အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်... - YATHAZONE

အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်…

Funny

အရက်သောက်လို့ လင်မယားရန်ဖြစ်ရင် မိန်းမကပြန်ချော့ရတဲ့နည်း သိချင်ဖတ်ကြည့်နော်…

ခင်ဗျားတို့တော့ မသိဘူး။ ကျွန်တော်တို့ လင်မယား ရန်ဖြစ်ရင် မိန်းမက ကျွန်တော့်ကို ပြန်ချော့ရတာပဲ။ ချော့ဖို့က အကြောင်းလည်း ရှိတာကိုး။ ကျွန်တော်တော့ ယောက္ခမကို အဖေနဲ့ အမေလို့ပဲခေါ်တယ်။ အဲ ယောက္ခအိမ်ရောက်နေတုန်းကာလပေါ့။

`စိတ်ညစ်လို့ သား နည်းနည်းသောက်လာတာ အဖေ၊ အမှားပါရင် ခွင့်လွှတ်ပါ၊ ကန်တော့နှော်။ တစ်ခွက်ပဲ သောက်ရသေးတယ်။ မသောက်နိုင်တော့လို့ အဲဒါ ပုလင်းယူလာတာ။ အဖေလည်း နည်းနည်းသုံးတယ်မို့လား။ဒါယူထားလိုက်ပါ´လို့ ပြောပြီး ရိုရိုသေသေနဲ့ ပုလင်းအပ်တော့ သူက အင်တင်တင်၊၊

သူ့စိတ်ကို သိလို့လည်း ပေးရဲတာ။ နို့မို့ ယောက္ခမနဲ့ သားမက်ဘဝမှာ ဒီလို ဘယ်ပေးရဲမလဲ။ ယူပါ လို့ ခေါင်းလေးငုံ့ ပြီးအတင်းပေးမှ သူကယူတယ်။ သူ့ဆီ ပုလင်းအပ်ပြီး ဘေးဘီဝဲယာ ကြည့်ရသေးတယ်။ အမေရော လို့မေးတော့ ဈေးသွားတယ်တဲ့ ။ ဒီတော့မှ သက်ပြင်းချပြီး `တော်သေးလို့၊ အမေ့ကို မေ့ပြီး အဖေ့ကို ပေးမိတာ၊ သိသွားရင် အခက်´ လို့ ပြောတော့ သူက

`သိတောရော ဘာဖြစ်လဲသားရယ်´ တဲ့။ ကိုယ်က အံ့သြဟန်နဲ့ `အမေက ဘာမှမပြောဘူးလား အဖေ၊ သားဆိုရင် နှစ်ခွက်လောက်သောက်တာကို ခင်က ဆူတာ မဆုံးတော့ဘူး။ သူ့ကြောက်တာနဲ့ မသောက်ဖြစ်တာ ကြာပြီ။

တစ်နေ့က တစ်ခါပဲပြန်သောက်တာ အဖေရယ်။ အဲဒါ သူနဲ့ ကတောက်ကဆ ဖြစ်ပြီး အဖေတို့ဆီ ပြေးလာတာ´ လို့ စိတ်ညစ်သံနဲ့ ပြောရတယ်။ ပြီး မီးဖိုခန်းဝင်။ ကြက်ဥလေး ကြော်ပြီး `ဒီမှာ အမြည်းရပြီ အဖေ။ ခွက်က ဘယ်မှာထားလဲ´ ဘာညာမေးပြီး သူ့ကို ပြင်ဆင်ပေးလိုက်တယ်။ ပြီး ဘေးနားထိုင်ရင်း…

`သား အပြင်သွားနေလိုက်မယ်လေအဖေ၊ အမေ ပြန်လာလို့ တွေ့သွားရင်´ စကားစရုံ ရှိသေး သူက လက်ကာပြပြီး ပုလင်းဖွင့်တယ်။

`နေပါသားရယ်၊ ဘာဖြစ်လဲကွာ။ မင်း အမေကိုလည်း ရှိန်စရာမလိုပါဘူး´ တဲ့။ ကိုယ်က အနားကပ်ပြီး ကျုံ့ကျုံ့လေး ထိုင်နေရတယ်။ သူ သောက်တော့မယ်ဆိုရင် ခပ်တင်းတင်းလေး ငှဲ့ပေး ၊ ဆိုဒါနည်းနည်းရောပေးလိုက်တယ်။

နှစ်ခွက်လောက် ဝင်သွားမှ လေသံလေး နှိမ့်ပြီး … `အမေက အဖေ့ကို ဘာမှ မပြောတာ ထူးဆန်းတယ်။ သား တွေ့ဖူးသမျှရော အခု ကြုံနေရတာပါ ယောက်ျားဆိုတာ နာမည်သာ ရှိပြီး မိန်းမကိုတော့ ရှိန်ကြရသူချည်းပဲ။ သားဆိုရင်လည်း အိမ်ထောင်ဦးစီးလို့ အမည်သာခေါ်ခံရတာ။ ခင့်ကို ကြောက်ရတယ်´ လို့ ပြောပြီး သူ့စိတ်ကို ဆွပေးလိုက်တယ်။

အံမယ် ယောက်ျားစိတ်လေ။ သူက တဟားဟား ရယ်တယ်။ `သားရယ်၊ ဘာကြောက်စရာ ရှိလို့လဲ။ သူ့စည်း ကိုယ့်စည်း ရှိကြတာပဲလေ။ ယောက်ျားမှန်ရင် မကင်းဘူးကွ၊ အဲ သားပြောတဲ့ အိမ်ထောင်ဦးစီး ယောက်ျားတိုင်း မိန်းမကြောက်တဲ့ အထဲ ငါမပါဘူးကွ သားရ၊ မင်း အမေကလည်း နားလည်တယ်´ တဲ့။

ကျွန်တော်က ခေါင်းခါရင်း `မဟုတ်ဘူး အဖေ၊ ကြောက်ကို ကြောက်ရတာ။ သားဆို တကယ် နှစ်ခွက်ပဲ သောက်တာ။ အသောက်များရင် အလုပ်ပျက်မှာစိုးတာနဲ့ ခင့်ကို ငဲ့နေတာနဲ့ ဘယ်တော့မှ ပိုမသောက်ဖူးဘူး´ လို့ ထပ်ကွန့် တယ်။ သူက ရယ်ပြန်တယ်။

`ခင်ခင်မိုး က ငါ့သမီးပါကွာ။ ဘယ်မိဘကမှ သားသမီးနစ်နာအောင် မပြောဘူး။ အေး ဒါပေမဲ့ သူ ဆိုးမှန်းသိတယ်။ အတိုင်းအတာ တစ်ခုထက်လွန်လာရင် သည်းမခံနဲ့ သားရေ၊ ပြောသင့်တာ ပြော။ ရိုက်ချပစ်လိုက်ကွာ ၊ အေး တော်တန်ရုံ ကိစ္စလောက်နဲ့တော့ ရန်တော့ မဖြစ်နဲ့တဲ့။ `ဟုတ်´ ပေါ့။

ကဲ ယောက္ခမကြီး ပြန်လာတော့ ဝိုင်းကို မြင်ပြီး မျက်နှာ တစ်ချက်ပျက်သွားတယ်။ ယောက္ခမကလည်း ခေတာမှ မဟုတ်တာ။ သားမက်ရှေ့မှာ ကိုယ့်ယောက်ျားကို ဆူရင် သားမက် အကြည်ညိုပျက်မှာပေါ့။ ကိုယ်လည်း ကိုယ့်ကို ယောက္ခထီးကြီးက ဆုံးမနေဟန်ပေါက်အောင် `သား အတတ်နိုင်ဆုံး သည်းခံပါ့မယ် အဖေရယ်။ အဖေ့သမီးကိုလည်း ကြည့်ပြီး ပြောပေးပါဦး´ လို့ ပြောလိုက်တယ်။

သူက သူ့မဟေသီ ကိုယ့်ယောက္ခမကြီးဘက် လှည့်ပြီး… `အေးပါကွာ။ ကဲ အမေကြီး၊ နင့်သမီးကို ဖုန်းဆက်စမ်း၊ ဘယ် တည့်အောင် မနေကြဘူး။ နင့်သမီးကိုက ဆိုးလွန်းတယ်´ တဲ့။

ကိုယ်က `သားလည်း လွန်တာပါ အဖေနဲ့ အမေရယ်။ သားကိုလည်း သားမက်လို့ စိတ်ထဲ မတွေးဘဲ ကိုယ့်သားလို ဆုံးမပါ။သားက အပြစ်မမြင်ပါဘူး´ ပေါ့။

ဒီလိုပြောပြီး ယောက္ခမကြီး ဆီက ဟင်းချက်စရာတွေ ပြေးယူပြီး `သားချက်မယ်လေ အမေ ´ လို့ ပြောတော့ အံမယ် ယောက္ခမကြီးရဲ့ အစောက မျက်နှာတည်တည်က ကြည်သွားတယ်။ `နေနေ သား၊ အမေပဲ ချက်မယ် ´ တဲ့။

`ရပါတယ် သားချက်ပါ့မယ်။ တစ်ခါတစ်ခါ အိမ်မှာ အမေ့သမီး မအားရင် သားပဲ ဝင်ချက်နေကျ´ လို့ ဆိုတော့ ထွေနေပြီဖြစ်တဲ့ ယောက္ခထီးအဖေကြီးက… `ကဲ ကြည့် အလုပ်က ပြန်လာပြီး မင်း ဝင်ချက်ရတယ်ဆိုတာ မဟုတ်သေးပါဘူး၊ ဟိတ် နင့်သမီးကို ဖုန်းဆက်စမ်း´ တဲ့။ ဖုန်းခေါ်ပြီး ဆူလိုက်တာလေ။

ရန်မဖြစ်နဲ့။ ကိုယ့်ယောက်ျားကိုယ် မအော်ဖို့ ၊ မဆိုးဖို့ အကြောင်း။ အေး မနက်ဖြန် သားကို လာခေါ်လှည့်၊ မခေါ်ရင် တွေ့မယ် တဲ့။ ကိုင်း ဘယ့်နှယ်ရှိစ မယ်မင်းမမ ခင်ခင်။ ကိုယ့်မှာ အမေယောက္ခမကြီးကို ဟင်းကူချက်ရင်း သာသာယာယာ ပဲ။ အမေက အားနာလို့ ထင်ရဲ့ …

`သွား သွား၊ သား နားတော့ အမေ ချက်ပါ့မယ်၊ ဖေကြီးရေ တော့်သားကို ခေါ်ဦး၊ တော်ချည်းပဲ သောက်မနေနဲ့ ´တဲ့။ ပြီး တိုးတိုးလေး ပြောတယ်။ သားအဖေတစ်ယောက်တည်းဆို လွန်လိမ့်မယ် ၊ ကူသောက်ချေလိုက်ဦး တဲ့။ ဒီစကားအထာကိုသိတာပေါ့။ သွားအရက်သောက် လို့ ပြောသင့်တာမှ မဟုတ်တာ။

ကိုယ်လည်း ကုပ်ကုပ်လေး ပြန်လာပြီး အရက်ဝိုင်းမှာ ရိုရိုကျိုးကျိုးပေါ့လေ။ ယောက္ခထီးကြီးက `ငှဲ့သောက်လေသား ´ တဲ့။ မဝံ့မရဲနဲ့ လုပ်နေတုန်း သူက ပေါ့ပေါ့ပါးပါး ရယ်ပြီး `သောက်ပါကွာ။ မင်း အမေလည်း မဆူပါဘူး၊ အမေကြီးရေ ဟင်းကျက်ရင် နင့်သားမြည်းဖို့ လာချပေးဦးဟေ့´ တဲ့။

အမြည်းလာချပေးတော့ ကိုယ်က လက်အုပ်ချီပြီး ကန်တော့ပါရဲ့ အမေ၊ ခွင့်လွှတ်ပါ လို့ ပြောရသေးတယ်။ ရပါတယ် သားရယ် တစ်ခါတလေပဲ။ အမြဲတမ်းတော့ မသောက်နဲ့ နှော်´ တဲ့။ ဟုတ်ကဲ့ပါ အမေ ပေါ့။

ကိုင်း၊ ငါးသလောက်ဥကြော်က အမြည်းတဲ့။ ယောက္ခထီးက သုံးပက်လောက်ကို မူးနေပြီ။ ကိုယ်ချည်းပဲ ဆွဲပစ်တာ ကိုယ့်မျက်နှာက ဘယ်လောက်သောက်သောက် ရုပ်မပျက်တဲ့ ပါရမီရှင် မျက်နှာမျိုးဆိုတော့ အပြုံးတောင် မပျက်။

နောက်နှစ်ရက်အကြာမှာ ခင်ခင်က လာခေါ်တယ်။ သူ့မျက်နှာကြီးကို သိုးလို့။ သူလာတော့ ခင်ရေ တို့ မပြန်ခင် အမေတို့ကို ကန်တော့ရအောင် ဆိုပြီး ကန်တော့ဖို့ ပစ္စည်းလေးတွေ သွားဝယ်ပြီး အပြန်မှာ ကန်တော့ခဲ့တယ်။ အဲ မပြန်ခင် ယောက္ခထီးကြီးကို တိုးတိုးလေးကပ်ပြောခဲ့သေးတယ်။

`အဖေ့ အိပ်ရာအောက်မှာ ဂျော်နီတစ်ထောင့် ဝှက်ထားပေးခဲ့တယ်´ လို့။ သူ့မျက်နှာက ပြုံးလို့။ အဲဒီလို မိန်းမနဲ့ ရန်ဖြစ်တိုင်း ယောက္ခမအိမ်ကိုပဲ ဆင်းပြေးတာ ကျွန်တော်ပဲ။ အဲနောက်ပိုင်း ရန်ဖြစ်လို့ `ငါ အိမ်ပေါ်က ဆင်းပြေးမှာနှော်´ ပြောတိုင်း

မိန်းမခမျာ ကိုယ့်ကို ပြန်ချော့ရတော့တာပဲ။ ဘယ်ရမလဲ။ ကိုယ်ဆင်းရင် သူပဲ အဆူခံရတာကိုး။ ကိုင်း… ခင်ဗျားတို့လည်း မိန်းမနဲ့ ရန်ဖြစ်ရင် ယောက္ခမအိမ်ကိုသာ ဆင်းပြေးတော့။😂😂😂#Credit

Za wgyi

အရက္ေသာက္လုိ႕ လင္မယားရန္ျဖစ္ရင္ မိန္းမကျပန္ေခ်ာ့ရတဲ႕နည္း သိခ်င္ဖတ္ၾကည့္ေနာ္…

ခင္ဗ်ားတို႔ေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔ လင္မယား ရန္ျဖစ္ရင္ မိန္းမက ကြၽန္ေတာ့္ကို ျပန္ေခ်ာ့ရတာပဲ။ ေခ်ာ့ဖို႔က အေၾကာင္းလည္း ရွိတာကိုး။ ကြၽန္ေတာ္ေတာ့ ေယာကၡမကို အေဖနဲ႔ အေမလို႔ပဲေခၚတယ္။ အဲ ေယာကၡအိမ္ေရာက္ေနတုန္းကာလေပါ့။

`စိတ္ညစ္လို႔ သား နည္းနည္းေသာက္လာတာ အေဖ၊ အမွားပါရင္ ခြင့္လႊတ္ပါ၊ ကန္ေတာ့ေႏွာ္။ တစ္ခြက္ပဲ ေသာက္ရေသးတယ္။ မေသာက္ႏိုင္ေတာ့လို႔ အဲဒါ ပုလင္းယူလာတာ။ အေဖလည္း နည္းနည္းသုံးတယ္မို႔လား။ဒါယူထားလိုက္ပါ´လို႔ ေျပာၿပီး ႐ို႐ိုေသေသနဲ႔ ပုလင္းအပ္ေတာ့ သူက အင္တင္တင္၊၊

သူ႔စိတ္ကို သိလို႔လည္း ေပးရဲတာ။ ႏို႔မို႔ ေယာကၡမနဲ႔ သားမက္ဘဝမွာ ဒီလို ဘယ္ေပးရဲမလဲ။ ယူပါ လို႔ ေခါင္းေလးငုံ႔ ၿပီးအတင္းေပးမွ သူကယူတယ္။ သူ႔ဆီ ပုလင္းအပ္ၿပီး ေဘးဘီဝဲယာ ၾကည့္ရေသးတယ္။ အေမေရာ လို႔ေမးေတာ့ ေဈးသြားတယ္တဲ့ ။ ဒီေတာ့မွ သက္ျပင္းခ်ၿပီး `ေတာ္ေသးလို႔၊ အေမ့ကို ေမ့ၿပီး အေဖ့ကို ေပးမိတာ၊ သိသြားရင္ အခက္´ လို႔ ေျပာေတာ့ သူက

`သိေတာေရာ ဘာျဖစ္လဲသားရယ္´ တဲ့။ ကိုယ္က အံ့ၾသဟန္နဲ႔ `အေမက ဘာမွမေျပာဘူးလား အေဖ၊ သားဆိုရင္ ႏွစ္ခြက္ေလာက္ေသာက္တာကို ခင္က ဆူတာ မဆုံးေတာ့ဘူး။ သူ႔ေၾကာက္တာနဲ႔ မေသာက္ျဖစ္တာ ၾကာၿပီ။

တစ္ေန႔က တစ္ခါပဲျပန္ေသာက္တာ အေဖရယ္။ အဲဒါ သူနဲ႔ ကေတာက္ကဆ ျဖစ္ၿပီး အေဖတို႔ဆီ ေျပးလာတာ´ လို႔ စိတ္ညစ္သံနဲ႔ ေျပာရတယ္။ ၿပီး မီးဖိုခန္းဝင္။ ၾကက္ဥေလး ေၾကာ္ၿပီး `ဒီမွာ အျမည္းရၿပီ အေဖ။ ခြက္က ဘယ္မွာထားလဲ´ ဘာညာေမးၿပီး သူ႔ကို ျပင္ဆင္ေပးလိုက္တယ္။ ၿပီး ေဘးနားထိုင္ရင္း…

`သား အျပင္သြားေနလိုက္မယ္ေလအေဖ၊ အေမ ျပန္လာလို႔ ေတြ႕သြားရင္´ စကားစ႐ုံ ရွိေသး သူက လက္ကာျပၿပီး ပုလင္းဖြင့္တယ္။

`ေနပါသားရယ္၊ ဘာျဖစ္လဲကြာ။ မင္း အေမကိုလည္း ရွိန္စရာမလိုပါဘူး´ တဲ့။ ကိုယ္က အနားကပ္ၿပီး က်ဳံ႕က်ဳံ႕ေလး ထိုင္ေနရတယ္။ သူ ေသာက္ေတာ့မယ္ဆိုရင္ ခပ္တင္းတင္းေလး ငွဲ႔ေပး ၊ ဆိုဒါနည္းနည္းေရာေပးလိုက္တယ္။

ႏွစ္ခြက္ေလာက္ ဝင္သြားမွ ေလသံေလး ႏွိမ့္ၿပီး … `အေမက အေဖ့ကို ဘာမွ မေျပာတာ ထူးဆန္းတယ္။ သား ေတြ႕ဖူးသမွ်ေရာ အခု ႀကဳံေနရတာပါ ေယာက္်ားဆိုတာ နာမည္သာ ရွိၿပီး မိန္းမကိုေတာ့ ရွိန္ၾကရသူခ်ည္းပဲ။ သားဆိုရင္လည္း အိမ္ေထာင္ဦးစီးလို႔ အမည္သာေခၚခံရတာ။ ခင့္ကို ေၾကာက္ရတယ္´ လို႔ ေျပာၿပီး သူ႔စိတ္ကို ဆြေပးလိုက္တယ္။

အံမယ္ ေယာက္်ားစိတ္ေလ။ သူက တဟားဟား ရယ္တယ္။ `သားရယ္၊ ဘာေၾကာက္စရာ ရွိလို႔လဲ။ သူ႔စည္း ကိုယ့္စည္း ရွိၾကတာပဲေလ။ ေယာက္်ားမွန္ရင္ မကင္းဘူးကြ၊ အဲ သားေျပာတဲ့ အိမ္ေထာင္ဦးစီး ေယာက္်ားတိုင္း မိန္းမေၾကာက္တဲ့ အထဲ ငါမပါဘူးကြ သားရ၊ မင္း အေမကလည္း နားလည္တယ္´ တဲ့။

ကြၽန္ေတာ္က ေခါင္းခါရင္း `မဟုတ္ဘူး အေဖ၊ ေၾကာက္ကို ေၾကာက္ရတာ။ သားဆို တကယ္ ႏွစ္ခြက္ပဲ ေသာက္တာ။ အေသာက္မ်ားရင္ အလုပ္ပ်က္မွာစိုးတာနဲ႔ ခင့္ကို ငဲ့ေနတာနဲ႔ ဘယ္ေတာ့မွ ပိုမေသာက္ဖူးဘူး´ လို႔ ထပ္ကြန႔္ တယ္။ သူက ရယ္ျပန္တယ္။

`ခင္ခင္မိုး က ငါ့သမီးပါကြာ။ ဘယ္မိဘကမွ သားသမီးနစ္နာေအာင္ မေျပာဘူး။ ေအး ဒါေပမဲ့ သူ ဆိုးမွန္းသိတယ္။ အတိုင္းအတာ တစ္ခုထက္လြန္လာရင္ သည္းမခံနဲ႔ သားေရ၊ ေျပာသင့္တာ ေျပာ။ ႐ိုက္ခ်ပစ္လိုက္ကြာ ၊ ေအး ေတာ္တန္႐ုံ ကိစၥေလာက္နဲ႔ေတာ့ ရန္ေတာ့ မျဖစ္နဲ႔တဲ့။ `ဟုတ္´ ေပါ့။

ကဲ ေယာကၡမႀကီး ျပန္လာေတာ့ ဝိုင္းကို ျမင္ၿပီး မ်က္ႏွာ တစ္ခ်က္ပ်က္သြားတယ္။ ေယာကၡမကလည္း ေခတာမွ မဟုတ္တာ။ သားမက္ေရွ႕မွာ ကိုယ့္ေယာက္်ားကို ဆူရင္ သားမက္ အၾကည္ညိဳပ်က္မွာေပါ့။ ကိုယ္လည္း ကိုယ့္ကို ေယာကၡထီးႀကီးက ဆုံးမေနဟန္ေပါက္ေအာင္ `သား အတတ္ႏိုင္ဆုံး သည္းခံပါ့မယ္ အေဖရယ္။ အေဖ့သမီးကိုလည္း ၾကည့္ၿပီး ေျပာေပးပါဦး´ လို႔ ေျပာလိုက္တယ္။

သူက သူ႔မေဟသီ ကိုယ့္ေယာကၡမႀကီးဘက္ လွည့္ၿပီး… `ေအးပါကြာ။ ကဲ အေမႀကီး၊ နင့္သမီးကို ဖုန္းဆက္စမ္း၊ ဘယ္ တည့္ေအာင္ မေနၾကဘူး။ နင့္သမီးကိုက ဆိုးလြန္းတယ္´ တဲ့။

ကိုယ္က `သားလည္း လြန္တာပါ အေဖနဲ႔ အေမရယ္။ သားကိုလည္း သားမက္လို႔ စိတ္ထဲ မေတြးဘဲ ကိုယ့္သားလို ဆုံးမပါ။သားက အျပစ္မျမင္ပါဘူး´ ေပါ့။

ဒီလိုေျပာၿပီး ေယာကၡမႀကီး ဆီက ဟင္းခ်က္စရာေတြ ေျပးယူၿပီး `သားခ်က္မယ္ေလ အေမ ´ လို႔ ေျပာေတာ့ အံမယ္ ေယာကၡမႀကီးရဲ႕ အေစာက မ်က္ႏွာတည္တည္က ၾကည္သြားတယ္။ `ေနေန သား၊ အေမပဲ ခ်က္မယ္ ´ တဲ့။

`ရပါတယ္ သားခ်က္ပါ့မယ္။ တစ္ခါတစ္ခါ အိမ္မွာ အေမ့သမီး မအားရင္ သားပဲ ဝင္ခ်က္ေနက်´ လို႔ ဆိုေတာ့ ေထြေနၿပီျဖစ္တဲ့ ေယာကၡထီးအေဖႀကီးက… `ကဲ ၾကည့္ အလုပ္က ျပန္လာၿပီး မင္း ဝင္ခ်က္ရတယ္ဆိုတာ မဟုတ္ေသးပါဘူး၊ ဟိတ္ နင့္သမီးကို ဖုန္းဆက္စမ္း´ တဲ့။ ဖုန္းေခၚၿပီး ဆူလိုက္တာေလ။

ရန္မျဖစ္နဲ႔။ ကိုယ့္ေယာက္်ားကိုယ္ မေအာ္ဖို႔ ၊ မဆိုးဖို႔ အေၾကာင္း။ ေအး မနက္ျဖန္ သားကို လာေခၚလွည့္၊ မေခၚရင္ ေတြ႕မယ္ တဲ့။ ကိုင္း ဘယ့္ႏွယ္ရွိစ မယ္မင္းမမ ခင္ခင္။ ကိုယ့္မွာ အေမေယာကၡမႀကီးကို ဟင္းကူခ်က္ရင္း သာသာယာယာ ပဲ။ အေမက အားနာလို႔ ထင္ရဲ႕ …

`သြား သြား၊ သား နားေတာ့ အေမ ခ်က္ပါ့မယ္၊ ေဖႀကီးေရ ေတာ့္သားကို ေခၚဦး၊ ေတာ္ခ်ည္းပဲ ေသာက္မေနနဲ႔ ´တဲ့။ ၿပီး တိုးတိုးေလး ေျပာတယ္။ သားအေဖတစ္ေယာက္တည္းဆို လြန္လိမ့္မယ္ ၊ ကူေသာက္ေခ်လိုက္ဦး တဲ့။ ဒီစကားအထာကိုသိတာေပါ့။ သြားအရက္ေသာက္ လို႔ ေျပာသင့္တာမွ မဟုတ္တာ။

ကိုယ္လည္း ကုပ္ကုပ္ေလး ျပန္လာၿပီး အရက္ဝိုင္းမွာ ႐ို႐ိုက်ိဳးက်ိဳးေပါ့ေလ။ ေယာကၡထီးႀကီးက `ငွဲ႔ေသာက္ေလသား ´ တဲ့။ မဝံ့မရဲနဲ႔ လုပ္ေနတုန္း သူက ေပါ့ေပါ့ပါးပါး ရယ္ၿပီး `ေသာက္ပါကြာ။ မင္း အေမလည္း မဆူပါဘူး၊ အေမႀကီးေရ ဟင္းက်က္ရင္ နင့္သားျမည္းဖို႔ လာခ်ေပးဦးေဟ့´ တဲ့။

အျမည္းလာခ်ေပးေတာ့ ကိုယ္က လက္အုပ္ခ်ီၿပီး ကန္ေတာ့ပါရဲ႕ အေမ၊ ခြင့္လႊတ္ပါ လို႔ ေျပာရေသးတယ္။ ရပါတယ္ သားရယ္ တစ္ခါတေလပဲ။ အၿမဲတမ္းေတာ့ မေသာက္နဲ႔ ေႏွာ္´ တဲ့။ ဟုတ္ကဲ့ပါ အေမ ေပါ့။

ကိုင္း၊ ငါးသေလာက္ဥေၾကာ္က အျမည္းတဲ့။ ေယာကၡထီးက သုံးပက္ေလာက္ကို မူးေနၿပီ။ ကိုယ္ခ်ည္းပဲ ဆြဲပစ္တာ ကိုယ့္မ်က္ႏွာက ဘယ္ေလာက္ေသာက္ေသာက္ ႐ုပ္မပ်က္တဲ့ ပါရမီရွင္ မ်က္ႏွာမ်ိဳးဆိုေတာ့ အၿပဳံးေတာင္ မပ်က္။

ေနာက္ႏွစ္ရက္အၾကာမွာ ခင္ခင္က လာေခၚတယ္။ သူ႔မ်က္ႏွာႀကီးကို သိုးလို႔။ သူလာေတာ့ ခင္ေရ တို႔ မျပန္ခင္ အေမတို႔ကို ကန္ေတာ့ရေအာင္ ဆိုၿပီး ကန္ေတာ့ဖို႔ ပစၥည္းေလးေတြ သြားဝယ္ၿပီး အျပန္မွာ ကန္ေတာ့ခဲ့တယ္။ အဲ မျပန္ခင္ ေယာကၡထီးႀကီးကို တိုးတိုးေလးကပ္ေျပာခဲ့ေသးတယ္။

`အေဖ့ အိပ္ရာေအာက္မွာ ေဂ်ာ္နီတစ္ေထာင့္ ဝွက္ထားေပးခဲ့တယ္´ လို႔။ သူ႔မ်က္ႏွာက ၿပဳံးလို႔။ အဲဒီလို မိန္းမနဲ႔ ရန္ျဖစ္တိုင္း ေယာကၡမအိမ္ကိုပဲ ဆင္းေျပးတာ ကြၽန္ေတာ္ပဲ။ အဲေနာက္ပိုင္း ရန္ျဖစ္လို႔ `ငါ အိမ္ေပၚက ဆင္းေျပးမွာေႏွာ္´ ေျပာတိုင္း

မိန္းမခမ်ာ ကိုယ့္ကို ျပန္ေခ်ာ့ရေတာ့တာပဲ။ ဘယ္ရမလဲ။ ကိုယ္ဆင္းရင္ သူပဲ အဆူခံရတာကိုး။ ကိုင္း… ခင္ဗ်ားတို႔လည္း မိန္းမနဲ႔ ရန္ျဖစ္ရင္ ေယာကၡမအိမ္ကိုသာ ဆင္းေျပးေတာ့။😂😂😂#Credit

No Comments

Leave a Reply

Your email address will not be published.

Funny
ေအာင္ျမင္တဲ့ ေယာက်ၤားတေယာက္ရဲ႕ ေနာက္ကြယ္မွာ…

ေအာင္ျမင္တဲ့ ေယာက်ၤားတေယာက္ရဲ႕ ေနာက္ကြယ္မွာ… ေဒၚလာဘီလီယံေပါင္းမ်ားစြာ ခ်မ္းသာတဲ့ သူေဌးႀကီးတစ္ေယာက္ဟာ သူဝါသနာပါလို႔ ေမြးျမဴထားတဲ့ မိေခ်ာင္းေတြထားတဲ့ ကန္အလယ္က အေဆာက္အဦးေပၚမွာ သူ႔ရဲ႕ ေမြးေန႔ပါတီပြဲ က်င္းပေနပါတယ္ … လူေတြက သူေမြးထားတဲ့ မိေခ်ာင္းေတြကို အေဆာက္အဦးေပၚကေန တအံ့တဩ အထိတ္တလန႔္နဲ႔ ၾကည့္ေနၾကတာေပါ့ … အဲဒီအခ်ိန္မွာ သူေဌးက အစီအစဥ္တခုကို ႐ုတ္တရက္ ေၾကျငာလိုက္ပါတယ္ … မိတ္ေဆြမ်ားခင္ဗ်ား… ယခု ေရာက္ရွိေနတဲ့ ေနရာကေန ကန္ထဲကို ခုန္ခ်ပီး ကန္ေဘာင္ေပၚကို ေရာက္ေအာင္ သြားႏိုင္တဲ့သူကို ဆုအျဖစ္ ေဒၚလာႏွစ္သန္း ေပးမွာ ျဖစ္ပီး- ကန္ေဘာင္ကို ေရာက္ေအာင္ မသြားႏိုင္ပဲ မိေခ်ာင္းအကိုက္ခံရလို႔ အသက္ဆုံးရႉံး သြားမယ္ဆိုရင္ေတာ့ က်န္ရစ္တဲ့ မိသားစုကို …

Funny
(၁၆)ႏွစ္သားေကာင္ေလးနဲ႔ခ်စ္သူျဖစ္ပီး ခ်ိန္းေတြ႕မိတဲ့ (၄၀)ေက်ာ္ အပ်ိဳႀကီးတစ္ေယာက္ရဲ႕အျဖစ္

(၁၆)ႏွစ္သားေကာင္ေလးနဲ႔ခ်စ္သူျဖစ္ပီး ခ်ိန္းေတြ႕မိတဲ့ (၄၀)ေက်ာ္ အပ်ိဳႀကီးတစ္ေယာက္ရဲ႕အျဖစ္ တစ္ခါတုန္းက ပဲ အရမ္းမ်ားတဲ့ အပ်ိဳ ႀကီး တေယာက္ဟာ သူ႔ကို ခ်စ္ခြင့္ပန္တဲ့သူတိုင္း အိုက္တင္အရမ္းခံၿပီး ျငင္းပယ္ရင္းနဲ႔ အသက္ (၄၀) ေက်ာ္သြားေတာ့ သူ႔ကို ႀကိဳက္မဲ့သူ မရွိေတာ့ဘူး… ဒါနဲ႔ ေနာက္ဆုံး ရွားရွား ပါးပါး (၁၆) ႏွစ္သားေကာင္ေလး ခ်စ္သူတေယာက္ ရ လိုက္တယ္… တိုတိုေျပာရရင္ ေကာင္ေလးရဲ႕ ခ်ိန္းဆိုမႈနဲ႔အတူ ကန္ေဘာင္ေပၚကို အပ်ိဳႀကီးတေယာက္ ေရာက္လာပါေတာ့တယ္… ဒါနဲ႔ကန္ေဘာင္ျမက္ခင္းေပၚ စကားစေျပာ တေယာက္နဲ႔တေယာက္ ဘယ္ဘဝထိ ခ်စ္ၾကမည္ ျဖစ္ေၾကာင္း စသျဖင့္ေပါ့… ထီးေလးကြယ္ရင္း ေကာင္ေလးက အပ်ိဳႀကီးကို အနမ္းေတြေပးၿပီး အရမ္းဖက္ထားေတာ့တယ္… ျပႆနာက အဲ့မွာ စၿပီ …

Funny
အပျိုကြီးတွေ အလိုရှိသော ယောက်ျား

အပျိုကြီးတွေ အလိုရှိသော ယောက်ျား ဆေးလိပ်၊ အရက်၊ မိန်းမ ကင်းရှင်းသောသူ အလိုရှိသည်ဟု အပျိုကြီးတစ်ယောက် သတင်းစာထဲတွင် ကြော်ငြာ ထည့်သည်။ တစ်ကိုယ်လုံး အရက်နံ့ ထွက်နေပြီး လက်ထဲတွင် စီးကရက် ကိုင်ထားသော လူတစ်ယောက် ရောက်လာသည်။ ”ဘာကိစ္စလဲ” လို့ အပျိုကြီးက မေးလိုက်တော့… ”သတင်းစာထဲမှာ ကြေညာထားတဲ့ ကိစ္စ” “ဪ… ရှင် အရက် မသောက်တတ်ဘူးလား” ”မိုးလင်း မိုးချုပ် တစ်နေကုန် သောက်တယ်” ”ဆေးလိပ်တော့ မသောက်ဘူးမလား” ”ဘယ်ကလာ.. သောက်တာမှ မီးခိုး ခေါင်းတိုင်လိုပဲ တနေ့ ငါးဘူးလောက် ကုန်တယ်” ”ဒါဖြင့် မိန်းမတော့ ကင်းရှင်းတယ် ဟုတ်” ”ပေါက်ပေါက် ရှာရှာ.. …