ေကာက္႐ိုး မႈိကို ျခင္းေတာင္းျဖင့္ တစ္ႏိုင္တစ္ပိုင္ စိုက္ပ်ိဳးနည္း... - YATHAZONE

ေကာက္႐ိုး မႈိကို ျခင္းေတာင္းျဖင့္ တစ္ႏိုင္တစ္ပိုင္ စိုက္ပ်ိဳးနည္း…

Knowledge

ေကာက္႐ိုး မႈိကို ျခင္းေတာင္းျဖင့္ တစ္ႏိုင္တစ္ပိုင္ စိုက္ပ်ိဳးနည္း…

“လိုအပ္ေသာ ကုန္ၾကမ္းပစၥည္းမ်ား”

ဝါးျဖင့္ ျပဳလုပ္ထားေသာျခင္း​​အက်ယ္ ၁‘ ၊ အျမင့္ ၂’ ေကာက္႐ိုး​​​​၁အိတ္ ၊(တစ္တင္းခြဲအိတ္ (သို႔မဟုတ္) ၂တင္းဝင္အိတ္၊ ၂-၃နာရီၾကာေရစိမ္) ေဗဒါ​​​​​၂-၃ ျပည္ (ႏုတ္ႏုတ္စင္းၿပီးသား) ၊ ႏြားေခ်းမႈန႔္​​​​၂ ျပည္ ၊ မ်ိဳးထုပ္​​​​၁ ထုပ္ ၊ ဖြဲႏု​​​​​၁ ဗူး (ႏို႔ဆီဗူး)​

​ေနရာေ႐ြးခ်ယ္ရာတြင္ သန႔္ရွင္းၿပီး ျခ ၊ ပု႐ြက္ဆိတ္ကင္းေသာ အခန္း (သို႔) ၿခံဝန္းအတြင္း ေနရာကို ေ႐ြးခ်ယ္ ရပါမည္။ ၿခံဝန္းအတြင္း ျဖစ္ပါက အနည္းဆုံး အရိပ္က်ဲရရွိမည့္ (ဥပမာ-ဘူးစင္ေအာက္၊ သစ္ပင္ေအာက္) ေနရာျဖစ္ၿပီး ၎ေနရာကို ထုံးျဖဴးေပးရပါမည္။

ပထမဦးဆုံး မႈိမ်ိဳးႏွင့္ ဖြဲ႕ႏုကို ေရာနယ္ပါ။ ေရစိမ္ထားေသာ ေကာက္႐ိုးကို ၆ပုံ ခြဲပုံၿပီး ေဗဒါ၊ ႏြာေခ်း၊ မႈိမ်ိဳးႏွင့္ဖြဲ႕ႏု(အေရာ)တို႔ကို ၅ပုံစီ ခြဲထားပါ။

ျခင္းအတြင္းသို႔ ေလဝင္ ေလထြက္ ေကာင္း ေစရန္ ႏွင့္ ျခကိုက္စားမႈမရွိေစရန္ ျခင္းေအာက္တြင္ အုတ္ခဲ(၃)လုံးကို ဖိုခေနာင့္ဆိုင္ ထားၿပီး မွ ျခင္းကို တင္ပါ။

ေရစိမ္ထားေသာ ေကာက္႐ိုး ၆ပုံ ၁ပုံ ခန႔္ကို ျခင္းအတြင္း ၃-၄” အထူခန႔္ ညီညာစြာ ခင္းပါ။ ၎ေကာက္႐ိုးအေပၚမွ ေဗဒါ ၅ပုံ ၁ပုံခန႔္ကို ျခင္းနံရံပတ္လည္ ဗ်က္၄”အက်ယ္ ခင္းပါ။ ႏြားေခ်းမႈန႔္ ၅ပုံ ၁ပုံကို ေဗဒါအလႊာေပၚ အႏွံ႔ျဖဴးပါ။

ထို႔ေနာက္ မ်ိဳးႏွင့္ဖြဲႏု အေရာ ၅ပုံ ၁ပုံခန႔္ကို ယူ၍ ႏြားေခ်းအေပၚ ျခင္းနံရံမွ အတြင္းဘက္ ၁-၂” ခန႔္ခြာ ၍ ညီညာစြာ ျဖဴးပါ။ ၎တို႔အေပၚမွ ေကာက္႐ိုး ၆ပုံ ၁ပုံကို တစ္လႊာခင္းၿပီး ေရဖ်န္း၍ ဖိေပးပါ။

ဤနည္း အတိုင္း ေကာက္႐ိုး၊ ေဗဒါ၊ ႏြာေခ်း၊ မႈိမ်ိဳးႏွင့္ ဖြဲႏုတို႔ကို တစ္လွည့္စီျဖဴး ေရေလာင္း ဖိသိပ္၍ ၄လႊာအထိ ျပဳလုပ္ၿပီး

၅လႊာေျမာက္တြင္ က်န္ ၅ပုံ ၁ပုံ ေဗဒါ၊ ႏြာေခ်း၊ မႈိမ်ိဳးႏွင့္ ဖြဲ႕ႏု (အေရာ) တို႔ကို ျခင္းမ်က္ႏွာျပင္အျပည့္ အစဥ္လိုက္ ျဖဴးထည့္ၿပီး က်န္ ၆ပုံ ၁ပုံ ေကာက္႐ိုးကို ညီညာစြာ ခင္းအုပ္ ေရေလာင္း ဖိသိပ္ရပါမည္။

ယခုစိုက္ပ်ိဳးထားေသာ ေကာက္႐ိုးအထပ္သည္ မက်ပ္လြန္း၊ မေခ်ာင္လြန္း ေသာ အေနေတာ္ သိပ္သည္းမႈ အေနအထား ျဖစ္ရန္ လိုအပ္ပါသည္။

ဤသို႔ျဖင့္ ၄-၅ ျခင္း ျပဳလုပ္ၿပီး ေႏြရာသီတြင္ တစ္ျခင္းႏွင့္ တစ္ျခင္း ၈”မွ ၁၂”ခန႔္ႏွင့္ မိုးႏွင့္ ေဆာင္းရာသီတြင္ ၆”မွ၁၀”ခန႔္ ခြာ၍ စီထားပါ။

ျခင္း၄-၅ျခင္းကို ပလပ္စတစ္စျဖင့္ လုံေအာင္အုပ္ေပးပါ။ ထို႔ေနာက္ ပလပ္စတစ္စအေပၚမွ သက္ကယ္၊ ဂ်ပ္စကၠဴကတ္၊ ေကာက္႐ိုးတစ္မ်ိဳးမ်ိဳးျဖင့္ အလင္းမေဖာက္ေစရန္ အုပ္ပါ။

ေကာက္႐ိုး၊ ေဗဒါ၊ ႏြာေခ်း၊ မႈိမ်ိဳးႏွင့္ ဖြဲႏုတို႔ကို တစ္လွည့္စီျဖဴး ေရေလာင္း ဖိသိပ္၍ ၄လႊာအထိ ျပဳလုပ္ေပးပါ။

စိုက္ၿပီး ၇ရက္ခန႔္တြင္ မႈိမွ်င္ေပ်ာက္ကာ မႈိသေႏၶခဲေလးမ်ား စထြက္လာၿပီး ၁၀-၁၂ ရက္ခန႔္တြင္ အသင့္ခူးဆြတ္ႏိုင္ပါမည္။

Source – www. agri. com ( Agri Digital News )

Uni code

ကောက်ရိုး မှိုကို ခြင်းတောင်းဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနည်း…

“လိုအပ်သော ကုန်ကြမ်းပစ္စည်းများ”

ဝါးဖြင့် ပြုလုပ်ထားသောခြင်း​​အကျယ် ၁‘ ၊ အမြင့် ၂’ ကောက်ရိုး​​​​၁အိတ် ၊(တစ်တင်းခွဲအိတ် (သို့မဟုတ်) ၂တင်းဝင်အိတ်၊ ၂-၃နာရီကြာရေစိမ်) ဗေဒါ​​​​​၂-၃ ပြည် (နုတ်နုတ်စင်းပြီးသား) ၊ နွားချေးမှုန့်​​​​၂ ပြည် ၊ မျိုးထုပ်​​​​၁ ထုပ် ၊ ဖွဲနု​​​​​၁ ဗူး (နို့ဆီဗူး)​

​နေရာရွေးချယ်ရာတွင် သန့်ရှင်းပြီး ခြ ၊ ပုရွက်ဆိတ်ကင်းသော အခန်း (သို့) ခြံဝန်းအတွင်း နေရာကို ရွေးချယ် ရပါမည်။ ခြံဝန်းအတွင်း ဖြစ်ပါက အနည်းဆုံး အရိပ်ကျဲရရှိမည့် (ဥပမာ-ဘူးစင်အောက်၊ သစ်ပင်အောက်) နေရာဖြစ်ပြီး ၎င်းနေရာကို ထုံးဖြူးပေးရပါမည်။

ပထမဦးဆုံး မှိုမျိုးနှင့် ဖွဲ့နုကို ရောနယ်ပါ။ ရေစိမ်ထားသော ကောက်ရိုးကို ၆ပုံ ခွဲပုံပြီး ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲ့နု(အရော)တို့ကို ၅ပုံစီ ခွဲထားပါ။

ခြင်းအတွင်းသို့ လေဝင် လေထွက် ကောင်း စေရန် နှင့် ခြကိုက်စားမှုမရှိစေရန် ခြင်းအောက်တွင် အုတ်ခဲ(၃)လုံးကို ဖိုခနောင့်ဆိုင် ထားပြီး မှ ခြင်းကို တင်ပါ။

ရေစိမ်ထားသော ကောက်ရိုး ၆ပုံ ၁ပုံ ခန့်ကို ခြင်းအတွင်း ၃-၄” အထူခန့် ညီညာစွာ ခင်းပါ။ ၎င်းကောက်ရိုးအပေါ်မှ ဗေဒါ ၅ပုံ ၁ပုံခန့်ကို ခြင်းနံရံပတ်လည် ဗျက်၄”အကျယ် ခင်းပါ။ နွားချေးမှုန့် ၅ပုံ ၁ပုံကို ဗေဒါအလွှာပေါ် အနှံ့ဖြူးပါ။

ထို့နောက် မျိုးနှင့်ဖွဲနု အရော ၅ပုံ ၁ပုံခန့်ကို ယူ၍ နွားချေးအပေါ် ခြင်းနံရံမှ အတွင်းဘက် ၁-၂” ခန့်ခွာ ၍ ညီညာစွာ ဖြူးပါ။ ၎င်းတို့အပေါ်မှ ကောက်ရိုး ၆ပုံ ၁ပုံကို တစ်လွှာခင်းပြီး ရေဖျန်း၍ ဖိပေးပါ။

ဤနည်း အတိုင်း ကောက်ရိုး၊ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့် ဖွဲနုတို့ကို တစ်လှည့်စီဖြူး ရေလောင်း ဖိသိပ်၍ ၄လွှာအထိ ပြုလုပ်ပြီး

၅လွှာမြောက်တွင် ကျန် ၅ပုံ ၁ပုံ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့် ဖွဲ့နု (အရော) တို့ကို ခြင်းမျက်နှာပြင်အပြည့် အစဉ်လိုက် ဖြူးထည့်ပြီး ကျန် ၆ပုံ ၁ပုံ ကောက်ရိုးကို ညီညာစွာ ခင်းအုပ် ရေလောင်း ဖိသိပ်ရပါမည်။

ယခုစိုက်ပျိုးထားသော ကောက်ရိုးအထပ်သည် မကျပ်လွန်း၊ မချောင်လွန်း သော အနေတော် သိပ်သည်းမှု အနေအထား ဖြစ်ရန် လိုအပ်ပါသည်။

ဤသို့ဖြင့် ၄-၅ ခြင်း ပြုလုပ်ပြီး နွေရာသီတွင် တစ်ခြင်းနှင့် တစ်ခြင်း ၈”မှ ၁၂”ခန့်နှင့် မိုးနှင့် ဆောင်းရာသီတွင် ၆”မှ၁၀”ခန့် ခွာ၍ စီထားပါ။

ခြင်း၄-၅ခြင်းကို ပလပ်စတစ်စဖြင့် လုံအောင်အုပ်ပေးပါ။ ထို့နောက် ပလပ်စတစ်စအပေါ်မှ သက်ကယ်၊ ဂျပ်စက္ကူကတ်၊ ကောက်ရိုးတစ်မျိုးမျိုးဖြင့် အလင်းမဖောက်စေရန် အုပ်ပါ။

ကောက်ရိုး၊ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့် ဖွဲနုတို့ကို တစ်လှည့်စီဖြူး ရေလောင်း ဖိသိပ်၍ ၄လွှာအထိ ပြုလုပ်ပေးပါ။

စိုက်ပြီး ၇ရက်ခန့်တွင် မှိုမျှင်ပျောက်ကာ မှိုသန္ဓေခဲလေးများ စထွက်လာပြီး ၁၀-၁၂ ရက်ခန့်တွင် အသင့်ခူးဆွတ်နိုင်ပါမည်။

Source – www. agri. com ( Agri Digital News )

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …