လင္းယုန္မတို႔ၾကင္ေဖာ္ေ႐ြးပုံ (လင္းယုန္ငွက္တို႔၏ရည္းစားစကား) - YATHAZONE

လင္းယုန္မတို႔ၾကင္ေဖာ္ေ႐ြးပုံ (လင္းယုန္ငွက္တို႔၏ရည္းစားစကား)

Uncategorized

လင္းယုန္မတို႔ၾကင္ေဖာ္ေ႐ြးပုံ (လင္းယုန္ငွက္တို႔၏ရည္းစားစကား)

လင္းယုန္ငွက္မေတြ ၾကင္ေဖာ္ေ႐ြးတဲ့ေနရာမွာ လူမိန္းကေလးေတြထက္ သာပါတယ္…

ခုျမင္ခုႀကိဳက္ခုလိုက္လုပ္ေလ့မရွိပါဘူး သူ႔ကိုလာၿပီးခ်စ္ေယာင္ျပတဲ့ လင္းယုန္ဖိုေတြထဲက သူ႔အေပၚသည္းအခံဆုံး အလိုအလိုက္ဆုံးအေကာင္ကို ေ႐ြးတာပါ။

လင္းယုန္မဟာ သူ႔ကိုခ်စ္ရိပ္ျပ ရည္းစားစကားေျပာတဲ့ လင္းယုန္ဖိုတစ္ေကာင္ ကပ္လာရင္ သူမဟာအျမင့္ကေန ေျမျပင္ေပၚကို ထိုးစိုက္ ပ်ံသန္းသြားပါတယ္။

လင္းယုန္ဖိုကလည္း ကပ္ၿပီး လိုက္ပါလာပါတယ္။ သူမဟာေျမျပင္ေပၚက သစ္ကိုင္းတစ္ခုကို ေကာက္ခ်ီၿပီး
အေပၚကို တစ္ဟုန္တိုး ပ်ံတက္ျပန္ပါတယ္။

ငွက္ဖိုကိုလည္း သူမေနာက္လိုက္ဖို႔ အခ်က္ျပပါတယ္။ သူမဟာေကာင္းကင္အေတာ္ျမင့္ျမင့္ထိ ပ်ံသန္းၿပီး သစ္ကိုင္းကို လႊတ္ခ်လိုက္ပါတယ္…

ၿပီးေတာ့,,, ဝဲပ်ံေနရင္းလင္းယုန္ငွက္ဖိုကို အခ်က္ျပပါတယ္။ အဲဒီအခါမွာေတာ့ လင္းယုန္ဖိုဟာ ေအာက္က်သြားတဲ့ သစ္ကိုင္း.ေျမျပင္ေပၚ မက်မွီ.ကမန္းကတမ္း… အမီလိုက္ဖမ္းၿပီးလင္းယုန္မကို ျပန္ေပးရပါတယ္။

သစ္ကိုင္းေျမျပင္ေပၚက်သြားရင္ သစ္ကိုင္းကို လိုက္မဖမ္းရင္ေတာ့ လင္းယုန္ဖိုဟာ.. အခ်စ္စာေမးပြဲံ က်ပါတယ္။ တစ္ခါေအာင္ျမင္႐ုံနဲ႔လည္း လင္းယုန္ဖိုကို ခ်စ္တုန႔္မျပန္ေသးပါဘူး။

လင္းယုန္ဖိုျပန္ယူလာတဲ့ သစ္ကိုင္းကို ပထမအေခါက္ထက္ ပိုျမင့္တဲ့ေနရာထိ ပ်ံသန္းသြားၿပီး ပစ္ခ်ျပန္ပါတယ္။ ေျမျပင္ေပၚမက်မွီျပန္ဖမ္း သူမကိုျပန္ေပး…

နာရီေပါင္းမ်ားစြာ ၾကာသည္အထိ သစ္ကိုင္းကို ေဝဟင္ေပၚ တစ္ဆင့္ၿပီးတစ္ဆင့္ ျမင့္ေအာင္ပ်ံတက္ရင္း ပစ္ခ်ပါတယ္။ လင္းယုန္ဖိုဟာ က်သြားတဲ့သစ္ကိုင္းကို အႀကိမ္ႀကိမ္အခါခါ ေကာက္ၿပီး ျပန္ေပးရပါတယ္…

အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္ၿပီးမွ သူ႔အေပၚတကယ္သည္းခံမွ တကယ္ခ်စ္မွ ခိုင္းတာလုပ္မွ သစ္ကိုင္းေအာက္မေရာက္မွီ ျပန္ဖမ္းႏိုင္တဲ့ ႀကံခိုင္သန္မာ က်န္းမာေရးေကာင္းမွ အခ်စ္ကို လက္ခံပါတယ္။ ခ်စ္တင္းေႏွာခြင့္ ျပဳပါတယ္။

က်န္းမာေရးမေကာင္းဘဲ. မပ်ံႏိုင္တဲ့အေကာင္ဆိုလည္း ႏိုးပါပဲ။ က်ေနာ္တို႔ျမန္မာမိန္းကေလးေတြလည္း ကိုယ္တစ္သက္လုံး လက္တြဲရမဲ့အေဖာ္ကို ကိုယ္က်င့္တရား၊ စိတ္ေနစိတ္ထား က်န္းမာေရးအေျခအေနမ်ားကို ေသခ်ာ စိစစ္စမ္းသပ္ၿပီးမွ ေ႐ြးခ်ယ္သင့္ပါတယ္။

ေဒါက္တာဂ်ယ္ရီအံ့ခိုင္ေရးေသာ လင္းယုန္ငွက္တို႔အေၾကာင္းကို မွီး၍ေရးပါသည္။ ခင္ေမာင္ျမင့္(သာယာေျမ)ေလးစားစြာခရက္ဒစ္ေပးပါသည္။

Unicode

လင်းယုန်မတို့ကြင်ဖော်ရွေးပုံ (လင်းယုန်ငှက်တို့၏ရည်းစားစကား)

လင်းယုန်ငှက်မတွေ ကြင်ဖော်ရွေးတဲ့နေရာမှာ လူမိန်းကလေးတွေထက် သာပါတယ်…

ခုမြင်ခုကြိုက်ခုလိုက်လုပ်လေ့မရှိပါဘူး သူ့ကိုလာပြီးချစ်ယောင်ပြတဲ့ လင်းယုန်ဖိုတွေထဲက သူ့အပေါ်သည်းအခံဆုံး အလိုအလိုက်ဆုံးအကောင်ကို ရွေးတာပါ။

လင်းယုန်မဟာ သူ့ကိုချစ်ရိပ်ပြ ရည်းစားစကားပြောတဲ့ လင်းယုန်ဖိုတစ်ကောင် ကပ်လာရင် သူမဟာအမြင့်ကနေ မြေပြင်ပေါ်ကို ထိုးစိုက် ပျံသန်းသွားပါတယ်။

လင်းယုန်ဖိုကလည်း ကပ်ပြီး လိုက်ပါလာပါတယ်။ သူမဟာမြေပြင်ပေါ်က သစ်ကိုင်းတစ်ခုကို ကောက်ချီပြီး
အပေါ်ကို တစ်ဟုန်တိုး ပျံတက်ပြန်ပါတယ်။

ငှက်ဖိုကိုလည်း သူမနောက်လိုက်ဖို့ အချက်ပြပါတယ်။ သူမဟာကောင်းကင်အတော်မြင့်မြင့်ထိ ပျံသန်းပြီး သစ်ကိုင်းကို လွှတ်ချလိုက်ပါတယ်…

ပြီးတော့,,, ဝဲပျံနေရင်းလင်းယုန်ငှက်ဖိုကို အချက်ပြပါတယ်။ အဲဒီအခါမှာတော့ လင်းယုန်ဖိုဟာ အောက်ကျသွားတဲ့ သစ်ကိုင်း.မြေပြင်ပေါ် မကျမှီ.ကမန်းကတမ်း… အမီလိုက်ဖမ်းပြီးလင်းယုန်မကို ပြန်ပေးရပါတယ်။

သစ်ကိုင်းမြေပြင်ပေါ်ကျသွားရင် သစ်ကိုင်းကို လိုက်မဖမ်းရင်တော့ လင်းယုန်ဖိုဟာ.. အချစ်စာမေးပွဲံ ကျပါတယ်။ တစ်ခါအောင်မြင်ရုံနဲ့လည်း လင်းယုန်ဖိုကို ချစ်တုန့်မပြန်သေးပါဘူး။

လင်းယုန်ဖိုပြန်ယူလာတဲ့ သစ်ကိုင်းကို ပထမအခေါက်ထက် ပိုမြင့်တဲ့နေရာထိ ပျံသန်းသွားပြီး ပစ်ချပြန်ပါတယ်။ မြေပြင်ပေါ်မကျမှီပြန်ဖမ်း သူမကိုပြန်ပေး…

နာရီပေါင်းများစွာ ကြာသည်အထိ သစ်ကိုင်းကို ဝေဟင်ပေါ် တစ်ဆင့်ပြီးတစ်ဆင့် မြင့်အောင်ပျံတက်ရင်း ပစ်ချပါတယ်။ လင်းယုန်ဖိုဟာ ကျသွားတဲ့သစ်ကိုင်းကို အကြိမ်ကြိမ်အခါခါ ကောက်ပြီး ပြန်ပေးရပါတယ်…

အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးမှ သူ့အပေါ်တကယ်သည်းခံမှ တကယ်ချစ်မှ ခိုင်းတာလုပ်မှ သစ်ကိုင်းအောက်မရောက်မှီ ပြန်ဖမ်းနိုင်တဲ့ ကြံခိုင်သန်မာ ကျန်းမာရေးကောင်းမှ အချစ်ကို လက်ခံပါတယ်။ ချစ်တင်းနှောခွင့် ပြုပါတယ်။

ကျန်းမာရေးမကောင်းဘဲ. မပျံနိုင်တဲ့အကောင်ဆိုလည်း နိုးပါပဲ။ ကျနော်တို့မြန်မာမိန်းကလေးတွေလည်း ကိုယ်တစ်သက်လုံး လက်တွဲရမဲ့အဖော်ကို ကိုယ်ကျင့်တရား၊ စိတ်နေစိတ်ထား ကျန်းမာရေးအခြေအနေများကို သေချာ စိစစ်စမ်းသပ်ပြီးမှ ရွေးချယ်သင့်ပါတယ်။

ဒေါက်တာဂျယ်ရီအံ့ခိုင်ရေးသော လင်းယုန်ငှက်တို့အကြောင်းကို မှီး၍ရေးပါသည်။ ခင်မောင်မြင့်(သာယာမြေ)လေးစားစွာခရက်ဒစ်ပေးပါသည်။

No Comments

Leave a Reply

Your email address will not be published.

Relationship တစ်ခုခိုင်မြဲချင်ရင်
Uncategorized
Relationship တစ်ခုခိုင်မြဲချင်ရင်

Relationship တစ်ခုခိုင်မြဲချင်ရင် 1-အပြန်အလှန် ချစ်ပါ။ 2-မ လိမ် ပါ နဲ့ ။ 3-အဆက် အသွယ် ပြတ် တာ မျိုး မရှိ ပါစေ နဲ့ ။ 4-တစ်ခုခု နာကျင် ရ ရင် ခွင့်လ ွှတ်ပြီး မေ့ ပစ် ပါ ။ 5-ပြတ်မယ်/လမ်းခွဲ မယ်လို့ လုံးဝ မပြော ပါ နဲ့။ 6-ဖြစ်နိုင်ရင် မရွဲ့ပါနဲ့။ 7-တစ်ယောက်နဲ့ တစ်ယောက်ကြား”မာနနဲ့ အတ္တ”ကို မေ့ ထား ပါ ။ 8-ကိုယ်မှားတဲ့ အခါ တောင်းပန်ပါ/ သူမှားတာကို ခွင့်လွှတ်ပါ (ချစ်သူတွေပါ ရန်သူတွေမှ …

Uncategorized
ပန်ကာ ဖွင့်ပြီး အိပ်တာဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးအများကြီး ဖြစ်စေနိုင်

ပန်ကာ ဖွင့်ပြီး အိပ်တာဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးအများကြီး ဖြစ်စေနိုင် ရာသီဥတု တဖြည်းဖြည်းနဲ့ ပူပြင်းလာတာနဲ့အမျှ သာမန်လူတန်းစားတွေအဖို့ ပန်ကာတွေဟာ သုံးတည့်လာပါတယ်။ ညဘက်တွေမှာ အပူဒဏ်သက် သာစွာနဲ့ အိပ်ပျော်အောင်လို့ဆိုပြီး ပန်ကာတှေကို ဖွင့်ကြပါတယ်။ ဒါပေမယ့် ညဘက်မှာ ပန်ကာဖွင့်ပြီး အိပ်တာဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးအများကြီး ဖြစ်စေနိုင်ပါတယ်။ တစ်ညလုံး ပန်ကာဖွင့်ပြီးတော့ အိပ်စက်ခြင်း ပန်ကာလေဟာ အခန်းတွင်းမှာပဲ လှည့်ပတ်ပြီး တိုက်နေတာကြောင့် ဖုန်မှုန့်တှေဟာ နှာခေါင်းထဲကနေတဆင့် ၀င်ရောက်နိုင်ပါတယ်။ ဒါကြောင့် ရင်ကြပ်ပန်းနာသည်တှေနဲ့ အလာဂျစ်ဖြစ်တဲ့သူတွေဟာ ပန် ကာနဲ့ လုံးဝမတည့်ပါဘူး။ အထူးသဖြင့် နှလုံးနဲ့ပတ်သက်နေတဲ့ ဆက်စပ်တဲ့ရောဂါရှိသူတှေဟာလည်း ပန်ကာနဲ့ လုံးဝ မတည့်ပါဘူး။ ပန်ကာလေခံလို့ လေဖြတ်၊ ဦးနှောက်သွေး …

Uncategorized
ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီး ဆက်နွယ်နေပါသေးတယ်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ …