"အိပျမကျနှင့ျပတျသကျသော နိမိတျမြား " အက်ခရာအစဉျလိုကျ (မ မှ လ ထိ) - YATHAZONE

“အိပျမကျနှင့ျပတျသကျသော နိမိတျမြား ” အက်ခရာအစဉျလိုကျ (မ မှ လ ထိ)

Astrology

“အိပျမကျနှင့ျပတျသကျသော နိမိတျမြား ” အက်ခရာအစဉျလိုကျ (မ မှ လ ထိ)

[ မ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ မိမိရူးသည်ဟု မြင်မက်မူ လာဘ်ရအံ့။ ၂။ မိမိအူကို ထုတ်၍ ပတ်ရသည်ဟု မြင်မက်မူ သြဇာအာဏာအရှိန်အဝါကြီးမားအံ့။ ၃။ မိကျောင်းဖမ်းသည် မြင်မက်မူ လာဘ်ရအံ့။ ၄။ မိကျောင်းစီးရသည် မြင်မက်မူ ရန်သူကို နိုင်အံ့။ ၅။ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်သည်ဟု မြင်မက်မူ ရာထူးကြီးအံ့။

၆။ မိကျောင်းသား စားရသည်ဟု မြင်မက်မူ လာဘ်ကြီးအံ့။ ၇။ မိန်းမကို ဆွဲရသည်ဟု မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။ ၈။ မိန်းမနှင့် အတူ အိပ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။ ၉။ မိန်းမကို နားထွင်းရသည်ဟု မြင်မက်မူ ရွှေရအံ့။ ၁၀။ မိန်းမအမွေးအမျှင်ရှည်သည်ကို မြင်မက်မူ ချမ်းသာအံ့။ ၁၁။ မျက်စိမှိတ်သည်ဟု မြင်မက်မူ အရမ်းကာရော ပြုမိအံ့။

၁၂။ မျက်စိဖွင့်သည်ဟုမြင်မက်မူကောင်းကျိုး၊ မကောင်းကျိုးကို မြင်ရအံ့။ ၁၃။ မျက်စိကြည်လင်သည်ဟု မြင်မက်မူ ကောင်းသော ဉာဏ်တိုးအံ့။ ၁၄။ မျက်စိ၌ အမှိုက်ဝင်သည်ဟု မြင်မက်မူ အနိဠာရုံကို ရအံ့။ ၁၅။ မျက်စိ၌ တိမ်သလ္လာကျသည်ဟု မြင်မက်မူ အသိဉာဏ်နည်းပါးအံ့။

၁၆။ မျက်စိ၌ မျက်ချီးများသည်ဟု မြင်မက်မူ အရှိန်အစော်မဲ့အံ့။ ၁၇။ မျက်စိပျက်သည်ဟု မက်မူ မှားယွင်းသော အယူကိုရအံ့။ ၁၈။ မျက်စိထွက်သည်ဟု မက်မူ သားသမီးတို့ ထွက်ပြေးတတ်အံ့။ ၁၉။ မီးပုံမှ အခိုးအလျှံထွက်သော မီးကို မြင်မက်မူ ပညာရှိ ပေါ်ထွန်းအံ့။

၂၀။ မီးထည့်ရသည်၊ မီးဖုတ်ရသည်၊ မီးရှို့ရသည်၊ မီးတိုက်ရသည်ဟု မြင်မက်မူ ရပ်ရွာကြီးကဲ ဖြစ်အံ့။ ၂၁။ မီးတန်ဆောင် ညှိထွန်းရသည်ဟု မြင်မက်မူ ပညာတတ်အံ့။ ၂၂။ မီးမှုတ် မက်မူ အကြီးအကဲဖြစ်အံ့။ ၂၃။ မီးတငွေ့ငွေ့မြင်မက်မူ စိတ်နှလုံးပူပန်ရအံ့။ ၂၄။ မြွေငန်းစီးရသည်ဟု မြင်မက်မူ ရောဂါဖြစ်အံ့။

၂၅။ မြွေကိုက်သည်ကို မြင်မက်မူ လူလိမ်ခံရအံ့။ ၂၆။ မြွေကို ခါးပိုက်ပိုက်ရသည်ကို မက်မူ အတွင်းရန်ဖြစ်ပေါ်အံ့။ ၂၇။ မြွေခဲသည်ကို မြင်မက်မူ သားသမီးရ၍ အစွဲရှိအံ့။ ၂၈။ မြွေခံသည်ကို မြင်မက်မူ လာဘ်ရအံ့။ ၂၉။ မြွေစိမ်းကိုက်သည်ကို မြင်မက်မူ လူလိမ်တွေ့ရအံ့။ ၃၀။ မြွေပွေး၊ မြွေဟောက်ကိုက်လိုက်သည်ကို မြင်မက်မူ လူဆိုးတို့ လိမ်ရန် လာအံ့။

၃၁။ မြေတူးရသည်ဟု မြင်မက်မူ မကောင်း။ ၃၂။ မြေဇာပန်း ပန်ရသည်ဟု မြင်မက်မူ ပညာရှိ ဆရာတစ်ဆူဖြစ်အံ့။ ၃၃။ မြင်းမိုရ်တောင် ခေါင်းအုံးရသည်ကို မြင်မက်မူ လူအများ ပူဇော်ခြင်းကို ခံရအံ့။ ၃၄။ မြင်းမိုရ်တောင်သို့ တက်ရသည်ဟု မြင်မက်မူ လူချစ်လူခင်များအံ့။ ၃၅။ မြင့်ရာမှ နိမ့်ကျသည်ဟု မြင်မက်မူ မကောင်း။

၃၆။ မြင့်သောအရပ်ကို တက်ရသည်ဟု မြင်မက်မူ လူတကာတို့ထက် မြင့်မြတ်ရအံ့။ ၃၇။ မန်ကျည်းသီး စားရသည်ကို မြင်မက်မူ သူကောင်းဖြစ်အံ့။ ၃၈။ မိုးရေထဲ ပျော်ပါးရသည်ကို မြင်မက်မူ ဥစ္စာပစ္စည်းရအံ့။ ၃၉။ မစင်လိမ်းကျန်ရသည်ကို မြင်မက်မူ ပစ္စည်းဥစ္စာရအံ့။ ၄၀။ မှိုချက်စားရသည်ကို မြင်မက်မူ လာဘ်ရအံ့။

၄၁။ မြစ်ရေသောက်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ထက် ကျော်စောထင်ရှားအံ့။ ၄၂။ မုန်တိုင်းထန်သည်ကို မြင်မက်မူ ကြောင့်ကြများအံ့။ စိုးရိမ်သောက များအံ့။ ၄၃။ မျှော့တွယ်သည်ကို မြင်မက်မူ အကြီးအကဲဖြစ်အံ့။ ၄၄။ မောင်းတိုဆောင်းရသည်ကို မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။ ၄၅။ မကောင်းသောရေကို သွန်းလာသည်ကို မက်မူ ပျက်စီးအံ့။ ၄၆။ မကာရ်းကို ဖမ်းမက်မူ လာဘ်ရအံ့။

[ ယ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ယောက်ျားချင်းသင့်မြတ်၍ ကိုယ်ဝန်ရှိသည်ကို မြင်မက်မူမကောင်း။ ၂။ ယမမင်းကို မြင်မက်မူ အသက်ရှည်အံ့။ အိမ်တွင်းအေးချမ်းအံ့။ မိမိအားစောင့်ရှောက်သူကို ကျေနပ်ဖွယ်တွေ့ရအံ့။ ၃။ ယိုးစွပ်ခံရသည်မြင်မက်မူ အကြံအောင်အံ့။ မကောင်းပြောသူများ ပျက်စီးအံ့။ အနီးရန်သူများ ဘေးတွေ့ကြအံ့။

[ ရ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ရွှေကိုဖြစ်စေ၊ ငွေကိုဖြစ်စေ မြင်မက်မူ ယောက်ျားမှာ မယားကောင်းရအံ့။ ၂။ ရွှေရတနာ ပတ္တမြားစသော ရတနာတို့ကို မြင်မက်မူ ကောင်းကျိုးရအံ့။ ၃။ ရွှေလက်ဖွဲ့ဝတ်ရသည်ဟု မြင်မက်မူ ယောက်ျား၌ မယားရအံ့။ ၄။ ရွှေဟင်္သာ တရားဟောသည်ကို နာကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့၊ စိတ်ချမ်းသာအံ့။

၅။ ရွှေလက်ကောက်ဝတ်မက်မူ ကြီးသောသူတို့ ချီးမြှင့်ခံရအံ့။ ၆။ ရွှေငွေအား အစိုးရသည်ကို မြင်မက်မူ ချမ်းသာအံ့။ ၇။ ရွှေခွက်နှင့်ထည့်၍ ထမင်းစားရသည် မြင်မက်မူ ထီပေါက်အံ့။ (သို့) ကြီးကျယ်သော လာဘ်ရအံ့။ ၈။ ရေကြည်ကို မြင်မက်မူ အလွန်စိတ်ချမ်းသာအံ့။ ၉။ ရေနောက်ကို မြင်မက်မူ အလွန်စိတ်မချမ်းသာအံ့။

၁၀။ ရေထဲ၌ မြွေ၊ ကင်းတို့ကို မြင်မက်မူ ချမ်းသာရောက်အံ့။ ၁၁။ ရေကန်၏အလယ် ကြာထက်၌ နို့ဃနာ စားရသည်ကို မြင်မက်မူ သူတစ်ပါးထက် ကြီးကျယ်မြင့်မြတ်သူ ဖြစ်အံ့။ ၁၂။ ရေသောက်ရသည်ဟု မြင်မက်မူ ဂုဏ်သတင်းတိုးအံ့။ ၁၃။ ရေအိုးတွင် လ ကျသည်ဟု မြင်မက်မူ ဘုန်းတန်ခိုးကြီးအံ့။

၁၄။ ရဟန်းသာမဏေ၊ ရသေ့တို့၏ မကောင်းသောအခြင်းအရာ မြင်မက်မူ သမ္မာဒေဝနတ်တို့ မုန်းသဖြင့် ဥပါဒ်ရောက်အံ့။ ၁၅။ ရဟန်း၊ ပုဏ္ဏားနှင့် ကြုံရ မြင်မက်မူ ချမ်းသာအံ့။ ၁၆။ ရဟန်း၊ ပုဏ္ဏားနှင့် စကားပြောရ မြင်မက်မူ ချမ်းသာအံ့။ ၁၇။ ရဟတ်ကို မြင်မက်မူ မကောင်း။ ၁၈။ ရှောက်သီး၊ သံပုရာသီး စားရသည်ကို မက်မူ လာဘ်ရအံ့။

၁၉။ ရထားစီးရသည်ကို မြင်မက်မူ မယားကောင်းရအံ့။ ၂၀။ ရုပ်ထုကို ဖက်ရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။ ၂၁။ ရွှံ့စင်၊ ရွှံ့ထိမက်မူ မကောင်းသတင်း ဖြစ်အံ့။ ၂၂။ ရွှံ့ နားဝင်မက်မူ ကျက်သရေ ယုတ်အံ့။ ၂၃။ ရယ်စရာပြုမက်မူ ဝမ်းမြောက်စရာ ကိစ္စဖြစ်အံ့။

[ လ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ လှေစီးရသည်ကို မြင်မက်မူ ချမ်းသာတိုးအံ့။ ၂။ လှေစီးစဉ် ရေနစ်သည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာပျက်စီးအံ့။ ၃။ လှေစီးလျက် မြစ်ကို ပင်ပန်းစွာ ကူးရသည်ဟု မြင်မက်မူ အရပ်တစ်ပါးပြောင်းပြီး ပြန်ရအံ့။ ၄။ လက်နက်ကို ဖက်ရသည်ဟု မြင်မက်မူ ချမ်းသာအံ့။ ၅။ လက်ကတုံးတိုင်မ လဲသည်ကို မြင်မက်မူ မယားသေအံ့။

၆။ လက်ကတုံးတိုင်မ လဲသည်ကို မြင်မက်မူ မက်သူ သေအံ့။ ၇။ လက်ကတုံးတိုင် လဲသည် မြင်မက်မူ ကိုးကွယ်ထားသော အကြီးအကဲ သေအံ့။ ၈။ လူသေကို မြင်မက်မူ စကားဟောင်းပေါ်အံ့။ ၉။ လူဦးခေါင်းပြတ်သည်ကို မြင်မက်မူ ရန်အောင်အံ့။ ၁၀။ လူသားစားရသည်ကို မြင်မက်မူ အထွတ်အထိပ်သို့ ရောက်အံ့။ လူသားကို ဓားနှင့်လှီး၍ စားရသည်ကို မြင်မက်မူ လူဖြစ်လျှင် အကြီးအကဲဖြစ်အံ့။ ရဟန်းဖြစ်မူ မင်းဆရာ သာသနာပိုင်ဖြစ်အံ့။

၁၁။ လှည်း၊ ပျဉ်၊ တံစဉ်း၊ ဆုံ၊ ချားရဟတ်ကို မြင်မက်မူသူမကောင်းကြံတတ်အံ့။ ၁၂။ လှည်းဘီးကို မြင်မက်မူ အကြီးအကဲဖြစ်အံ့။ ၁၃။ လက်ကောက်၊ လက်စွပ်၊ ခြေကျင်း ဝတ်ရသည်ဟု မြင်မက်မူသားကောင်းရအံ့။ ၁၄။ လက်ကောက်၊ နားထောင်း၊ ဆံကျင် ဝတ်ရသည်ကို မြင်မက်မူ ရာထူးရာခံရအံ့။

၁၅။ လက်ကောက်ဝတ်ဆင်မက်မူ သားကောင်းရအံ့။ ၁၆။ လက်ကိုလည်းကောင်း၊ ပေါင်ကိုလည်းကောင်း၊ ရင်ကိုလည်း ကောင်း ကျော့ကွင်းဖွဲ့မြင်မက်မူ သားသမီးရအံ့။ ၁၇။ လူတို့၏ အူအချင်းကို စားရသည် မြင်မက်မူ ကြွယ်ဝချမ်းသာအံ့။ လူ၏ ဦးခေါင်းကို စားရသည်ကို မြင်မက်မူ ထင်ရှားကျော်ကြားအံ့။

၁၈။ လက်ယာအံသွားကျိူးသည်ကို မြင်မက်မူ အမျိုးယောက်ျားတို့၌ ဥပါဒ်ဖြစ်အံ့။ ၁၉။ လက်ဝဲ အံသွားကျိုးသည်ကို မြင်မက်မူ အမျိုးမိန်းမတို့၌ ဥပါဒ်ဖြစ်အံ့။ ၂၀။ လက်စွပ်ဝတ်ရသည်ဟု မြင်မက်မူ သူစွပ်စွဲအံ့။ ၂၁။ လက်ဝါးထက် ကြာပန်းရောက်သည်ကို မြင်မက်မူ ကျော်စောအံ့။ လွှားကစားရသည်ကို မြင်မက်မူ မကောင်း။

၂၂။ လည်တို၍ ဦးသျှောင်လှီးမက်မူ နာဖျားတတ်အံ့။ ၂၃။ လည်ပင်းတိုသည် မြင်မက်မူ နာဖျားတတ်အံ့။ ၂၄။ လောက်ဖမ်းရသည်ကို မြင်မက်မူ အစားအသောက် ဆန်စပါး ပေါများအံ့။ ၂၅။ လက်ယာလက်ချောင်းတို့ ကြီးသည်ကို မြင်မက်မူ အမျိုးသားတို့ ကြီးပွားအံ့။ ၂၆။ လက်ဝဲလက်ချောင်းတို့ ကြီးသည်ကို မြင်မက်မူ အမျိုးသမီးတို့ ကြီးပွားအံ့။

၂၇။ လက်ယာလက်သည်း ပုပ်သည် မြင်မက်မူ သား နာဖျားအံ့။ ၂၈။ လက်ဝဲလက်သည်း ပုပ်သည် မြင်မက်မူ သမီးဖျားနာအံ့။ ၂၉။ လက်သည်းရှည်သည် မြင်မက်မူ အသက်ရှည်အံ့။ ၃၀။ လက်ဝဲခြေသည်းပုပ်သည် မြင်မက်မူ အမျိုးသမီး နာဖျားအံ့။ ၃၁။ လက်ယာခြေသည်း ပုပ်သည် မြင်မက်မူ အမျိုးသား၌ နာဖျားအံ့။

၃၂။ လက်ယာခြေသည်းပွင့်သည် မြင်မက်မူ အမျိုးသား၌ လာဘ်ရအံ့။ လက်ဝဲခြေသည်းပွင့်သည်ကို မြင်မက်မူ အမျိုးသမီး၌ လာဘ်ရအံ့။ ၃၃။ လက်ယာလက်သဲပွင့်သည်ကို မြင်မက်မူ သား၌ လာဘ်ရအံ့။ လက်ဝဲလက်သဲပွင့်သည်ကို မြင်မက်မူ သမီး၌ လာဘ်ရအံ့။

၃၄။ လက်ယာပေါင်ကြီးသည်ကို မြင်မက်မူ ကိုယ့်အောက်နိမ့်သူ အမျိုးသားတို့ ကြီးပွားအံ့။ လက်ဝဲပေါင်ကြီးသည် မြင်မက်မူ ကိုယ့်အောက်နိမ့်သူ အမျိုးသမီးတို့ ကြီးပွားအံ့။ ၃၅။ လက်ယာပေါင် ကြုံလှီသည်ကို မြင်မက်မူ ကိုယ့်အောက်ငယ်သူ အမျိုးယောက်ျားတို့ ညှိုးနွမ်းအံ့။ လက်ဝဲပေါင် ကြုံလှီသည်ကို မြင်မက်မူ ကိုယ့်အောက်ငယ်သူ အမျိုးသမီးတို့ ညှိုးနွမ်းအံ့။

၃၆။ လက်ဝဲပေါင်ပဲ့သည်ကို မြင်မက်မူ အမျိုးမိန်းမတို့ နာဖျားအံ့။ လက်ယာပေါင်ပဲ့သည်ကို မြင်မက်မူ အမျိုးသားယောက်ျားတို့ ဖျားနာအံ့။ ၃၇။ လက်ယာခြေသလုံးကြီးသည် မြင်မက်မူ အမျိုးယောက်ျားတို့ ကြီးပွားအံ့။ ၃၈။ လက်ဝဲခြေသလုံးကြီးသည် မြင်မက်မူ အမျိုးမိန်းမတို့ ကြီးပွားအံ့။

၃၉။ လက်ယာခြေသလုံး ကြုံလှီသည် မြင်မက်မူ အမျိုးယောက်ျားတို့ နွမ်းနယ်အံ့။

၄၀။ လက်ဝဲခြေသလုံး ကြုံလှီသည် မြင်မက်မူ အမျိုးမိန်းမတို့ နွမ်းနွယ်အံ့။ ၄၁။ လက်ယာခြေသလုံးပဲ့သည် မြင်မက်မူ အမျိုးယောက်ျားတို့ နာဖျားအံ့။ လက်ဝဲခြေသလုံးပဲ့သည် မြင်မက်မူ အမျိုးမိန်းမတို့ ဖျားနာအံ့။

၄၂။ လက်ယာလက်မောင်းကြီးသည် မြင်မက်မူ သား၊ညီတို့ကြီးပွား ချမ်းသာအံ့။ မြင်မက်သူက မိန်းမဖြစ်မူ သားအကြီး၊ မောင်အကြီးတို့ ကြီးပွားချမ်းသာအံ့။ လက်ဝဲလက်မောင်းကြီးသည်ဟု မြင်မက်မူ သမီး၊ နှမတို့ ကြီးပွားအံ့။ ၄၃။ လက်ယာလက်ရုံး ပွန်းပဲ့သည်ဟု မြင်မက်မူ နှမ၊ သားသမီးတို့ နာဖျားအံ့။ မိန်းမမက်မူ သမီး၊ ညီမတို့ နာဖျားအံ့။

၄၄။ လက်ဝဲလက်ရုံးပဲ့သည် မြင်မက်မူ နှမ၊ သားသမီးတို့ နာဖျားအံ့၊။ မိန်းမမက်မူ သမီး၊ ညီမတို့ နာဖျားအံ့။ ၄၅။ လက်ယာလက်မောင်းကြုံလှီသည် မြင်မက်မူ ညီနှင့် သားတို့ နာဖျားအံ့။ လက်ဝဲလက်မောင်း ကြုံလှီသည်ကို မြင်မက်မူ နှမနှင့် သမီးတို့ နာဖျားအံ့။ ၄၆။ လက်ယာလက်မောင်းသွေးယိုသည်ဟု မြင်မက်မူ ညီ၊ သားတို့ တစ်ရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားရအံ့။

၄၇။ လက်ဝဲလက်မောင်း သွေးယိုသည်ဟု မြင်မက်မူ ညီမ၊ သမီးတို့ တစ်ပါးသို့ ပြောင်းရွှေ့သွားအံ့။ ၄၈။ လက်ယာဘက် လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည် မြင်မက်မူ သားနှင့်ညီတို့၏ သားသမီးများ ကြီးပွားအံ့။ ၄၉။ လက်ဝဲဘက် လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည် မြင်မက်မူ သမီးနှင့် ညီမတို့၏ သားသမီးများ ကြီးပွားအံ့။

၅၀။ လက်ယာလက်ချောင်း ပွန်းပဲ့သည်ဟု မြင်မက်မူ သားနှင့် ညီတို့၏ သားသမီးများ နာဖျားအံ့။ ၅၁။ လက်ဝဲလက်ချောင်း ပွန်းပဲ့သည်ဟု မြင်မက်မူ သမီးနှင့်ညီမတို့၏ သားသမီးများ နာဖျားအံ့။ ၅၂။ လက်ယာဘက်လက်ချောင်း ပြတ်သည်ဟု မြင်မက်မူသားနှင့်ညီတို့၏ သားသမီးများ ပျက်စီးအံ့။ လက်ဝဲလက်ချောင်းပြတ်သည်ဟုမက်မူ သမီးနှင့်ညီမတို့၏ သားသမီးများ ပျက်စီးအံ့။

၅၃။ လက်ယာနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်း မိတ်ဆွေတို့ ကြီးပွားအံ့။ လက်ဝဲနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်းမိတ်ဆွေတို့ ညှိုးနွမ်းအံ့။ ၅၄။ လဲသည်ဟု မြင်မက်မူ တရားရှုံးအံ့။ ၅၅။ လေးမျက်နှာမှလာ၍ ခိုးသူကို ဖမ်းမက်မူ ချမ်းသာအံ့။ ၅၆။ လိပ်၊ ငါး စားရသည်ကို မြင်မက်မူ စပါးဆန်ရေ အစားအစာပေါကြွယ်ဝအံ့။

၅၇။ လိပ်ဥ၊ ဖွပ်ဥမှစ၍ ဥအမျိုးမျိုးစားရသည်ကို မြင်မက်မူ ဆင်းရဲသော်လည်း ကြွယ်ဝချမ်းသာအံ့။ ၅၈။ လိပ်၊ ငါး ဖမ်းရသည် မြင်မက်မူ ဆန် စပါး ရအံ့။ ၅၉။ လိင်တိုသည်ကို မြင်မက်မူ မယားအနိုင်ကျင့်ခံရအံ့။ ၆၀။ လယ်၌ ကြာရောက်သည် ကြာပေါက်သည်ကို မြင်မက်မူ အများ၏ခေါင်းဆောင်ဖြစ်အံ့။

ဆက်လက်ဖော်ပြပါမည်။

(အိမ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ်)စာအုပ်မှကူးယူဖော်ပြပေးထားပါသည်) မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်။

No Comments

Leave a Reply

Your email address will not be published.

Astrology
အမျိုးသမီးတွေ ရဲ့ ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့ ၁၀ မျိုး

အမျိုးသမီးတွေ ရဲ့ ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့ ၁၀ မျိုး ၁။ နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတစ်လုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကို ရတတ်သည် ။ အိမ်ထောင်ဆက် များတတ်သည် ။ သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည် ။ ၂။ ညာဘက်နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော် ချမ်းသာတတ်ပါသည် ။ အိုဇာတာ ကံကောင်းမည် ။ မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည် ။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည် ။ သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည် ။ ၃။ အထက်နှုတ်ခမ်း …

Astrology
“အိပျမကျနှင့ျပတျသကျသော နိမိတျမြား ” အက်ခရာအစဉျလိုကျ (ဝ မှ အ ထိ)

“အိပျမကျနှင့ျပတျသကျသော နိမိတျမြား ” အက်ခရာအစဉျလိုကျ (ဝ မှ အ ထိ) [ ဝ ] နှင့် ပတ်သက်သော အိပ်မက်များ ၁။ ဝက်ပက်ခြင်းကို မြင်မက်မူ ခိုက်ရန်ဖြစ်အံ့။ ၂။ ဝက်ပက်ခံရသည်ကို မြင်မက်မူ မကောင်း။ ၃။ ဝက်ကို ခြံလှောင်သည်ဟု မြင်မက်မူ ကျော်စောအံ့။ ၄။ ဝက်ရူးပြန်မက်မူ ရန်သူရောက်အံ့။ ၅။ ဝမ်းတွင်းသို့ ငါးဝင်မည်ဆိုသော အသံကို ကြားရသည်ဟု မြင်မက်မူ သားကောင်းရအံ့။ ၆။ ဝမ်းမြောက်ဝမ်းသာ မြင်မက်မူ ကောင်းစားအံ့။ ၇။ ဝတ်ဖြူစင်ကြယ်ဝတ်ရ မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။ ၈။ ဝရမ်းဖမ်းမက်မူ လာဘ်ကြီးရအံ့။ [ သ …

Astrology
“အိပျမကျနှင့ျပတျသကျသော နိမိတျမြား ” အက်ခရာအစဉျလိုကျ (ထ မှ ဘ ထိ)

“အိပျမကျနှင့ျပတျသကျသော နိမိတျမြား ” အက်ခရာအစဉျလိုကျ (ထ မှ ဘ ထိ) [ ထ ] နှင့် ပတ်သက်သော အိပ်မက်များ ၁။ ထောပတ်၊ ပျားရည်တို့ကို နှစ်နှစ်သက်သက် မြင်မက်မူ ချမ်းသာအံ့။ ၂။ ထောပတ်၊ နို့ စသည်တို့ကို ရွံရှာဖွယ်မြင်မက်မူ ဘီလူးဘေး၊ ငတ်မွတ်ဘေး၊ နာဖျားသောဘေး တွေ့အံ့။ ၃။ ထမ်းစင် သံလျှင်စီးရသည် မြင်မက်မူ လာဘ်ရအံ့။ ၄။ ထမ်းစင်ထက် ကျီးနားသည်ဟု မြင်မက်မူ နာဖျား ပျက်စီးအံ့။ ၅။ ထမင်းစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့၊ ကြောင့်ကြရအံ့။ ၆။ ထမင်းနှင့်တကွ သပိတ်လွယ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။ …