လူကြီးသူငယ်နာ ရောဂါသည်တွေ ပေါများသော “ကျွန်တော်တို့လူမျိုး” (ဦးသန့်ရေးသားခဲ့သောစာ ခုချိန်ထိ သွေးထွက်အောင်မှန်နေပါလား...) - YATHAZONE

လူကြီးသူငယ်နာ ရောဂါသည်တွေ ပေါများသော “ကျွန်တော်တို့လူမျိုး” (ဦးသန့်ရေးသားခဲ့သောစာ ခုချိန်ထိ သွေးထွက်အောင်မှန်နေပါလား…)

Knowledge

လူကြီးသူငယ်နာ ရောဂါသည်တွေ ပေါများသော “ကျွန်တော်တို့လူမျိုး” (ဦးသန့်ရေးသားခဲ့သောစာ ခုချိန်ထိ သွေးထွက်အောင်မှန်နေပါလား…)

ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်းအားနည်းချက် တစ်ခုရှိပါသည်။ ဤအားနည်းချက်သည်ပင် ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။ ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။

ကျွန်ုပ်တို့ နိုင်ငံတွင်လည်း ‘အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီး” တွေ ပေါမှပေါ ဖြစ်လေရာ သူတို့ပြောသော ရာဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။

သို့သော် အဆိုပါရောဂါ ဆိုသည်ထက် အသိပညာအရာတွင် ကလေကဝနိုင်မှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလိုရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား ပို၍ပို၍ များလာဟန် ရှိပါသည်။

ထားတော့… ဤ ချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း….?။ ဤ ရောဂါက ….. ကျွန်ုပ်တို့ မြန်မာ တွေကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည်နည်း…? ။ကလေးတစ်ယောက်က သူ့ကစားဖော် သူငယ်ချင်းများကို ပြောလေ့ပြောထရှိသည်များကို ကျွန်ုပ်တို့တတွေ မကြာခဏဆိုသလို ကြားရလေ့ရှိသည်။

‘ငါ့အိမ်က မင်းအိမ်ထက် ပိုကြီးသကွ’ ‘ငါ့အဖေက မင်းအဖေကို အသာလေးနဲ့ နောက်ကောက်ချနိုင်တယ် မောင်’ စသဖြင့်။ ဤသို့သော ကလေးအကြွားမျိုးကို…. မိဘဖြစ်သူများက ဟန့်သယောင်၊ တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲကတော့… ကျိတ်သဘောကျနေကြသည်က များသည်။

ဒီလိုနှင့် ‘ငယ်ကျင့်’ တွေမှာ ‘လူကြီးဘဝ’ အထိ ပါလာတော့သည်။ ဦးရွှေက သူ့ဇနီးအတွက် ရွှေဘီးတစ်ချောင်း လုပ်ပေးသောအခါ …. အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုး ဖြစ်ပါသည်။

ထို့ထက် တစ်ဆင့်တက်လာသောအခါ ပိုဆိုးလေသည်။ ‘ဟေ့ …!! ငါတို့ ‘မြန်မာဘုရင်’ တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ..! ဘာမှတ်လဲ…!!’ စသဖြင့်…

မိမိ အောင်မြင်မှုအပေါ် သွေးနားထင်ရောက်နေသော… အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ‘ဘဝင်စိတ်’ပင် ဖြစ်ပါသည်။

‘ဟိတ် …!! အတန်းထဲမှာ ငါ အတော်ဆုံး၊ ငါအလိမ္မာဆုံးကွ’ ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း…!!။ လူဦးရေနှင့် နှိုင်းယှဉ်ကြည့်လျှင်၊ ကျွန်ုပ်တို့ နိုင်ငံတွင် ဝတ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ အခြားမည်သည့် တိုင်းပြည်ထက်မဆို ပိုများသည်။

သို့နှင့်တိုင် ကျွန်ုပ်တို့တတွေ၏ ‘ဘာသာရေး’ အဆုံးအမများ အပေါ် ‘စောင့်ထိန်းလိုက်နာမှု’ မှာ အားနည်းလှသည်ဟု ဆိုချင်သည်။ ကျွန်ုပ်တို့ ‘ဘာသာတရား’ က ဘုန်းတော်ကြီးများကို လောကီရေး တွင်ဝင်မစွက်ရန် တားမြစ်ထားသေးသည်။

သို့သော်…. အငြိမ့်ပွဲ ဇာတ်ပွဲတွေ သွားကြည့်ပါက ဝါဝါဝင်းဝင်းတွေ မမြင်ချင့်အဆုံး ဖြစ်တော့သည်။ ကျွန်ုပ်တို့နိုင်ငံမှာ သယံဇာတ ပေါကြွယ်သည်ဟု နာမည်ကြီးသည်။

သို့သော် …ကျွန်ုပ်တို့တတွေကား ‘ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ’ ဟု ဆိုကာ ‘ဖြုန်းတီးမှု’ ကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့် …. ဤသို့ ဖြစ်နေပါသနည်း…?။

စိတ်ဓာတ်ရေးရာအရ နို့စို့ကလေးဘဝမှ မတက်နိုင်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ မြန်မာတွေမှာ…. ကမ္ဘာပေါ်တွင် အနုပညာပါရမီ အသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်သည်မှာ မှန်ပါသည်။

သို့နှင့်တိုင် အနုပညာသည်များ (ဇာတ်မင်းသား၊ ဇာတ်မင်းသမီး) များနှင့် ပတ်သက်လျှင်မူ၊ ‘အောက်တန်းစား ဖက်ခွက်စား’ ဟု သဘောထားကြသည်က များသည်။

သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာဟု ထင်ကြသည်။ နိုင်ငံခြားသားတို့၏ စဉ်းစားတွေးခေါ်ပုံ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း အတုယူ နည်းယူစရာ ရှာမကြည့်တတ်။

အထင်သေး ရှုတ်ချကြသည်က များသည်။ ပြောရလျှင် အစစအရာရာ ကျွန်ုပ်တို့တတွေမှာ အရွယ်မရောက်သေးသော (ကလေးစိတ်နှင့် လူကြီးကိုယ်) တွေ ဖြစ်နေတော့သည်။

ကျွန်ုပ်တို့နိုင်ငံ ရောက်လာကြသော နိုင်ငံခြားဧည့်သည်များက ကျွန်ုပ်တို့ကို သဘောကျကြပါသည်။ ‘နက်ဖြန်ခါအတွက်ပင် တွေးမပူတတ်သော ပျော်ပျော်နေသေခဲ လူမျိုး’ ဟုလည်း မကြာခဏ ဆိုသလို ပြောတတ်ကြသည်။

ဤ ကောက်ချက်မျိုးကို ကျွန်ုပ်တို့က ဂုဏ်ယူမဆုံး ဖြစ်နေကြသည်။

လူကြီးတစ်ယောက်၏ မြှောက်ပင့်စကားကို ကျေနပ်ပီတိဖြာနေသော ကလေးလေးတစ်ယောက်နှင့်ပင် တူသေးတော့သည်။ ကျွန်ုပ်တို့ ‘ဟာသ’ က ရိုးသား သည်။ ကျွန်ုပ်တို့ ‘စကား’က ပေါ့ပြက်သည်။ ကျွန်ုပ်တို့ ‘အတွေး’ က တိမ်သည်။ သင့် မသင့် ။ မှန် မမှန် ကိုယ်တိုင် မစဉ်းစား။

စဉ်းစားဆုံးဖြတ်ရမည့် အလုပ်ကို ဆရာတော်များနှင့် ဂုဏ်သရေရှိ လူကြီးမင်းများကိုသာ လွှဲထားသည်။ ကလေးတွေနှင့် ဘာကွာတော့မည်နည်း..?။ ကျွန်ုပ်တို့လူမျိုးမှာ ‘စံသတ်မှတ်ချက်’ များကိုလည်း အလွန်ကိုးကွယ်လေ့ ရှိပါသည်။

သို့သော် … ‘စံ’ အတိုင်းကား မကျင့်။ ကျင့်သယောင်ယောင် ဆောင်ကြသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်သည်မျိုး အလျှင်းမရှိ။ သူများ အထင်သေးမှာ ကြောက်သောကြောင့် ဖြစ်သည်။

ဤအကျင့်က ကျွန်ုပ်တို့စာပေတွင် ထင်ဟပ်လျက် ရှိသည်။ အကယ်၍များ အိပ်(ချ)ဂျီဝဲ(လ) တို့၊ ဒီအိပ်(ချ) လောရင့် တို့၊ ဂိုဂို(လ) တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင်၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်။

အပယ်ခံ ‘မိစ္ဆာဒိဋ္ဌိ’ တွေ ဖြစ်ဖို့ များသည်။ မြန်မာ့နိုင်ငံရေးမှာလည်း ဤနည်းနှင်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အကျင့်က နိုင်ငံရေးသမားတစ်ယောက်၏ တန်ဖိုးကို ကြိုက်/မကြိုက် ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင်သာ ‘ချိန်ဘာလိန်’လို အရည်အချင်းမျိုး ရှိသည့် နိုင်ငံရေးသမားမျိုးရှိလျှင် သူ့သက်တမ်းမှာ ခြောက်လထက် ပိုမခံ။ ‘မြန်မာ’ တွေက အရည်အချင်းထက် သူ့တို့ ‘ဟာဒယ’ ကို ထိ မထိသာ ကြည့်တတ်သည်။

ယနေ့ မြန်မာနိုင်ငံရေးလောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက် သတင်းဖြစ်ရုံမျှထက် ဘာမျှမပို။ အချင်းချင်း ရန်ဖြစ်နေကြသည်က များသည်။ ပါတီနှစ်ခုရှိလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်မည်။

အဆဲကောင်း အတိုက်ကောင်းလျှင် နာမည်ကြီးမည်။ အစိုးရ ကို နာနာဆဲနိုင်ပါက ပိုလူကြိုက်များလိမ့်မည်။ မြန်မာဓလေ့တွင် အစိုးရ(မင်း) ကို ‘ရန်သူမျိုးငါးပါး’ ထဲ ထည့်သွင်းထားသည် မဟုတ်ပါလော…?။

မြန်မာ့ရေခံမြေခံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အကောင်းဆုံးဟု ဆိုကြသည်များ ရှိသည်။ ‘လူတန်းစား ကွာဟမှု’ ပြောပလောက်အောင် မရှိသောကြောင့်ဟု ဆိုသည်။

သို့ဖြစ်လင့်ကစား ကျွန်ုပ်တို့တတွေမှာ ကိုယ့်သားသမီးများကို ယခုလို ဆုံးမလေ့ရှိကြသည်။ သားရေ….သမီးရေ …. ဟိုကလေးနဲ့ မကစားကြနဲ့နော်…! ဒင်းတို့တတွေက ‘အဆင့်အတန်း’ မရှိဘူးကွဲ့..!!’

ကျွန်ုပ်တို့ လူကြီးအချင်းချင်းလည်း ယခုလို ပြောလေ့ရှိကြသည်။ ‘ဦးချမ်းသာနဲ့ ဒေါ်ပိုက်ဆံကို သိသမို့လား..?။ ဒီလိုမြို့လေးမှာ သူတို့ဘယ်နေနိုင်မလဲ။ သူတို့ ကလေးတွေအတွက် ပေါင်းစရာ မရှိဘူးတဲ့လေ ။

သူတို့အိမ်နီးချင်းတွေက စာရေးစာချီနဲ့ ကျောင်းဆရာတွေကိုးရှင့်…!!’ စသည်ဖြင့်။ ဤသည်တို့မှာ မြန်မာတစ်ဦး၏ ‘မြန်မာလူမျိုးများ’အပေါ် အမြင်များ ဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည် မဟုတ်။

သိမှတ်လက်ခံပြီးသကာလ ဘာ့ကြောင့်…. ဤသို့ဖြစ်ရသည်ကို၊ အကြောင်းရှာစိစစ်ကြဖို့ ဖြစ်ပါသည်။ ဤသို့လုပ်နိုင်လျှင်…. ‘ရောဂါတစ်ဝက်’ ကုသပြီး ဖြစ်နိုင်ပါသည်။

ဦးသန့်… ရည်ညွှန်း။ Oh! We Burmans by Maung Thant. မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

လူႀကီးသူငယ္နာ ေရာဂါသည္ေတြ ေပါမ်ားေသာ “ကြၽန္ေတာ္တို႔လူမ်ိဳး” (ဦးသန႔္ေရးသားခဲ့ေသာစာ ခုခ်ိန္ထိ ေသြးထြက္ေအာင္မွန္ေနပါလား…)

ကြၽႏ္ုပ္တို႔ ျမန္မာလူမ်ိဳးမ်ားတြင္ ထင္သာျမင္သာေသာ ခ်ိဳ႕ယြင္းအားနည္းခ်က္ တစ္ခုရွိပါသည္။ ဤအားနည္းခ်က္သည္ပင္ ဖြံ႕ၿဖိဳးမႈ ေနာက္က်ရျခင္း၏ အေၾကာင္းရင္းခံတစ္ခု ျဖစ္ႏိုင္သည္။ ဤသို႔ေသာ ေပ်ာ့ကြက္ဟာကြက္မ်ိဳးကို အေမရိကန္ေတြက ‘လူႀကီးသူငယ္နာ ေရာဂါ’ ဟု ေခၚၾကသည္။

ကြၽႏ္ုပ္တို႔ ႏိုင္ငံတြင္လည္း ‘အသက္ႀကီး အခ်ိန္မစီးသည့္ ကေလးေပါႀကီး” ေတြ ေပါမွေပါ ျဖစ္ေလရာ သူတို႔ေျပာေသာ ရာဂါအမည္ႏွင့္ အဟပ္ညီမည္ထင္ပါသည္။

သို႔ေသာ္ အဆိုပါေရာဂါ ဆိုသည္ထက္ အသိပညာအရာတြင္ ကေလကဝႏိုင္မႈႏွင့္ ပို၍ဆိုင္ပါလိမ့္မည္။ မည္သို႔ပင္ရွိေစ ဤလိုေရာဂါမ်ိဳး ဖိစီးႏွိပ္စက္ခံေနရသည့္ ျမန္မာလူမ်ိဳး အေရအတြက္သည္ကား ပို၍ပို၍ မ်ားလာဟန္ ရွိပါသည္။

ထားေတာ့… ဤ ခ်ိဳ႕ယြင္းအားနည္းခ်က္ (ဆိုၾကပါစို႔ ေရာဂါ) ဆိုသည္မွာ ဘာကို ဆိုလိုပါသနည္း….?။ ဤ ေရာဂါက ….. ကြၽႏ္ုပ္တို႔ ျမန္မာ ေတြကို ဘယ္ေသာင္ဘယ္ကမ္း ဆိုက္ေစမည္နည္း…? ။ကေလးတစ္ေယာက္က သူ႔ကစားေဖာ္ သူငယ္ခ်င္းမ်ားကို ေျပာေလ့ေျပာထရွိသည္မ်ားကို ကြၽႏ္ုပ္တို႔တေတြ မၾကာခဏဆိုသလို ၾကားရေလ့ရွိသည္။

‘ငါ့အိမ္က မင္းအိမ္ထက္ ပိုႀကီးသကြ’ ‘ငါ့အေဖက မင္းအေဖကို အသာေလးနဲ႔ ေနာက္ေကာက္ခ်ႏိုင္တယ္ ေမာင္’ စသျဖင့္။ ဤသို႔ေသာ ကေလးအႂကြားမ်ိဳးကို…. မိဘျဖစ္သူမ်ားက ဟန႔္သေယာင္၊ တားသေယာင္ ေဆာင္ၾကေသာ္လည္း စိတ္ထဲကေတာ့… က်ိတ္သေဘာက်ေနၾကသည္က မ်ားသည္။

ဒီလိုႏွင့္ ‘ငယ္က်င့္’ ေတြမွာ ‘လူႀကီးဘဝ’ အထိ ပါလာေတာ့သည္။ ဦးေ႐ႊက သူ႔ဇနီးအတြက္ ေ႐ႊဘီးတစ္ေခ်ာင္း လုပ္ေပးေသာအခါ …. အိမ္နီးခ်င္း ဦးေငြက အားက်မခံ သူ႔မိန္းမကို စိန္ဘီး လုပ္ေပးသည္မွာ အဆိုပါ ေဖာ္ျပခ်က္မ်ိဳး ျဖစ္ပါသည္။

ထို႔ထက္ တစ္ဆင့္တက္လာေသာအခါ ပိုဆိုးေလသည္။ ‘ေဟ့ …!! ငါတို႔ ‘ျမန္မာဘုရင္’ ေတြက ယိုးဒယား၊ အာသံနဲ႔ မဏိပူရကို ႏိုင္ခဲ့တာကြ..! ဘာမွတ္လဲ…!!’ စသျဖင့္…

မိမိ ေအာင္ျမင္မႈအေပၚ ေသြးနားထင္ေရာက္ေနေသာ… အျခားႏိုင္ငံႏွင့္ လူမ်ိဳးမ်ားအေပၚ အဖက္မတန္သလို သေဘာထားေသာ ‘ဘဝင္စိတ္’ပင္ ျဖစ္ပါသည္။

‘ဟိတ္ …!! အတန္းထဲမွာ ငါ အေတာ္ဆုံး၊ ငါအလိမၼာဆုံးကြ’ ဆိုသည့္ ကေလးစကားႏွင့္ ဘာကြာေတာ့မည္နည္း…!!။ လူဦးေရႏွင့္ ႏႈိင္းယွဥ္ၾကည့္လွ်င္၊ ကြၽႏ္ုပ္တို႔ ႏိုင္ငံတြင္ ဝတ္ျပဳကိုးကြယ္စရာ ဘုရားေက်ာင္းကန္ေတြ အျခားမည္သည့္ တိုင္းျပည္ထက္မဆို ပိုမ်ားသည္။

သို႔ႏွင့္တိုင္ ကြၽႏ္ုပ္တို႔တေတြ၏ ‘ဘာသာေရး’ အဆုံးအမမ်ား အေပၚ ‘ေစာင့္ထိန္းလိုက္နာမႈ’ မွာ အားနည္းလွသည္ဟု ဆိုခ်င္သည္။ ကြၽႏ္ုပ္တို႔ ‘ဘာသာတရား’ က ဘုန္းေတာ္ႀကီးမ်ားကို ေလာကီေရး တြင္ဝင္မစြက္ရန္ တားျမစ္ထားေသးသည္။

သို႔ေသာ္…. အၿငိမ့္ပြဲ ဇာတ္ပြဲေတြ သြားၾကည့္ပါက ဝါဝါဝင္းဝင္းေတြ မျမင္ခ်င့္အဆုံး ျဖစ္ေတာ့သည္။ ကြၽႏ္ုပ္တို႔ႏိုင္ငံမွာ သယံဇာတ ေပါႂကြယ္သည္ဟု နာမည္ႀကီးသည္။

သို႔ေသာ္ …ကြၽႏ္ုပ္တို႔တေတြကား ‘ဆီကို ေရခ်ိဳး၊ ေဆး႐ိုး မီးလႈံ’ ဟု ဆိုကာ ‘ျဖဳန္းတီးမႈ’ ကို အဟုတ္ႀကီး ထင္ေနၾကသည္။ ဘာေၾကာင့္ …. ဤသို႔ ျဖစ္ေနပါသနည္း…?။

စိတ္ဓာတ္ေရးရာအရ ႏို႔စို႔ကေလးဘဝမွ မတက္ႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။ ကြၽႏ္ုပ္တို႔ ျမန္မာေတြမွာ…. ကမာၻေပၚတြင္ အႏုပညာပါရမီ အသန္ဆုံး လူမ်ိဳးတစ္မ်ိဳး ျဖစ္သည္မွာ မွန္ပါသည္။

သို႔ႏွင့္တိုင္ အႏုပညာသည္မ်ား (ဇာတ္မင္းသား၊ ဇာတ္မင္းသမီး) မ်ားႏွင့္ ပတ္သက္လွ်င္မူ၊ ‘ေအာက္တန္းစား ဖက္ခြက္စား’ ဟု သေဘာထားၾကသည္က မ်ားသည္။

သူတို႔ႏွင့္ ၾကမ္းတေျပးတည္း ထိုင္လွ်င္ပင္ အရွက္ရစရာ၊ သိမ္ငယ္စရာဟု ထင္ၾကသည္။ ႏိုင္ငံျခားသားတို႔၏ စဥ္းစားေတြးေခၚပုံ လုပ္ကိုင္ေဆာင္႐ြက္ပုံမ်ားႏွင့္ ပတ္သက္လွ်င္လည္း အတုယူ နည္းယူစရာ ရွာမၾကည့္တတ္။

အထင္ေသး ရႈတ္ခ်ၾကသည္က မ်ားသည္။ ေျပာရလွ်င္ အစစအရာရာ ကြၽႏ္ုပ္တို႔တေတြမွာ အ႐ြယ္မေရာက္ေသးေသာ (ကေလးစိတ္ႏွင့္ လူႀကီးကိုယ္) ေတြ ျဖစ္ေနေတာ့သည္။

ကြၽႏ္ုပ္တို႔ႏိုင္ငံ ေရာက္လာၾကေသာ ႏိုင္ငံျခားဧည့္သည္မ်ားက ကြၽႏ္ုပ္တို႔ကို သေဘာက်ၾကပါသည္။ ‘နက္ျဖန္ခါအတြက္ပင္ ေတြးမပူတတ္ေသာ ေပ်ာ္ေပ်ာ္ေနေသခဲ လူမ်ိဳး’ ဟုလည္း မၾကာခဏ ဆိုသလို ေျပာတတ္ၾကသည္။

ဤ ေကာက္ခ်က္မ်ိဳးကို ကြၽႏ္ုပ္တို႔က ဂုဏ္ယူမဆုံး ျဖစ္ေနၾကသည္။

လူႀကီးတစ္ေယာက္၏ ေျမႇာက္ပင့္စကားကို ေက်နပ္ပီတိျဖာေနေသာ ကေလးေလးတစ္ေယာက္ႏွင့္ပင္ တူေသးေတာ့သည္။ ကြၽႏ္ုပ္တို႔ ‘ဟာသ’ က ႐ိုးသား သည္။ ကြၽႏ္ုပ္တို႔ ‘စကား’က ေပါ့ျပက္သည္။ ကြၽႏ္ုပ္တို႔ ‘အေတြး’ က တိမ္သည္။ သင့္ မသင့္ ။ မွန္ မမွန္ ကိုယ္တိုင္ မစဥ္းစား။

စဥ္းစားဆုံးျဖတ္ရမည့္ အလုပ္ကို ဆရာေတာ္မ်ားႏွင့္ ဂုဏ္သေရရွိ လူႀကီးမင္းမ်ားကိုသာ လႊဲထားသည္။ ကေလးေတြႏွင့္ ဘာကြာေတာ့မည္နည္း..?။ ကြၽႏ္ုပ္တို႔လူမ်ိဳးမွာ ‘စံသတ္မွတ္ခ်က္’ မ်ားကိုလည္း အလြန္ကိုးကြယ္ေလ့ ရွိပါသည္။

သို႔ေသာ္ … ‘စံ’ အတိုင္းကား မက်င့္။ က်င့္သေယာင္ေယာင္ ေဆာင္ၾကသည္။ မိမိကိုယ္ကိုယ္ ဆန္းစစ္ေဝဖန္သည္မ်ိဳး အလွ်င္းမရွိ။ သူမ်ား အထင္ေသးမွာ ေၾကာက္ေသာေၾကာင့္ ျဖစ္သည္။

ဤအက်င့္က ကြၽႏ္ုပ္တို႔စာေပတြင္ ထင္ဟပ္လ်က္ ရွိသည္။ အကယ္၍မ်ား အိပ္(ခ်)ဂ်ီဝဲ(လ) တို႔၊ ဒီအိပ္(ခ်) ေလာရင့္ တို႔၊ ဂိုဂို(လ) တို႔သာ ျမန္မာျပည္တြင္ လူျဖစ္ခဲ့လွ်င္၊ ကမာၻေက်ာ္ စာေရးဆရာႀကီးေတြ ျဖစ္လာလိမ့္မည္ မဟုတ္။

အပယ္ခံ ‘မိစာၦဒိ႒ိ’ ေတြ ျဖစ္ဖို႔ မ်ားသည္။ ျမန္မာ့ႏိုင္ငံေရးမွာလည္း ဤနည္းႏွင္ပင္ ျဖစ္ပါသည္။ ကြၽႏ္ုပ္တို႔ အက်င့္က ႏိုင္ငံေရးသမားတစ္ေယာက္၏ တန္ဖိုးကို ႀကိဳက္/မႀကိဳက္ ဆိုသည္ႏွင့္သာ ဆုံးျဖတ္သည္။

ကြၽႏ္ုပ္တို႔ႏိုင္ငံတြင္သာ ‘ခ်ိန္ဘာလိန္’လို အရည္အခ်င္းမ်ိဳး ရွိသည့္ ႏိုင္ငံေရးသမားမ်ိဳးရွိလွ်င္ သူ႔သက္တမ္းမွာ ေျခာက္လထက္ ပိုမခံ။ ‘ျမန္မာ’ ေတြက အရည္အခ်င္းထက္ သူ႔တို႔ ‘ဟာဒယ’ ကို ထိ မထိသာ ၾကည့္တတ္သည္။

ယေန႔ ျမန္မာႏိုင္ငံေရးေလာကကို ၾကည့္လိုက္လွ်င္လည္း သတင္းစာမ်ားအတြက္ သတင္းျဖစ္႐ုံမွ်ထက္ ဘာမွ်မပို။ အခ်င္းခ်င္း ရန္ျဖစ္ေနၾကသည္က မ်ားသည္။ ပါတီႏွစ္ခုရွိလွ်င္ တစ္ခုႏွင့္တစ္ခု အျပန္အလွန္ တိုက္ခိုက္မည္။

အဆဲေကာင္း အတိုက္ေကာင္းလွ်င္ နာမည္ႀကီးမည္။ အစိုးရ ကို နာနာဆဲႏိုင္ပါက ပိုလူႀကိဳက္မ်ားလိမ့္မည္။ ျမန္မာဓေလ့တြင္ အစိုးရ(မင္း) ကို ‘ရန္သူမ်ိဳးငါးပါး’ ထဲ ထည့္သြင္းထားသည္ မဟုတ္ပါေလာ…?။

ျမန္မာ့ေရခံေျမခံမွာ ဒီမိုကေရစီစနစ္ ရွင္သန္ဖို႔ အေကာင္းဆုံးဟု ဆိုၾကသည္မ်ား ရွိသည္။ ‘လူတန္းစား ကြာဟမႈ’ ေျပာပေလာက္ေအာင္ မရွိေသာေၾကာင့္ဟု ဆိုသည္။

သို႔ျဖစ္လင့္ကစား ကြၽႏ္ုပ္တို႔တေတြမွာ ကိုယ့္သားသမီးမ်ားကို ယခုလို ဆုံးမေလ့ရွိၾကသည္။ သားေရ….သမီးေရ …. ဟိုကေလးနဲ႔ မကစားၾကနဲ႔ေနာ္…! ဒင္းတို႔တေတြက ‘အဆင့္အတန္း’ မရွိဘူးကြဲ႕..!!’

ကြၽႏ္ုပ္တို႔ လူႀကီးအခ်င္းခ်င္းလည္း ယခုလို ေျပာေလ့ရွိၾကသည္။ ‘ဦးခ်မ္းသာနဲ႔ ေဒၚပိုက္ဆံကို သိသမို႔လား..?။ ဒီလိုၿမိဳ႕ေလးမွာ သူတို႔ဘယ္ေနႏိုင္မလဲ။ သူတို႔ ကေလးေတြအတြက္ ေပါင္းစရာ မရွိဘူးတဲ့ေလ ။

သူတို႔အိမ္နီးခ်င္းေတြက စာေရးစာခ်ီနဲ႔ ေက်ာင္းဆရာေတြကိုးရွင့္…!!’ စသည္ျဖင့္။ ဤသည္တို႔မွာ ျမန္မာတစ္ဦး၏ ‘ျမန္မာလူမ်ိဳးမ်ား’အေပၚ အျမင္မ်ား ျဖစ္ပါသည္။ စိတ္ပ်က္ဖို႔ ေရးလိုက္သည္ မဟုတ္။

သိမွတ္လက္ခံၿပီးသကာလ ဘာ့ေၾကာင့္…. ဤသို႔ျဖစ္ရသည္ကို၊ အေၾကာင္းရွာစိစစ္ၾကဖို႔ ျဖစ္ပါသည္။ ဤသို႔လုပ္ႏိုင္လွ်င္…. ‘ေရာဂါတစ္ဝက္’ ကုသၿပီး ျဖစ္ႏိုင္ပါသည္။

ဦးသန႔္… ရည္ၫႊန္း။ Oh! We Burmans by Maung Thant. မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …