“ကိုယ်ပိုင် ပုံစံလေးကို လူအများကြောင့်မပြောင်းလဲလိုက်ပါနဲ့” - YATHAZONE

“ကိုယ်ပိုင် ပုံစံလေးကို လူအများကြောင့်မပြောင်းလဲလိုက်ပါနဲ့”

Knowledge

“ကိုယ်ပိုင် ပုံစံလေးကို လူအများကြောင့်မပြောင်းလဲလိုက်ပါနဲ့”

ကမ္ဘာပေါ်က လူတိုင်းမှာ ကိုယ်ပိုင်ပုံစံ ကိုယ်ပိုင်ဟန်ဆိုတာ ရှိပြီးသား၊ ပါလာပြီးသားပါ…။ဒါကိုတစ်ချို့က ကိုယ်ကြိုက်တဲ့ ကိုယ့်ရဲ့ပုံစံအနေထားကို လူတစ်ချို့ကြောင့် မပြောင်းချင်ဘဲ ပြောင်းလိုက်ကြရတယ်…။

ကျွန်တော်တို့ နေ့စဉ်ရှင်သန်နေတာ ဘာအတွက်လဲ ဘာကြောင့်လဲ ကိုယ့်ရဲ့ ဝါသနာအတွက်လား… တကယ်လို့ ဝါသနာအတွက်ဆို ကိုယ့်ရဲ့ဝါသနာကို ရဲရဲချပြနိုင်ဖို့ ဖန်တီးနိုင်ဖို့ကြိုးစားရမှာ…

သူများအောင်မြင်လို့ ကိုယ်ဝါသနာမပါတဲ့အလုပ်ကို လိုက်လုပ်မိရင်၊ ကိုယ့်ရဲ့တကယ့်ဖြစ်ချင်မှုက တခြားဖြစ်နေရင်… ကိုယ်ဟာ သူများအကြိုက် ကိုယ်ကိုယ်တိုင်းပုံသွင်းနေတယ်လို့ပဲမြင်တယ်…။

သူများက ဒီပုံစံနဲ့ ကြည့်မကောင်းဘူးပြောရင် ကိုယ်ကြိုက်နေတဲ့အရာကို လူတွေကြိုက်လာဖို့ စွန့်ပစ်တတ်ကြတယ်…။ ပိန်တာကို ကြိုက်ရဲ့နဲ့ လူတွေက မင်းပိန်တာ ကြည့်မကောင်းဘူး ဆိုတာနဲ့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်သွားရော…

မင်းအသံက ရှသသ နဲ့ နားထောင်ရတာ မကောင်းဘူးဆို ကိုယ့်ရဲ့ထူးခြားနေတဲ့အသံ ကို မထုတ်ဖော်ရဲတော့ပြန်ဘူး… မင်းကအသားမဲတယ်လို့ ပြောရင် ညိုညိုလေးနဲ့ ကြည့်ကောင်းအောင် ဘယ်လိုနေမလဲ မစဉ်းစားတော့ဘဲ ဖြူအောင်လုပ်ဖို့ပဲ အားသန်နေရော…

ပုပုလေးနဲ့ ချစ်စရာကောင်းနေတဲ့ သူကို မင်းကဂျပုလို့ ပြောရင် စိတ်ဒုက္ခခံပြီး မရှည်ရှည်အောင် လုပ်နေရ … အရပ်ရှည်တဲ့ သူကိုလည်း မင်းကလောရှည် သစ်ကုလားအုတ်ကြီး ကြနေတာပဲကွာ ဆိုတာနဲ့ ကိုယ်ဟာ လူထူးဆန်းလို အားငယ်စရာမရှိ ကြံဖန်အားငယ်နေရော …

တကယ်က ရှည်တဲ့လူဟာလည်း international မှာ သာမန်ပါပဲ ဂုဏ်တောင်ယူရအုံးမယ် … ကိုယ်ဟာ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ သူဆိုရင်လည်း လူတစ်ချို့ က အိန္ဒြေမရဘူးပြောရင် ကိုယ့်ရဲ့ရိုးသားမှုကို ဟန်ဆောင်မှုနဲ့ နေသွားရပြန်ရော …

ကိုယ်ဟာ အေးအေးဆေးဆေး နေတတ်တဲ့သူကို တက်တက်ကြွကြွ နေစမ်းပါ ဆိုတာနဲ့ ကိုယ်ရဲ့ပုံစံမဟုတ်တဲ့ ကိုယ်နေပုံမဟုတ်တဲ့ ဟန်ကို ပြောင်းလဲပစ်လိုက်တယ် … တကယ်ကျနော့်တို့တွေးကြည့်ရမှာက လောကကြီးမှာ လူတိုင်းဟာ သူ့နေရာနဲ့သူ သူ့ပုံစံဆိုတာရှိပါတယ် …

ဒါကို လူတွေအကြိုက် ကိုယ်မဟုတ်တဲ့ ကိုယ်လိုက်လုပ်နေရင် ပျော်ရွှင်မှုတွေဆုံးရှုံးနေရတဲ့အပြင် ကိုယ်ရဲ့ ထူးခြားနေမှုတွေ (သို့) လူတွေအမြင်မှာ အားနည်းချက်လို့ထင်တဲ့အရာကို ကိုယ်တိုင်က အားသားချက်ပဲဆိုပြီး ချမပြနိုင်ခဲ့ရင် ကိုယ်ဟာလည်း သူသူကိုယ်ကိုယ်ဖြစ်သွားလိမ့်မယ်…

ပုတာကိုကြိုက်တဲ့သူ၊ ရှည်တာကိုကြိုက်တဲ့သူ၊ ညိုတာကိုကြိုက်တဲ့သူ၊ ဖြူတာကြိုက်တဲ့သူ၊အသံရှတာကြိုက်တဲ့သူ၊ အေးဆေးတာကြိုက်တဲ့သူ၊ တက်ကြွတာကြိုက်တဲ့သူ ဆိုတဲ့ အုပ်စုက ရှိပြီးသားပါ …

ကိုယ်ရဲ့ဖြစ်တည်မှုကို မကြိုက်တဲ့ အုပ်စုကို ရွေးချယ်ပြီး၊ သူတို့အကြိုက် နေမယ့်အစား ကိုယ်ရဲ့ဖြစ်တည်မှုကို ကြိုက်တဲ့အုပ်စုမှာ ပျော်ပျော်ကြီး နေသွားရင် ဘဝက ပိုစိတ်ချမ်းသာလာမယ် ပိုတိုးတက်အောင်မြင်လာမှာပါပဲ…

အရေးကြီးတာက ဘယ်သူ့မှမထိခိုက်တဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုလေးကို ကိုယ်မပျော်တဲ့ လူတွေအကြိုက် နေထိုင်သွားရမယ့် ဟန်ဆောင်မှု ဘဝကြီးထဲမှာ မရှင်သန်ဘဲ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပျော်ရွှင်ရိုးသားစွာ ဖြတ်သန်းသွားပါလို့ တိုက်တွန်းလိုက်ပါရစေ…။

Za wgyi

“ကိုယ္ပိုင္ ပုံစံေလးကို လူအမ်ားေၾကာင့္မေျပာင္းလဲလိုက္ပါနဲ႔”

ကမာၻေပၚက လူတိုင္းမွာ ကိုယ္ပိုင္ပုံစံ ကိုယ္ပိုင္ဟန္ဆိုတာ ရွိၿပီးသား၊ ပါလာၿပီးသားပါ…။ဒါကိုတစ္ခ်ိဳ႕က ကိုယ္ႀကိဳက္တဲ့ ကိုယ့္ရဲ႕ပုံစံအေနထားကို လူတစ္ခ်ိဳ႕ေၾကာင့္ မေျပာင္းခ်င္ဘဲ ေျပာင္းလိုက္ၾကရတယ္…။

ကြၽန္ေတာ္တို႔ ေန႔စဥ္ရွင္သန္ေနတာ ဘာအတြက္လဲ ဘာေၾကာင့္လဲ ကိုယ့္ရဲ႕ ဝါသနာအတြက္လား… တကယ္လို႔ ဝါသနာအတြက္ဆို ကိုယ့္ရဲ႕ဝါသနာကို ရဲရဲခ်ျပႏိုင္ဖို႔ ဖန္တီးႏိုင္ဖို႔ႀကိဳးစားရမွာ…

သူမ်ားေအာင္ျမင္လို႔ ကိုယ္ဝါသနာမပါတဲ့အလုပ္ကို လိုက္လုပ္မိရင္၊ ကိုယ့္ရဲ႕တကယ့္ျဖစ္ခ်င္မႈက တျခားျဖစ္ေနရင္… ကိုယ္ဟာ သူမ်ားအႀကိဳက္ ကိုယ္ကိုယ္တိုင္းပုံသြင္းေနတယ္လို႔ပဲျမင္တယ္…။

သူမ်ားက ဒီပုံစံနဲ႔ ၾကည့္မေကာင္းဘူးေျပာရင္ ကိုယ္ႀကိဳက္ေနတဲ့အရာကို လူေတြႀကိဳက္လာဖို႔ စြန႔္ပစ္တတ္ၾကတယ္…။ ပိန္တာကို ႀကိဳက္ရဲ႕နဲ႔ လူေတြက မင္းပိန္တာ ၾကည့္မေကာင္းဘူး ဆိုတာနဲ႔ ကိုယ့္ကိုယ္ကို သိမ္ငယ္စိတ္ဝင္သြားေရာ…

မင္းအသံက ရွသသ နဲ႔ နားေထာင္ရတာ မေကာင္းဘူးဆို ကိုယ့္ရဲ႕ထူးျခားေနတဲ့အသံ ကို မထုတ္ေဖာ္ရဲေတာ့ျပန္ဘူး… မင္းကအသားမဲတယ္လို႔ ေျပာရင္ ညိဳညိဳေလးနဲ႔ ၾကည့္ေကာင္းေအာင္ ဘယ္လိုေနမလဲ မစဥ္းစားေတာ့ဘဲ ျဖဴေအာင္လုပ္ဖို႔ပဲ အားသန္ေနေရာ…

ပုပုေလးနဲ႔ ခ်စ္စရာေကာင္းေနတဲ့ သူကို မင္းကဂ်ပုလို႔ ေျပာရင္ စိတ္ဒုကၡခံၿပီး မရွည္ရွည္ေအာင္ လုပ္ေနရ … အရပ္ရွည္တဲ့ သူကိုလည္း မင္းကေလာရွည္ သစ္ကုလားအုတ္ႀကီး ၾကေနတာပဲကြာ ဆိုတာနဲ႔ ကိုယ္ဟာ လူထူးဆန္းလို အားငယ္စရာမရွိ ႀကံဖန္အားငယ္ေနေရာ …

တကယ္က ရွည္တဲ့လူဟာလည္း international မွာ သာမန္ပါပဲ ဂုဏ္ေတာင္ယူရအုံးမယ္ … ကိုယ္ဟာ လြတ္လြတ္လပ္လပ္၊ ပြင့္ပြင့္လင္းလင္းေနတတ္တဲ့ သူဆိုရင္လည္း လူတစ္ခ်ိဳ႕ က အိေျႏၵမရဘူးေျပာရင္ ကိုယ့္ရဲ႕႐ိုးသားမႈကို ဟန္ေဆာင္မႈနဲ႔ ေနသြားရျပန္ေရာ …

ကိုယ္ဟာ ေအးေအးေဆးေဆး ေနတတ္တဲ့သူကို တက္တက္ႂကြႂကြ ေနစမ္းပါ ဆိုတာနဲ႔ ကိုယ္ရဲ႕ပုံစံမဟုတ္တဲ့ ကိုယ္ေနပုံမဟုတ္တဲ့ ဟန္ကို ေျပာင္းလဲပစ္လိုက္တယ္ … တကယ္က်ေနာ့္တို႔ေတြးၾကည့္ရမွာက ေလာကႀကီးမွာ လူတိုင္းဟာ သူ႔ေနရာနဲ႔သူ သူ႔ပုံစံဆိုတာရွိပါတယ္ …

ဒါကို လူေတြအႀကိဳက္ ကိုယ္မဟုတ္တဲ့ ကိုယ္လိုက္လုပ္ေနရင္ ေပ်ာ္႐ႊင္မႈေတြဆုံးရႈံးေနရတဲ့အျပင္ ကိုယ္ရဲ႕ ထူးျခားေနမႈေတြ (သို႔) လူေတြအျမင္မွာ အားနည္းခ်က္လို႔ထင္တဲ့အရာကို ကိုယ္တိုင္က အားသားခ်က္ပဲဆိုၿပီး ခ်မျပႏိုင္ခဲ့ရင္ ကိုယ္ဟာလည္း သူသူကိုယ္ကိုယ္ျဖစ္သြားလိမ့္မယ္…

ပုတာကိုႀကိဳက္တဲ့သူ၊ ရွည္တာကိုႀကိဳက္တဲ့သူ၊ ညိဳတာကိုႀကိဳက္တဲ့သူ၊ ျဖဴတာႀကိဳက္တဲ့သူ၊အသံရွတာႀကိဳက္တဲ့သူ၊ ေအးေဆးတာႀကိဳက္တဲ့သူ၊ တက္ႂကြတာႀကိဳက္တဲ့သူ ဆိုတဲ့ အုပ္စုက ရွိၿပီးသားပါ …

ကိုယ္ရဲ႕ျဖစ္တည္မႈကို မႀကိဳက္တဲ့ အုပ္စုကို ေ႐ြးခ်ယ္ၿပီး၊ သူတို႔အႀကိဳက္ ေနမယ့္အစား ကိုယ္ရဲ႕ျဖစ္တည္မႈကို ႀကိဳက္တဲ့အုပ္စုမွာ ေပ်ာ္ေပ်ာ္ႀကီး ေနသြားရင္ ဘဝက ပိုစိတ္ခ်မ္းသာလာမယ္ ပိုတိုးတက္ေအာင္ျမင္လာမွာပါပဲ…

အေရးႀကီးတာက ဘယ္သူ႔မွမထိခိုက္တဲ့ ကိုယ့္ရဲ႕ ျဖစ္တည္မႈေလးကို ကိုယ္မေပ်ာ္တဲ့ လူေတြအႀကိဳက္ ေနထိုင္သြားရမယ့္ ဟန္ေဆာင္မႈ ဘဝႀကီးထဲမွာ မရွင္သန္ဘဲ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္ဟန္နဲ႔ ေပ်ာ္႐ႊင္႐ိုးသားစြာ ျဖတ္သန္းသြားပါလို႔ တိုက္တြန္းလိုက္ပါရေစ…။

No Comments

Leave a Reply

Your email address will not be published.

Knowledge
ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ

ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံးအစဉ်အလာစကားများ ၁။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။ ၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။ ၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။ ၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။ ၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာမခိုသင့် ။ ၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။ ၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး …

Knowledge
ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး

ရန္ကုန္တိရစာၦန္႐ုံက ေႁမြမင္းသမီး ( လဲ့လဲ့ – ဧရာဝတီ) ႏႈတ္ခမ္းနီ ရဲရဲ၊ မိတ္ကပ္ ခပ္ပါးပါး လိမ္းထားၿပီး စိမ္းျပာေရာင္ ထိုင္မသိမ္းဝတ္စုံ ဝတ္ထားသည့္ အမ်ိဳးသမီးတဦး သည္ အုန္းသီး၊ ငွက္ေပ်ာသီး၊ အေမႊးတိုင္၊ ဖေယာင္းတိုင္မ်ား ပါသည့္ ဘုရားကန္ေတာ့ပြဲေရွ႕တြင္ မ်က္စိမွိတ္ အာ႐ုံျပဳၿပီး ရွိခိုးလ်က္ရွိသည္။ “ဥဳံ ၊ ထိပ္မွာဘုရား .. …. ” ဟု အစခ်ီၿပီး ႏႈတ္မွ ဖြဖြ ႐ြတ္ကာ ျမန္မာ့႐ိုးရာ ယုံၾကည္ကိုးကြယ္မႈတြင္ ပါဝင္သည့္ အေမေရယာဥ္အပါအဝင္ ဆိုင္ရာနတ္မ်ားအား တိုင္တည္၍ ထပ္မံ ဆုေတာင္းမႈျပဳေနသည္။ အႏၲရာယ္ရွိသည့္ ေႁမြျဖင့္ ျပည္သူအမ်ားကို ကျပေဖ်ာ္ေျဖရမည္ ျဖစ္သည့္ ၎အပါအဝင္ …

Knowledge
နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ

နွားရိုင်းတစ်ကောင် ပေးလိုက်တဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ စပိန် နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ် ။ နွားရိုင်း သတ်သမားဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့် တချီမှာတော့ နွားရိုင်းက သေချာပေါက် ဝှေ့သတ် နိုင်မဲ့ အခြေ အနေကို ဆိုက်ရောက် သွားတယ်။ ဒါပေမယ့် လှံချက်တွေနဲ့ အထိနာ နေတဲ့ နွားရိုင်းက တရားမျှတမှုကို တောင်းဆိုသလို မျက်လုံး ချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့ တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ် ။ သူဟာ …