မွန္ကန္ေသာ တုန႔္ျပန္မႈျဖင့္သာ ကိုယ္ကိုယ့္ကိုပဲ ဂ႐ုစိုက္ပါ - YATHAZONE

မွန္ကန္ေသာ တုန႔္ျပန္မႈျဖင့္သာ ကိုယ္ကိုယ့္ကိုပဲ ဂ႐ုစိုက္ပါ

Knowledge

မွန္ကန္ေသာ တုန႔္ျပန္မႈျဖင့္သာ ကိုယ္ကိုယ့္ကိုပဲ ဂ႐ုစိုက္ပါ

အပင္ျမင့္မွ ေလတိုက္ခံရတာမဟုတ္ပါဘူး… တစ္ခါတေလက်ရင္ ကိုယ့္ဘဝ အျမင့္ မေရာက္ခင္ကတည္းက တိုက္ခ်င္ေနတဲ့ေလေတြက အဆင္သင့္ ေစာင့္ေနတတ္တယ္…

ပတ္ဝန္းက်င္မွာ ကိုယ့္အမွားကိုပဲ ေစာင့္ၾကည့္ေနသူေတြလဲ ရွိတယ္… ကိုယ့္အျပစ္ကိုပဲ အၿမဲရွာေဖြေနသူေတြလဲရွိတယ္… ကိုယ္ၿပိဳလဲတာကို ျမင္ခ်င္ေနတဲ့ သူေတြလဲရွိတယ္…

ဒါေပမယ့္… ဂ႐ုမစိုက္ပါနဲ႔… ကိုယ္လုပ္စရာရွိတာကိုသာ အေကာင္းဆုံးလုပ္ၿပီး ကိုယ့္လမ္းကိုယ္သာ မွန္မွန္ဆက္ေလွ်ာက္ပါ… တကယ္ေတာ့ ကိုယ့္ေလာက္မေအာင္ျမင္ေသးတဲ့ သူေတြကသာ ကိုယ့္ကို ေဝဖန္ၾကတာပါ…

ကိုယ့္ထက္ေအာင္ျမင္ေနသူေတြမွာက ကိုယ့္ကိုေဝဖန္ေနဖို႔ အခ်ိန္ပိုမရွိဘူး… ကိုယ့္ေနာက္မွာ က်န္ခဲ့တဲ့သူေတြကသာ
ကြယ္ရာမွာ ကိုယ့္အေၾကာင္းေျပာတာ ကိုယ့္အတင္းကို ကြယ္ရာမွာ ေျပာေနၿပီဆိုရင္ ေသခ်ာတယ္ ကိုယ္ဟာ သူ႔တို႔ထက္ ေျခတစ္လွမ္းပိုသာေနလို႔ပဲ…

ဒါေၾကာင့္ ဘဝမွာ တြန္းခ်ခ်င္သူေတြနဲ႔ ေတြ႕ရင္တဲ့အခါ ျပန္ထႏိုင္ဖို႔ သန္မာေအာင္ ေလ့က်င့္ထားရမယ္… အားနည္းခ်က္ကို ထိုးႏွက္ခ်င္သူေတြနဲ႔ေတြ႕ရင္ အစစအရာရာ ပိုၿပီး သတိထား လုပ္ကိုင္ရမယ္…

ကိုယ္အဆင္မေျပတာကိုပဲ ျမင္ခ်င္ေနတဲ့သူေတြနဲ႔ေတြ႕ရင္ ၿပဳံးထားၿပီး အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားျပရမယ္… ကိုယ့္အမွားကို ေစာင့္ၾကည့္ေနသူေတြနဲ႔ေတြ႕ရင္ ပိုၿပီးေတာ့ ဂ႐ုစိုက္ေနထိုင္ရမယ္…

ယူတတ္ရင္ သင္ခန္းစာ တုန႔္ျပန္မႈ မွန္ရင္ ကိုယ့္အတြက္ အျမတ္ေတြခ်ည္းပါပဲ… ေလာကမွာ ေအာင္ျမင္ခ်င္သူေတြက ကိုယ့္ကိုယ္ကိုယ္ပဲ အာ႐ုံစိုက္တယ္… ရႈံးနိမ့္သူေတြ အမ်ားစုကေတာ့ သူတစ္ပါးကိစၥေတြကိုပဲ စိတ္ဝင္စားၾကတယ္…

အရည္အခ်င္းရွိၿပီး ထက္ျမတ္တဲ့သူေတြက ကိုယ့္အားနည္းခ်က္ကို သိေအာင္လုပ္ၿပီး အမွန္ျဖစ္ေအာင္ အခ်ိန္မွီ ျပဳျပင္တတ္ၾကတယ္… က်ရႈံးသူေတြအမ်ားစုကေတာ့ သူတစ္ပါးအားနည္းခ်က္ကိုပဲထိုးႏွက္ၿပီး အခ်ိန္ေတြ အလကားကုန္ဆုံးသြားၾကတယ္…

ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုပဲ စိတ္ဝင္စားပါ… ကိုယ္ရည္မွန္းထားတဲ့ပန္းတိုင္ကိုပဲ အာ႐ုံစိုက္ပါ… ကိုယ္တကယ္လိုအပ္ေနတဲ့ အရာကိုပဲ ရွာေဖြပါ…

ကိုယ္သိထားသင့္တဲ့ပညာရပ္ကိုပဲ ေလ့လာပါ… ကိုယ့္ဘဝအတြက္အေရးႀကီးတာကိုပဲ ဦးစားေပးပါ… ကိုယ့္အတြက္ အက်ိဳးရွိမယ့္အရာကိုပဲ ေ႐ြးခ်ယ္ပါ… ရည္မွန္းခ်က္အိမ္မက္ေတြအတြက္ပဲ အခ်ိန္ပိုေပးပါ…

သူမ်ားစိတ္နဲ႔ ကိုယ့္ကိုယ္မျဖစ္ေစနဲ႔… ကိုယ့္စိတ္နဲ႔ကိုယ္ပဲ စိတ္တိုင္းက်ေနထိုင္ပါ… ဘဝမွာ ေအာင္ျမင္သူ ျဖစ္ခ်င္ရင္ ကိုယ့္ကိုယ္ကိုယ္ပဲ အာ႐ုံစိုက္ပါ… သူမ်ားအေၾကာင္း ေခါင္းထဲသိပ္မထည့္နဲ႔… မလိုတာေတြနဲ႔ စိတ္ရႈပ္မခံနဲ႔ …Credit

Uni code

မှန်ကန်သော တုန့်ပြန်မှုဖြင့်သာ ကိုယ်ကိုယ့်ကိုပဲ ဂရုစိုက်ပါ

အပင်မြင့်မှ လေတိုက်ခံရတာမဟုတ်ပါဘူး… တစ်ခါတလေကျရင် ကိုယ့်ဘဝ အမြင့် မရောက်ခင်ကတည်းက တိုက်ချင်နေတဲ့လေတွေက အဆင်သင့် စောင့်နေတတ်တယ်…

ပတ်ဝန်းကျင်မှာ ကိုယ့်အမှားကိုပဲ စောင့်ကြည့်နေသူတွေလဲ ရှိတယ်… ကိုယ့်အပြစ်ကိုပဲ အမြဲရှာဖွေနေသူတွေလဲရှိတယ်… ကိုယ်ပြိုလဲတာကို မြင်ချင်နေတဲ့ သူတွေလဲရှိတယ်…

ဒါပေမယ့်… ဂရုမစိုက်ပါနဲ့… ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံးလုပ်ပြီး ကိုယ့်လမ်းကိုယ်သာ မှန်မှန်ဆက်လျှောက်ပါ… တကယ်တော့ ကိုယ့်လောက်မအောင်မြင်သေးတဲ့ သူတွေကသာ ကိုယ့်ကို ဝေဖန်ကြတာပါ…

ကိုယ့်ထက်အောင်မြင်နေသူတွေမှာက ကိုယ့်ကိုဝေဖန်နေဖို့ အချိန်ပိုမရှိဘူး… ကိုယ့်နောက်မှာ ကျန်ခဲ့တဲ့သူတွေကသာ
ကွယ်ရာမှာ ကိုယ့်အကြောင်းပြောတာ ကိုယ့်အတင်းကို ကွယ်ရာမှာ ပြောနေပြီဆိုရင် သေချာတယ် ကိုယ်ဟာ သူ့တို့ထက် ခြေတစ်လှမ်းပိုသာနေလို့ပဲ…

ဒါကြောင့် ဘဝမှာ တွန်းချချင်သူတွေနဲ့ တွေ့ရင်တဲ့အခါ ပြန်ထနိုင်ဖို့ သန်မာအောင် လေ့ကျင့်ထားရမယ်… အားနည်းချက်ကို ထိုးနှက်ချင်သူတွေနဲ့တွေ့ရင် အစစအရာရာ ပိုပြီး သတိထား လုပ်ကိုင်ရမယ်…

ကိုယ်အဆင်မပြေတာကိုပဲ မြင်ချင်နေတဲ့သူတွေနဲ့တွေ့ရင် ပြုံးထားပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားပြရမယ်… ကိုယ့်အမှားကို စောင့်ကြည့်နေသူတွေနဲ့တွေ့ရင် ပိုပြီးတော့ ဂရုစိုက်နေထိုင်ရမယ်…

ယူတတ်ရင် သင်ခန်းစာ တုန့်ပြန်မှု မှန်ရင် ကိုယ့်အတွက် အမြတ်တွေချည်းပါပဲ… လောကမှာ အောင်မြင်ချင်သူတွေက ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်တယ်… ရှုံးနိမ့်သူတွေ အများစုကတော့ သူတစ်ပါးကိစ္စတွေကိုပဲ စိတ်ဝင်စားကြတယ်…

အရည်အချင်းရှိပြီး ထက်မြတ်တဲ့သူတွေက ကိုယ့်အားနည်းချက်ကို သိအောင်လုပ်ပြီး အမှန်ဖြစ်အောင် အချိန်မှီ ပြုပြင်တတ်ကြတယ်… ကျရှုံးသူတွေအများစုကတော့ သူတစ်ပါးအားနည်းချက်ကိုပဲထိုးနှက်ပြီး အချိန်တွေ အလကားကုန်ဆုံးသွားကြတယ်…

ဒါကြောင့် ကိုယ့်ကိုယ်ကိုပဲ စိတ်ဝင်စားပါ… ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကိုပဲ အာရုံစိုက်ပါ… ကိုယ်တကယ်လိုအပ်နေတဲ့ အရာကိုပဲ ရှာဖွေပါ…

ကိုယ်သိထားသင့်တဲ့ပညာရပ်ကိုပဲ လေ့လာပါ… ကိုယ့်ဘဝအတွက်အရေးကြီးတာကိုပဲ ဦးစားပေးပါ… ကိုယ့်အတွက် အကျိုးရှိမယ့်အရာကိုပဲ ရွေးချယ်ပါ… ရည်မှန်းချက်အိမ်မက်တွေအတွက်ပဲ အချိန်ပိုပေးပါ…

သူများစိတ်နဲ့ ကိုယ့်ကိုယ်မဖြစ်စေနဲ့… ကိုယ့်စိတ်နဲ့ကိုယ်ပဲ စိတ်တိုင်းကျနေထိုင်ပါ… ဘဝမှာ အောင်မြင်သူ ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပါ… သူများအကြောင်း ခေါင်းထဲသိပ်မထည့်နဲ့… မလိုတာတွေနဲ့ စိတ်ရှုပ်မခံနဲ့ …Credit

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …