်လည်း ရွှေခြူ ငွေဆွဲတွေရဲ့ သံစုံသာယာတေးလေးတွေကလည်း သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်နေပါသေးတယ်…
မဟလ္လတာတန်ဆာကို ဝတ်ဆင်ရမည့်သူကလည်း အဲဒီဘဝမျာ ဆင်ပြောင်ငါးစီး အားမာန်ကြီးတဲ့သူ ဘဝဖြစ်ရပါမယ်.. ဒါမှလည်း ဝတ်ဆင်နိူင်ပါတယ်…
ရတနာတွေကိုပဲ တင်း နဲ့ တွက်မယ်ဆိုရင် ပြည်ပေါင်းဆို (၇၀)ဆယ် တင်းနဲ့တွက်ရင် (၄)တင်းနှင့် (၆)ပြည်ပါ… အခြားရတနာတွေလည်း ရေတွက်လို့ မရပါဘူး… ရွှေပိဿာချိန်ကလည်း (၁)ထောင်ဆိုတော့ လေးလွန်းလို့ သာမန်အမျိုးသမီးတွေ ဘယ်လိုနည်းနှင့်မှ မဝတ်ရုံနိူင်ပါဘူး…
ဘုန်းကံကြီးမားတဲ့ အမျိုးသမီးတွေသာ ဝတ်ရုံနိူင်ပါတယ်… ဘုန်းကံကြီးမားတဲ့ အမျိုးသမီး(၃)ဦးကတော့ ဘုရားရှင်လက်ထက်အခါက မဟလ္လတာတန္ဆာကို ဝတ်ဆင်ခဲ့ရတာ ဒီကမ္ဘာမှာ(၃)ယောက်ပဲ ရှိခဲ့ပါတယ်…
သူတို့ကေတာ့ (၁)ဝိသာခါကျောင်းအမကြီး , (၂)ဗန္ဓုလစစ်သူကြီးကတော် မလ်လိကာ , (၃)ဗာရာဏသီသူဌေးကြီးရဲ့သမီး သုမနာတို့ပဲ ဖြစ်ပါတယ်…
မဟလ္လတာတန်ဆာကို ဝတ်ဆင်ထားရင် တောင်ထိပ်မှာရပ်ပြီး ကနေတဲ့ဒေါင်းတကောင်လို့ ထင်ရပါတယ်။ အနားကပ်ကြည့်မှသာ ဒေါင်းရုပ်ခေါင်းဆောင်းပါတဲ့ ဒုရင်တပ်တန်ဆာကို ခေါင်းမှခြေမျက်စေ့အထိ ဝတ်ထားတဲ့လူသားမှန်း သိရပါတယ်။ ဒေါင်းရုပ်မှာလဲ မျက်စိကို ပတ္တမြားနီ၊ နှုတ်သီးကိုသန္တာ၊ အရိုးတံကိုငွေနဲ့လုပ်ထားတဲ့၊ ရွှေနီအတောင်ပေါင်းငါးရာတို့နဲ့ ပြုလုပ်ထားပါတယ်။
သာဝတ္ထိပြည်ကို ဘုရားသခင်ကြွလာခိုက်မှာ ဝိသာခါကျောင်းအမကြီးဟာ နှစ်ဆယ့်နှစ်ကုဋေသောရွှေငွေဥစ္စာတွေကိုစွန့်ကာ ဘုံခုနစ်ဆင့်ရှိတဲ့ ပုပ္ပါရုံကျောင်းကို ဆောက်လုပ် လှူဒါန်းပြီး ဝါဆိုတော်မူစေခဲ့ပါတယ်။
ဘုရားသခင်ကို ကျောင်းလှူရလို့ ဝမ်းမြောက်ရွှင်မြူးပြီး မဟလ္လတာ တန်ဆာကို ဝတ်ကတဲ့အကြောင်း ရေစကြိုမြို့ နဂါးရုံကျောင်းတိုက် ဒီပင်္ကရာဘုရားအတွင်း အနောက်ဘက်နံရံမှာ “မြတ်စွာဘုရားကို ကျောင်းလှူရသောကြောင့် ဝန်မြောက်၍ မဟာလဏ္ဍာတံဆာကိုဆင်၍ကဟန်” ဆိုတဲ့ စာတန်းနဲ့အတူ ရေးခြယ်ခဲ့တဲ့ ညောင်ရမ်းခေတ် နံရံပန်းချီလက်ရာမှာ တွေ့နိုင်ပါတယ်။
မဟလ္လတာတန်ဆာအစစ်ကို ဝတ်ဆင်တဲ့ စစ်သူကြီးကတော် မလ္လိကာကို အတုယူပြီး တခြားမင်းမိဖုရားကတော်တွေလဲ ဒေါင်းရုပ်ခေါင်းဆောင်ပါတဲ့ မဟလ္လတာ တန်ဆာ’အတု”ကိုဝတ်ဆင်လာခဲ့ကြတာ နောက်ပိုင်းမှာတော့ မူရင်းတန်ဆာရဲ့ အမည်ရင်းပျောက်ပီး “မလ္လိကတန်ဆာ”လို့သာ လူသိများခဲ့ပါတယ်။
ခေတ်အဆက်ဆက်ပြောင်းခဲ့သလို မဟလ္လတာတန်ဆာရဲ့သဏ္ဍာန်ဟာလဲ ပြောင်းလဲလာပီး ကုန်းဘောင်ခေတ်နှောင်းလောက်မှာတော့ မင်းမိဖုရား၊ ကတော်တွေရဲ့ မလ္လိကာဝတ်ရုံတော်တန်ဆာမှာ အပါအဝင် တခုဖြစ်တဲ့စည်းပုံတော်ထိပ်က ကဒေါင်းရုပ်ငယ်တစ်ခု အဖြစ်သာ ကျန်ရှိတာကို တွေ့ရပါတော့တယ်။
“မဟလ္လတာတန်ဆာ ကိုးရာသိန်းထိုက်သား သင်္ကန်းလှူအပ် မိန်းမမြတ် ဆုံးသတ် ကျိုးတရား ဧဟိဘိက်ခု ရဟန်းပြု ဆုံးမှု မြတ်ယောက်ျား မျိုးသားတို့မှာ မြတ်စွဧဟိ ခေါ်ဘိသောခါ ရှစ်ဖြာ ပရိက္ခရာ လွယ်ပြီးကာလျှင် လေးဖြာ အာသဝေါ သန့်စင်ကြော၏။”
“မနောဖြူစွ မိန်းမတို့မှာ မဟလ္လတာ မြန်တန်ဆာကို ရောင်ဝါထိန်ညီး ဝတ်ဆင်ပြီး၍ မဂ်ထီး ဖိုလ်ရိပ် အောင်ဘိသိတ်ဖြင့် နိဗ္ဗူအောင်မြို့ ရွှင်စံပျို့သည် မချို့မှတ်ဖွယ် ဆောင်ပုဒ်တည်း”…
12 . 8 . 2020 .နေ့က သီရိလင်္ကာ နိုင်ငံမှာ စတုတ္ထမြောက် မဟလ္လတာ တန်ဆာဝတ်ဆင်ပြီး အမျိုးသမီးတစ်ဦး ဆရာတော် သံဃာတော်တို့အာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနေစဉ် မဟာလတာ တန်ဆာကို မမြင်ဖူးသူများ ကြည့်ထားကြ ဦးဇင်းတို့လည်း အခုမှမြင်ဖူးတယ်…
မဟလ္လတာနယူးဗားရှင်းနဲ့ပုံတွေကတော့ August 12, 2019 ရက်နေ့က Srilankaနိုင်ငံမှာပြုလုပ်တဲ့ The establishment of the auspicious foundation stone for the Udhakukkhepa Seema and Sannaspathra Awarding Ceremony, Sri Salavanabodhi Viharaya, Polgolla, Kandy.အခမ်းအနားမှာ Lalitpat Janejob ဆိုတဲ့အမျိုးသမီး ဝတ်ဆင်ခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။
ချစ်ခြင်းများစွာဖြင့်… အရှင်ဣဿရိယ ( အထက်မင်းလှ )မူရင်းရေးသားသူများအားလေးစားစွာခရက်ဒစ်ပေးပါသည်။
Zawgyi
ဝတ်ချင်ကြလား… အမျိုးသမီး (၃)ဦးသာ ဝတ်ဆင်နိုင်တဲ့ ခေါင်းအစ ခြေအဆုံး မဟလ္လတာတန်ဆာပါ… ပါဝင်သောပစ္စည်းများကတော့
စိန်အစစ် (၄)ပြည် , ပုလဲ(၁၁)ပြည် , မြနှင့် သန္တာ (၂၂)ပြည်, နီလာနှင့် ပတ္တမြား (၃၃)ပြည် အခြားရတနာတွေလည်း မရေတွက်နိုင်လောက်အောင် များပြားပါတယ်…
မဟလ္လတာတန်ဆာကို ဝတ်ဆင်ရမည့်သူကလည်း အဲဒီဘဝမျာ ဆင်ပြောင်ငါးစီး အားမာန်ကြီးတဲ့သူ ဘဝဖြစ်ရပါမယ်.. ဒါမှလည်း ဝတ်ဆင်နိုင်ပါတယ်…
ရတနာတွေကိုပဲ တင်း နဲ့ တွက်မယ်ဆိုရင် ပြည်ပေါင်းဆို (၇၀)ဆယ် တင်းနဲ့တွက်ရင် (၄)တင်းနှင့် (၆)ပြည်ပါ… အခြားရတနာတွေလည်း ရေတွက်လို့ မရပါဘူး… ရွှေပိဿာချိန်ကလည်း (၁)ထောင်ဆိုတော့ လေးလွန်းလို့ သာမန်အမျိုးသမီးတွေ ဘယ်လိုနည်းနှင့်မှ မဝတ်ရုံနိုင်ပါဘူး…
ဘုန်းကံကြီးမားတဲ့ အမျိုးသမီးတွေသာ ဝတ်ရုံနိုင်ပါတယ်… ဘုန်းကံကြီးမားတဲ့ အမျိုးသမီး(၃)ဦးကတော့ ဘုရားရှင်လက်ထက်အခါက
No Comments
Leave a Reply
Your email address will not be published.
Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …
Knowledge
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး
ရန်ကုန်တိရစ္ဆာန်ရုံက မြွေမင်းသမီး ( လဲ့လဲ့ – ဧရာဝတီ) နှုတ်ခမ်းနီ ရဲရဲ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားပြီး စိမ်းပြာရောင် ထိုင်မသိမ်းဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတဦး သည် အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ပါသည့် ဘုရားကန်တော့ပွဲရှေ့တွင် မျက်စိမှိတ် အာရုံပြုပြီး ရှိခိုးလျက်ရှိသည်။ “ဥုံ ၊ ထိပ်မှာဘုရား .. …. ” ဟု အစချီပြီး နှုတ်မှ ဖွဖွ ရွတ်ကာ မြန်မာ့ရိုးရာ ယုံကြည်ကိုးကွယ်မှုတွင် ပါဝင်သည့် အမေရေယာဉ်အပါအဝင် ဆိုင်ရာနတ်များအား တိုင်တည်၍ ထပ်မံ ဆုတောင်းမှုပြုနေသည်။ အန္တရာယ်ရှိသည့် မြွေဖြင့် ပြည်သူအများကို ကပြဖျော်ဖြေရမည် ဖြစ်သည့် ၎င်းအပါအဝင် …
Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …