၁၀ရက္အတြင္း ေဆြးေျမ့ေျမေဆြးရေအာင္ ျပဳလုပ္နည္း - YATHAZONE

၁၀ရက္အတြင္း ေဆြးေျမ့ေျမေဆြးရေအာင္ ျပဳလုပ္နည္း

Knowledge

၁၀ရက္အတြင္း ေဆြးေျမ့ေျမေဆြးရေအာင္ ျပဳလုပ္နည္း

အိမ္ၿခံဝန္း အတြင္းရွိအမႈိက္မ်ား၊ မီးဖိုေခ်ာင္ စြန႔္ပစ္ပစၥည္းမ်ားကို အသုံးျပဳၿပီး ရက္တိုအတြင္း ေဆြးေျမ့ ေစေသာနည္းျဖစ္သည္။

ေျမေဆြးပုံျပဳလုပ္နည္းအဆင့္ဆင့္ (အလ်ား ၅ေပ၊ အနံ ၃ေပအျမင့္၃ပေကေ်ာ္ခန႔္ရွိ ေျမေဆြးပုံအတြက္)

၁။ ေျမေဆြးပုံေအာက္ေျခအျဖစ္ သစ္ကိုင္းေျခာက္မ်ားကို ျဖန႔္ခင္းပါ။ (သစ္ကိုင္းေျခာက္မ်ား ျဖန႔္ခင္းျခင္းမွာ ေျမေဆြးပုံေအာက္ေျခႏွင့္ အတြင္းပိုင္းတြင္ ေလဝင္ေလထြက္ ရွိေစရန္ ျဖစ္သည္)

၂။ သစ္ကိုင္းေျခာက္မ်ားအေပၚမွ သစ္႐ြက္ေျခာက္မ်ား၊ သစ္ကိုင္းအေသးမ်ား ျဖန႔္ခင္းၿပီး သိပ္သည္းေအာင္ ေျခေထာက္ျဖင့္နင္းေျခပါ။ သစ္႐ြက္ေျခာက္မ်ားကို ၆လက္မထု အထိ ေရာက္ေအာင္ ခင္းႏိုင္သည္။

၃။ သစ္႐ြက္ေျခာက္မ်ားေပၚမွ ႏြားေခ်း၊ ၾကက္ေခ်းတစ္ခုခုကို ျခင္းေတာင္း(၃)ေတာင္းခန႔္ ခပ္ပါးပါးျဖဴးပါ။

၄။ ၿပီးလွ်င္ အစိုဓာတ္ေကာင္းစြာရေအာင္ ေရ၆-၈ပုံးခန႔္ ေလာင္းပါ။

၅။ သစ္႐ြက္စိမ္းမ်ား၊ မီးဖိုးေခ်ာင္စြန႔္ပစ္ ဟင္းသီးဟင္း႐ြက္အပိုင္းအစမ်ားကို ၆လက္မထု အထိ ေရာက္ေအာင္ခင္းပါ။

၆။ ႏြားေခ်း၊ ၾကက္ေခ်းတစ္ခုခုကို တာျခင္းေတာင္း(၂)ေတာင္းခန႔္ ခပ္ပါးပါးျဖဴးပါ။

၇။ အစိုဓာတ္ေကာင္းစြာရေအာင္ ေရ၆-၁၀ပုံးခန႔္ ေလာင္းပါ။

၈။ သစ္႐ြက္ေျခာက္မ်ားႏွင့္ သစ္႐ြက္စိမ္းမ်ားကို တလွည့္စီပုံသြားရန္ျဖစ္သည္။

၉။ ေဆြးေျမ့မႈျမန္ဆန္ေစရန္အတြက္ အလယ္အလႊာတစ္လႊာတြင္ (ေျမေဆြးပုံ၏ အလယ္တည့္တည့္တြင္) အသားဓာတ္ (ႏိုက္ထ႐ိုဂ်င္ ဓာတ္) ပါဝင္ႏႈန္းျမင့္မားသည့္ သားငါးအပိုင္းအစမ်ား၊ ငါးအေၾကးခြံမ်ား၊ တိရစာၦန္အေသေကာင္မ်ား ထည့္ေပးရမည္။ သို႔မဟုတ္ က်င္ငယ္ရည္ ေလာင္းထည့္ေပးႏိုင္ပါသည္။

၁၀။ အေပၚဆုံးအလႊာတြင္ ေျမသား တာျခင္းေတာင္း(၃-၅)ေတာင္းခန႔္ ႏွံ႔ေအာင္ျဖဴးေပးရမည္။

၁၁။ ေျမေဆြးပုံကို ပလပၥတစၥ(သို႔မဟုတ္) မိုးကာစျဖင့္ လုံေအာင္အုပ္ပါ။

၁၂။ ေျမေဆြးပုံၿပီး (၄)ရက္ခန႔္ ၾကာလွ်င္ ထည့္ထားသည့္ သစ္႐ြက္စိမ္း၊ သစ္႐ြက္ေျခာက္မ်ား ေဆြးေျမ့လာၿပီျဖစ္သည္။ ထိုအခ်ိန္တြင္ ေျမေဆြးပုံအား အတြင္းအျပင္လွန္ေပးျခင္း၊ ၾကက္ေခ်းမ်ားထပ္ထည့္ေပးျခင္း ျပဳလုပ္ရမည္။

၁၃။ ေျမေဆြးလက္တစ္ဆုပ္စာခန႔္ လက္ထဲတြင္ထည့္ၿပီး လက္သီးဆုပ္ၾကည့္ပါက ေရတစ္စက္ ခန႔္သာ ထြက္လာလွ်င္ လုံေလာက္ေသာ အစိုဓာတ္ရွိသည္ဟု ယူဆနိင္ပါသည္။

၁၄။ ေျမေဆြးပုံအား တစ္ရက္ျခားလွ်င္ တစ္ႀကိမ္အတြင္းအျပင္ႏွံစပ္ေအာင္ လွန္ေပးျခင္း၊ အစိုဓာတ္ လိုအပ္ပါက ေရေလာင္းေပးျခင္းမ်ား ျပဳလုပ္ရပါမည္။

၁၅။ ေကာက္႐ိုးမ်ားကိုဓားႏွင့္စင္းၿပီး မူလထည့္ထားသည့္ သစ္႐ြက္မ်ားႏွင့္ေရာေပးျခင္းျဖင့္ ေျမေဆြးပမာဏပိုမ်ားႏိုင္သည္။
ကိုေဝယံဦး(ႏွစ္ရွည္ပင္စိုက္ပ်ိဳးေရးဝန္ေဆာင္မႈ႕လုပ္ငန္း)

ေတာင္သူလယ္သမားဦးႀကီးမ်ားႏွင့္ စိုက္ပ်ိဳးေရးဝါသနာရွင္မ်ား အတြက္ ေနာက္ထပ္.. အေထြေထြ ဗဟုသုတေဆာင္းပါး မ်ားကိုထပ္မံ.. ျပန္လည္မွ်ေဝေပးပါဦးမည္။

Unicode

၁၀ရက်အတွင်း ဆွေးမြေ့မြေဆွေးရအောင် ပြုလုပ်နည်း

အိမ်ခြံဝန်း အတွင်းရှိအမှိုက်များ၊ မီးဖိုချောင် စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ရက်တိုအတွင်း ဆွေးမြေ့ စေသောနည်းဖြစ်သည်။

မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့် (အလျား ၅ပေ၊ အနံ ၃ပေအမြင့်၃ပကေေျာ်ခန့်ရှိ မြေဆွေးပုံအတွက်)

၁။ မြေဆွေးပုံအောက်ခြေအဖြစ် သစ်ကိုင်းခြောက်များကို ဖြန့်ခင်းပါ။ (သစ်ကိုင်းခြောက်များ ဖြန့်ခင်းခြင်းမှာ မြေဆွေးပုံအောက်ခြေနှင့် အတွင်းပိုင်းတွင် လေဝင်လေထွက် ရှိစေရန် ဖြစ်သည်)

၂။ သစ်ကိုင်းခြောက်များအပေါ်မှ သစ်ရွက်ခြောက်များ၊ သစ်ကိုင်းအသေးများ ဖြန့်ခင်းပြီး သိပ်သည်းအောင် ခြေထောက်ဖြင့်နင်းခြေပါ။ သစ်ရွက်ခြောက်များကို ၆လက်မထု အထိ ရောက်အောင် ခင်းနိုင်သည်။

၃။ သစ်ရွက်ခြောက်များပေါ်မှ နွားချေး၊ ကြက်ချေးတစ်ခုခုကို ခြင်းတောင်း(၃)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၄။ ပြီးလျှင် အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၈ပုံးခန့် လောင်းပါ။

၅။ သစ်ရွက်စိမ်းများ၊ မီးဖိုးချောင်စွန့်ပစ် ဟင်းသီးဟင်းရွက်အပိုင်းအစများကို ၆လက်မထု အထိ ရောက်အောင်ခင်းပါ။

၆။ နွားချေး၊ ကြက်ချေးတစ်ခုခုကို တာခြင်းတောင်း(၂)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၇။ အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၁၀ပုံးခန့် လောင်းပါ။

၈။ သစ်ရွက်ခြောက်များနှင့် သစ်ရွက်စိမ်းများကို တလှည့်စီပုံသွားရန်ဖြစ်သည်။

၉။ ဆွေးမြေ့မှုမြန်ဆန်စေရန်အတွက် အလယ်အလွှာတစ်လွှာတွင် (မြေဆွေးပုံ၏ အလယ်တည့်တည့်တွင်) အသားဓာတ် (နိုက်ထရိုဂျင် ဓာတ်) ပါဝင်နှုန်းမြင့်မားသည့် သားငါးအပိုင်းအစများ၊ ငါးအကြေးခွံများ၊ တိရစ္ဆာန်အသေကောင်များ ထည့်ပေးရမည်။ သို့မဟုတ် ကျင်ငယ်ရည် လောင်းထည့်ပေးနိုင်ပါသည်။

၁၀။ အပေါ်ဆုံးအလွှာတွင် မြေသား တာခြင်းတောင်း(၃-၅)တောင်းခန့် နှံ့အောင်ဖြူးပေးရမည်။

၁၁။ မြေဆွေးပုံကို ပလပ္စတစ္စ(သို့မဟုတ်) မိုးကာစဖြင့် လုံအောင်အုပ်ပါ။

၁၂။ မြေဆွေးပုံပြီး (၄)ရက်ခန့် ကြာလျှင် ထည့်ထားသည့် သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်များ ဆွေးမြေ့လာပြီဖြစ်သည်။ ထိုအချိန်တွင် မြေဆွေးပုံအား အတွင်းအပြင်လှန်ပေးခြင်း၊ ကြက်ချေးများထပ်ထည့်ပေးခြင်း ပြုလုပ်ရမည်။

၁၃။ မြေဆွေးလက်တစ်ဆုပ်စာခန့် လက်ထဲတွင်ထည့်ပြီး လက်သီးဆုပ်ကြည့်ပါက ရေတစ်စက် ခန့်သာ ထွက်လာလျှင် လုံလောက်သော အစိုဓာတ်ရှိသည်ဟု ယူဆနိင်ပါသည်။

၁၄။ မြေဆွေးပုံအား တစ်ရက်ခြားလျှင် တစ်ကြိမ်အတွင်းအပြင်နှံစပ်အောင် လှန်ပေးခြင်း၊ အစိုဓာတ် လိုအပ်ပါက ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။

၁၅။ ကောက်ရိုးများကိုဓားနှင့်စင်းပြီး မူလထည့်ထားသည့် သစ်ရွက်များနှင့်ရောပေးခြင်းဖြင့် မြေဆွေးပမာဏပိုများနိုင်သည်။
ကိုဝေယံဦး(နှစ်ရှည်ပင်စိုက်ပျိုးရေးဝန်ဆောင်မှု့လုပ်ငန်း)

တောင်သူလယ်သမားဦးကြီးများနှင့် စိုက်ပျိုးရေးဝါသနာရှင်များ အတွက် နောက်ထပ်.. အထွေထွေ ဗဟုသုတဆောင်းပါး များကိုထပ်မံ.. ပြန်လည်မျှဝေပေးပါဦးမည်။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …