အုတ်ကိုရေစိမ်ခြင်း မစိမ်ခြင်းက ဘာတွေကွာခြားသလဲ - YATHAZONE

အုတ်ကိုရေစိမ်ခြင်း မစိမ်ခြင်းက ဘာတွေကွာခြားသလဲ

Knowledge

အုတ်ကိုရေစိမ်ခြင်း မစိမ်ခြင်းက ဘာတွေကွာခြားသလဲ

အုတ်ကိုရေစိမ်ရတာက ပန်းရံလုပ်ငန်းမှာ အဓိကအကြောင်းရင်းကြီး နှစ်ချက်ရှိတယ်။

ပထမတစ်ချက်တော့ အုတ်ရဲ့မျက်နှာပြင်မှာ မြောက် များစွာ‌ သော ဖုန်တွေဟာ လုံးထွေးနေတတ်တယ်။ တစ်ခါတစ်ရံမှာ ညစ်ပတ်ပေကျံတာမျိုးတွေလည်း ရှိတတ်တယ်။

တကယ်လို့များ အဲ့ဒီဖုန်တွေ ညစ်ပတ်ပေကျံတာတွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖယ်ရှားခြင်း မပြုဘူးဆိုရင် အုတ်နဲ့ မဆလာကြားမှာ စေးကပ်ခိုင်မြဲမှု တွဲကပ်မှုမရှိဘူး။

အကျိုးသက်ရောက်မှုကလည်း အားနည်းတယ်။ ဒါကြောင့်မို့လို့ ညစ်ပတ်ပေကျံနေတဲ့ အုတ်များကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ နံရံတွေဟာ တောင့်တင်းကြံ့ခိုင်မာမှု မရှိဘူး။ မလိုအပ်ဘဲနဲ့ သူ့မှာ အချိန်ကုန်၊ ငွေကုန်၊ ပစ္စည်းကုန်ပြီးတော့ အက်ရာတွေလဲ ပေါ်လာတတ်တယ်။

နောက်ထပ်တစ်ချက်က အုတ်က မြေကြီးကို ဖုတ်ထားရတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူက ရေစုပ်ယူမှု အားကောင်းတယ်။

ခြောက်သွေ့ပြီးတော့ ပွတဲ့အပေါက်ငယ်လေးတွေ ပါရှိတဲ့ အုတ်ချပ်တွေက မဆလာထဲမှာပါတဲ့ ရေကို အလျှင်အမြန် စုပ်ယူသွားတယ်။

ဒါကြောင့်မို့လို့ ဘိလပ်မြေ အိပ်စက်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့ (water cement ratio ) ကျသွားတယ်။

အဲ့ဒီအတွက်ကြောင့် ဘိလပ်မြေက သူဓာတ်ပြုရမည့် ဖြစ်စဉ် ၊ (Hydration) ဖြစ်စဉ် အနှောက်အယှက် ဖြစ်သွားပြီးတော့ သူက ကောင်းစွာ ဓာတ်မပြုနိုင်ဘူး။

ပြီးတော့ သရိုးက အင်အား ကျဆင်းလာတယ်။

အဲ့ဒီအတွက်ကြောင့်မို့လို့ ကောင်းစွာ ဓာတ်ပြုနိုင်ဖို့အတွက် အစိုဓာတ် လုံလောက်စွာ သူ့မှာရှိဖို့ လိုတယ်။

ဒါ့ကြောင့်မို့လို့ အုတ်ကို ရေဝအောင်စိမ်ပြီးမှ မဆလာနဲ့ စီတဲ့လုပ်ငန်းကို လုပ်ဆောင်သင့်တယ်။

အုတ်ရိုးအတွက် မဆလာဖျော်တဲ့အခါ ရေများလျှင် မဆလာကို ထိုးရကိုင်ရ လုပ်ကိုင်ရတာ ကောင်းတယ်။

Workability ကောင်းတယ်။ ဒါပေမယ်လို့ ရေကို အများကြီးရောရလို့ ဘိလပ်မြေရဲ့ Strength ကို ကျစေတယ် ။

ပြီးတော့ သိပ်သည်းဆကိုလည်း လျှော့ကျစေတယ်။

ဒါကြောင့်မို့လို့ Plaster ချောပြီးတဲ့အခါမှာ မျက်နှာပြင်မှာ အက်ရာလေးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

ပန်ရံလုပ်ငန်းအတွက် ကောင်မွန်တဲ့မဆလာ ရရှိဖို့တွက်ဆိုရင် ရေရဲ့အရည်အသွေးဟာလည်း အရေးတကြီးထည့်သွင်းစဉ်းစားရမည့် အချက်ထဲမှာ ပါရှိပါတယ်။

Construction လုပ်ငန်းတွေမှာ အသုံးပြုမည့်ရေဟာ ဘယ်လောက်တောင်မှ အရေးကြီးလဲဆိုရင် သူဟာ သန့်ရှင်းကြည်လင်တဲ့ရေ၊ အရသာသိသိသာသာ မရှိတဲ့ရေ၊

သဘာဝတိုင်းအားလုံးနည်းပါး ဖြစ်တဲ့ရေကို အသုံးပြုရမယ်လို့ ပြောထားပါတယ်။ တကယ်လို့များ ကိုယ်က မဆလာဖျော်တဲ့ခါမှာပဲဖြစ်ဖြစ်၊

ကွန်ကရစ်ဖျော်တဲ့ အခါမှာပဲဖြစ်ဖြစ် ရေကိုအသုံးမှုအတှက် ဒီရေဟာ သင့်တော်လား၊ မသင့်တော်ဘူးလား ဆိုတာကို စမ်းသပ်ဖို့ အတှက်ဆိုရင်တော့ Drinking Water သောက်လို့ရတဲ့ရေ နဲ့ နမူနာကုဗတုံးတစ်တုံး စမ်းပြီးဖျော်မယ်။

ပြီးတော့ ကိုယ်တကယ် လုပ်ငန်းခွင်ထဲမှာ အသုံးပြုမည့်ရေကိုယူပြီးတော့ နမူနာကုဗတုံးတစ်တုံးဖျော်မယ်။

အဲ့ဒီ ကုဗတုံးနှစ်ခုကို ( ၇ ) ရက်နဲ (၂၈ ) ရက်ကြာတဲ့အခါမှာ အင်အားစမ်းသပ်မှုတွေ လုပ်မယ်။ သူတို့ရဲ့ psi စမ်းမယ် ။

သောက်ရေနဲ့ဖျော်တဲ့ ကုဗတုံးရဲ့ Strength နဲ့ ကိုယ် Site ထဲမှာ သုံးမည့် ရေနဲ့ဖျော်တဲ့ ကုဗတုံးရဲ့ Strength ၊ ဒီနှစ်ခုကို နှိုင်းယှဉ့်တဲ့အခါမှာ

သောက်ရေနဲ့ ဖျော်ထားတဲ့ ကုဗတုံးရဲ့ Strength အတိုင်း အပြည့်မရရင်တောင်မှ သူ့ရဲ့ (၉၀ ) ရာခိုင်နှုန်းနီပါး strength ရ ရှိတဲ့ ရေဆိုလို့ရှိရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုလို့ ရတဲ့ရေဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရေဟာ အရေးပါတဲ့ အရာတခုပါ…

credit to Daw Aye Aye Win

Z awgyi

အုတ္ကိုေရစိမ္ျခင္း မစိမ္ျခင္းက ဘာေတြကြာျခားသလဲ

အုတ္ကိုေရစိမ္ရတာက ပန္းရံလုပ္ငန္းမွာ အဓိကအေၾကာင္းရင္းႀကီး ႏွစ္ခ်က္ရွိတယ္။

ပထမတစ္ခ်က္ေတာ့ အုတ္ရဲ႕မ်က္ႏွာျပင္မွာ ေျမာက္ မ်ားစြာ‌ ေသာ ဖုန္ေတြဟာ လုံးေထြးေနတတ္တယ္။ တစ္ခါတစ္ရံမွာ ညစ္ပတ္ေပက်ံတာမ်ိဳးေတြလည္း ရွိတတ္တယ္။

တကယ္လို႔မ်ား အဲ့ဒီဖုန္ေတြ ညစ္ပတ္ေပက်ံတာေတြကို တိတိက်က် မွန္မွန္ကန္ကန္ ဖယ္ရွားျခင္း မျပဳဘူးဆိုရင္ အုတ္နဲ႔ မဆလာၾကားမွာ ေစးကပ္ခိုင္ၿမဲမႈ တြဲကပ္မႈမရွိဘူး။

အက်ိဳးသက္ေရာက္မႈကလည္း အားနည္းတယ္။ ဒါေၾကာင့္မို႔လို႔ ညစ္ပတ္ေပက်ံေနတဲ့ အုတ္မ်ားကို အသုံးျပဳၿပီး တည္ေဆာက္ထားတဲ့ နံရံေတြဟာ ေတာင့္တင္းႀကံ့ခိုင္မာမႈ မရွိဘူး။ မလိုအပ္ဘဲနဲ႔ သူ႔မွာ အခ်ိန္ကုန္၊ ေငြကုန္၊ ပစၥည္းကုန္ၿပီးေတာ့ အက္ရာေတြလဲ ေပၚလာတတ္တယ္။

ေနာက္ထပ္တစ္ခ်က္က အုတ္က ေျမႀကီးကို ဖုတ္ထားရတာျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ သူက ေရစုပ္ယူမႈ အားေကာင္းတယ္။

ေျခာက္ေသြ႕ၿပီးေတာ့ ပြတဲ့အေပါက္ငယ္ေလးေတြ ပါရွိတဲ့ အုတ္ခ်ပ္ေတြက မဆလာထဲမွာပါတဲ့ ေရကို အလွ်င္အျမန္ စုပ္ယူသြားတယ္။

ဒါေၾကာင့္မို႔လို႔ ဘိလပ္ေျမ အိပ္စက္ဖို႔အတြက္ အေရးတႀကီးလိုအပ္တဲ့ (water cement ratio ) က်သြားတယ္။

အဲ့ဒီအတြက္ေၾကာင့္ ဘိလပ္ေျမက သူဓာတ္ျပဳရမည့္ ျဖစ္စဥ္ ၊ (Hydration) ျဖစ္စဥ္ အေႏွာက္အယွက္ ျဖစ္သြားၿပီးေတာ့ သူက ေကာင္းစြာ ဓာတ္မျပဳႏိုင္ဘူး။

ၿပီးေတာ့ သ႐ိုးက အင္အား က်ဆင္းလာတယ္။

အဲ့ဒီအတြက္ေၾကာင့္မို႔လို႔ ေကာင္းစြာ ဓာတ္ျပဳႏိုင္ဖို႔အတြက္ အစိုဓာတ္ လုံေလာက္စြာ သူ႔မွာရွိဖို႔ လိုတယ္။

ဒါ့ေၾကာင့္မို႔လို႔ အုတ္ကို ေရဝေအာင္စိမ္ၿပီးမွ မဆလာနဲ႔ စီတဲ့လုပ္ငန္းကို လုပ္ေဆာင္သင့္တယ္။

အုတ္႐ိုးအတြက္ မဆလာေဖ်ာ္တဲ့အခါ ေရမ်ားလွ်င္ မဆလာကို ထိုးရကိုင္ရ လုပ္ကိုင္ရတာ ေကာင္းတယ္။

Workability ေကာင္းတယ္။ ဒါေပမယ္လို႔ ေရကို အမ်ားႀကီးေရာရလို႔ ဘိလပ္ေျမရဲ႕ Strength ကို က်ေစတယ္ ။

ၿပီးေတာ့ သိပ္သည္းဆကိုလည္း ေလွ်ာ့က်ေစတယ္။

ဒါေၾကာင့္မို႔လို႔ Plaster ေခ်ာၿပီးတဲ့အခါမွာ မ်က္ႏွာျပင္မွာ အက္ရာေလးေတြကိုလည္း ျဖစ္ေပၚေစပါတယ္။

ပန္ရံလုပ္ငန္းအတြက္ ေကာင္မြန္တဲ့မဆလာ ရရွိဖို႔တြက္ဆိုရင္ ေရရဲ႕အရည္အေသြးဟာလည္း အေရးတႀကီးထည့္သြင္းစဥ္းစားရမည့္ အခ်က္ထဲမွာ ပါရွိပါတယ္။

Construction လုပ္ငန္းေတြမွာ အသုံးျပဳမည့္ေရဟာ ဘယ္ေလာက္ေတာင္မွ အေရးႀကီးလဲဆိုရင္ သူဟာ သန႔္ရွင္းၾကည္လင္တဲ့ေရ၊ အရသာသိသိသာသာ မရွိတဲ့ေရ၊

သဘာဝတိုင္းအားလုံးနည္းပါး ျဖစ္တဲ့ေရကို အသုံးျပဳရမယ္လို႔ ေျပာထားပါတယ္။ တကယ္လို႔မ်ား ကိုယ္က မဆလာေဖ်ာ္တဲ့ခါမွာပဲျဖစ္ျဖစ္၊

ကြန္ကရစ္ေဖ်ာ္တဲ့ အခါမွာပဲျဖစ္ျဖစ္ ေရကိုအသုံးမႈအတွက္ ဒီေရဟာ သင့္ေတာ္လား၊ မသင့္ေတာ္ဘူးလား ဆိုတာကို စမ္းသပ္ဖို႔ အတွက္ဆိုရင္ေတာ့ Drinking Water ေသာက္လို႔ရတဲ့ေရ နဲ႔ နမူနာကုဗတုံးတစ္တုံး စမ္းၿပီးေဖ်ာ္မယ္။

ၿပီးေတာ့ ကိုယ္တကယ္ လုပ္ငန္းခြင္ထဲမွာ အသုံးျပဳမည့္ေရကိုယူၿပီးေတာ့ နမူနာကုဗတုံးတစ္တုံးေဖ်ာ္မယ္။

အဲ့ဒီ ကုဗတုံးႏွစ္ခုကို ( ၇ ) ရက္နဲ (၂၈ ) ရက္ၾကာတဲ့အခါမွာ အင္အားစမ္းသပ္မႈေတြ လုပ္မယ္။ သူတို႔ရဲ႕ psi စမ္းမယ္ ။

ေသာက္ေရနဲ႔ေဖ်ာ္တဲ့ ကုဗတုံးရဲ႕ Strength နဲ႔ ကိုယ္ Site ထဲမွာ သုံးမည့္ ေရနဲ႔ေဖ်ာ္တဲ့ ကုဗတုံးရဲ႕ Strength ၊ ဒီႏွစ္ခုကို ႏႈိင္းယွဥ့္တဲ့အခါမွာ

ေသာက္ေရနဲ႔ ေဖ်ာ္ထားတဲ့ ကုဗတုံးရဲ႕ Strength အတိုင္း အျပည့္မရရင္ေတာင္မွ သူ႔ရဲ႕ (၉၀ ) ရာခိုင္ႏႈန္းနီပါး strength ရ ရွိတဲ့ ေရဆိုလို႔ရွိရင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ အသုံးျပဳလို႔ ရတဲ့ေရျဖစ္ပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ ေရဟာ အေရးပါတဲ့ အရာတခုပါ…

credit to Daw Aye Aye Win

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …